Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joel Soisson
4.4
The Prophecy: Forsaken (2005)
The Prophecy: Forsaken (2005)IMDb Rating (4.4) / Rotten Tomatoes (21%) နတ်ဆိုးတမန်-ဘီလီယယ်ရဲ့ရန်ကို ရှောင်နိုင်ခဲ့ပေမဲ့ ကမ္ဘာဖျက်စစ်ပွဲအကြောင်း ဘုရားနှုတ်တိုက်ချဟောထားတဲ့ ဗျာဒိတ်ကျမ်းကို တာဝန်ယူထားရသူ အယ်လီဆန်ခမျာမှာ ဒုက္ခငြိမ်းဖို့အရေးနဲ့ ဝေးနေရသေးတယ်။လူသန်းထောင်ချီ အသက်ဆုံးကြရမယ့် ဒီစစ်ပွဲကို ဟန့်တားလိုစိတ်နဲ့ ဒီကျမ်းကိုရဖို့ တရကြမ်းလိုက်နေတဲ့ နတ်တမန်-စတာ့ခ်လက်က လွတ်အောင်ပြေးနေရင်းကနေ အဲဒီဗျာဒိတ်ရဲ့ အနက်အဓိပ္ပာယ်ကို ပိုသိလာတာနဲ့အမျှ သူလုပ်နေတာတွေက မှန်ရဲ့လားဆိုတာကိုပါ အယ်လီဆန်တစ်ယောက် ဒွိဟဝင်သလို ဖြစ်လာရချိန်မှာ သူဟာ လူသာမန်တစ်ယောက် မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့… … …Uprising နဲ့ ရှေ့ဆင့်နောက်ဆင့် ရိုက်ကူးခဲ့တဲ့ Forsaken ဟာ The Prophecy franchise ရဲ့ ၅ ကားမြောက်နဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး အရှေ့ကားက မင်းသမီး Kari Wuhrer ပဲ အဓိကပြန်ပါထားပြီး ဒီဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း horror ...
movie
The Prophecy: Forsaken (2005)
2005
5.1
The Prophecy: Uprising (2005)
The Prophecy: Uprising (2005)IMDb Rating (5.1) / Rotten Tomatoes (31%) ဘူခါရတ်စ်မြို့က ရဲစုံထောက် ဒန်နီတစ်ယောက် အပြစ်စိတ်တွေနဲ့ ပွေလှီရင်း ရှင်သန်နေတဲ့ သူ့ဖြစ်တည်မှုထဲ ဂျွန်-ရိုင်းဂတ်ဆိုတဲ့ အင်တာပိုလ်အဖွဲ့က အရာရှိတစ်ယောက်က ခြေလာရှုပ်နေတာကို စိတ်ညစ်ဖို့ မစရသေးခင်မှာ သူ့နယ်နိမိတ်ထဲ နှလုံးဖောက်ထုတ်ပြီး အသတ်ခံထားရတဲ့ အလောင်းတွေ ဆက်တိုက်လို ပေါ်လာနေတဲ့အတွက် ခေါင်းမီးတောက်လာရတယ်။အဲဒီအချိန် ဒီမြို့ထဲမှာပဲ ဘုရားနှုတ်တိုက်ချပေးထားတဲ့ ဗျာဒိတ်တော်ကျမ်းကို မထင်မှတ်ဘဲ လက်ဝယ်ပိုက်ထားရတဲ့ အယ်လီဆန်ဟာလည်း သူ့အနောက်ကို သည်းကြီးမည်းကြီး လိုက်နေတဲ့ ဘီလီယယ်ဆိုတဲ့ နတ်ဆိုးတစ်ပါးနောက်က မနည်းလွတ်အောင် ပြေးနေရတယ်။အဲဒီလိုနဲ့ ဂျွန်-ရိုင်းဂတ်ဟာ လူသာမန်မဟုတ်မှန်း ဒန်နီသိလာရပြီး အယ်လီဆန်ဟာလည်း စောင့်ရှောက်ပေးဖို့ သူတာဝန်ယူထားရတဲ့ ကျမ်းစာအုပ်ဟာ လူသားမျိုးနွယ်ရဲ့ကြမ္မာကို အဆုံးအဖြတ်ပေးမယ်ဆိုတာ သဘောပေါက်လာရချိန်မှာ သူတို့နှစ်ယောက်ရဲ့ အတိတ်တစ္ဆေတွေကပါ ခြောက်လှန့်လာချိန်မှာတော့.. … …Christopher Walken, Elias Koteas, ...
movie
The Prophecy: Uprising (2005)
2005
5.0
Girl Missing (2015)
Girl Missing (2015) ==============ဘ၀ဆိုတာ တချို့အတွက်ပုံမှန်လေးစီးမျောနေတာ ဖြစ်နိုင်ပေမဲ့ တချို့အတွက်တော့ အကွေ့အကောက်များလွန်းပါတယ်။ မျှော်လင့် ချက်တွေပြည့်ပြီ ထင်ရပေမဲ့ မထင်မှတ်ဘဲ တစ်ဆစ်ချိုးပြောင်းလဲမှု မျိုးနဲ့ ရင်ဆိုင်လိုက်တာလည်း ဖြစ်တတ်ပါတယ်။ဒီဇာတ်လမ်းထဲက သိတတ်တဲ့ကလေးအရွယ်မှာ ပျောက်ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်၊ ဖြစ်ချင်တော့ အတိတ်လည်းမေ့သွားခဲ့ပါတယ်။ မိဘဘယ်သူဘယ်ဝါ၊ သူ့ကိုယ်သူဘယ်သူမှန်းမသိတော့တာကြောင့် မိဘမဲ့ဂေဟာမှာ ဂျိန်းဆိုတဲ့နာမည်နဲ့ ဘ၀သစ်စခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ အရွယ်ရောက်လာပြီးတဲ့အချိန်မှာ မိခင်ဆိုတဲ့သူ ပေါ်လာခဲ့ပါတယ်။ဒီအန်အေအဖြေမထွက်သေးတာကလွဲရင် ဂျိန်းရဲ့ အမေဆိုတာသေချာသ လောက်ဖြစ်နေတဲ့ ဆေလ်ဗီယာဟာ ဂျိန်းကို အိမ်အလည်ခေါ်ခဲ့ပါတယ်။ ဆိတ်ငြိမ်ရာအရပ်က အဲဒီအိမ်ကြီးမှာ ဂျိန်းဟာ အိမ်ထိန်းကြီးထရီဇာ၊ ဆေလ်ဗီယာရဲ့ဒုတိယခင်ပွန်းကာလိုတို့နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဘီလျံနာမုဆိုးမ မိခင်ရဲ့သမီးအဖြစ် ပျော်ရွှင်ရတော့မယ်ထင်ခဲ့တဲ့ ဂျိန်းတစ်ယောက် အိမ်ရောက်တဲ့ နောက်တစ်ရက်မှာပဲ ထူးဆန်းပြီး သံသယဖြစ်စရာတွေကြုံလာရပါတယ်။အဲဒီစိတ်မသိုးသန့်စရာအဖြစ်တွေဟာ ဂျိန်းပျောက်ဆုံးပြီးအတိတ်မေ့သွားတဲ့ အဖြစ်၊ သူ့ဖခင်သေဆုံးတဲ့အဖြစ်တွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို သို့လောသို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ကြရမှာပါ။ ကြည့်ရင်းကြည့်ရင်းနဲ့ အဆုံးအထိကို စိတ်၀င်တစားဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးမို့ Mystery/ Thriller ကြိုက်တဲ့ ရုပ်ရှင်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.72 GB) / (542 MB) / (286 MB) Quality............WebRip 1080p / 720p ...
movie
Girl Missing (2015)
2015