Channel Myanmar

Michihito Fujii

Faceless (2024)
Faceless (2024) Faceless (2024)ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကို သတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီး မာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာ ရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့ အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက် သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ ........ ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ ..... သူ့မှာ ဘာပလန်တွေရှိနေမလဲ ...... ဆိုတာကို ကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~Yunni တို့ပဲ ဖြစ်ပါတယ်) File size… 1.78 GB / 726 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo~Cym~Star~Yunni
movie

Faceless (2024)

18×2 Beyond Youthful Days ( 2024 ) 6.6
18×2 Beyond Youthful Days ( 2024 ) CM ချစ်ပရိသတ်တို့ကို ဒီနေ့ ဂျပန်-ထိုင်ဝမ် ဖက်စပ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ထိုင်ဝမ်မင်းသားချောလေး Greg Hsu က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့အပြင် Michieda Shunsuke ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပံ့ပိုးကူညီထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်တော့ ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီး တစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်...ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်...သူ့နာမည်က အာမီတဲ့... သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့... အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး... ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း... ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့...အားလုံးမှန်းမိမှာပါ ဂျင်မီတစ်ယော်က အာမီကို စိတ်ဝင်စားခဲ့တယ်... အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်... ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ဇာတ်လမ်းအဆုံးသတ်လေးက ပြောပြပါလိမ့်မယ်... Filesize : 792 MB / 467 MB Quality : WEB-DL 1080p , ...
movie

18×2 Beyond Youthful Days ( 2024 )

The Village (2023) 5.8
The Village (2023) The Village (2023)~ MyDramaList – 7.1/10 ~ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို ...
movie

The Village (2023)

2023
A Family (2021) 7.0
A Family (2021) A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie

A Family (2021)

The Last 10 Years (2022) 6.9
The Last 10 Years (2022) The Last 10 Years (2022)~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~" ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇)ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ...
movie

The Last 10 Years (2022)

2022
We Are ( 2018 ) 6.5
We Are ( 2018 ) Zawgyi*******တစ်ခါကဂျပန်နိုင်ငံတွင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့သူငယ်ချင်းတစ်ဖွဲ့ကသူတို့အထက်တန်းကျောင်းပြီးတော့ကိုယ့်ကိုယ်စီအိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်...ဘဝကိုကြိုးစားရုန်းကန်ကြရတဲ့လမ်းမှာကျရှုံးမှုတွေနာကျင်မှုတွေစိတ်ပျက်စရာတွေကြုံလာရပြီးအိမ်မက်နဲ့လက်တွေ့ဘဝ​တွေရဲ့ခြားနားချက်ကိုတွေ့ကြုံလာရလာတဲ့အခါ ဘဝကိုအရှုံးပေးလိုက်မှာလားဆက်ကြိုးစားရှင်သန်သွားမှာလား..သူတို့တွေကရောဘယ်လိုရွေးချယ်မှု​မျိုးတွေကိုလုပ်သွားမှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုန်းနော် Unicode*******တစ်ခါကဂျပန်နိုင်ငံတွင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့သူငယ်ချင်းတစ်ဖွဲ့ကသူတို့အထက်တန်းကျောင်းပြီးတော့ကိုယ့်ကိုယ်စီအိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်...ဘဝကိုကြိုးစားရုန်းကန်ကြရတဲ့လမ်းမှာကျရှုံးမှုတွေနာကျင်မှုတွေစိတ်ပျက်စရာတွေကြုံလာရပြီးအိမ်မက်နဲ့လက်တွေ့ဘဝတွေရဲ့ခြားနားချက်ကိုတွေ့ကြုံလာရလာတဲ့အခါ ဘဝကိုအရှုံးပေးလိုက်မှာလားဆက်ကြိုးစားရှင်သန်သွားမှာလား..သူတို့တွေကရောဘယ်လိုရွေးချယ်မှုမျိုးတွေကိုလုပ်သွားမှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုန်းနော် Translated & Review By MineEncoded By LK
movie

We Are ( 2018 )

2018