Channel Myanmar

Steven C. Miller

Werewolves (2024) 5.5
Werewolves (2024)  Werewolves (2024)  ဒါကတော့ ထူးထူးခြားခြားဝံပုလွေလူသား horror လေးလို့ပြောရမှာပါ။ပုံမှန်၀တ္ထု‌တွေ ဇာတ်လမ်းတွေမှာ ဒါမှမဟုတ် ဆယ်ကျော်သက်တွေကြားရေပန်းစားတဲ့ A/B/O trope အနေနဲ့လည်းတွေ့ဖူးကြမှာပါ။ဒီ Movie မှာတော့ ပုံမှန်နဲ့ကွာခြားတဲ့လပြည့်ညတစ်ညကြောင့် လရောင်နဲ့ထိတွေ့မိတဲ့သူတိုင်း ဝံပုလွေလူသားတွေအဖြစ်သန္ဓေပြောင်းကုန်ပြီး သူတို့ချစ်ရတဲ့သူတွေမိသားစုဝင်တွေကိုမှတ်မိနိုင်စွမ်းမရှိ‌တော့ပဲ ပြန်အမဲလိုက်ကြပါတော့တယ်။ဒါကြောင့်အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူတွေကိုမိမိတို့အိမ်မှာလုံခြုံစွာနေကြဖို့မှာကြားထားတယ်။လူတွေကလည်း အိမ်ခြံ၀န်းတွေကိုလုံခြုံအောင်ကာပြီး လရောင်သာမယ့်ညကိုရှင်သန်နိုင်ဖို့အတွက်အတတ်နိုင်ဆုံးပြင်ဆင်ကြရတော့တယ်။အဲ့ဒီလိုထူးခြားဖြစ်စဉ်ကိုအဖြေရှာဖို့ကြိုးစားနေကြတဲ့အဖွဲ့တစ်ဖွဲ့ကနေပြီး မွန်းစခရင်ဆိုတဲ့သူတို့ဖော်ထုတ်ထားတဲ့ဆေးဟာ လရောင်နဲ့လူသားအ‌ရေပြားထိတွေ့မှုမှာမျိုးရိုးဗီဇပြောင်းလဲမှုကိုကာကွယ်နိုင်ရဲ့လားဆိုတာ စမ်းသပ်ခံတွေနဲ့စစ်ဆေးကြဖို့လုပ်တော့ အက်စီးဒင့်တစ်ခုဖြစ်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးကြီးတစ်ခုလုံးကသန္ဓေပြောင်းဝံပုလွေတွေနဲ့ပြည့်သွားတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ပညာရှင်နှစ်ဦးက ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။ထိုနှစ်ဦးထဲက ဝေစလေမာရှယ်ဆိုတဲ့အငြိမ်းစားစစ်သားကရော ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့သမီးလေးကို ကာကွယ်ဖို့ရန်အချိန်မှီအိမ်ပြန်နိုင်ပါ့မလားဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရှူ့ကြရမှာဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)File size…(1.7 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:34:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin
movie

Werewolves (2024)

2024
Escape Plan 2: Hades (2018) 3.9
Escape Plan 2: Hades (2018) Escape Plan 2: Hades (2018)ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" နဲ့ တရုတ်မင်းသား Huang Xiaoming တို့လည်းပါဝင်ထားပါတယ်။Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ...
movie

Escape Plan 2: Hades (2018)

2018
4K HEVC
Line of Duty (2019) 5.1
Line of Duty (2019) Olympus Has Fallen မင်းသားက ဖရန့်ခ်အနေနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာ ရဲတစ်ဦးရဲ့ ၁၁နှစ်သမီးကိုပြန်ပေးဆွဲခံရပြီးအဲ့ကောင်မလေးရဲ့တည်နေရာကိုသိတဲ့ သံသယရှိသူကထွက်ပြေးရင်း ဖရန့်ခ်ကနေ သတ်လိုက်မိတဲ့အခါမှာတော့ထိုရဲမှာ ကောင်မလေးရဲ့အသက်အတွက် တာဝန်ပိုကြီးသွားပါတယ်ကလေးမလေးကို ရှာဖို့ အတွက် Live streaming Blogger မလေးရဲ့အကူအညီလိုအပ်ပြီး အတူစုံစမ်းဖော်ထုတ်တဲ့အခါမှာကြုံတွေ့ရတဲ့ အခက်အခဲ အသက်အန္တရာယ်ရှိမှုတွေကို Blogger မလေးက live လွှင့်ရင်းတစ်တိုင်းပြည်လုံးက ရင်သပ်ရှုမောဖွယ်ဖြစ်ရပ် တွေကိုစောင့်ကြည့်အားပေးကြပါတော့တယ် ဘာလို့ ပြန်ပေးဆွဲတာလဲ?ဘယ်လို မျိုး လှည့်ကွက်တွေနဲ့ ကလေးမလေးကို ဖွက်ထားတာလဲ?ကလေးမလေးကို ကယ်လိုက်နိုင်မလား? ဆိုတာတွေကိုပိတ်ကားထက်မှာကြည့်ရှုကြပါဦးဗျာ File Size : ( 930 MB , 337 MB )Quality :  WEB-DL 720pRunning ...
movie

Line of Duty (2019)

Line of Duty(2019) 5.2
Line of Duty(2019) Line of Duty(2019)(unicode)ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖရန့်ပန်နီဟာ တာဝန်ကျတဲ့နေရာမှာ နေ့စဥ်သွား လုံခြုံရေးယူ...ဒီအချိန် ဒီနေရာ ဒီပုံစံနဲ့ နေ့စဥ်ဖြတ်သန်းနေတယ်...တစ်နေ့တော့ သူတာဝန်ကျတဲ့အနားမှာ ရဲတပ်ဖွဲ့ကအထူးစစ်ဆင်ရေးတစ်ခုလုပ်နေတာကနေ တရားခံကထွက်ပြေးသွားတယ်.. ဒီတော့ သူလည်း လိုက်ဖမ်းပါတော့တယ်... တစ်ချိန်တည်းမှာပဲ သူများတွေနဲ့မတူဘဲ လူထုကိုအစစ်အမှန်တွေပဲချပြတဲ့မီဒီယာသတင်းဝက်ဆိုက်တစ်ခုကိုလုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာလည်း သတင်းရှာနေတုန်း ဒီအခွင့်အရေးကိုရသွားပါတယ်။ သွက်သွက်လက်လက်နဲ့ ဇိုးဇိုးဇွက်ဇွက်ယုံကြည်ရာကိုလုပ်တတ်တဲ့သတင်းထောက်မလေးနဲ့ ဖရန့်ပန်နီတို့ပေါင်းမိသွားတဲ့အခါမှာတော့ အွန်လိုင်းအသုံးပြုတွေသူတွေတင်မကဘဲ နာမည်ကြီးမီဒိယာတွေကတောင် အရေးတယူနဲ့ထုတ်လွင့်ပေးရလောက်အောင် သူတို့ဘာတွေလုပ်ခဲ့သလဲ...သူတို့လိုက်နေတဲ့အမှုကရောဘယ်လိုအမှုလဲ...တချိန်တည်းမှာပဲ ဖရန့်ပန်နီဆိုတဲ့အဲဒီရဲအရာရှိရဲ့နောက်ကြောင်းကရောဘယ်လိုတွေရှိထားလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်....(zawgyi)ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖရန့်ပန်နီဟာ တာဝန်ကျတဲ့နေရာမှာ နေ့စဉ်သွား လုံခြုံရေးယူ...ဒီအချိန် ဒီနေရာ ဒီပုံစံနဲ့ နေ့စဉ်ဖြတ်သန်းနေတယ်...တစ်နေ့တော့ သူတာဝန်ကျတဲ့အနားမှာ ရဲတပ်ဖွဲ့ကအထူးစစ်ဆင်ရေးတစ်ခုလုပ်နေတာကနေ တရားခံကထွက်ပြေးသွားတယ်.. ဒီတော့ သူလည်း လိုက်ဖမ်းပါတော့တယ်... တစ်ချိန်တည်းမှာပဲ သူများတွေနဲ့မတူဘဲ လူထုကိုအစစ်အမှန်တွေပဲချပြတဲ့မီဒီယာသတင်းဝက်ဆိုက်တစ်ခုကိုလုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာလည်း သတင်းရှာနေတုန်း ဒီအခွင့်အရေးကိုရသွားပါတယ်။ သွက်သွက်လက်လက်နဲ့ ဇိုးဇိုးဇွက်ဇွက်ယုံကြည်ရာကိုလုပ်တတ်တဲ့သတင်းထောက်မလေးနဲ့ ဖရန့်ပန်နီတို့ပေါင်းမိသွားတဲ့အခါမှာတော့ အွန်လိုင်းအသုံးပြုတွေသူတွေတင်မကဘဲ နာမည်ကြီးမီဒိယာတွေကတောင် အရေးတယူနဲ့ထုတ်လွင့်ပေးရလောက်အောင် သူတို့ဘာတွေလုပ်ခဲ့သလဲ...သူတို့လိုက်နေတဲ့အမှုကရောဘယ်လိုအမှုလဲ...တချိန်တည်းမှာပဲ ဖရန့်ပန်နီဆိုတဲ့အဲဒီရဲအရာရှိရဲ့နောက်ကြောင်းကရောဘယ်လိုတွေရှိထားလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်....File Size : (898 MB) and (394 MB) Quality ...
movie

Line of Duty(2019)

2019