Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ric Roman Waugh
6.4
Angel Has Fallen (2019)
Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။ CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ....ဒီမှာ https://www.channelmyanmar.to/?s=has+fallen ကြည့်လို့ရပါတယ်။+++++++++++Angel Has Fallen (2016)IMDB: 6.4 / Rotten Tomatoes: 38% Genre: Action/ThrillerHas Fallen ရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီးတော့ ရှေ့ကကားတွေနဲ့မတူဘဲ ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်..သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ...မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်...အမိုက်စားအက်ရှင်ခန်းတွေ ဝေေ၀ဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ...ခံစားကြည့်ကြပါဦး...။ File size…(7.3 GB) / (2.1 GB) / (1.1 GB) Quality….BluRay ...
movie
Angel Has Fallen (2019)
2019
4K HEVC
6.1
Kandahar (2023)
Kandahar (2023)ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ။ ဒါရိုက်တာကတော့ Angel Has Fallen နဲ့ Greenland ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်ပြီး ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေ အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေဆဲကာလပါ။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် ...
movie
Kandahar (2023)
2023
4K HEVC
7.4
Felon(2008)
အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie
Felon(2008)
7.5
Shot Caller (2017)
ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie
Shot Caller (2017)
2017