Channel Myanmar

Rohit Shetty

Golmaal 3 (2010) 5.7
Golmaal 3 (2010) Golmaal 3 (2010) ပရမ်းပတာ ၃အဂျေးနဲ့ ကရီနာကပူးရ်တို့ရဲ့ Golmaal series ထဲက တတိယမြောက်ကားကို ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ဒီ တတိယမြောက် Golmaal ရုပ်ရှင်ဟာဆိုရင် သူ့ခေတ်သူခါမှာတော့ တစ်နှစ်တာ ဒုတိယဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ။ဇာတ်လမ်းလေးကတော့ Golmaal ကားတွေရဲ့ထုံးစံ.. အစပိုင်းမှာ ဂိုပယ်တို့မိသားစု ဂိုအာကမ်းခြေမှာ စီးပွားရေးပေါင်းစုံလုပ်ဖို့ ကြိုးစားနေကြတုန်းမှာ ဘာလုပ်လုပ် သူတို့နဲ့ အကြံတူနေပြီး မြင်တာနဲ့ ရန်ဖြစ်ကြတဲ့ သားအဖလေးယောက်နဲ့ ကွိုင်တွေတက်ပုံကို မြင်ကြရမှာပါ။ဒါပေမဲ့ အဲဒီသားအဖလေးယောက်ထဲက မုဆိုးဖိုအဖေကြီးက ဂိုပယ်တို့အမေရဲ့ ရည်းစားဦးဖြစ်နေပြီး သူတို့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားကြတာကို သားတော်သမီးတော်များက မတည့်မရှုနဲ့ တကျက်ကျက်ဆန့်ကျင်ကြပုံတွေကို ဟာသတွေတခွီခွီနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဘောလီးဝုဒ်ရွှေခေတ်ရဲ့ ထုံးစံ အဆိုအကကောင်းကောင်း စော်လန်းလန်းတွေကို ကမ်းခြေမှာပတ်ပြေးခိုင်းထားတဲ့ သီချင်းအလန်းလေးတွေပါ ကြည့်ရမှာဖြစ်လို့ ရှေ့က Golmaal ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာကြောင့် လက်မလွတ်တမ်းအားပေးလိုက်ဖို့ ညွှန်းဆိုတိုက်တွန်းလိုက်ပါတယ်။….. File size… 6.1 GB / 3.2 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Golmaal 3 (2010)

Golmaal Returns (2008) 5.3
Golmaal Returns (2008) Golmaal Returns (2008) "ပရမ်းပတာ"တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Golmaal ဟာသ ဇာတ်လမ်းတွဲထဲက ဒုတိယမြောက်ကားလေးကို ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်ထားပါတယ်ဒီကားထဲမှာ မင်းသားအဂျေး (Ajay Devgn) နဲ့ ဝါရင့်မင်းသမီးကရီနာကပူးတို့က ခေါင်းဆောင်ပါဝင်ထားပြီး ၂၀၀၈ မှာ ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်စာရင်းထဲ ပါခဲ့တာပါဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ကျော် ဂိုပယ်က စကားမပြောတတ်တဲ့ သူ့သူငယ်ချင်း လပ်ကီးရဲ့အစ်မဖြစ်သူ အက်တာနဲ့ အိမ်ထောင်ကျသွားခဲ့ပြီး ငါးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ်သူ့မိန်းမအက်တာက တီဗွီဇာတ်လမ်းတွဲတွေအကြည့်များပြီး သူ့ယောကျ်ားကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ သံသယများနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ကလည်း သူတို့ကုမ္ပဏီက ငါးပုဇွန်တင်တဲ့ သင်္ဘောထဲမှာ မူးယစ်ဆေးတွေရှိနိုင်တယ်လို့ သင်္ကာမကင်းဖြစ်နေပြန်ပါတယ်တစ်ရက်မှာ ဂိုပယ်က မီရာဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိလိုက်ရာကနေစလို့ ဘယ်လိုပြဿနာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာမလဲ ဆိုတာကတော့ ----အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 4.1 GB / 1.98 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Golmaal Returns (2008)

Golmaal – Fun Unlimited (2006) 7.5
Golmaal – Fun Unlimited (2006) Golmaal: Fun Unlimited (2006)"ပရမ်းပတာ" ==================================Mumbai Cop Universe ရဲ့ ပဲ့ကိုင်ရှင် ဆရာကြီးရိုဟစ်ရှက်တီ ရိုက်ကူးထားပြီး မင်းသားကြီး အဂျေး၊ 3 idiots ထဲက ရာဂျူးသရုပ်ဆောင် ရှာမန်ဂျိုရှီ၊ ဒါ့အပြင် တခြား နာမည်ကြီးဟာသ သရုပ်ဆောင်တွေလည်းပါဝင်တဲ့ Indian classic vibe ရမယ့် ဟာသကားဟောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ အဂျေးတို့အဖွဲ့ဟာ ဘရုတ်ကျလွန်းလို့ ကောလိပ်ကနေ နှင်ထုတ်ခံထားရတဲ့ ကျောင်းသားဟောင်းတွေဖြစ်ပါတယ်။ကျောင်းထုတ်ခံထားရပေမဲ့ နေစရာအိမ်မရှိတဲ့အတွက် ကျောင်းထုတ်မခံရတဲ့ သူငယ်ချင်းအခန်းမှာ ကုပ်ကပ်နေရင်း ဘရုတ်ကျမှုတွေကို မရပ်နိုင်တဲ့အတွက် အဲဒီသူငယ်ချင်းပါ ကျောင်းထုတ်ခံလိုက်ရပါတယ်။အဲဒီလို ကျောင်းထုတ်ခံရလို့ နေစရာမရှိ ကြောင်ပျောက်နေတဲ့ သူငယ်ချင်းလေးယောက်ဟာ အကြွေးရှင်လိုက်လို့ ပြေးရင်းလွှားရင်း မျက်မမြင် အဘိုးကြီးအဘွားကြီးစုံတွဲနေတဲ့အိမ်ကို ရောက်သွားခဲ့ပြီး အဲဒီအဘိုးကြီးအဘွားကြီးစုံတွဲက မတွေ့ရတာ နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ မြေးဖြစ်သူကို စောင့်နေမှန်းသိသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့ ဘယ်လိုတွေ အယောင်ဆောင်ပြီး ဘယ်လိုဘရုတ်ဆက်ကျကြမလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.8 GB / 1.96 GB Quality…WEB ...
movie

Golmaal – Fun Unlimited (2006)

Sooryavanshi (2021) 6.4
Sooryavanshi (2021) Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie

Sooryavanshi (2021)

2021
4K HEVC Web-DL
Singham Returns (2014) 5.7
Singham Returns (2014) ဇာတ်လမ်းအကျဉ်းကတော့သမာသမတ်ကျတဲ့ ရဲအရာရှိဘာဂျီရို ဆင်းဂမ်ရဲ့ နိုင်ငံရေးအကောက်ကြံတဲ့လူတွေကို ခြေမှုန်းတဲ့အကြောင်းပါပဲအသိဉာဏ်နည်းပြီး အယူသီးသူတွေရဲ့ကိုးကွယ်မှုကြောင့် အင်အားကြီးနေတဲ့ဘိုးတော်လိုလို ဘာလိုလို ဘာဘာကြီးဆိုသူဟာ နိုင်ငံရေးပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်နဲ့ပေါင်းပြီး ရွေးကောက်ပွဲအနိုင်ရဖို့ ပိုက်ဆံသုံးပြီး ဆင်းရဲတဲ့ပြည်သူတွေဆီက မဲတွေဝယ်ယူဖို့ကြိုးစားကြပါတယ်ဒီလိုနဲ့မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့်သူတို့လုပ်ရပ်တွေ ပေါ်မလိုဖြစ်သွားတဲ့ အခါမှာတော့ သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့ အကြမ်းဖက်ပြီးတော့ရော နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ပါ ကြိုးစားကြပါတော့တယ်ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သူတို့ရှိတာသိပေမယ့် သက်သေမရှိလို့ ဖမ်းမရပဲ ဖြစ်နေခဲ့ပါတယ် ဆင်းဂမ်က သူတို့ကို ဘယ်လို အဆုံးသတ်ပေးမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုသွားရမှာပါ .......................................................ဆင်းဂမ်က တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဥပဒေရအပြစ်ပေးလို့မရတဲ့သူတွေကို ဘယ်လိုဘယ်နည်းနဲ့ အပြစ်ပေးလည်းဆိုတာတော့ ပထမကားကြည့်ပြီးတဲ့သူတွေသိပြီးသားဖြစ်မှာပါဒုတိယကားမှာလည်း ပထမကားထက် ပိုမိုက်တဲ့ပုံစံတွေနဲ့ ဥပဒေအရ ထိလို့မရတဲ့ လူဆိုးတွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ် File size…3.77 GB / 1.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chanyein Soe 
movie

Singham Returns (2014)

2014
Singham (2011) 6.8
Singham (2011) ဇာတ်လမ်းကတော့ ငွေကြေးချမ်းသာတဲ့ ဒုစရိုက်သမားတွေက လာဘ်စားတဲ့ရဲတွေနဲ့ပေါင်းပြီး ဥပဒေကိုဂရုမစိုက် ထင်တိုင်းကြဲနေကြပါတယ်ဒါကိုမခံနိုင်တဲ့ သမာသမတ်ကျတဲ့ရဲတစ်ယောက်က သူတို့ကိုဆန့်ကျင်ဖို့ကြိုးစားတဲ့အခါမှာတော့ အဲဒီရဲကို လာဘ်စားတယ်ဆိုပြီးလုပ်ကြံအမှုဆင်ကာ ထောင်ချဖို့ကြိုးစားပါတော့တယ်ဘယ်လိုမှဖြေရှင်းလို့မရတော့တဲ့ အဆုံးမှာတော့ လုပ်ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်သုံးနှစ်ကြာပြီးနောက်မှာ အဲဒီရဲရဲ့မိန်းမပြန်အစဖော်တဲ့အတွက်ကြောင့် နောက်တစ်ခါဒီအမှုကို ပြန်စစ်ဖို့တာဝန်ကျတဲ့သူကတော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ် ပဲဖြစ်ပါတယ်...ဆင်းဂမ်ဟာ သတ်သေသွားတဲ့ရဲအရာရှိဟောင်းရဲ့ ရုံးခန်းမှာထိုင်ပြီး ဒီဒုစရိုက်သမားတွေရဲ့ နည်းမျိုးစုံခြိမ်းခြောက်ဒုက္ခပေးတဲ့ကြားက ဘယ်လိုပြန်ပြီး အပြစ်ပေးနိုင်အောင်လုပ်သွားမလဲကိုတော့ ဇာတ်ကားထဲမှာဆက်ကြည့်သွားကြပါလို့ဘာသာပြန်ကတော့ May Thu ဖြစ်ပြီးအညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ် File size… 4.2 GB / 1.8 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by May Thu
movie

Singham (2011)

2011
Simmba (2018) 6.3
Simmba (2018) ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ် သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာ အဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ် သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊ လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ် ခံစားချက်မဲ့ လောဘသားလို့ထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြို့မှာ ညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်အဲ့ဒိညီမလေးကို သူလာဘ်ယူနေတဲ့ လူဆိုးလူမိုက်တွေ ...
movie

Simmba (2018)

2018
Cirkus (2022) 6.4
Cirkus (2022) Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie

Cirkus (2022)

2022
Bol Bachchan(2012) 5.3
Bol Bachchan(2012) Bol Bachchan (2012) Action, Comedy IMDb 5.6/10 (9.3K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h ...
movie

Bol Bachchan(2012)

2012
Golmaal Again (2017) 5.2
Golmaal Again (2017) မွေးရပ်မြေနေရာဟောင်းဆီ ကို ပြန်လာကြတဲ့ ဂိုပဲလ်၊ မာဒက်ဗ်၊လပ်ကီး၊ လက်စ်မန်ပရာဆပ်နဲ့ လက်စ်မန်တို့ဟာ အသစ်ပြန် လည်မွမ်းမံထားတဲ့ မိသားစုပိုင်အိမ်ကြီးမှာ နေကြပါတယ်။ ဂိုပဲလ်တို့မှာ ကလေးဘ၀ကတည်းက မတည့်ကြတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အရွယ်ရောက်လာတဲ့အချိန်ထိ မတည့်ကြဘဲ ပြန်ရောက်လာတဲ့ ဂိုပဲလ်တို့နဲ့ တွေ့တာနဲ့ကို ရန်ဖြစ် ကြပါတော့တယ်။တစ်ရက်မှာတော့ ဂိုပဲလ် တစ်ယောက် အိမ်ကြီးမှာနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြုံ ရလို့ တခြားသူတွေကို ပြောပြပေမယ့် ဂိုပဲလ်ကို တစ်ယောက်မှ မယုံပါဘူး။ ဒါပေမဲ့ နောက်တော့ အိမ်ကြီးထဲက ဆန်းကြယ်မှုတွေကို အကုန်ကြုံရတဲ့အခါမှာတော့ အ ခြောက်အလှန့်တွေရှိ တယ်ဆို တာ သဘောပေါက်ခဲ့ပါတယ်။ဒါနဲ့ သရဲတစ္ဆေတွေမောင်း ထုတ်ဖို့ဆိုပြီး ဆရာတွေ မျိုးစုံခေါ် လုပ်ပေမယ့် ထူးခြားမှုမရှိဘဲ အ ခြောက်အလှန့်မျိုးစုံနဲ့သာ ကြုံရပါတယ်။ ဂိုပဲလ်တို့ရဲ့ အဖြစ်အပျက်တွေကို ဟာသဇာတ်ကွက် လေးတွေနဲ့ တင်ဆက်ထားတာမို့ ရယ်မောရဦးမှာပါ။အိမ်ကြီးထဲက အခြောက်အ လှန့်တွေနောက်ကွယ်မှာ ...
movie

Golmaal Again (2017)

2017