Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joe Wright
7.8
Pride & Prejudice (2005)
Pride & Prejudice (2005)IMDb Rating (7.8) / Rotten Tomatoes (87%)မင်းသမီး Keira Knightley ကို စတင်နာမည်ကြီးစေခဲ့တဲ့ရုပ်ရှင်ဖြစ်သလို အသက် ၂၀ အရွယ်လေးမှာ ရိုက်ထားတာမလို့ ဒီကားထဲမှာ အရမ်းချစ်စရာကောင်းနေတာ မြင်တွေ့ရမှာပါ။ မင်းသားကြီး Matthew Macfadyen နဲ့အတူ တခြားနာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Rosamund Pike, Carey Mulligan,Jena Malone တို့လဲပါဝင်ထားပါတယ်။၁၈၁၃ ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးကို 2005 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ...ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်...သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့..အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့..တစ်နေ့မှာသူတို့မြို့ကို ...
movie
Pride & Prejudice (2005)
2005
4K HEVC
7.8
Atonement (2007)
AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie
Atonement (2007)
2007
6.8
Hanna (2011)
Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie
Hanna (2011)
6.6
Anna Karenina (2012)
Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie
Anna Karenina (2012)
2012
7.4
Darkest Hour (2017)
Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations. Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie
Darkest Hour (2017)
2017