Channel Myanmar

1940

The Grapes of Wrath (1940) 8.1
The Grapes of Wrath (1940)  The Grapes of Wrath (1940)IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ဇာတ်လမ်းကတော့ ၁၉၃၀မှာ ...
movie

The Grapes of Wrath (1940)

1940
The Great Dictator (1940) 8.4
The Great Dictator (1940) The Great Dictator (1940)Comedy/War IMDb -8.4, Rotten Tomatoes 93%ချာလီချက်ပလင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေကိုပဲ အများစုပြေးမြင်ကြမယ်ဆိုပေမယ့်ဒါ အသံတိတ်ဇာတ်လမ်းမဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို ချာလီချက်ပလင်ကိုယ်တိုင်ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ထားပြီး သူထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာအကောင်းဆုံးလို့တောင် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဘာကြောင့်ဆို ဟစ်တလာ၊ နာဇီနဲ့ဖက်ဆစ်စနစ်တို့ကို ပညာသားပါပါ သရော်ထားပြီး ဂျူးမုန်းတီးရေးဝါဒီတွေကိုရှုတ်ချထားလို့ပါ။ဒီဇာတ်လမ်းမှာ သာမန်အညတရ ဆံသဆရာ စစ်မှုထမ်းဟောင်းတစ်ယောက်အဖြစ်နဲ့ဟင်ကယ်လို့ အမည်ရတဲ့ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ စစ်အာဏာရှင်အဖြစ်ချာလီကိုယ်တိုင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ အားလုံးနဲ့ မစိမ်းတော့တဲ့အာဏာရှင်လက်အောက် ကျရောက်နေတဲ့ နိုင်ငံသားတို့ရဲ့ ကျီးလန့်စာစား၊ ဘာဆိုဘာမှပြောပိုင်ခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀တွေကို မြင်ရလိမ့်မယ်။ စက်ရုပ်လိုပုံစံရိုက်သွင်းခံထားရတဲ့ စစ်သားတွေရဲ့ ရပ်ကွက်တွေထဲ နိုင်ထက်စီးနင်းမှုတွေကိုမြင်ရလိမ့်မယ်။ အာဏာရှင်တို့ရဲ့ " ဘယ်သူသေသေ ငတေမာရင် ပြီးရော " ဆိုတဲ့ကိုယ့်ဖို့ကိုယ်သာကြည့်တဲ့ စရိုက်ဆိုးတွေကို မြင်ရပါလိမ့်မယ်။ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးနဲ့ နာမည်အကြီးခဲ့ဆုံးအပိုင်းကတော့ သူ့ရဲ့ ...
movie

The Great Dictator (1940)

1940
Rebecca (1940) 8.1
Rebecca (1940) မန်ဒါလေ ဆိုတာ အရမ်းကြီးကျယ်ခမ်းနားပြီးတော့ လူတိုင်း အံံ့သြရလောက်အောင် ခမ်းနားပြီး ပို့စ်ကတ်တွေထဲမှာပါသူ့ရဲ့အလှကို ရိုက်ပြီး ရောင်းချရတဲ့ ပင်လယ်အော်ကြီး ဘေးက စံအိမ်ကြီးတအိမ်ပေါ့အိမ်ကြီးရဲ့ အမွေဆက်ခံသူ မစ္စတာ ဒီဝင်းတားနဲ့ ပြင်သစ်တောင်ပိုင်းမှာ ဖူးစာဆုံခဲ့တဲ့ အညတရ မနူးမနပ် ရှပ်ပြာပြာနဲ့မိန်းကလေးတယောက်က မလွှဲမရှောင်သာ ဒီအိမ်ကြီးရဲ့ အရှင်သခင်မဖြစ်လာခဲ့တယ်သူ့ရဲ့ဘဝအစမှာ ခိုကိုးရာမဲ့ခဲ့ပေမယ့် မုဆိုးဖို မစ္စတာ ဒီဝင်းတားရဲ့ မျက်နှာကို တရွာထင်ပြီး မန်ဒါလေကို လိုက်လာခဲ့တာပေါ့အိမ်ကြီးကိုရောက်လာခဲ့တဲ့အခါမှာတော့ ဒုတိယ မစ္စ ဒီဝင်းတားဖြစ်လာခဲ့သူလေးဟာ လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတဲ့ကွယ်လွန်လေသူ ရေဘက္ကာ ဒီဝင်းတားရဲ့ အလှအပတွေ ဉာဏ်ပညာထက်မြက်မှုတွေရဲ့ အတိတ်အရိပ်အောက်မှာရိုးအအ မိန်းကလေးပီပီ ခံစားရသမျှကို မထုတ်ဖော်နိုင်ဘဲ ကျိတ်မှိတ်ခံစားရင်းထူးဆန်းတဲ့ အိမ်ကြီးက အိမ်ကြီးရဲ့ အနောက်ဆောင်က အခန်းတခန်း ထူးဆန်းတဲ့ ပထမဇနီးဟောင်းသေဆုံးမှုတွေကိုဘယ်လို ရှာဖွေတွေ့ရှိမလဲဆိုတာ ရင်ဖိုစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Daphne du Maurier ရဲ့ Rebecca ဝတ္ထုကို ...
movie

Rebecca (1940)

1940