Channel Myanmar

Stanley Kubrick

A Clockwork Orange (1971) 8.3
A Clockwork Orange (1971)  [Unicode]A Clockwork Orange =============== IMdb Rating - 8.3/10 Directed by Stanley Kubrick"ရူးနေတ‌ဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူးတဲ့။ ဒါဆိုခင်ဗျားက ခင်ဗျားကိုခင်ဗျားရူးနေတယ်လို့ တွေးကြည့်လိုက်။ ခင်ဗျားရူးတာ ခင်ဗျားသိတယ်ထားလိုက်။ ဒီတော့ ခင်ဗျားရူးတာ ခင်ဗျားသိတော့ ခင်ဗျားမရူးတော့ဘူး။ ဒီမှာ ခင်ဗျားမရူးဘူးလို့ ခင်ဗျားအတည်ပြုလို့ရပြီမလား။ ခင်ဗျားမရူးဘူး။ ခင်ဗျား ဒါကိုလက်ခံသွားပြီ။ ဒါပေမဲ့ မမေ့နဲ့ဦး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ် ရူးတယ်ဆိုတာမသိဘူး။ ခင်ဗျားမရူးဘူးလို့ အတည်ပြုလို့ရတာ ခင်ဗျားရူးနေလို့ပဲ။ ဒီတော့ခင်ဗျားရူးနေတာ သိသွားပြီမလား။ ‌သိသွားရင် ခင်ဗျားမရူးတော့ဘူး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူး။"ကျွန်တော် ဒီမှာမေးချင်တဲ့ မေးခွန်းက ခင်ဗျားရူးနေလား မရူးနေဘူးလား။ ခင်ဗျားအဖြေကို ကျွန‌်တော်လိုချင်တာမဟုတ်ပါဘူး။ ခင်‌ဗျားကိုယ် ခင်ဗျားပြန်မေးစေချင်တာ။ အပေါ်ကပြောထားတဲ့ မေးခွန်းက Paradoxလိုပါပဲ။ ခင်ဗျားကို ဒီသံသရာထဲပဲ တဝဲလည်လည်ဖြစ်စေလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဒီလိုမေးခွန်းမျိုးပါတယ်။ အကျဉ်းဖျဉ်းပြောရရင် အနာဂတ်ကာလမှာ လူတွေကို ထောင်မချတော့ဘဲ ‌မကောင်းမှုလုပ်မရအောင် ဆေးကုလွှတ်ဖို့ စပြီးစီစဉ်လာကြတယ်။ သူတို့ယူဆတာ မကောင်းမှုလုပ်တဲ့လူတွေဟာ ရူးသွပ်နေတဲ့လူတွေပေါ့။ သူတို့ကိုမကောင်းမှုမလုပ်အောင်လုပ်နိုင်ရင် ကုသပျောက်ကင်းပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဒါကဟုတ်ရောဟုတ်လား။ အဲလက်စ်ဆိုတဲ့ လူမဆန်တဲ့လူသတ်မှုနဲ့ ထောင်ဆယ့်လေးနှစ်ကျတဲ့ကောင်လေးကို သူတို့ဒီကုထုံးကို ပထမဆုံးစမ်းသုံးခဲ့ကြတယ်။နက်မှောင်ရှည်လျားလှတဲ့သံသရာခရီးမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကိုယ့်ကျောပေါ်ခွနင်း လိုက်ပါလာမယ့်အရာနှစ်ခုရှိတယ်။ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်သာ ကူးပြောင်းသွားကြပေမယ့် ဒီအရာနှစ်ခုက မပြောင်းလဲပါဘူး။ ကမ္ဘာဦးရဲ့ပထမနေ့မှာ ...
movie

A Clockwork Orange (1971)

The Shining (1980) 8.4
The Shining (1980) The Shining (1980) IMDb - 8.4/10_____Rotten - 84%    Unicode ********** CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကအရမ်းအောင်မြင်ခဲ့တဲ့ Drama/ Horrorဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိခဲ့တာပါ။Old but Gold ပါပဲ.... ဇာတ်လမ်းကတော့...........ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်...ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်.... ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်.....အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ကော်လိုရာဒိုကရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့........ ဒီဇာတ်ကားမှာ အော်စကာဆုအတွက်ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့ Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ...
movie

The Shining (1980)

1980
Eyes Wide Shut (1999) 7.4
Eyes Wide Shut (1999) Eyes Wide Shut (1999) IMDb - 7.4/10_____Rotten - 75%    ဒီဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Stanley Kubrick ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Drama/Mystery/Thriller ပါ။ အက်ရှင်ကားတွေမှာပဲ ကျွန်တော်တို့ အတွေ့များတဲ့ မင်းသား Tom Cruise ကို ဒီကားမှာ ဆရာဝန်'ဘေးလ် ဟားဖို့ဒ်' အဖြစ်နဲ့ အဓိက သရုပ်ဆောင်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမသိသူမသိ လျှို့ဝှက်ကျင်းပတဲ့ အုပ်စုလိုက်ဆင်နွဲကြတဲ့ လိင်အပျော်အပါးပါတီတစ်ခုကို မလိမ့်တပတ်လုပ်ပြီး ဝင်ရောက်သွားတဲ့ ဆရာဝန်'ဘေး ဟားဖို့ဒ်' ရဲ့ တစ်ညတာ ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားရဲ့ အရသာမျိုးကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူး။ တခြားကားတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ဒီကားမှာ မိတ်ဆွေတို့ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ပြကွက်တိုင်းကိုက အဓိပ္ပါယ်ရှိပါတယ်။ IMDB rating (7.4) နဲ့ Rotten Tomatoes (75%) ...
movie

Eyes Wide Shut (1999)

1999