Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rob Minkoff
6.8
Mr. Peabody & Sherman ( 2014 )
1959 မှထွက်ခဲ့တဲ့ The Adventures of Rocky and Bullwinkle ကာတွန်းကာထဲက Peabody ဆိုတဲ့ ဉာဏ်ကြီးရှင် ခွေးလေးအကြောင်းကိုရိုက်ထားတာပါ။ဒီကားရဲ့ Director က Lion King animation ရဲ့ Director လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Peabody ဆိုတဲ့ မွေးရာပါဉာဏ်ကြီးရှင် ခွေးလေးက ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်တဲ့အလျှောက် နေရာတိုင်းမှာတော်ပါတယ် ။သူက Sharman ဆိုတဲ့ ကလေးလေးကို သားအရင်းအဖြစ်မွေးစားပြီးတော့ တတ်သမျှပညာတွေကိုသင်ပေးပါတယ် ။သူ့မှာ WABAC ဆိုတဲ့ အချိန်ခရီးသွားတဲ့ စက်ကြီးရှိပြီးတော့ ရှာမန်ကို သမိုင်းထဲက အထင်ကရ အကြောင်းအရာတွေကိုသင်ပေးပါတယ်။တစ်နေ့မှာ ရှာမန်က ကျောင်းမှာ ရန်ဖြစ်ပြီး အတန်းဖော် ပန်နီနဲ့ ဒီအချိန်ခရီးသွား စက်ကြီးကို သုံးမိပြီး ဘယ်လိုအလွှဲတွေဖြစ်မလဲပီးပေါ်ဒီ ကရောဘယ်လိုတွေကယ်ရမလဲကို သိပ္ပံအကြောင်းအရာတွေ သမိုင်းအချက်အလက်တွေ ဟာသလေးတွေ နှောပြီးတော့ ကြည်ရမှာဖြစ်ပါတယ်။ File Size : 2.15 ...
movie
Mr. Peabody & Sherman ( 2014 )
2014
6.4
Flypaper (2011)
လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ် ဘဏ်စာရေးမလေး က မင်္ဂလာဆောင်ပြီးကာစ အဲ့အချိန်မှာ ဘဏ်ကဓါးပြအတိုက်ခံရတယ် ထူးဆန်းတာက တိုက်တာက အဖွဲ့၂ ဖွဲ့ FBI ကနေ ဓါးပြတွေကို အဆင့်တွေခွဲထားတဲ့ခေတ် လာတိုက်တဲ့ ၂ဖွဲ့မှာ သုံးကောင်အဖွဲ့က ဆရာတွေ rank အမြင့် ၂ကောင်အဖွဲ့က ငစနူ အောက်တန်းစားဓါးပြတွေ အကြွေလာလဲတဲ့ သူက OCD ဝေဒနာသည် အတွေးအခေါ်က ရှယ်ဂျွတ် ဂဏန်းသချာၤ က အသေတော် ဘဏ်စာရေးမလေးကို ကာကွယ်ပေးချင်တဲ့သူ ဖြစ်ချင်တော့ ဓါးပြ ၂ ဖွဲ့အချင်းများနေတုန်း ဘေးကရပ်ကြည့်နေတဲ့ တယောက်ကို ကျည်ဆန်ထွက်ပြီး မှန်ပြီးသေ သေသွားတာက အရပ်ဝတ်နဲ့ရဲဖြစ်နေတယ် ဘယ်သူပစ်လိုက်မှန်းလဲ မသိဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓါးစာခံ ရှစ်ယောက်ရယ် smart ဖြစ်တဲ့ ဓါးပြအဖွဲ့ရယ် ငပေါ ဓါးပြ ၂ကောင်ရယ် plot မိုက်မိုက်လေးနဲ့ twist လန်းလန်းလေးနဲ့ ဘဏ်ဓါးပြကားမျိုး ကြည့်ချင်သူများ အကြိုက်တွေ့မှာပါ အစက ဘာသာပြန်ရေးမလို့စဉ်းစားထားပေမဲ့ ပျင်းတာ မအားတာနဲ့တိုင်ပတ်နေလို့ လိုချင်ရင် tag ထားတဲ့ CM admin တွေ ဆီက တောင်းယူကြပါကုန် ပက်ထရစ် ဒမ့်ပ်ဆေး နဲ့ အက်ရှ်လေ ဂျုဒ် သရုပ်ဆောင်ထားပါတယ်။(ရုပ်ရှင်အညွှန်းကို YeWai ...
movie
Flypaper (2011)
2011
6.5
Paws of Fury: The Legend of Hank (2022)
Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie
Paws of Fury: The Legend of Hank (2022)
2022
5.5
Stuart Little 2 (2002)
Stuart Little 2 (2002)=================ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Rob Minkoff က ရိုက်ကူးခဲ့တဲ့ family/comedy ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Little မိသားစုကြီးရဲ့ သားအလတ်ဖြစ်တဲ့ ကြွက်ကလေး Stuart ကို အရွယ်သေးငယ်လို့ဆိုပြီး မိခင်က နေရာတကာ စိတ်မချဖြစ် အစိုးရိမ်လွန်နေ ရပေမယ့် Stuartကတော့ စွန့်စားခန်းဖွင့်ရတာကို သိပ်သဘောကျတဲ့သူတစ်ဦးပါ။ တစ်နေ့မှာ ရန်သူ့ရဲ့လက်ကနေ ထွက်ပြေးလာတဲ့ ငှက်မလေး Margalo နဲ့ တွေ့မိပြီး ခင်မင်သွားကြတဲ့ နောက် Stuart ရဲ့အိမ်ကို Margalo လိုက်နေခဲ့တယ်။ အဲဒီနောက်တော့ ရန်သူတော်ကြီးနဲ့ Stuart တို့ ဘယ်လိုတွေဆက်ပြီး တိုက်ပွဲဝင်ကြမလဲ Margalo နဲ့ ရန်သူကြီးကရော ဘယ်လို တွေပတ်သက်မှုရှိနေလဲ စတဲ့ လျှို့ဝှက်စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုဆိုတဲ့ အဓိပ္ပာယ်ကိုပေါ်လွင်စေတဲ့ ၅၂၈ ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ရိုက်ကူး ပြသထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size ...
movie
Stuart Little 2 (2002)
2002
5.9
Stuart Little (1999)
Stuart Little (1999)Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ်လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော...အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော်ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော်ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ ...
movie
Stuart Little (1999)
5.1
The Haunted Mansion (2003)
The Haunted Mansion (2003)အလုပ်ကြိုးစားတဲ့ ပျော်ရွှင်နေတဲ့ Evers မိသားစုက အိမ်ထောင်ဦးစီး Jim။ သူလုပ်တဲ့အလုပ်က အိမ်ခြံမြေပွဲစား။ ပွဲဖြစ်ရင် မျိုးမျိုးမြတ်မြတ် စားရတဲ့ လုပ်ငန်းပေါ့ဗျာ။ အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ရင်း ပိုက်ဆံတွေရလာပေမယ့် မိသားစုအပေါ် ပျက်ကွက်မှုတွေများလာလို့ အလျော်ပေးတဲ့အနေနဲ့ မိသားစုခရီးလေးထွက်လာတဲ့အခါ ငွေနောက်ကို အသည်းအသန်လိုက်တဲ့သူမို့ မိသားစုခရီးထွက်လာတာတောင် လုပ်ငန်းတစ်ခုလုပ်ဖို့ တစ်နေရာကိုလမ်းကြုံဝင်ခဲ့တယ်။သူရောင်းပေးရမယ့်အိမ်ကြီးက ဒေါ်လာ သန်းနဲ့ချီတန်တာမို့ ဘယ်လိုမှ မငြင်းဆန်နိုင်ပဲ အရောက်သွားချိန်မှာ ကံဆိုးမိုးမှောင်တွေဆက်တိုက်ကျရောက်လာပါတော့တယ်။ သရဲခြောက်တတ်တဲ့အိမ်ကြီးမှာ ဖြစ်လာသမျှ ပြဿနာတွေကို လိုက်လံဖြေရှင်းရင်း သားသမီးနဲ့ ဇနီးကို ကယ်တင်ဖို့ကြိုးစားရတဲ့ ပျော်ရွှင်စရာ မိသားစုကြည့် Fantasy ကားလေးပါ။ခေါင်းဆောင်မင်းသားဖြစ်တဲ့ Eddie Murphy ဆိုတာက အမေရိကန် ဟာသ သရုပ်ဆောင် စာရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်တွေမှာ သိပ်ကို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပြီး သရုပ်ဆောင်ဆုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့သူပါ။ ဟာသပညာရှင်အဖြစ်လည်း ...
movie
The Haunted Mansion (2003)
2003