Channel Myanmar

4K HEVC

The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါတွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။survival adventure ...
movie

The Revenant (2015)

2015
4K HEVC
Kill Bill: Vol. 2 (2004) 8.0
Kill Bill: Vol. 2 (2004) Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004)IMDb Rating (8.2) / IMDb Rating (8.0)ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့....အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ...
movie

Kill Bill: Vol. 2 (2004)

4K HEVC
Kill Bill: Vol. 1 (2003) 8.2
Kill Bill: Vol. 1 (2003) Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004)IMDb Rating (8.2) / IMDb Rating (8.0)ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့....အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ...
movie

Kill Bill: Vol. 1 (2003)

2003
4K HEVC
Jack the Giant Slayer (2013) 6.3
Jack the Giant Slayer (2013) Jack the Giant Slayer (2013)IMDb Rating (6.3)ပဲစေ့လေးကနေ ဧရာမနွယ်သစ်ပင်ကြီးပေါက်လာပြီး လူ့ဘီလူးတွေကမ္ဘာထိရောက်သွားတဲ့ ပုံပြင်လေးကို အားလုံးပဲသိကြမယ်ထင်ပါတယ်။Warm Bodies ဇွန်ဘီးကားထဲက မင်းသား Nicholas Hoult ဦးဆောင်ပါဝင်ထားပြီး Xmen ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Bryan Singer ရိုက်ကူးထားတာမလို့Fairy Tale ပုံပြင်ရုပ်ရှင်ဆိုပေမယ့် အက်ရှင်စွန့်စားခန်းတွေနဲ့ Animation တွေနဲ့မိုက်ပါတယ်။လူ့ဘီလူးကြီးတွေနဲ့ချတဲ့အခန်းတွေ ပဲစေ့လေးကနေ အပင်ကြီးပေါက်လာပြီး စွန့်စားခန်းဖွင့်တာတွေ အကုန်လုံးရင်သပ်ရှုမောစရာကောင်းပါတယ်။ဇာတ်လမ်းလေးကလဲ ပုံပြင်လေးလိုဆိုတော့ Fantasy ဆန်ဆန်လေး လှပပါတယ်။ File size…(6.7 GB)/ (2.2 GB )/(1.5 GB) Quality…BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Jack the Giant Slayer (2013)

4K HEVC
Game Changer (2025) 6.1
Game Changer (2025) Game changer (2025) ဝှက်ဖဲRRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့ မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။ File size… 4 GB /2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45min Subtitle….Myanmar Subtitle (Hard ...
movie

Game Changer (2025)

4K HEVC
Love Actually (2003) 7.6
Love Actually (2003) Love Actually (2003)IMDb Rating (7.6) / Rotten Tomatoes (64 %)နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲအညွှန်းလေးအကျဉ်းချုပ်ပြောရရင်....မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက်အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက်အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက်ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက်ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက်Real sex ...
movie

Love Actually (2003)

4K HEVC
Wolf Man (2025) 6.0
Wolf Man (2025)  ဒါကတော့ Substance လိုပဲ ဘော်ဒီဟော်ရာကိုမှ သမန်းဝံပုလွေဟော်ရာစတိုင်ရိုက်ထားတာပါ။ ဝံပုလွေလူသားကိုကြောက်စရာပုံမျိုးနဲ့ ဖန်တီးထားပြီး အထူးပြုလုပ်ချက်မသုံးဘဲရှေးစတိုင် မိတ်ကပ်နဲ့ပဲ ဖန်တီးထားတာပါ။ဇာတ်လမ်းကောင်းကောင်းနဲ့ ကြောက်ဖို့ကောင်းတာကြိုက်ရင်ကြည့်လိုက်ပါဦး။ ဇာတ်လမ်းအကျဉ်း*************အော်ရီဂန်အလယ်ပိုင်းက တောင်တန်းတွေပေါ်မှာ နယ်ခံတွေကြောက်ကြတဲ့ ရောဂါတစ်ခုရှိတယ်။တောင်ကုန်းအဖျားရောဂါလို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ဘာဖြစ်လို့ကြောက်တာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရမှာပါ။ ဘလိတ်၊ ချားလော့ နဲ့ ဂျင်ဂျာ တို့မိသားစုလေးဟာဘလိတ်ရဲ့အဖေ ဆုံးသွားလို့ ငယ်ငယ်ကအိမ်လေးကို ပြန်လာပြီးပစ္စည်းတွေသိမ်းကြပါတယ်။ အိမ်က ထုံးစံအတိုင်း တောထဲ လူမရှိလိုင်းမမိ မှောင်မည်းနေတဲ့နေရာကို သွားရတာပါ။အဲဒီလမ်းမှာပဲ အက်ဆီးဒန့်တစ်ခုဖြစ်ပြီး သတ္တဝါတစ်ကောင်တိုက်ခိုက်လာတာကို ခံရတဲ့အခါ ဘလိတ်ရဲ့ အိမ်ဟောင်းလေးထဲကနေအဲဒီသတ္တဝါကို တစ်ညလုံးခုခံထားပြီးအသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။  File size… (2.1GB) / (905MB) / (561MB ) Quality… WEB-DL 4K HEVC 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai ...
movie

Wolf Man (2025)

4K HEVC
The Mask of Zorro (1998) 6.8
The Mask of Zorro (1998) The Mask of Zorro (1998) IMDb Rating (6.8) / Rotten Tomatoes (84 %)၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကယ်ကြည့်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။ စပိန်မင်းသား Antonio Banderas ရဲ့ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Catherine Zeta‑Jones ရဲ့အလှအပကိုလည်း ခံစားနိုင်မှာပါ။ Sir ဘွဲ့ရ မင်းသားကြီး Anthony Hopkins နဲ့ Stuart Wilson တို့က ဇာတ်ကိုဆွဲခေါ်နိုင်တာကြောင့် ဇာတ်လမ်းဆုံးတဲ့အထိ မထတမ်းကြည့်စေချင်မယ့် ကားမျိုးပါ။ Steven Spielberg က ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့တာကြောင့် မကောင်းမှာမပူရပါဘူး။ဇာတ်လမ်းကတော့....၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ...
movie

The Mask of Zorro (1998)

4K HEVC
Fall Into The Mortal World (2024) 7.0
Fall Into The Mortal World (2024) ၂၀၂၄ ရဲ့ Rating ကောင်းတဲ့တရုတ်ဒဏ္ဍာရီဇာတ်လမ်း Fantasy Animation ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်ချစ်သူများနေ့ဒဏ္ဍာရီဖြစ်တဲ့ နတ်သမီးလေးကျစ်နွီနဲ့ လူသားလေးညိုလန်ရဲ့ဇာတ်လမ်းကိုအခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ကြယ်တာရာ(၂၈)ခုကိုတာဝန်ယူရတဲ့ နတ်သမီးကျစ်နွီဟာတာဝန်ပေါ့ဆတဲ့အတွက်ကြောင့် လူပြည့်ကိုဆင်းသက်ခဲ့ရတယ်လို့ဆိုတယ်။ကြယ်တာရာတွေကပြစ်ဒဏ်ပြန်ခတ်လို့ ကျစ်နွီဟာချစ်သူနဲ့ကလေးတွေကိုပါဆုံးရှုံးခဲ့ရတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ကျစ်နွီရဲ့သားကျင်းဖုန်းဟာသူ့အမေရဲ့အပြစ်တွေကိုပြန်ပေးဆပ်ဖို့အတွက် လူ့ပြည်ကိုပြန်သွားပြီး ပျောက်ဆုံးနေတဲ့ကြယ်တာရာတွေကိုပြန်စုစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။လူ့ပြည်ကိုသွားတဲ့အချိန်မှာ မထင်မှတ်ပဲ နတ်ပြည်ကိုသွားပြီးအမေရှာချင်တဲ့ ကလေးမလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်လက်တွဲပြီး ကြယ်တာရာတွေကိုရှာဖွေရင်း အတိတ်ကဖြစ်ရပ်မှန်တွေကို သိလိုက်ရတဲ့အခါ အရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်။ဒီဇာတ်ကားလေးမှာ ကျစ်နွီကို နူးညံ့သိမ်မွေ့ပြီးအချစ်ကိုပဲအလေးထားတာမျိုးမဟုတ်ပဲ ကြယ်တာရာတွေကိုတာဝန်ယူရတဲ့ ရဲရင့်ပြီးအရည်အချင်းရှိတဲ့နတ်သမီးတစ်ပါးအဖြစ် ဒဏ္ဍာရီထဲဇာတ်ရုပ်နဲ့ကွဲထွက်အောင်ပုံဖော်ထားပါတယ်။ဒါကအချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပဲ အိမ်ပြန်လမ်းကိုရှာဖွေတဲ့ ဘဝရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 3.26 GB / 1.72 GB / 986 MB Quality : WEB-DL 4K HEVC ,  1080p HEVC , 720p HEVC Format : mkv Genres : Animation , Fantasy Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded ...
movie

Fall Into The Mortal World (2024)

4K HEVC