Channel Myanmar

Mikael Håfström

Slingshot (2024) 5.7
Slingshot (2024)  Slingshot ( 2024)IMDb Rating (5.7)ဒီဇတ်ကားကတော့ သိပ္ပံနဲ့ စိတ်ပိုင်းဆိုင်ရာထိတ်လန့်သည်းဖိုအမျိုးအစားဇတ်ကားဖြစ်ပါတယ်။ဒါရိုက်တာက Mikael  Håfström (မစ်ခေးလ်ဟက်ဖ်စထွန်းမ် ) ဖြစ်တယ်။သရုပ်ဆောင်တွေကတော့ Manchester by the Sea နဲ့ အော်စကာဆုရထားတဲ့ကေစီအက်ဖလက်ခ်( Casey Afflect )အဂ်လိပ်မင်းသမီး အမ်မလီဘီးချမ်(Emily Beecham ။အမ်မလီက ကိန်းရုပ်ရှင်ပွဲတော်မှာ ၂၀၁၉ခုနှစ်က Little Joeဇတ်ကားနဲ့အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆုရထားပါတယ်။နောက်နှစ်ယောက်တော့ Emmy ဆုတွေ နဲ့အခြားဆုတွေရထားတဲ့ အသက်၆၃နှစ်ရှိ ပြီဖြစ်တဲ့လောရ့င်စ်ဖစ်ရှ်ဘာနီနဲ့နက်ရှ်အဖြစ်သရုပ်ဆောင်ထားတဲ့တိုမာကက်ပ်ဝမ်း တို့ဖြစ်တယ်။ဒါ​ကြောင့်သရုပ်ဆောင်ချက်တွေကတော့ပြောစရာမလိုအောင်းကောင်းပါတယ်။ ဇတ်လမ်းအကျဥ်းကတော့  တိုက်တန်လကိုသွားနေတဲ့အိုးဒက်ဆီး-၁အာကာသယာဥ်ပေါ်မှာကြုံရတဲ့အခက်အခဲတွေ။အာကာသတွင်းခရီးသွားရာမှာကိုယ်တွင်းစွမ်းအင်သိပ်မလိုအောင်ကာလရှည်အိပ်မောကျအောင်လုပ်ပေးတဲ့ဆေးတွေရဲ့ဆိုးကျိုးကစိတ်ပိုင်းရုပ်ပိုင်းကိုဘယ်လိုသက်ရောက်မလဲ။ဘယ်ဟာကအစစ်အမှန်လဲဘယ်ဟာကအတုအယောင်လဲ။အာကာသတွင်း ရက်ရှည်ခရီးသွားရတာကအာကာယာဥ်မှုးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။အာကာသယာဥ်မှူးသုံးယောက်ကြားကပဋိပက္ခတွေ။တိုက်တန်လပေါ်ကိုရောက်အောင်သွားမှာလားပြန်လှည့်မှာလား။Slingshot ( လောက်လွှဲလှုပ်ရှားမှုခေါ်ဒြပ်ဆွဲအားအကူ)နဲ့ယာဥ်ရဲ့အလျင်ကိုမြှင့်တက်ပြီးတိုင်တန်ကိုအမြန်ဆုံးရောက်အောင်လုပ်တာအောင်မြင်မလား။လှပတဲ့အချစ်ဇတ်လမ်းလေးတစ်ပုဒ်လည်းပါမယ်။လေးနက်တဲ့ ဒိုင်ယာလော့တွေ သိပ္ပံဆိုင်ရာ ဗဟုသုတတွေနဲ့ နောက်ဆုံးမှာမထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့လှည့်စားချက် ထည့်ထားတာက ဇတ်ကောင်တွေအစားရင်ထိတ်ရမယ်ပြီးတော့တွေးစရာ အဆုံးသတ်ကိုပေးမယ်။အကြိုက်ဆုံး စကားလုံးက "ပိုးဖလံတွေအန္တရာယ်ကြုံရတဲ့အခါအလင်းရှိရာကိုပျံသန်းကြတယ်အလင်းဆီမပျံသန်းဘူးဆိုရင်အပြောင်းအလဲကဘာလဲအမှောင်ထုဆီကိုလား"အကာသထဲလမ်းလျောက်တာတွေမပါပေမယ့် Slingshotဇာတ်လမ်းကိုရေးတဲ့R Scott Adam( အာစကော့အဒမ်)နဲ့ Nathan Parker (နက်သန်ပါကား)တို့ကပရိသတ်ကိုပေးချင်တဲ့ message ( သတင်း)ကတော့ ပရိသတ်နဲ့အကာသသိပ္ပံလက်တွေ့လောကလူတွေကိုတွေးစရာပေးသလို ...
movie

Slingshot (2024)

2024
The Rite (2011) 6
The Rite (2011) The Rite (2011)Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ...
movie

The Rite (2011)

2011
Outside the Wire (2021) 5.3
Outside the Wire (2021) Outside the Wire (2021)==================IMDb Rating - 5.3/10 ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idrisနဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော်အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကားကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီးပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီးတဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက်ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီးခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကိုကြည့်ရှုရမှာပါ။Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။(ဒီဇာတ်ကားရဲ့ ...
movie

Outside the Wire (2021)

2021
Derailed (2005) 6.6
Derailed (2005)  ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့“Derailed”ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… ရုပ်ရှင်ချစ်ပရိတ်သတ််တွေကြား အခုတလောရေပန်းစားနေတဲ့“Deception”နဲ့ ဆင်တူတယ်ဆိုတဲ့ဇာတ်လမ်းပါ… တူလားဆိုတော့ အနည်းငယ်ဆင်ပါတယ်..အိုင်ဒီယာလေးတွေဆင်ပါတယ်… ဒါပေမဲ့ twist လုပ်သွားတဲ့နေရာတွေ လွဲသွားပါတယ်…နှစ်ကားလုံးက ကိုယ်ထင်ထားသလိုဖြစ်လာတဲ့ ဇာတ်ကွက်မျိုးမဟုတ်ပါဘူး…ကောင်းလားဆိုတော့ နှစ်ကားလုံးကောင်းပါတယ်… နိုင်ငံတကာမှာတောင် ဒီလိုPlot တူပေမယ့် Twist လုပ်သွားတာမတူတဲ့ ကားတွေ အများကြီးရှိတာမို့ ဒါကိုတော့ အပြစ်တခု အနေနဲ့ပေါက်ပန်းလေးဆယ် လျှောက်ပြောပြီး ဇွတ်တူပါတယ် ဆိုပြီးတော့ အတန်ရှည်ယူနေတဲ့ သူတွေ အတွက်တော့တော်တော်လေး ရှက်ဖို့ကောင်းပါတယ်  ဒီဇာတ်ကားထဲမှာတော့Starring အနေနဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Clive Owen နဲ့Jennifer Aniston တို့သရုပ်ဆောင်ထားပါတယ်..အညွှန်းလေးဖတ်ရှုကြပါဦး…ငွေကြေးအကျိုးဆောင် ချားစ်ရှိုင်းဟာငွေရေးကြေးရေးလောကမှာကျင်လည်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။ဝင်ငွေလဲအတန်အသင့်ကောင်းတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။သူ့မှာ ဒီယာနာလို့အမည်ရတဲ့ဇနီးနဲ့ အေမီဆိုတဲ့သမီးချောလေးတစ်ယောက်ရှိပါတယ်။သာယာတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ ကံမကောင်းတဲ့အရာတစ်ခုတော့ရှိပါတယ်။ဒါကတော့သူတို့သမီးလေး အေမီဟာ အဆိုးဆုံးဆီးချိုရောဂါကိုခံစားနေရတဲ့ဝေဒနာရှင်တစ်ယောက်ပါ။သမီးလေးရဲ့ရောဂါအပြီးပျောက်ဖို့လင်မယားနှစ်ယောက်ဟာ ငွေတွေစုခဲ့ပါတယ်။ခုနစ်နှစ်ကြာပြီးနောက်မှာတော့ ဒေါ်လာ တစ်သိန်းအသားတင်စုမိခဲ့ပါတယ်။တစ်နေ့မှာတော့ ချားစ်ဟာ ရထားချိန်နောက်ကျပြီး နောက်ရထားစောင့်စီးခဲ့ရပါတယ်။ရထားပေါ်မှာ လူစင်ဒါဆိုတဲ့ စွဲမက်ဖွယ် ညို့ငင်အားပြင်းတဲ့မျက်ဝန်းပိုင်ဆိုင်ထားတဲ့လူစင်ဒါဆိုတဲ့အမျိုးသမီးနဲ့ရင်းနှီးခဲ့ပါတယ်။ ရင်းနှီးခဲ့ပုံက ချားစ်တစ်ယောက်ရထားလက်မှတ်မပါလာလို့ လူစင်ဒါက ...
movie

Derailed (2005)

2005