Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tsui Hark
6.8
Legends of the Condor Heroes: The Gallants (2025)
အားလုံးစောင့်မျှော်နေတဲ့ ရှောင်းကျန့် ရဲ့ ကောကျင့်ဗားရှင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်.... ဒီကားလေးအတွက် ရှောင်းကျန့်ဟာ အများကြီး ပြင်ဆင်ခဲ့ရပြီး... သူ့ဘဝအတွက် အမှတ်တရများစွာကို ဖန်တီးခဲ့တဲ့ ကားလေးထဲက တစ်ကားဖြစ်လို့ ဖန်တွေပါ အများကြီးမျှော်လင့်ခဲ့တဲ့ကားလေးပေါ့... သိုင်းကားချစ်သူတွေအတွက်ကတော့အထွေအထူးပြောစရာမလိုလှတဲ့ ဆရာကြီးကျင်းယုံရဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် ဇာတ်လမ်းတွဲက အဓိက ဇာတ်ကောင် ကောကျင့်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ တခြားဗားရှင်းတွေနဲ့ မကွာခြားလှပါဘူး... ကျင်းလူမျိုးတွေခြယ်လှယ်မင်းပြုနေချိန်မှာ ဒေသအသီးသီးက ကိုယ်မြေ ကိုယ့်ရေကို ကာကွယ်ဖို့အတွက် ပုန်ကန် ကာကွယ် တိုက်ခိုက်လာကြတာပေါ့...ဒီမြေ ဒီရေနဲ့ ဒီလူမျိုးကို ကာကွယ်ဖို့ ဒီလူမျိုးပဲရှိတာကြောင့်... နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်ပြီး... ရရာလက်နက်ဆွဲကိုင်ပြီး ကိုယ်ကျွမ်းကျင်ရာ လိမ်မာရာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့... ကောကျင့်ကတော့ မူလ စုန့်လူမျိုးဖြစ်ပြီး စုန့်ပြည်ထောင် ပျက်သုဉ်းချိန်မှာ မွန်ဂိုမြေမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပေါ့...မွန်ဂိုတို့ တတ်သင့်တဲ့ မြှားပစ်အစွမ်းကို သိကျွမ်းပေမယ့် မလုံလောက်တာကြောင့် အလယ်ပိုင်းဒေသမှာ သိုင်းပညာ လေ့လာဖို့အတွက် ရောက်လာခဲ့တာပေါ့.... ဒီလိုနဲ့ ကျန်းနန်လူထူးလူဆန်း ၇ ဖော်ရဲ့ တပည့်ဖြစ်လာခဲ့တယ်...တစ်ချိန်တည်းမှာ အကြောင်းကြောင့်ကြောင့် သိုင်းလောကထိပ်သီး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်ရဲ့သမီး ဟွမ်ရုံနဲ့ အမှတ်တမဲ့ ဆုံဆည်းရာကနေ ဘဝမှာမမေ့နိုင်တဲ့ အမှတ်တရဖြစ်လာခဲ့တာပေါ့...ဒီလို ခင်မင်ရင်းနီးလာရာကနေ ...
movie
Legends of the Condor Heroes: The Gallants (2025)
4K HEVC
6.8
Swordsman (1990)
Swordsman (1990)IMDb Rating (6.8)ဒီဇာတ်ကား စာရေးဆရာကျင်းယုံ (Louis Cha) ရဲ့ နာမည်ကျော် ဝတ္ထု "The Smiling, Proud Wanderer" မြန်မာလိုဆို သိုင်းလောကစိန်ခေါ်သံ စီးရီးကို အခြေခံထားတဲ့ လင့်ဟူချုန်းရဲ့ တကိုယ်တော် wuxia ဇာတ်ကားဖြစ်ပါတယ်။1990 ခုနှစ်ကာလ Hong Kong ရုပ်ရှင်လောက ရွှေခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အောင်မြင်ခဲ့လို့ Swordsman 2 (1992) နဲ့ Swordsman 3 The East Is Red (1993) ဇာတ်ကားများကို ထပ်မံရိုက်ကူးခဲ့ပါတယ်။တရုတ်ပြည် မင်မင်းဆက်ကာလမှာ လင့်ဟူးချုန်းဆိုတဲ့ ဓားသူရဲကောင်းနဲ့ သိုင်းလောကကြားမှာ နာမည်ကြီးနေတဲ့ နေကြာသိုင်းကျမ်းကို ရယူဖို့ကြိုးစားကြတဲ့ သိုင်းသမားများ၊ အုပ်စုများအကြား ပြိုင်ဆိုင်မှုများ၊ သစ္စာရှိမှုနဲ့ သစ္စာဖောက်မှုများ၊ ချစ်ခြင်းမေတ္တာနဲ့ လောဘတို့ကို ရင်သပ်ရှုမောစရာ သိုင်းကွက်တွေနဲ့ သေချာရိုက်ပြထားတဲ့ ...
movie
Swordsman (1990)
4K HEVC
5.9
Flying Swords of Dragon Gate ( 2011 )
Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။ Filesize : 2.55 GB / 1.24 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Drama Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Flying Swords of Dragon Gate ( 2011 )
6.4
Detective Dee: The Four Heavenly Kings (2018)
Detective Dee: The Four Heavenly Kings (2018)IMDb Rating (6.4) / Rotten Tomatoes (60%)ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie
Detective Dee: The Four Heavenly Kings (2018)
2018
1080p HEVC
5.9
A Better Tomorrow III: Love and Death in Saigon (1989)
A Better Tomorrow III: Love and Death in Saigon (1989) A Better Tomorrow Trilogy ရဲ့ နောက်ဆုံးကား ဖြစ်တဲ့ A Better Tomorrow III ကိုတော့ ရှေ့နှစ်ကားရဲ့ ဒါရိုက်တာ ဂျွန်ဝူးဟာ ပရိုဂျူဆာဖြစ်တဲ့ Tsui Hark နဲ့ သဘောထားကွဲလွဲရာကနေ ဆက်မရိုက်ဖြစ်ခဲ့ပါဘူး။ ပရိုဂျူဆာ Tsui Harkကပဲ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တယ်။Tsui Hark ဟာ A Better Tomorrow III နဲ့တော့ အောင်မြင်မှုအပြည့်အ၀ မရခဲ့ပေမဲ့ သူလည်း ဟောင်ကောင် စီနီမာရဲ့ အရေးပါတဲ့သူပါပဲ။ ဂျက်လီရဲ့ Once Upon A Time In China ၄ကားအပါအ၀င် Green Snake, Tide and ...
movie
A Better Tomorrow III: Love and Death in Saigon (1989)
1989
7.2
[18+] Green Snake ( 1993 )
18+ အနည်းငယ်ပါလို့ 18+ လို့ ခေါင်းစဉ်တပ်လိုက်ပါတယ် ဇာတ်ကားကောင်းလေးပါImdb 7.1 ရရှိထားပြီး 1993 ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်မင်းသမီးကတော့ Chinese Ghost Story ထဲက နာမည်ကြီးမင်းသမီးလေးလည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်ညွန်း_ရှေးခေတ်အလယ်လောက်ကလူနဲ့မိစ္ဆာခွဲခြားဖို့ခက်နေတဲ့အချိန်ကာလ.ဖာဟိုင်းဘုန်းကြီးတစ်ပါးဟာမိစ္ဆာတွေကိုနှိမ်နှင်းဖို့အနယ်နယ်အရပ်ရပ်ကိုခြေဆန့်နေခဲ့တယ်.ရှုပ်ထွေးမှုတွေကြားထဲကအနောက်အရပ်မှာတရားကျင့်ကြံနေတဲ့မြွေနှစ်ကောင်(တစ်ကောင်ကအဖြူရောင်နောက်တစ်ကောင်ကအစိမ်းရောင်)တို့ဟာကယ်တင်ခွင့်ကိုရခဲ့တယ်မြွေနှစ်ကောင်ကညီအမတွေဖြစ်ကြတယ်ညီမနှစ်ယောက်ဟာတရားကျင့်ကြံပြီးလူတွေကြားထဲလူအဖြစ်နဲ့နေထိုင်ခဲ့တယ်ဒီလိုနဲ့မြွေဖြူမလေးကရိုးသားဖြောင့်မတ်တဲ့ကျောင်းဆရာဟူရှင်းနဲ့လက်ထပ်လိုက်တယ်ဖြစ်ချင်တော့အစိမ်းရောင်မြွေမလေးကဟူရှင်းကိုနှစ်သက်သဘောကျနေခဲ့တယ် အဲ့နောက်မှာတော့ဘုန်းတော်ကြီးနဲ့ ဟူရှင်းနဲ့ မြွေမလေး ၂ကောင်နဲ့ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါတော့ဒီဇာတ်ကားလေးကအချစ်အလွမ်းအဆွေးတိုက်ခိုက်မှုတွေနဲ့ရသစုံပေးနိုင်တဲ့မှော်ဆန်ဇာတ်ကားလေးမို့လက်မလွတ်ပဲဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော် Translated & Review By XiaoEncoded By LK
movie
[18+] Green Snake ( 1993 )
1993
6.2
Seven Swords
၂၀၀၅ ခုနှစ်ထွက် တရုတ်သိုင်းကားကောင်းလေးကို တင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....၁၇ ရာစု မှာ အင်အားကြီးထွားနေတဲ့ စစ်ဘုရင် fire.wind ဟာ ရွာတွေဖျက်ဆီးလူတွေသတ်ရင်း ချီတတ်လာနေပါတယ်။ဒါကို တားဆီးချင်တဲ့ အငြိမ်းစားပါးကွက်သား ဖူကျင်းကျူးဟာရွာထဲက တပည့်နှစ်ယောက် နဲ့ အတူ ကောင်းကင်ဘုံတောင်ကပန်းပဲဓားသိုင်းဆရာကြီး ဆီကအကူအညီကို တောင်းခံပါတော့တယ်။ဆရာကြီးက တပည့်လေးယောက်ကို အကူထည့်ပေးပြီး သူတို့ ၇ ယောက်အတွက်ထူးခြားတဲ့ ဓား တစ်ချောင်းစီ ပေးအပ်လိုက်တဲ့အခါ ဓားရဖော်အဖွဲ့ ဖြစ်လာပြီးစစ်ဘုရင်ကြီးရဲ့ တပ်တွေကို အံတုပါတော့တယ်.......ဒီရုပ်ရှင်ကားကိုဘာသာပြန်ပေးထားသူကတော့ Archi Thang Gyi ဖြစ်ပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
Seven Swords
2005
Aces Go Places 1 to 5
movie
Aces Go Places 1 to 5
6.4
Seong lung wui (1992)
1992 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ ၂ကိုယ်ခွဲကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ဟာသ အက်ရှင်ကားလေးဖြစ်ပြီးတော့ဒီကားထဲမှာတော့ ဂျက်ကီချန်းက အမွှာအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဂျက်ကီချန်းပရိတ်သတ်တော်တော်များများက ရင်းနှီးနေမှာဖြစ်ပြီးတော့ပြန်လည်ခံစားချင်တဲ့သူတွေ ပြန်လည်ခံစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ နာမည်ကြီး ပီယာနိုပညာရှင်ကြီး မစ္စတာဂျက်မားရဲ့မိန်းမဟာ ဆေးရုံတစ်ခုမှာ မီးဖွားနေပါတယ် ဒီအချိန်မှာပဲ ဗုံးခွဲသမားလူဆိုးတစ်ယောက်ကဆေးရုံကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး မစ္စမား ရဲ့ အမွှာသားလေး ၂ယောက်ထဲက တစ်ယောက်ကိုပြန်ပေးဆွဲသွားခဲ့ပါတယ် ဒီလိုနဲ့ ပြန်ပေးသမားက ပြေးရင်းလွှားရင်းနဲ့ ကလေးကို ဘယ်လို ပစ်ထားခဲ့လဲညီအစ်ကို ၂ယောက်ကွဲသွားပြီး ပြန်လည်ဆုံတွေ့တဲ့ အခါမှာကော ဘယ်လိုတွေဖြစ်ကြမလဲဆိုတာကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720p BlurayDuration - 1hr 44minGern - Action / ComedyTranslator - Real YNWAEncoder - Kyaw Ye Aung
movie
Seong lung wui (1992)
1992