Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fajar Bustomi
Dilan 1983 : Wo Ai Ni (2024)
ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။ Filesize : 1.59 GB / 884 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Romance, Family, ...
movie
Dilan 1983 : Wo Ai Ni (2024)
7.8
Aku Jati, Aku Asperger (2024)
Aku Jati, Aku Asperger (2024)IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger's syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ ...
movie
Aku Jati, Aku Asperger (2024)
2024
6.8
Buya Hamka Vol. 1 (2023)
Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
Buya Hamka Vol. 1 (2023)
2023
6.2
Milea (2020)
ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက် ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ် ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့ စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ် လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့……. ဒီဇာတ်ကားလေးကို ရှေ့မှာ Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေကို သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့ အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်… File Size - 1.4 GB / 422.7MB Quality - web-dl 1080p Subtitle - burmese (hardsub) Translator - Htoo Htoo Ka Joe Encoder - Thit San Khant
movie
Milea (2020)
2020
7.7
Dilan 1990 (2018)
အမှန်က အပေါ်ယံမြင်ရုံနဲ့ဘာမှပြောလို့မရဘူးလေခုနကထင်ထားတဲ့သူတွေလည်း မှန်နေတာဖြစ်နေနိုင်တာပဲခုလိုရေးထားတာကို သဘောမတူတဲ့သူလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမယ့်လည်း နောက်ကွယ်ကမှန်တယ်လို့ဘာလို့ပြောနိုင်လဲဆိုတာကိုတော့ဒီကားလေးကိုဆက်ကြည့်ပြီးအပေါ်မှာပြောတာဟုတ်ရဲ့လားမှန်ရဲ့လားကြည့်လိုက်ပါတော့နော်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw ဖြစ်ပါတယ်)File Size : (915 MB) Quality : WEB-DL 720p Running Time : 1hr 50min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB-DL AAC H.264 Translated by May Nandar Kyaw Encoded by Thanhtike Zaw
movie
Dilan 1990 (2018)
2018