Channel Myanmar

2021

A Loud House Christmas (2021) 5.0
A Loud House Christmas (2021) A Loud House Christmas (2021)=======================ခရစ္စမတ်အချိန်အခါလည်းနီးပြီဖြစ်လို့ Loud မိသားစုရဲ့ ခရစ္စမတ်အမွှေဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၆ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ “The Loud House” animated series ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Loud မိသားစုကိုစိမ်းမှာမဟုတ်ပါဘူး။ မိသားစုဝင်စုစုပေါင်း ၁၃ယောက်ရှိပြီး အဖေ၊ အမေ၊ အစ်မညီမ ၁၀ယောက်နဲ့ တစ်ဦးတည်းသောသားလေးLincoln တို့ပဲဖြစ်ပါတယ်။ခရစ္စမတ်အတွက် သီးသန့်ရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ Loud မိသားစုက နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ဆိုရင် မိသားစုဝင်တွေအားလုံးအိမ်မှာတစ်စုတစ်စည်းနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးကြပါတယ်။ အစဉ်အလာမပျက်ပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ခရစ္စမတ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်အိမ်မှာလူမစုံမယ့်အခြေအနေဖြစ်ခဲ့ရပြီး အဖေနဲ့အမေကလည်း ဒီခရစ္စမတ်ကိုတော့အိမ်မှာမနေဘဲ မိုင်ယာမီကိုခရီးထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို Lincoln ကလွဲပြီးအကုန်သဘောတူကြပေမယ့် Lincolnကတော့လုံးဝခါးခါးသီးသီးနဲ့ ခရစ္စမတ်ဆိုအိမ်မှာလူစုံတက်စုံရှိရမယ်ပဲဇွတ်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ Lincoln တစ်ယောက်အကြံတူဉာဏ်တူ သူငယ်ချင်းဖြစ်သူ Clyde နဲ့အတူ မိုင်ယာမီခရီးစဉ်ကိုဘယ်လိုပြန်အောင်ဖျက်မလဲ .. သူ့အကြံအစည်ရော အောင်မြင်ပါ့မလား .. အိမ်မှာမောင်နှမနှစ်ယောက်လောက်ပဲရှိရင်တောင် ရန်သတ်ပြီးထိန်းမနိုင်တာ ...
movie

A Loud House Christmas (2021)

2021
Ron’s Gone Wrong (2021) 7.2
Ron’s Gone Wrong (2021) Ron's Gone Wrongဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vsThe Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။"ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား""ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ"တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက်နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် "best friend"(အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက်လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကိုသိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာနေပေး ကူညီပေး စကားပြောပေးတဲ့ ...
movie

Ron’s Gone Wrong (2021)

2021
HEVC 1080p 5.1
Antidote (2021) 5.1
Antidote (2021) Antidote (2021)==============ဒီတစ်ခါတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။နာမည်ကတော့ ဖြေဆေး ......ကြည့်ရှုသူအတွက်တော့ ဖြေဆေး မဟုတ်နိုင်တာ အသေအချာပါပဲ။ဇာတ်ကောင်တွေအတွက်ကရော ဖြေဆေး ဟုတ်နိုင်ပါ့မလား?ရှာရန်ဆိုတဲ့ အမျိုးသမီးက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုနဲ့ အတည်တကျ ရှိနေသူပါ။တစ်နေ့မှာတော့ အူအတက်ရောင်တဲ့အတွက် အရေးပေါ် ဆေးရုံတက်ပြီး ခွဲစိတ်ဖို့ ဖြစ်လာပါတော့တယ်။ခွဲခန်းကနေအထွက် မေ့ဆေးပြယ်ပြီး သတိရလာချိန်မှာတော့ သူ တက်ခဲ့တဲ့ ဆေးရုံ မဟုတ်ဘဲ တခြားဆေးရုံလိုနေရာတစ်ခုကို ရောက်နေတာကို သိလိုက်ရပါတော့တယ်။ အဲဒီမှာ ဆေးရုံကနေ လွတ်မြောက်ဖို့ လွတ်လမ်းရှာရင်းဆေးရုံလိုနေရာရဲ့အကြောင်းကို တစ်စထက်တစ်စ သိလာချိန်မှာတော့ ......ရှာရန်နဲ့အတူ ဖြေဆေးကို အတူတူ ကြည့်လိုက်ရအောင်ပါ။ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ဇာတ်ကားအဆုံးထိကြည့်မိမယ့် ရုပ်ရှင်မျိုးမို့ Horror, Thriller ကြိုက်နှစ်သက်သူတွေ သဘောတွေ့ကြဦးမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Pyg ဖြစ်ပါတယ်။) File Size - (1.4GB)/(850MB)/(460 MB) Quality – BLURAY1080p/720p/480p Duration - ...
movie

Antidote (2021)

2021
Kotigobba 3 (2021) 7.7
Kotigobba 3 (2021) ဒီကားကလည်း ကနာဒါးမင်းသား ဆူးဒိရဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDB မှာ 7.8နဲ့ Time of India မှာ 4/5 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းအမေ့အိမ် မိဘမဲ့ဂေဟာကို တည်ထောင်ထားတဲ့ ဆဒ်သရ ဟာမိဘမဲ့ကလေးတွေအားလုံး ချစ်ခင်ရတဲ့ လူတစ်ယောက်ဖြစ်သလို လူတွေကြားမှာလည်းကြင်နာသနားတတ်သူအဖြစ်ကျော်ကြားပါတယ်။ ရဲအဖွဲ့နဲ့လည်းအဆင်ပြေသလို ရဲတွေမရှင်းနိုင်တဲ့ကိစ္စတွေမှာ ခပ်ကြမ်းကြမ်း၀င်နွှဲတတ်သူတစ်ယောက်ပါ။ တနေ့တော့ သူ့ရဲ့မိဘမဲ့ဂေဟာကကလေးလေး ရောဂါတစ်ခုကြောင့် တူရကီမှာ ဆေးသွားကုဖို့ဖြစ်လာချိန်မှာ တူရကီမှာဗုံးတွေပေါက် ‌ယူရိုသန်းချီတန်တဲ့ ရတနာ သရဖူကို ဓါးပြတိုက်ချင်းခံရပါတော့တယ်။ဓါးပြမှုကို ဘယ်သူကျူးလွန်တာလဲ နာမည်ကြီးဓားပြ Ghost ဆိုတာ ဘယ်သူလဲ။ဆဒ်သရ နဲ့ကောဘယ်လိုပါတ်သက်နေလည်း ဆိုတာတော့ အလှည့်အပြောင်းများစွာနဲ့ ရင်ခုန်စွာစောင့်ကြည့်ရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်  File size…2.3GB / 1.3Gb  Quality…1080p HD RIP AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle ( ...
movie

Kotigobba 3 (2021)

2021
Motherly (2021) 5.2
Motherly (2021) Motherly (2021)=============2021 ထွက် Horror Movies အမျိုးအစားပါပဲ . ဇာတ်လမ်းအညွှန်းလေးပြောရရင်အသိမိတ်ဆွေတစ်ယောက်က အပြင်သွားစရာရှိလို့ ကိတ် အိမ်မှာ သူ့ကလေးကို ခဏလာအပ်ထားခဲ့ပါတယ်။ဖြစ်ချင်​တော့ တူတူပုန်းတမ်း အတူဆော့ရာကနေ အဲ့က​လေး​လေးက သေသွားခဲ့တယ်ပေါ့။သတ်လိုက်တဲ့သူကလည်း ကိတ်ရဲ့ ခင်ပွန်း ဖြစ်နေတယ်။အဖြစ်အပျက်တွေက ၂နှစ်လောက်ကြာသွားပေမယ့်လည်း ကိတ်အတွက်တော့ စိတ်ဒဏ်ရာတခုလိုဖြစ်နေခဲ့ပြီးလူသူမသိတဲ့နေရာမှာ သမီးလေးနဲ့အတူ ဘဝအသစ်စဖို့ကြိုးစားနေတဲ့အချိန်မှာ ထောင်ကျနေတဲ့ခင်ပွန်းဖြစ်သူကကိုယ့်ကိုယ်ကိုသတ်သေပြီးတော့ ကိတ်အတွက်စာတစ်​စောင်ချန်ခဲ့ပါတယ်။ သူချန်ခဲ့တဲ့စာအဓိပ္ပါယ်က ဘာဖြစ်မှာလဲ????အသတ်ခံရတဲ့ကလေးရဲ့မိဘတွေကလည်း ကိတ်ကိုရှာတွေ့သွားပြီးတော့ အမှန်တရားကို​ဖော်ထုတ်ဖို့ကြိုးစားကြတယ်။ကိတ်ရဲ့သမီး​လေး ဘက်ရဲ့ဘေးကင်းမှုနဲ့ အသတ်ခံလိုက်ရတဲ့ သူတို့သမီးအတွက် အမှန်တရားကိုသိဖို့အတွက် အလဲအလှယ်လုပ်ကြတဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ . . .နောက်ပြီး အချိန်ပေးရတာနဲ့တန်အောင် စိတ်ဝင်စားစရာကောင်းတာမို့ ဆက်လက်စောင့်ကြည့်ကြပါဦးနော်(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Thet Hnin Hsuတို့ပဲဖြစ်ပါတယ်။) File Size - (1.4GB)/(850MB)/(460 MB) Quality – WEBRIP ...
movie

Motherly (2021)

2021
Los Angeles (2021) 6.1
Los Angeles (2021) Los Angeles (2021)==============IMDb Rating - 6.1/10ဒီဇာတ်ကားလေးကတော့ ငယ်ရွယ်တဲ့ ဆွံ့အနေတဲ့ကောင်မလေးတစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ်။ဂျိုဂျိုက သူကိုယ်သူ ဝက်ရုပ်ကြီးကနေတစ်ဆင့် ဘုရားသခင်ရဲ့အသံကို ကြားရတယ်လို့ထင်​နေတဲ့သူလည်းဖြစ်ပါတယ်။ ဝက်ရုပ်ကြီးကနေ စေခိုင်းတဲ့အတိုင်းသူမက အိန်ဂျယ်၅ယောက်ကို သူရဲ့ဖိနပ်သေတ္တာလေးထဲထည့်ပြီးတော့ တမ်ပါကို ​ယေရှုလေးကိုရှာဖို့အတွက် ခရီးထွက်ဖို့လုပ်နေတဲ့ချိန်မှာ ကတ်ရှ်ကားပေါ်ကို တက်သွားပါတော့တယ်။ တကယ်တော့ ကတ်ရှ်က အကျဥ်းထောင်ကနေ ထွက်ပြေးလာတဲ့အကျဥ်းသားဖြစ်ပြီး​တော့ကား​​​နားနေတဲ့အချိန်တက်လာတဲ့ ဂျိုဂျိုက ကားပေါ်တက်လာတဲ့အတွက်ကြောင့် မတတ်သာပဲ တနေရာမှာချမယ်ဆိုပီးခေါ်လာရပါတော့တယ်။ သူတို့နောက်ကိုလည်း ကတ်ရှ်ကိုဖမ်းမဲ့ရဲတွေကလည်း လိုက်နေပါတော့တယ်။ဒီလိုနဲ့ တစ်မြို့ပြီးတစ်မြို့သွားရင်းနဲ့ ကတ်ရှိတစ်ယောက်ကော ရဲလက်က လွတ်မှာလား ဂျိုဂျိုကကော ယေရှုလေးကိုရှာတွေ့မှာလား ဂျိုဂျိုရဲ့သေတ္တာလေးက ဘယ်လိုအံ့သြစရာကောင်းတဲ့အရာလေးတွေလဲဆိုတာ သိချင်ရင်တော့ကြည့်ရှုပေးကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, JoJoVaတို့ပဲဖြစ်ပါတယ်။) File Size - (1.4GB)/(850MB)/(460 MB) Quality – WEBRIP 1080p/720p/480p Duration - 1hrs ...
movie

Los Angeles (2021)

2021
A Boy Called Christmas (2021) 6.9
A Boy Called Christmas (2021) A Boy Called Christmas (2021)IMDb - 6.8/10ခရစ္စမတ်ချိန်ခါကိုရောက်ပြီဆိုတာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားတွေ အစီအရီထွက်နေကြပါ၊ အခုတင်ဆက်ပေးမှာက Netflix ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ Christmasရုပ်ရှင်ပဲ ဖြစ်ပါတယ်Cast အပိုင်းမှာဆိုရင် Harry Potter Franchise ထဲက Maggie Smith နဲ့ Haunting of Hill House ထဲက Michael Huisman လို ထိပ်သီးသရုပ်ဆောင်ကြီးတွေ ပါဝင်ထားသလို Netflixထွက် ဇာတ်လမ်းဖြစ်တာကြောင့် Budget နဲ့ Effectပိုင်း၊ ဇာတ်လမ်းပိုင်းတွေကလည်း တကယ့် ခရစ္စမတ် ရဲ့အနှစ်သာရကိုပေါ်စေပါတယ် ဆန်တာကလော့စ် လို့ ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်း ဇာတ်လမ်းတွေ အများကြီးထွက်ဖူးပါတယ်၊ ဒါကတော့ ခရစ္စမတ်ဘိုးဘိုးကြီး စမဖြစ်ခင်ဘဝက ခရစ္စမတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့ ခရစ္စမတ်ဘိုးဘိုး ဘယ်လိုဖြစ်လာလဲဆိုတာကို ပုံပြင်သဖွယ်ရိုက်ကူးထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်၊ မိသားစုနဲ့အတူ ပိတ်ရက်မှာ တူတူကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre.....Adventure, Drama, Family Quality….WEB-DL 1080p and ...
movie

A Boy Called Christmas (2021)

2021
Annaatthe (2021) 4.7
Annaatthe (2021) Annaatthe 2021===============Drama/Actionအချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊လက်မခံထားတဲ့သူတွေဆိုတာလည်းရှိ‌သပေါ့လေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်းကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလိုဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်‌သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကိုတော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ်  File size…1.59Gb / 4GB Quality…720p WEBDL Format…Mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by San Thu Aung & Sai ThuRein Lynn
movie

Annaatthe (2021)

2021
Chhorii (2021) 8.1
Chhorii (2021) Chhorii (2021)Horrorကြိုက်သူတွေ အကြိုက်‌တွေ့စေမယ့် အိန္ဒိယကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ကလေးချစ်တတ်ပြီး မိဘမဲ့ဂေဟာNGOမှာ ဦးစီးဦးဆောင်လုပ်နေတဲ့ဆာ့ခ်ရှီဟာကိုယ်ဝန်၈လရနေပြီဖြစ်တဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါ။ယောက်ျားဖြစ်သူ ဟယ်မန့်က စီးပွားရေးအတွက်ရင်းနှီးငွေတွေ အလိမ်ခံလိုက်ရပြီးအကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ကြုံတွေ့လာချိန်.....တစ်နေရာမှာ ပုန်းရှောင်နေဖို့အတွက်အကြောင်းဖန်လာပါတော့တယ်။စိုက်ခင်း‌တွေကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာကအိမ်မှာ ခဏရှောင်နေကြရင်းက ဒီဇာတ်လမ်းက အစပြုလာပါတယ်။ပုံမှန်မဟုတ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာဆာ့ခ်ရှီက သူနဲ့ သူ့ရဲ့မမွေးသေးတဲ့ကလေးကို ကာကွယ်ဖို့ လွတ်မြောက်အောင် ကြိုးစားရင်းဇာတ်လမ်းရဲ့မြှုပ်ထားတဲ့ ဇာတ်ကွက်တွေက တဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်။ထူးဆန်းတဲ့ကလေး၃ဦးနဲ့ မီးလောင်ကျွမ်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဝိဉာဉ်က ဘာအတွက် မကျွတ်မလွတ်ဖြစ်နေရတာလဲ????ဘာကိုအငြိုးကြီးနေခဲ့လို့ ဒီစိုက်ခင်းကြီးကကိုယ်ဝန်သည်တွေအတွက် ကျိန်စာတစ်ခုလိုဖြစ်နေရတာလဲ????မေးခွန်းတစ်ခုပြီးတစ်ခု ပေါ်လာရင်းက ဆာ့ခ်ရှီရဲ့ ရုန်းကန်မှုတွေနဲ့အတူဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။မိခင်မေတ္တာကြီးမားပုံကိုလည်းခံစားရမယ့်အပြင်ဇာတ်လမ်းရဲ့ ဇာတ်ကွက် လှည့်စားမှုအနည်းငယ်ကလည်း ကြည့်နေတဲ့လူကို အံ့အားသင့်စေဦးမှာပါ။နောက်ဆုံးအနေနဲ့ တကယ့်ကားကောင်းလေးမို့လို့ လက်လွှတ်မခံပါနဲ့လို့ ညွှန်းလိုက်ပါတယ်နော်။အညွှန်းကိုတော့ Milkeux က ရေးသားထားပြီးတော့ဘာသာပြန်ထားတာကတော့ Milkeux နဲ့ Lai Laii ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Thriller Quality….WEB-DL 1080p and 720p File size… 1.8GB ...
movie

Chhorii (2021)

2021
Circle of Deception (2021) 5.1
Circle of Deception (2021) Circle of Deception (2021)====================ဇာတ်ကြောင်းလေးမပြောခင်မှာ ဒီဇာတ်လမ်းရဲ့မူလဝတ္ထုကိုရေးတဲ့ Ann Rule အကြောင်းကိုအရင်ရှင်းပြမှဖြစ်ပါမယ်။Ann Rule ဆိုတာက တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေအကြောင်းကို ဝတ္ထုရေးတဲ့ မှုခင်းဝတ္ထုစာရေးဆရာမကြီးတစ်ဦးပါ။သူရေးခဲ့တဲ့ " Stranger beside me" ဝတ္ထုဆိုရင် ၁၉၇၀ကာလကအမေရိကန်မှာနာမည်ကြီးခဲ့တဲ့ကွင်းဆက်လူသတ်သမားTed Bundy နဲ့ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုရေးဖွဲ့ခဲ့ထားပြီး ၁၉၈၆, ၁၉၈၉ , ၂၀၀၀, ၂၀၀၈ခုနှစ်တွေထပ်မံပဲနှိပ်ထုတ်ဝေခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။အခုဇာတ်ကားလေးကလည်း ၂၀၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ "Practice to Deceive"ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမှာမပျော်ရွှင်ဖြစ်နေပြီး ယောကျ်ားဖြစ်သူကိုသဘောမကျတော့တဲ့ Branny Douglas တစ်ယောက်သူ့သူငယ်ချင်း Peggy Sue Thomasကိုကြည့်ပြီးအားကျနေတာပေါ့။ Peggyဆိုတာက အလှမယ်ဟောင်းဖြစ်သလိုယုံကြည်မှုအပြည့်ရှိပြီးလွတ်လပ်တဲ့လူ။ ပြီးတော့ ချမ်းသာတဲ့သူ့ချစ်သူ Jim Hudleရဲ့ ဂရုစိုက်မှုကိုခံနေရတော့ Brannyတစ်ယောက်အားကျပြီး ကိုယ့်ရဲ့အိမ်ထောင်ရေးကိုကိုယ်တိုင်ဖြိုခွဲပစ်လိုက်ပါလေရော။ ဒါပေမယ့် Branny မသိလိုက်တာကPeggy ရဲ့ တစ်ဖက်ခြမ်းမှာဖုံးကွယ်ထားတဲ့အရာတွေ။ ဒီလိုနဲ့ အိမ်ထောင်ကွဲပြီးဘဝပျက်နေတဲ့ Branny နဲ့ Peggy က ဘယ်လိုဇာတ်လမ်းတွေပတ်သက်လာမှာလဲ ...
movie

Circle of Deception (2021)

2021
Kaamelott – The First Chapter(2021) 6.8
Kaamelott – The First Chapter(2021) Kaamelott: First Installment (2021)ဒီဇာတ်ကားကတော့ 2005 ကနေ 2009 အထိ season 6ခုထွက်ထားတဲ့ Kaamelott seriesရဲ့ Sequel movie ပဲ ဖြစ်ပါတယ်Kaamelott seriesကတော့ King Arthur ရဲ့ ဒဏ္ဍာရီကို ဟာသ ဆန်ဆန် ရိုက်ကူးထားတဲ့ ပြင်သစ် seriesတစ်ခုပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ထိုseries နောက်ပိုင်းမှာ အ​ခြေတည်ပြီး Adventure / Fantasyအမျိုးအစားပေမယ့် Comedyလည်း ရောထားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်Kaamelott series အပြီးမှာတော့ ဘုရင်အာသာ ဟာ စိတ်ကျရောဂါကို ခံစားနေရတာကြောင့်ကမ်းမလော့က သူ့ရဲ့ ပုလ္လင်ကို ဖယ်ပေးပြီး အဇ်ကယ်လီဘာ ဓားကိုလည်း ယူခဲ့တဲ့ ကျောက်တုံးထဲမှာ ပြန်စိုက်ထားခဲ့ပါတယ်ထိုအချိန်မှာပဲ အာသာရဲ့ သူငယ်ချင်းဟောင်းဖြစ်သလို အဖော်မွန်လည်း ဖြစ်တဲ့ လန်စီလော့ဟာအာသာရဲ့ ရန်သူတော် မယ်လဂန့် ရဲ့ လွှမ်းမိုးမှုကြောင့် ...
movie

Kaamelott – The First Chapter(2021)

2021
Spencer(2021) 7.2
Spencer(2021) Spencer(2021) အညွှန်း***************IMDb....7.2Kristen Stewart ဟာ ဝေဖန်အတော်များများခံရတဲ့ သရုပ်ဆောင်တွေထဲပါတယ်လို့ဆိုရမှာပါ...သို့ပေမဲ့ Diana (ဒိုင်ယာနာ) အဖြစ်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ Oscar ရနိုင်တယ်လို့တောင်ဝေဖန်ရေးဆရာတွေက ချီးကျူးထားကြပါတယ်....ဒိုင်ယာနာဆိုတာ ဗြိတိန်တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်ပါတယ်...သို့ပေမဲ့ သူမ ငယ်ဘဝက ကြမ်းတမ်းပါတယ်...မိဘတွေ အိမ်ထောင်ကွဲဖြစ်ပြီး လန်ဒန်သို့ပြောင်းကာ လစာနိမ့်ဘဝဖြင့် လုပ်ကိုင်ရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်...အဲဒီနောက် ဒုတိယ အဲလိဇဘက်ဘုရင်မ၏ သားကြီးဖြစ်သူ ချားလ်မင်းသားနဲ့စေ့စပ်လိုက်ပါတယ်..ဒီဇာတ်လမ်းဟာ ချားလ်မင်းသားနဲ့အိမ်ထောင်ပြုပြီး နောက်ပိုင်းအေးခဲစပြုလာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အဓိကထားရိုက်ပြသွားတာပါ..ဒိုင်ယာနာ တစ်ယောက် တော်ဝင် အသိုင်းအဝိုင်းမှာအနေရကြပ်လာခဲ့တဲ့အကြောင်းတွေကိုလည်း မွှမ်းထုံပြသထားပါတယ်။လူမှုရေးဆက်ဆံရေးကောင်းမွန်တဲ့အပြင် ကျက်သရေ ရှိလွန်းလှတဲ့ အလှအပကိုပိုင်ဆိုင်သူ..နိုင်ငံရဲ့ ပုံရိပ်အဖြစ်တင်စားခံရတဲ့သူ .လူထုရဲ့ချစ်မြတ်နိုးမှုကို အများဆုံးရတဲ့သူ..ဖက်ရှင်ပုံမှာလည်း ဒိုင်ယာနာစတိုင်ဆိုပြီး Fashion Queen အဖြစ်သတ်မှတ်ခံရသူ..ဒီလို ဂုဏ်ပုဒ်ပေါင်းများစွာ ပိုင်ဆိုင်တဲ့ မင်းသမီးလေးဟာနောက်ကွယ်မှာတော့ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနေရလဲ....အချစ်ရေးမှာရော သူမ ဘယ်လောက်ထိ ကံကောင်းခဲ့လဲ...အခက်အခဲကြုံလို့ သူမအတွက် ကမ်းလင့်လက်တစ်စုံရှိခဲ့လား...ခံစားကြည့်ကြပါဦး..ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ File ...
movie

Spencer(2021)

2021
Father Christmas Is Back (2021) 5.0
Father Christmas Is Back (2021) Father Christmas Is Back (2021)=======================ခရစ်စမတ်ကာလနီးလာတာနဲ့အမျှ ခရစ်စမတ်ဇာတ်လမ်းလေးတွေအလျှိုလျှိုထွက်လာပါတယ်။ မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးတွေ ခရစ်စမတ်စွန့်စားခန်းကားလေးတွေထွက်လာပါတယ်။ ဒီကားလေးကလည်း မိသားစုဇာတ်အိမ်တည်ထားတဲ့ခရစ်စမတ်ဟာသကားလေးတစ်ကားပါ။ ခရစ်စမတ်နေ့ကြီးမှာ ဖခင်ဖြစ်သူရဲ့ထားခြင်းခံသွားရတဲ့Caroline Chirstmas Hopes က ခရစ်စမတ်ရဲ့အနှစ်သာရထက် ခရစ်စမတ်ပွဲကိုပြီးပြည့်စုံဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါပေမယ့်အမြဲတမ်းအလွဲလွဲအချော်ချော်ဖြစ်ပြီး မှန်းထားသလိုဖြစ်မလာလို့ ဒီနှစ်ခရစ်စမတ်ကိုသေချာလုပ်မယ်ဆိုပြီးခြောက်လလောက်အချိန်ယူလုပ်ခဲ့ပါတယ်။ Carolineမှာ ညီမသုံးယောက်ရှိပြီး သူတို့ညီအစ်မတွေက Spitfire နဲ့ Messerschmittလို အပြိုင်ကြဲပြီးချနေကြပါ။ ဒီလိုညီအစ်မတွေနောက်တစ်ကြိမ်ပြန်ဆုံပြီးလုပ်ကြမယ့်ခရစ်စမတ်ပွဲလေးဆီ မထင်မှတ်ထားတဲ့လူတစ်ယောက်ကရောက်ချလာတဲ့အခါမှာတော့.....မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးပီပီ မြူးကြွတဲ့ဇာတ်အိမ်လေးနဲ့ကြည်နူးဖွယ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File size… (1.7GB)/ (1 GB) / (500 MB) Quality…..WEBRIP 1080p/720p/480p Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee, Thiha Yan Naing Encoder ..... SWM 
movie

Father Christmas Is Back (2021)

2021
Jungle Cruise (2021) 7
Jungle Cruise (2021) Jungle Cruise (2021)တောတွင်း အပျော်စီး သင်္ဘောကြီး စီးဖို့ အသင့်ဖြစ်ကြပြီလားဗျိုု့မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူးပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့ "ရူးတိုးတိုး"part 1 and 2ဇာတ်ကားထဲက မင်းသမီး "Emily Blunt" တို့ရဲ့ Jungle Cruise ဆိုတဲ့ အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားသစ်​ကြီးကို ဒီ​နေ့ထွက် ဒီ​နေ့ချက်ချင်း ချန်နယ်မြန်မာပရိတ်သတ်ကြီးဆီ တင်ဆက်​ပေးလိုက်ပါပြီပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး "ဖရန့်"ဦး​ဆောင်ကာ ​ဒေါက်တာ"လီလီဟော်တန်"နဲ့ သူ့အကိုတို့ပါဝင်တဲ့ လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ "လမျက်ရည်"ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။ ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါအဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်းတို့ရဲ့မာယာအတိုင်း ကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ ဘယ်လိုလူဆိုး​​တွေပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး ပရိတ်သတ်ကြီးတို့...အညွှန်းကိုတော့ JimX က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ CM ...
movie

Jungle Cruise (2021)

2021
4K HEVC
The Suicide Squad (2021) 7.9
The Suicide Squad (2021) The Suicide Squad (2021)Superheroဆိုတာဂျိုနဲ့လားလို့ ​တွေ့သမျှလူတိုင်းကို Face to Face လိုက်​မေးမယ့် Harley Quinn ရဲ့ Suicide SqaudလာပါပြီMarvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့​သောင်းကျန်းလို့အပြီးမှာ​တော့ ဒါရိုက်တာ James Gunnတစ်​​ယောက် DC universeရဲ့ ​မျောက်​​လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ​​ရောက်လာခဲ့ပါပြီIMDB rating - 7.9 နဲ့ Rotten Tomatoes rating - 95% ​တောင်ရထားတာမလို့ ​DCEU ရဲ့ ဇာတ်ကား​တွေထဲမှာ အမြင့်ဆုံး ratingလို့​​တောင် ပြောလို့ရပါတယ်U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါ​​ဝေါလ်လာတစ်​ယောက် Enchantressနဲ့ ရင်ဆိုင်အပြီးမှာ ​​နောက်ထပ်ကမ္ဘာပျက်မယ့်​ ဘေးအန္တရာယ်ကြီးတစ်ခုအတွက် အ​သေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီအဲ့ဒီအန္တရာယ်က​တော့ တောင်​အမေရိကကျွန်းငယ်နိုင်ငံ​လေးတစ်ခုကို အုပ်ချုပ်​နေတဲ့လူတစ်စုရဲ့ လက်ထဲကို​ရောက်ရှိ​နေတဲ့ Project Starfish လို့​ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါအဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်း​တွေကို အဲ့ဒီကျွန်းနိုင်ငံ​​လေးအထိ သွား​​ရောက်ဖျက်ဆီးရမှာက ဇာတ်လိုက်​ကျော် Suicide Sqaud ကြီးရဲ့တာဝန် ...
movie

The Suicide Squad (2021)

2021
4K HEVC
Never Back Down: Revolt (2021) 4.9
Never Back Down: Revolt (2021) Never Back Down : Revolt (2021)ဒီကားလေးက ၂၀၀၈ခုနှစ်ကထွက်ခဲ့တဲ့ Never Back Downကို Revolt လုပ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ။ရောမခေတ်က လူတွေကိုသတ်ကွင်းထဲထည့်ပြီး အချင်းချင်းသတ်ခိုင်းပြီး ကြည့်ကြသလိုပဲ။တိုက်ရည်ခိုက်ရည်ရှိတဲ့အမျိုးသမီးတွေကို လိမ်ညာလှည့်စားခေါ်ပြီးတော့ အချင်းချင်းထိုးခိုင်းတဲ့ကားပါ။ဇာတ်လမ်းအကျဉ်းကတော့အစ်ကိုဖြစ်သူက မြေအောက်လက်ဝှေ့လောကမှာ လုပ်ပွဲလုပ်ဖို့ သဘောတူခဲ့ပြီးမှ ချိုးဖောက်ခဲ့လို့ သူဌေးကြီးတစ်ယောက်ဆီမှာအကြွေးတင်သွားရာကနေစပါတယ်။အစ်ကိုနဲ့ညီမနှစ်ယောက်တည်းရှိတာဆိုတော့ အစ်ကို့ရဲ့အဲ့ဒီအကြွေးအတွက် ညီမဖြစ်သူကဆပ်ပေးဖို့လုပ်ရာကနေ..... ဒီဇာတ်ကားလေးက သကာရည်လောင်းထားတဲ့မစင်ပုံကြီးလိုမျိုး တချို့လူတွေက အပေါ်ယံချိုမြိန်မှုတွေနဲ့ ကိုယ့်ယုံကြည်မှုကို ရယူပြီး ရောင်းစားသွားတတ်တာကိုပြသွားတဲ့ အမျိုးသမီးဖိုက်တာကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee ပဲ ဖြစ်ပါတယ်။Genre.....Action, Drama, Sports Quality….WEB-DL 1080p and 720p and 480p File size…1.2GB and 912MB and 479MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hardsub) Translator .....Chit Tee Encoder .....August
movie

Never Back Down: Revolt (2021)

2021
[18+] Benedetta (2021) 6.6
[18+] Benedetta (2021) [18+] Benedetta (2021)Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ Benedetta Carlini ဆိုတဲ့သီလရှင်ရဲ့ဘ၀ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ငယ်ဖြူဆရာလေးတစ်ပါး စည်းကမ်းတင်းကျပ်တဲ့ ဘာသာရေးအရိပ်အာဝါသအောက်မှာနေထိုင်ရင်း ဖောက်လွှဲဖောက်ပြန် အမြင်အာရုံတွေ ရလာတာ... ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းတဲ့ လောကသဘာဝနဲ့သွေဖည်နေတဲ့ အိမ်မက်တွေကတစ်ဆင့် ပြင်ပလောကမှာလဲ သူတို့ ကျောင်းတော်အရိပ်ကို ခိုလှုံဖို့ရောက်ရှိလာတဲ့ နောက်ထပ် ဖခင်နဲ့ အစ်ကိုတွေရဲ့ဖိနှိပ်ခံဆိတ်ကျောင်းသူလေးတစ်ယောက်ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ရာက သဒ္ဒါလွန်လို့ တဏှာကျွံမိပုံတွေကတစ်ဆင့် ဘာသာရေး၊ လူမှုရေး ၊ ခေတ်ကာလနဲ့ အစရှိတဲ့အကြောင်းအရာများစွာကို တို့ထိကစားပြသွားခဲ့ပါတယ်။အငြင်းပွားစရာများစွာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေးအချက်အချာနေရာက ဘာသာရေးခေါင်းဆောင်တွေကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အကြောင်းအရာကိစ္စတွေကိုပုံဖော်ထားတဲ့နေရာမှာ နှုတ်နဲ့ဖွင့်လို့တောင်မပြောဝံ့စရာ ညစ်ပတ်စုတ်ပဲ့တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေကိုလှည့်စားရတာ ဘယ်လောက်လွယ်ကူနိုင်သလဲ၊ ဘာသာရေးဟာ ဘယ်လောက်အထိ အလွယ်တကူဝင်ငွေကြမ်းနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်နိုင်လဲ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေထိုင်အရိပ်ခိုကြတိုင်း သူတော်စင်သူတော်ကောင်းဖြစ်နိုင်ပါ့မလား... အစရှိတဲ့ခေတ်အဆက်ဆက် မေးချင်ပေမယ့်မမေးဝံ့လို့ လက်ရှောင်ခဲ့ကြရတဲ့ မေးခွန်းတွေရဲ့အဖြေတွေကိုလဲ တစ်စိတ်တစ်ဒေသမြင်တွေ့ရပါလိမ့်မယ်။တစ်ခေတ်တစ်ခါက ...
movie

[18+] Benedetta (2021)

2021
Shang-Chi and the Legend of the Ten Rings (2021) 7.9
Shang-Chi and the Legend of the Ten Rings (2021) Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie

Shang-Chi and the Legend of the Ten Rings (2021)

2021
IMAX 4K HEVC
Dhamaka (2021) 9
Dhamaka (2021) Dhamaka (2021)Bollywood ရဲ့ နောက်ထပ် remake တစ်ကားလာပါပြီ။The Terror Live ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ။ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ။ ဒါပေမယ့် ကြည့်ရတဲ့ရသကတော့ တူမယ်မထင်ပါဘူး။ ဇာတ်ကားတစ်ကားကို မင်းသားမင်းသမီးကွဲရင်တောင် ခံစားရတဲ့ရသ ကွဲသေးတာမို့ နိုင်ငံခြားပါပြီဆိုမှတော့ အကုန်ကွဲပဲမဟုတ်လား။ဒီတော့ ဘာတွေကွဲလည်းသိရအောင် ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်တော့ ..။အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun .. ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် “သူပြောသမျှကအမှန်” ဆိုပြီးတော့တောင် အဆိုရှိတယ်။ ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံရ၊ ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ .. ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲ တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော ..အစိုးရအပေါ် ...
movie

Dhamaka (2021)

2021
1080p HEVC
Rudra Thandavam (2021) 6.6
Rudra Thandavam (2021) ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ...................................................ဇာတ်လမ်းအကျဉ်းတမီလ်နာဒူး ပြည်နယ်မှာ မူးယစ်ဆေးကို အသုံးပြုပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကိုကိုယ့်ရဲ့အဖွဲ့သားကိုပါရင်းပြီး ဖော်ထုတ်ခဲ့တဲ့ စစ်ဆေးရေးအရာရှိ ရူဒါရန် တစ်ယောက် ဆိပ်ကမ်းအပိုင်ရဲစခန်းကိုပြောင်းခဲ့ပါတယ်။ ရောက်ရောက်ခြင်းပဲ တန်ဖိုးကြီးမားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနာမည်တက်ရပြန်ပါတယ်။တရက်မှာတော့ မူးယစ်ဆေးရောင်း၀ယ်နေတဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မထင်မှတ်တဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ အကြောင်းစုံကိုရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ကြပါ။ Over Acting တွေအနည်းငယ်ပါပေမယ့် ဇာတ်အိမ်ဇာတ်လမ်းတည်ဆောက်ပုံကောင်းတာကြောင့် တမီလ်ရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်။File size…2.64GB / 1.68GB Quality…1080p True Web Dl / 720p Format…Mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie

Rudra Thandavam (2021)

2021