Channel Myanmar

Lee Chang-dong

Green Fish (1997) 7.0
Green Fish (1997) [Unicode]Green Fish (1997) ============== IMDB Rating. = 7 out of 10 Rotten Tomatoes. = Not Yet Available Directed By Lee Chang DongGreen Fishရဲ့ ဇာတ်လမ်းအကျဉ်းကိုအတိုဆုံးရေးပြရရင် " တကယ်တမ်းမရှိတဲ့ ပျော်ရွှင်ခြင်းငါးစိမ်းကလေးကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း လဲပြိုရှုံးနိမ့်သွားရတဲ့လူတစ်ယောက်အကြောင်း"ပါပဲ။ကျွန်တော်တို့ရဲ့ ဘိုးတော်ကြီး လီချန်းဒုံရဲ့ ပထမဆုံးရုပ်ရှင်ပါ။ ပထမဆုံးပီသစွာပဲ လီချန်းဒုံရဲ့ ဝိသေသတွေနည်းသေးတယ်။ မသိမှုရသကိုလည်း ခပ်ပါးပါးပဲသုံးသေးတယ်။ သို့ပေမယ့် သူ့ရဲ့ ရက်စက်တဲ့ကမ္ဘာကြီးကတော့ ပထမဆုံးကားမှာတင် ပေါ်လွင်ပါတယ်။ပထမဆုံးလက်ရာတွေတိုင်းဟာ နောက်ပိုင်းလက်ရာ တစ်ချို့နဲ့ယှဉ်ရင် အမြဲအားပျော့နေတတ်ပါတယ်။ ဒါက ပထမဆုံးလက်ရာတွေရဲ့ အားနည်းချက်ပါပဲ။ ပထမဆုံး လက်ရာတွေရဲ့ အားသာချက်ကတော့ ဖန်တီးသူရဲ့နှလုံးသားပျိုမြစ်နေခြင်းပါပဲ"။ Green Fishဟာ နှောင်းပိုင်းလက်ရာတွေနဲ့ ယှဉ်ရင် အားပျော့ပေမယ့် လီချန်းဒုံရဲ့ အနုနယ်အပျိုပြစ်ဆုံး လက်ရာနဲ့ သူ့ရဲ့ Nostalgiaဖြစ်မှုကို ခံစားရမှာပါ။ဟိုသီချင်ဟောင်းက‌လေးထဲကလို "ရင်ဆိုင်ရင်း ရှုံးနိမ့်ရင် ဘဝမှာ ဖျောက်ဖျက်မရတဲ့ အမှားမ‌‌ျားတွေနဲ့လူ မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ ဒဏ်ရာ‌တွေ ကျန်ခဲ့တဲ့လူ" ဒီလိုလူတစ်ယောက် ...
movie

Green Fish (1997)

Oasis (2002) 7.9
Oasis (2002) [Unicode]Oasis (2002) ===========IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dongတောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတ‌ဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရ‌ှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာ‌တော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
movie

Oasis (2002)

Peppermint Candy (1999) 7.7
Peppermint Candy (1999) [Unicode]Peppermint Candy (1999)ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
movie

Peppermint Candy (1999)

1999
Poetry (2010) 7.8
Poetry (2010) [Unicode]Poteryဒီရုပ်ရှင်ရဲ့နာမည်ကလေးက ကဗျာပါ။ ကဗျာဆိုတာ ဘာလဲ အရှင်းဆုံးပြောပြရရင်တော့ အနုပညာတစ်ခုပါပဲ။အနုပညာဆိုတာကရော...။ တစ်ခါတလေမှာ အနုပညာနဲ့ အတတ်ပညာဟာ ရောထွေးသွားတတ်ပါတယ်။ အနုပညာမှာ အတတ်ပညာဟာ အရေးပါပေမယ့် အတတ်ပညာသက်သက်နဲ့လုပ်တဲ့ ဖန်တီးမှုတစ်ခုဟာ ဘယ်တော့မှ အနုပညာလက်ရာတစ်ခုဖြစ်မလာပါဘူး။ သေချာရေရာတဲ့ စိတ်ခံစားမှုအဟုန်မပါပါဘဲ ကျွမ်းကျင်ရုံသက်သက် ရေးဆွဲထားတဲ့ ရုပ်ပုံတစ်ချပ်ဟာ ပန်းချီတစ်ချပ်ဖြစ်မလာပါဘူး။ အနုပညာမှာ အတတ်ပညာပါပေမယ့် အတတ်ပညာဟာ တိုင်ပင်ဖော်တိုင်ပင်ဖက်မျှပါ။ စာအရေးအသားပိုင်နိုင်ရုံသက်သက်ရေးထားတဲ့ ကဗျာတစ်ပုဒ် သီချင်းတစ်ပုဒ်ဟာ ကဗျာဖြစ်မလာပါဘူး။အတိအကျတော့မဟုတ်ပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ အနုပညာပစ္စည်းတကယ့်အစစ်တစ်ခုမှာ ကဗျာလို သီချင်းလို ပန်းချီလို အားလုံးနဲ့ခံစားလို့ရတဲ့ အရည်အသွေးရှိပါတယ်။ နိုင်မြန်မာရဲ့ အခုတော့ပါးစပ်ရာဇဝင်ကလေးတစ်ခုဖြစ်ခဲ့ပြီနဲ့ ဝါဆိုဟာ သီချင်းလည်းဖြစ် ကဗျာလည်းဖြစ် ပန်းချီလည်းဖြစ်ပါတယ်။ စိုင်းခမ်းလိတ်ရဲ့ အချစ်ဆိုတဲ့အရသာ သီချင်းဆိုလည်း တန်းမြင့်တဲ့ ကဗျာတစ်ပုဒ်လိုပါပဲ။ ခင်မောင်ရင်ရဲ့ ပန်းချီကားတွေဟာလည်း ကဗျာပါပဲ။ ပန်းချီကို စကားလုံးမပါတဲ့ကဗျာလို့ ဆိုကြသေးသကိုး။ ကဗျာကလည်း စကားလုံးပန်းချီပါပဲ။ အားလုံးဟာ အနုပညာဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာပိုင်းခြားလို့မရအောင် ဆက်သွယ်နေပါတယ်။ဒီတော့ ကဗျာတစ်ပုဒ်ရေးဖို့ တကယ်တမ်းလိုတာက စကားလုံးပိုင်နိုင်မှု မဟုတ်ပါဘူး။ စိတ်ခံစားချက်ပါ။ ဒါကို ဒါရိုက်တာက ကဗျာသင်တန်းရဲ့နောက်ဆုံးနေ့မှာ တစ်ဦးတည်းသောကဗျာရေးနိုင်သူတစ်ယောက်နဲ့ မီးမောင်းထိုးပြသွားပါတယ်။ အဲ့ဒီလူက အယ်ဇိုင်းမားရှိတဲ့ အဘွားအိုပါ။ သူ့နာမည်က ယန်းမီဂျာ။ဒီကဗျာကို သူ ...
movie

Poetry (2010)

Burning (2018) 7.5
Burning (2018) Burning (2018)ဆိုတဲ့ကားလေးကတော့ Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ်အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ်အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ်အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ်နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလားကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို Burning (2018)ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်လိုက်ရအောင်နော် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May ...
movie

Burning (2018)

2018