Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Chbosky
8.0
The Perks of Being a Wallflower (2012)
The Perks of Being a Wallflower (2012)IMDb Rating (7.9) / Rotten Tomatoes (85%)- " ရှင်ဘာဖြစ်ချင်တာလဲ " - " ကိုယ်မင်းကိုပျော်စေချင်တာပါ..."Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ ...
movie
The Perks of Being a Wallflower (2012)
2012
5.6
Dear Evan Hansen (2021)
Dear Evan Hansen (2021)"ဘယ်သူမှ အနားမှာ မရှိဘူးလို့ ခံစားနေရပါသလား ..... ဘယ်မှာရှိမှန်းမသိဘဲ အမေ့ခံဘဝလို့ ခံစားရဖူးပါသလား ..... ပျောက်ကွယ်သွားရင် ကောင်းမယ်လို့ ခံစားခဲ့ရဖူးပါသလား ..... ငါသာ လဲကျသွားရင် ဘယ်သူမှ ကြားမှာ သိမှာ မဟုတ်ဘူး ဆိုတာမျိုးပေါ့"အဲဒီလို ခံစားနေရပြီ ဆိုရင် ဒီ Musical Drama လေးကို ကြည့်လိုက်ပါ။ကိုယ်က တစ်ယောက်ထဲ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ကို ရလာမှာပါ။ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ကို ဟိုးဝေးဝေးထိ လွင့်ဖျောက်နိုင်မှာပါ။ဇာတ်လမ်းအစကတော့ချစ်သော အယ်ဗန် ဟန်ဆန် ..... ဆိုပြီး ဒီလိုမျိုး စထားပါတယ်။Movie တွေထဲမှာ ရှားရှားပါးပါး Musical Genre ပဲ ဖြစ်ပါတယ်။အယ်ဗန် ဟန်ဆန် ဆိုတာကတော့ ..... လူမှုရေးအားနည်းသူ တစ်ယောက် ဖြစ်ပြီး လူတွေနဲ့ စကားပြောရမှာကို ကြောက်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ဒီတော့ စိတ်ရောဂါကုဆရာဝန် နဲ့ ပြသပြီးတော့ သူ့ကိုယ်သူ စာပြန်ရေးတဲ့ အိမ်စာကို ...
movie
Dear Evan Hansen (2021)
2021
8.0
Wonder (2017)
Wonder (2017) IMDb - 8.0/10_____Rotten - 85% ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie
Wonder (2017)
2017