Channel Myanmar

4K HEVC

The Grey Men 2 (2025) 6
The Grey Men 2 (2025) 2024 က ထွက်ခဲ့တဲ့ The Grey Men ရဲ့ ဒုတိယမြောက်ကားလို့ပဲဆိုရမှာပါ ပထမကားကို ကြည့်ချင်ရင် ဒီနေရာကို နိပ့်ပါဒီနေ့မှာတော့ ထိုင်ဝမ်ကားချစ်သူတို့ တစ်ခေတ်တစ်ခါက ကြယ်လိုင်းမှာ ငမ်းခဲ့ရတဲ့ X Family ကမင်းသားလေး Jiro Wang ဖန်သားပြန်ပေါ် ပြန်လာပါပြီ... ဒီဇာတ်ကားလေးကို အမှီ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်...ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်.... မူးယစ်ဆေးနဲ့ ငွေအိတ်ပြည့်ခဲ့တဲ့ မူးယစ်ဝိဇ္ဇာဒုစရိုက်ခေါင်းဆောင် စုန့်ပန်းက အခုတော့ နိုင်ငံရေးလောကထဲကို ငွေအိတ်နဲ့ ပစ်ပြီး ဝင်ဖို့ ကြိုးစားနေပြန်ပြီတဲ့...ပထမဆုံးလုပ်တဲ့အလုပ်ကတော့ ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တင်ဒါလုတာပါပဲ... လုမရတော့ တင်ဒါအောင်ပြီးသားသူကို မိသားစုဖမ်းပြီး ခြိမ်းခြောက်တယ်.... ဆန့်ကျင်တဲ့သူကို ပစ်သတ်လိုက်တယ်... ဒီလိုနဲ့ ငြင်းမရတဲ့အဆုံးမှာ စီမံကိန်းကို ပေးဖို့ စာချုပ်ချုပ်မယ်ဆိုမှ... မြေယာသုံးစွဲခွင့်ကနေ ပိုင်ဆိုင်မှု လွှဲပြောင်းစာဖြစ်နေပြန်ရော...ဟုတ်ပါတယ်... စုန့်ပန်းတစ်‌ယောက်ဟာ ငွေနဲ့ပေါက်ပြီး တစ်မြို့လုံးကို မောင်ပိုင်စီးချင်ပြန်တာပါ... ဒါနဲ့ ရွာသူကြီးက လက်မှတ်မထိုးဘူးဆိုတော့ ငါးစာကျွေးလိုက်ပါတော့တယ်... ဒီလိုဆိုးတဲ့ စုန့်ပန်းကို ဘယ်သူကရှင်းပေးမှာလဲ...ဘယ်လိုမျိုးမှ ရှင်းနိုင်မှာလဲ... Filesize : 2.28 GB / 1.24 GB / 714 ...
movie

The Grey Men 2 (2025)

4K HEVC
Together: 4-In-A-Row (2024) 6.3
Together: 4-In-A-Row (2024)  Together: 4-In-A-Row (2024)IMDb Rating (6.3) ဘောလုံး​လောကမှာ Manchester City လို့ပြောလိုက်ရင် မသိတဲ့သူဟာမရှိလောက်ပါပဲ။ဒီတစ်ခါ Together ဇာတ်လမ်းမှာတော့ Manchester City ရဲ့ လေးကြိမ်ဆက်တိုင် ပရီးမီးယားလိဂ်အနိုင်ယူခဲ့ပုံကို ပက်ပ်ဂွာဒီယိုလာ၊ ရိုဒရီနဲ့ ကိုင်းလ်ဝေါလ်တို့ရဲ့ အတွေးအမြင်အားဖြင့် ပြန်လည်ထင်ဟပ်ထားပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရာသီမှာတော့ မန်စီးတီးအသင်းဟာ အရင်နှစ်တွေလို ရာသီစမှာထဲက ပရီးမီးယားလိဂ်ထဲမှာ အစမကောင်းခဲ့ပါဘူး။ပရီးမီးယားလိဂ်ကို ဂွာဒီရိုလာလက်ထက်စနိုင်ကတည်းက မရှိဖူးခဲ့တဲ့ ၃ ပွဲဆက် ၄ လေးပွဲဆက်အရှုံးတွေပါရှိလာခဲ့ပါတယ်။ဒါ့အပြင် ရာသီတစ်ဝက်ရောက်ခါနီးမှာ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရွိုင်းက ဒဏ်ရာရသွားတာကတစ်ကြောင်း၊ နည်းပြချုပ်နဲ့ မန်နေဂျာဖြစ်တဲ့ ဂွာဒီယိုလာက အသက်အရွယ်အရ ခါးပြဿနာကြောင့်ခွဲစိတ်ခန်းဝင်လိုက်ရတဲ့တစ်ကြောင်း အသင်းရဲ့ကွင်းလယ်လူတစ်ယောက်ကပါ ပွဲထဲစိတ်မထိန်းနိုင်ဘဲ ပြိုင်ဘက်ကစားသမားကို ရန်ပြုလိုက်လို့ အနီကတ်ရသွားတာကတစ်ကြောင်း အစရှိတဲ့အတွင်းပိုင်းပြဿနာတွေကြောင့် မန်စီးတီးတို့ဟာ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ပြဿနာဖြစ်ပြီး အသင်းရဲ့ပျမ်းမျှခြေစွမ်းကိုပါ ထိခိုက်စေသလိုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်းနောက်ဆုံးမှာ ဒီရာသီရဲ့ အထွဋ်အထိပ်အသင်းဖြစ်တဲ့ လီဗာပူးနဲ့ ချန်ပီယံပြိုင်လုဖို့အထိခြေမာလာခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ...
movie

Together: 4-In-A-Row (2024)

2024
4K HEVC
The Prosecutor (2025) 6.5
The Prosecutor (2025) Ip Man မင်းသားကြီး Donnie Yen ရဲ့ ရှေ့နေကားသစ်ကြီးရပါပြီ။ Donnie Yen ကအစိုးရရှေ့နေလုပ်နေပြီဆိုပြီးတော့ အက်ရှင်တွေမပါဘူးလို့တော့မထင်လိုက်ပါနဲ့ (၆၁)နှစ်အရွယ်မင်းသားကြီးရဲ့လက်ရည်တွေကိုမြင်ရဦးမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိဟော့ဟာ တရားခံနဲ့ရှေ့နေတွေပူးပေါင်းပြီး တရားဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးတော့ ပြစ်မှုကနေကွင်းလုံးကျွတ်လွတ်သွားတာကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ရာထူးမှနှုတ်ထွက်ခဲ့ရတယ်။ အဲဒီနောက်မှာ သူကဥပဒေပညာကိုကြိုးစားသင်ယူပြီးတော့ အစိုးရရှေ့နေတစ်ယောက်ဖြစ်လာခဲ့တယ်။တရားဥပဒေဌာနကိုရောက်တဲ့အခါမှာလဲ ဥပဒေကိုလက်တစ်လုံးခြားလုပ်တဲ့ မတရားမှုနဲ့ကြုံလာတဲ့အခါ သူ့ရဲ့တရားဥပဒေအပေါ်ခေါင်းမာတဲ့စိတ်နဲ့မတရားမှုကို တော်လှန်နိုင်ဖို့ကြိုးစားတဲ့အခါ အောင်မြင်လာနိုင်မလားဆိုတာကို အက်ရှင်တွေနဲ့စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 5.78 GB / 1.70 GB / 966 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Crime , Thriller Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Prosecutor (2025)

4K HEVC
Unstoppable (2024) 6.8
Unstoppable (2024)  Unstoppable (2024)IMDb Rating (6.8) / Rotten Tomatoes (76%) ဒီဇာတ်လမ်းလေးကတော့ အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားသမားအန်တိုနီရိုဘယ်ရဲ့ ဘဝဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ခြေထောက်တစ်ဖက်တည်းနဲ့မွေးဖွားလာခဲ့သူအန်တိုနီရိုဘယ်က ဘဝရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလည်း၊ အခက်အခဲတွေကြားကနေ ဘယ်လိုမျိုး အောင်မြင်မှုကို ရရှိသွားလည်းဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဲ့တာအပြင်ကို ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သူ Jennifer Lopez က ဂျူဒီရိုဘယ်အဖြစ် အန်တိုနီရဲ့ မိခင်နေရာကနေ ပါဝင်ထားပါသေးတယ်။အားကစားဇာတ်လမ်းတစ်ပုဒ် တစ်ဖြစ်လည်း ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N ဖြစ်ပါတယ်။)File size…(8.1 GB) / (2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:04:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by N
movie

Unstoppable (2024)

2024
4K HEVC
Identity (2025) 8.9
Identity (2025) Identity (2025) ဖြစ်တည်မှုCM Bollywood ပရိသတ်ကြီးအတွက် ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့ မလေယာလမ်းစကားပြော အိန္ဒိယကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေတစ်ယောက်အဖေတစ်ယောက် အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာ ဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်….နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းမှာ ကင်မရာခိုးထားပြီး ကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့ အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေက အရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချလိုက်ပါတယ်ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်း ဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲ ဆက်လက်ရှုစားနိုင်ဖို့ မနှေးလေးတင်ဆက်ပေးပါရစေ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 3.64 GB / 1.7 GB / 900 MB Quality…4k HEVC / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Identity (2025)

4K HEVC
Ne Zha (2019) 7.6
Ne Zha (2019) Ne Zha (2019)IMDb Rating (7.4)ဒါကတော့ Classic novel တစ်ခုဖြစ်တဲ့ The Investiture of the Gods ကိုအခြေခံထားတဲ့ နာမည်ကြီး Chinese Donghua ပါ။ ၀တ္ထုအရ အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းနဲ့သူ့ရဲ့တတိယသားတော်အောင်းပင်း၊ နီကျားတို့ရဲ့ အကြောင်းကိုတော့ တော်တော်များများရင်းနှီးကြပါတယ်။ မဟာရန်သူတော်အောင်းပင်းနဲ့နီကျားက ဒီ Movie မှာတော့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ကောင်းကင်ရဲ့နတ်စွမ်းအင်တွေကနေ ဟွမ့်ယွမ်ပုလဲလုံးဖွားမြင်လာခဲ့ပြီး ထိန်းမရဖြစ်ခဲ့တာကြောင့် ကောင်းကင်အရှင်မင်းက မိစ္ဆာပုလဲလုံးနဲ့ကောင်းကင်ပုလဲလုံးဆိုပြီးခွဲခြားလိုက်ပါတယ်။ ကောင်းကင်ပုလဲလုံးကို ချန်ထန်ကွမ်းရဲ့အုပ်ချုပ်သူလီကျန့်ရဲ့သားတော်အဖြစ်ဖွားမြင်စေပြီး မိစ္ဆာပုလဲအပေါ်မှာတော့ နောက်သုံးနှစ်အကြာ ကောင်းကင်မှစီရင်ချက်ခံရမယ်ဆိုပြီးကျိန်စာထားထားခဲ့ပါတယ်။တပည့်တွေအနက် တပည့်အကြီး ထိုက်ယီကျန်းရန်ကို အဲ့ဒီတာ၀န်အပ်နှင်းခဲ့တော့ ‌ ကျန်တပည့်ရှန်းကုန်းပေါင်က မနာလိုမုန်းတီးစိတ်တွေဖြစ်လာပြီး ကောင်းကင်ပုလဲလုံးကိုခိုးကာ ‌ အရှေ့ပင်လယ်အောက်နဂါးနန်းတော်မှာချုပ်နှောင်ထားခြင်းခံရတဲ့ နဂါးမင်းအောင်းကွမ်းရဲ့တတိယသားတော်နဲ့ ကောင်းကင်ပုလဲလုံးကိုပေါင်းစပ်ပေးဖို့အပေးအယူထားထားခဲ့ပါတယ်။မိစ္ဆာပုလဲလုံးကတော့ လီကျန့်ဇနီးသည်ဆီမှာ ဖွားမြင်ခဲ့ပြီး ထိန်းချုပ်မရလို့ ချန်းခွင်းရွှေကွင်းနဲ့ထိန်းထားခဲ့ရပြီး လီကျင့်နဲ့သူ့ဇနီးသည်မျက်နှာနဲ့ ထိုက်ယီကျန်းရန်က မတတ်နိုင်ပဲ ရှင်သန်ခွင့်ပေးခဲ့ရပါတယ်။ဒါပေမယ့်လည်း သုံးနှစ်အကြာမှာ ကောင်းကင်စီရင်ချက်အရ မိုးကြိုးဒဏ်နဲ့ဖျက်ဆီးခံရမှာမို့ အဲ့ဒီသတ်မှတ်ခံထားရတဲ့ကံကြမ္မာကို နီကျားတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။အဆက်ကလည်း ရုံတင်နေပြီဖြစ်ဖို့ ကြည့်ပြီးရင်လည်းပြန်ကြည့်လိုက်ကြပါ။ ဒုတိယကားမှာဆိုလည်းပင်လယ်နဂါးမင်းအောင်းကွမ်းရဲ့လူပုံစံကြီးကိုပါမြင်ရတော့မှာပါ။ အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းမှာသား‌တော်သုံးပါးရှိပါတယ်။ သူတို့အကြောင်းပိုသိချင်ရင်တော့ ဒါကိုအခြေခံထားတဲ့ Aobing Zhuan ဆိုတဲ့ Manhua ...
movie

Ne Zha (2019)

4K HEVC
Pushpa 2 – The Rule (2024) 6.3
Pushpa 2 – The Rule (2024) Pushpa 2 - The Rule (2024) "ပွတ်ရှ်ပါ ပြန်လာပြီ"Netflix WEB-DL ကြည်တောက်ရှင်းဖြစ်ပြီး ၄နာရီနီးပါး အပြည့်စုံဆုံး ဗားရှင်းကိုတင်ဆက်လိုက်ပါပြီ (4kလဲ ထွက်ရှိလာပါက ထပ်မံupdateပေးသွားပါမယ်)===============================အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့ မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာ ကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှ ဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။ရှေ့ရုပ်ရှင် Pushpa: The Rise (2021)ကို CM Appမှာ 4K Resolutionနဲ့ ကြည့်ရှုနိုင်ပါတယ်။ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေး အပြင်းအထန်ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းက ပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက် ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန် ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲ အခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက် ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) File size…13 ...
movie

Pushpa 2 – The Rule (2024)

4K HEVC
The Legend of Zorro (2005) 6.0
The Legend of Zorro (2005)  ဇောရိုးကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ်။ တခြားလူတွေအတွက်တော့ ဒီ ဇာတ်ကောင်ကဘယ်လိုလဲမသိပေမယ့် ကျွန်တော့်အတွက်တော့ DC တို့ Marvel တို့က ဟီးရိုးဇာတ်ကောင်တွေ မတိုင်ခင်မှာ ကိုယ့်အတွက် အရင်ဟီးရိုးဖြစ်ခဲ့တဲ့သူပါပဲ။ ဇောရိုးက Batman နဲ့တော့ခပ်ဆင်ဆင်ပါပဲ။ သူကတော့ Duelist ဓါးသမားပုံစံမျိုးဖြစ်သွားတာပေါ့လေ။ မျက်နှာအပေါ်ပိုင်းကို မျက်နှာဖုံးတပ် ဦးထုပ်အဝိုင်းတစ်လုံးနဲ့ rapier ဓါးတစ်ချောင်းဆောင်ထားတဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ဇောရိုးကို အလွမ်းပြေပြန်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကြောင်းလေးမပြောခင်မှာ နည်းနည်းပြောပြပေးချင်တာကတော့ အမေရီကန် ပြည်တွင်းစစ်အကြောင်းပါ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်း ကွန်ဖက်ဒရိတ်နဲ့ မြောက်ပိုင်း ယူနီယံ တို့ရဲ့စစ်ပွဲဖြစ်ပါတယ်။ မြောက်ပိုင်းက ကျွန်စနစ်ပပျောက်ရေးဖြစ်ပြီး တောင်ပိုင်းကတော့ ကျွန်စနစ်ကို ဆက်လက်ကျင့်သုံးချင်ကြတဲ့အပိုင်းဖြစ်ပါတယ်။ ဒီကားကိုတော့ ပြည်တွင်းစစ်မဖြစ်ခင် ကာလတစ်ခုမှာ အချိန်ယူထားတာပါ။ပြည်တွင်းစစ်အကြောင်းကတော့ ဒီလောက်လေးသိထားရင်ကို အဆင်ပြေပါပြီ။ ဒီကားထဲမှာတော့ ဇောရိုးတစ်ယောက် သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားက ပြည်ထောင်စုထဲ ပါဝင်မှာကို ကူညီပေးနေတာကို တွေ့ရမှာပါ။ ပြီးတော့ ဇောရိုးရဲ့ မိသားစုဘဝကိုလည်း ဒီကားထဲမှာ ...
movie

The Legend of Zorro (2005)

2005
4K HEVC
Babygirl (2024) 6.4
Babygirl (2024)    Babygirl (2024)IMDb Rating (6.4) / Rotten Tomatoes (77%) 2024 နှစ်ကုန်ပိုင်းကမှ A24က ထွက်ခဲ့တဲ့ မင်းသမီးကြီး Nicole Kidman ရဲ့ Erotic Thriller ကားကောင်း တစ်ကားဖြစ်ပါတယ်။Romy Mathis က စက်ရုပ်တွေနဲ့ လည်ပတ်တဲ့ အီလက်ထရောနစ် ကုန်သွယ်ရေး company ရဲ့ CEO တစ်ယောက်ပါ။သူ့မှာ ယောက်ျားဖြစ်သူ ပြဇာတ် ဒါရိုက်တာ Jacob နဲ့ Isabel နဲ့ Nora ဆိုတဲ့ သမီးလေးနှစ်ယောက်ရှိပါသေးတယ်။သူ့ ဘဝနဲ့သူ အောင်မြင်ပြီး မိသားစုကောင်း ရှိတဲ့ အမျိုးသမီး တစ်ယောက်ပေမယ့် မပြည့်စုံတဲ့နေရာတော့ ရှိပါသေးတယ်။သူဟာ ခင်ပွန်းဖြစ်သူနဲ့ လိင်မှုဘဝမှာ မသာယာတော့ပါဘူး။ သူ အဲ့ဒီလို ဖြစ်နေတာကို ခင်ပွန်းဖြစ်သူကလည်း မသိပါဘူး။Romy က ကာမစိတ် မူပြောင်းပြီး အရှက်သိက္ခာထိခိုက်အောင် ...
movie

Babygirl (2024)

2024
4K HEVC
Swiss Army Man (2016) 6.9

Swiss Army Man (2016)

2016
4K HEVC
Gran Torino (2008) 8.1
Gran Torino (2008) Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ...
movie

Gran Torino (2008)

2008
4K HEVC
Star Trek: Section 31 (2025) 6.0
Star Trek: Section 31 (2025)  Startrek Franchise ထဲက ကားကောင်းတစ်ကားထွက်လာပါတယ်မင်းသမီး မီချဲရို ဦးဆောင်ပါ၀င်ထားတဲ့ ဒီကားဟာ Star trekအကြောင်းကိုသေချာနားမလည်လဲကြည့်လို့ရတဲ့အထဲမှာပါတယ် ..ဖက်ဒရေးရှင်းရဲ့ အသေခံကြေးစားအဖွဲ့လို့သတ်မှတ်လို့ရတဲ့ Section 31 အဖွဲ့ဟာဖက်ဒရေးရှင်း နယ်စပ်နားမှာရောက်နေတဲ့ အင်ပါယာသခင်မဖီလစ်ပါဂျော်ဂျာက်ုဖမ်းဆီးပြီး သူ့ဆီက စကြ၀ဠာဖျက်လက်နက်ကိုအရယူဖို့ တာ၀န်ပေးလိုက်တယ် ဒါပေမယ့် ဒီအရာကိုစိတ်၀င်စားနေတာသူတို့ချည်းမဟုတ်ဘဲ ဗော်ကန်နဲ့ တစ်ခြား ဂြိုလ်သားတွေနဲ့ပါထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့ Noo stop action ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။  File size… (5.32GB) / (1.70GB) / (930MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing
movie

Star Trek: Section 31 (2025)

4K HEVC
Den of Thieves 2: Pantera (2025) 6.6
Den of Thieves 2: Pantera (2025)  Den of Thieves 2: Pantera (2025)IMDb Rating (6.6) / Rotten Tomatoes (61%) 2018 တုန်းက နာမည်ကြီးခဲ့တဲ့ သူခိုးအက်ရှင်ရုပ်ရှင် Den of Thieves ရဲ့ အဆက်ထွက်လာပါပြီ။ ၂၀၁၈ ဆရာကြီးကားကိုလည်း CM web and app မှာ ကြည့်လို့ရပါတယ်။ဒီရုပ်ရှင်ကိုတော့ ပထမဒါရိုက်တာ Christian Gudegast ပဲ ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေကလည်း ဂျရက် ဘတ္တလာ နဲ့ Ice Cube ရဲ့သား O'Shea Jackson Jr. ပါပဲ။ရုပ်ရှင်ထဲမှာတောင် နာမည်ကြီး ရပ်သီချင်းစာသားကို အမှတ်တရ ထည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းမှာတော့ နစ်ဟာ ဒွန့်ကို လိုက်ဖမ်းဖို့ ရှာရင်းနဲ့ ဥရောပ ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ သူက ပန်သာအဖွဲ့နဲ့ပေါင်းပြီး ကမ္ဘာ့အကြီးဆုံး စိန်စင်တာကြီးရဲ့ အလုံခန်းကို ...
movie

Den of Thieves 2: Pantera (2025)

2025
4K HEVC
Invincible Swordsman (2025) 6.0
Invincible Swordsman (2025) ဒီ ၂၀၂၅ နှစ်စမှာ ဆရာကြီး ကျင်းရုံရဲ့ Classic Novel တွေ ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးပြီးထွက်လာတာကိုတွေ့ရပါတယ် ဒီတခါတင်ဆက်ပေးမှာကတော့ သိုင်းလောကရဲ့စိန်ခေါ်သံ လို့ လူသိများတဲ့ Invincible Swordsman (2025) ပဲဖြစ်ပါတယ် စီးရီးဇာတ်လမ်းတွဲနဲ့မတူပဲ ဒီဇာတ်လမ်းမှာတော့ လင့်ဟူချုံးနဲ့ တုံးဖန်းပုပိုက်တို့ရဲ့ ဇာတ်ကြောင်းကိုဦးတည်ရိုက်ကူးထားတာကိုတွေ့ရပါတယ်ဇာတ်လမ်းအကျဉ်းကတော့ လင့်ဟူချုံးဟာ သိုင်းလောကနေအနားယူချင်ပေမယ့် သိုင်းလောကရဲ့အကောင်းအဆိုးအရှုပ်အထွေးတွေကြားထဲမှာ မဖြစ်မနေပါဝင်ခဲ့ရတယ်။ လင့်ဟူချုံးကမိန်းကလေးတစ်ယောက်ကို တုံးဖန်းပုပိုက်မှန်းမသိပဲ ကယ်မိခဲ့တယ်။ ဒီလိုနဲ့စိန်ခေါ်သံတွေပြည့်နှက်နေတဲ့ သိုင်းလောကရဲ့ခရီးကိုစတင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ တုံးဖန်းပုပိုက်နဲ့ လင့်ဟူချုံးကိုပဲအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ တုံးဖန်းပုပိုက်နေရာမှာ သရုပ်ဆောင်တဲ့ Zhang Yu Qiရဲ့သရုပ်ဆောင်ချက်တွေကိုကြည့်ရတာ Brigitte Linရဲ့အငွေ့အသက်တွေကိုပြန်မြင်ရပြီးတော့ Sammo Hongလို ဝါရင့်သရုပ်ဆောင်တွေအားဖြည့်ထားတဲ့ 2025နှစ်စရဲ့သိုင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Filesize :    4 GB /  1.91 GB / 1.06 GB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Drama , ...
movie

Invincible Swordsman (2025)

4K HEVC
Moana 2 (2024) 7.0
Moana 2 (2024)   Moana 2 (2024)IMDb Rating (7.0) / Rotten Tomatoes (61%) မိုအာနာ ဒုတိယရုပ်ရှင်ကို ကြည်တောက်ရှင်း 4K နဲ့ပါ တင်ထားပေးပါတယ်။ 4K ကိုတော့ CM App မှာ ကြည့်ပါ။Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne "The Rock" Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းမိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ ...
movie

Moana 2 (2024)

2024
4K HEVC
The Girl with the Needle (2024) 7.5
The Girl with the Needle (2024)  ဒီတစ်ခါမှာတော့ 97 ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့Best International Feature Film ဆုအတွက် ဆန်ခါတင်စာရင်း ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။82ကြိမ်မြောက် Golden Globes Awards ပွဲမှာလည်းဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ဒီရုပ်ရှင်ဟာ ၁၉၁၅-၁၉၂၀ခုနှစ်အတွင်း ဒိန်းမက်နိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ ခြောက်ခြားတုန်လှုပ်ဖွယ် မှုခင်းတစ်ခုကို ကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ *****************ကာရိုလင်းဆိုတဲ့အမျိုးသမီးဟာ သာမန်လက်လုပ်လက်စားအထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးတစ်ဦးပါ။သူ့ယောက်ျားက စစ်ပွဲကာလမှာ စစ်မှုထမ်းသွားရာကနေစာမလာသတင်းမကြားတာ ၁နှစ်ကျော်ရှိပြီမလို့ တိုက်ပွဲထဲကျသွားပြီသာထင်မှတ်ပြီး ယာဟန်ဆိုတဲ့လူကုံထံတစ်ဦးနဲ့ချစ်ကြိုက်သွားခဲ့ပါတယ်။ဒီလိုနဲ့ ကာရိုလင်းမှာ ယာဟန်နဲ့ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပြီးယာဟန်နဲ့အတူလက်ထပ်ကာ ဘဝသစ်တည်ထောင်ဖို့စိတ်ကူးခဲ့ပေမဲ့ ကာရိုလင်းတစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။လူကုံထံအသိုင်းအဝိုင်းက ယာဟန်ဟာ ကာရိုလင်းကိုတာဝန်မယူဘဲစွန့်ပစ်လိုက်တော့ ကာရိုလင်းဟာ သူနဲ့ရတဲ့ကိုယ်ဝန်ကိုဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချ‌တာမအောင်မြင်ခဲ့ပေမဲ့ဒါမာဆိုတဲ့အမျိုးသမီးဟာ သူ့ကိုလာကူညီပေးခဲ့ပြီးကလေးမွေးရင် သူ့ကိုလာရှာဖို့မှာသွားခဲ့ပါတယ်။ဒါမာဟာ မိခင်တွေစွန့်ပစ်ချင်တဲ့ကလေးတွေကို အခကြေးငွေယူပြီးမွေးစားမိဘ‌တွေဆီပို့ပေးတယ်လို့ ပြောခဲ့တာကြောင့် ကာရိုလင်းဟာကလေးမီးဖွားပြီးတဲ့အခါ ဒါမာဆီကို ကလေးသွားပေးပါတော့တယ်။အဲဒီကနေစလို့ ဇာတ်လမ်းရဲ့ tempoလည်း တဖြည်းဖြည်းတက်လာပြီးအပေါ်မှာပြောခဲ့တဲ့ တုန်လှုပ်ဖွယ် မှုခင်းဟာလည်း ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာပါတော့တယ်။ ဒါ့အပြင် Black and white color နဲ့တင်ဆက်ထားတာကြောင့် ရုပ်ရှင်ကနေတစ်ဆင့် ပေးချင်တဲ့ ...
movie

The Girl with the Needle (2024)

4K HEVC
The Calendar Killer (2025) Sebastian Fitzeks Der Heimweg 5.5
The Calendar Killer (2025) Sebastian Fitzeks Der Heimweg   The Calendar Killer (2025)IMDb Rating (5.5) ဂျာမန်စကားပြော သည်းထိပ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး ပြက္ခဒိန်လူသတ်သမားဟာ ကလာရာကို ပြန်ပေးဆွဲသွားပြီး ကလာရာ သတိပြန်ရလာတော့ နံရံပေါ်မှာ "၁၂ လပိုင်း ၆ ရက်နေ့ - သူ(သို့မဟုတ်) မင်း - နှစ်ယောက်ထဲက တစ်ယောက်သေရမယ်" လို့ သွေးနဲ့ရေးထားတာကို တွေ့လိုက်ရတယ်။ကလာရာဆိုတာ နိုင်ငံရေးသမားတစ်ဦးရဲ့ ဇနီးသည်ဖြစ်ပြီး ရှေ့နေအလုပ်ထွက်ကာ အိမ်ထောင်ရှင်မအဖြစ် ယောကျာ်းစိတ်တိုင်းကျနေရတဲ့အပြင်ဇနီးသည်ကို အရာဝတ္ထုလိုစိတ်တိုင်းကျခိုင်းစေပြီး အနိုင်ကျင့်တတ်တဲ့ သူ့ယောကျာ်းကတော့ စောနက ပြက္ခဒိန်လူသတ်သမား ခြိမ်းခြောက်ထားတဲ့ "သူ" ပါပဲ။ဒီဇင်ဘာ ၆ ရက်နေ့မှာ ကူကယ်ရာမဲ့ထွက်ပြေးလာတဲ့ ကလာရာကို "ကူညီပါရစေ" ဖုန်းလိုင်းမှ ဂျူးလ်ဆိုတဲ့လူကကယ်တင်ပေးနိုင်မှာလား ဆိုတာကတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(4.4 GB) / (1.2 GB) / (600 MB) Quality….WEB-DL ...
movie

The Calendar Killer (2025) Sebastian Fitzeks Der Heimweg

2025
4K HEVC
Kraven the Hunter (2024) 5.4
Kraven the Hunter (2024) အားလုံးမျှော်နေတဲ့ Sony ရဲ့ Spider-man ဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့လူသားတစ်ပိုင်းမုဆိုးရိုင်း Kraven the Hunter ရဲ့ Origin Story ထွက်လာပါပြီ...နာမည်ကြီး မင်းသား Aaron Taylor Johnson က ဦးဆောင်ပါဝင်ထားပြီး Russel Crowe လို သဘာရင့်မင်းသားကြီးတွေလည်း ပါဝင်အားဖြည့်ထားပါတယ်ဘာပဲဖြစ်ဖြစ် Spider-man , Venom တို့ Universe ထဲက Anti-Hero ဇာတ်ကောင်တစ်ကောင်ဆိုတော့ ..သေချာပေါက်စောင့်ကြည့်ရမယ့်ကားပါ...မကောင်းမှုဒုစရိုက်နဲ့အသက်မွေးတဲ့ ဖခင် နီကိုလိုင်ခရေဗင်နော့စ်မှာ ဆာဂေးနဲ့ ဒီမီထရီဆိုတဲ့ သား ၂ ယောက်ရှိပါတယ်...ဖခင့်ရဲ့ နိုင့်ထက်စီးနင်းဆက်ဆံမှုတွေကြောင့် သား ၂ ယောက်လုံး နီကိုလိုင်ကို ငယ်ငယ်ထဲကမုန်းနေကြတာပါ...ဒါပေမယ့် သူတို့အမေဖြစ်သူ အဆုံးစီရင်သွားတဲ့အချိန်မှာတော့နီကိုလိုင်းက သား ၂ ယောက်လုံးကို အမဲလိုက်ပညာသင်ပေးဖို့ တန်ဇနီးယားက ဆာဖာရီတောကြီးထဲကိုခေါ်သွားပါတယ်အဲ့ဒီမှာ လူပေါင်း ထောင်ချီကိုသတ်ခဲ့တဲ့ ဇာခြင်္သေ့ကိုပစ်သတ်ပြီး ဂန္တဝင်မုဆိုးအဖြစ် နာမည်ခံယူချင်တဲ့ နီကိုလိုင်းရဲ့ ...
movie

Kraven the Hunter (2024)

4K HEVC
Hacksaw Ridge (2016) 8.1
Hacksaw Ridge (2016) Hacksaw Ridge (2016)IMDb Rating (8.1) / Rotten Tomatoes (81 %)2016 ခုနှစ်ကထွက်ရှိခဲ့ပြီး war ရုပ်ရှင်တွေ ထဲမှာ အကောင်းဆုံး ရုပ်ရှင်လို့တောင်ပြောလို့ရမယ့် ဒါရိုက်တာ Mel Gibson ရဲ့ Hacksaw ridge ဆိုတဲ့ရုပ်ရှင်ကို အားလုံးပဲသိကြမှာပါ ဒီရုပ်ရှင်ထဲက battles scene တွေကို ဒါရိုက်တာကြီး Mel Gibson က ကလေးဘဝတုန်းက သူမက်ခဲ့တဲ့ အိမ်မက်ဆိုးတွေ အပေါ်မှာ အခြေခံပြီးရိုက်ကူးခဲ့တာပါ ဒါရိုက်တာကြီးရဲ့အဖေဟာ ဒုတိယကမ္ဘာစစ် ဝါရင့် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး စစ်ပွဲအတွင်းက အဖြစ်အပျက်တွေကို အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြလေ့ရှိတဲ့အတွက် သူ battle Scene တွေကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်Mel Gibson ဟာ ဒီ battles scene တွေကို ပိုပြီး လက်တွေ့ကြစေချင်တဲ့အတွက် ရုပ်ရှင်ဘတ်ဂျက်ထဲကမဟုတ်ဘဲ သူ့အိပ်ကပ်ထဲက ဒေါ်လာ 1 သိန်း ...
movie

Hacksaw Ridge (2016)

2016
4K HEVC