Channel Myanmar

Ernie Barbarash

Christmas Under the Northern Lights (2024) 6.4
Christmas Under the Northern Lights (2024)   Christmas Under the Northern Lights (2024)IMDb Rating (6.4) စာရေးဆရာမလေး အီရင်က နောက်ထပ်ရေးမယ့်စာအုပ်အတွက် အကြံအိုက်နေတာကြောင့် သူ့အဖေရဲ့ မွေးရပ်မြေ အော်ရိုရာမြို့လေးဆီကို အဖေနဲ့အတူတူ ခရစ်စမတ်အတွက် ခရီးထွက်ခဲ့ကြတယ်..အော်ရိုရာမြို့လေးမှာ အီရင်အလုပ်ချင်ဆုံးအရာတစ်ခုက Aurora အလင်းတန်းတွေကို မြင်ဖူးချင်တာပဲ ဖြစ်ပါတယ်..နည်းပညာတွေမသုံးဘဲ ခေတ်နောက်ကျနေတဲ့ ဂိုက်ချောချောလေး ထရီဗာနဲ့ နည်းပညာကို အရမ်းအားကိုးတဲ့ အီရင်တို့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်သဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာကြမလဲ?Aurora အလင်းတန်းကို အရမ်းမြင်တွေ့ချင်နေတဲ့ အီရင်ကို ခပ်ချောချောဂိုက်လေးထရီဗာက လမ်ပြပေးနိုင်ပါ့မလား?သူရေးမယ့်စာအုပ်နဲ့ပတ်သက်တဲ့ကုန်ကြမ်းကိုရော ဒီအော်ရိုရာမြို့လေးမှာ ရှာတွေ့ပါ့မလား ဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.6 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:28:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon
movie

Christmas Under the Northern Lights (2024)

2024
They Wait (2007) 5.4
They Wait (2007)  They Wait (2007)IMDb Rating (5.4) / Rotten Tomatoes (40%) တစ္ဆေများလဆိုရင် အာရှသားတွေတင်သာမက အနောက်တိုင်းသားတွေပါ ရင်းနှီးကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။သူနဲ့ပတ်သက်တဲ့ ရာဇဝင်တွေ၊ ပါးစပ်ပြောဇာတ်လမ်းတွေ ကိုယ်တွေ့ခြောက်ခြားစရာအဖြစ်အပျက်တွေလည်းအများကြီးရှိနေခဲ့ပြီးကိုယ်တိုင်ကြုံဖူးတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ဒီဇာတ်ကားကတော့ အဲ့ဒီနာမည်ကျော်တစ္ဆေများလကိုပဲ အခြေခံထားတာပါ။ဆာရာနဲ့ဂျေဆင်တို့ဟာ ရှန်ဟိုင်းမှာနေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ဂျေဆင် ဦးလေးဖြစ်သူရဲ့ဈာပနအတွက်ဗန်ကူးဗားကို ခဏပြန်လာကြပါတယ်။သူတို့ဦးလေးရဲ့ နေအိမ်ဟာ တစ်ချိန်က အလုပ်ရုံဟောင်းကြီးတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပိတ်သိမ်းထားခဲ့တာကြာပါပြီ။သူတို့ရောက်ရှိချိန်ဟာ တစ္ဆေများလနဲ့တိုက်ဆိုင်နေပြီး သူတို့ရဲ့သားဖြစ်သူ ဆမ်မီကလည်း ဗန်ကူးဗားကိုစရောက်ကတည်းကတစ္ဆေတွေကိုဟိုတစ်စဒီတစ်စမြင်နေခဲ့ရပါတယ်။ အဲ့ဒီအိမ်ကိုကြီးကိုစရောက်ကတည်းက စိတ်မလုံခြုံသလို ကျောချမ်းသလိုခံစားချက်တွေအပြင် သွေးပျက်ချောက်ချားစရာအာရုံတွေကိုပါ ခံစားလာမိတဲ့ ဆာရာဟာ သူတို့သားဖြစ်သူ ဆမ်မီလေး ဘာအကြောင်းမှမရှိပဲ သတိလစ်မေ့မျောပြီးဆေးရုံတင်လိုက်ရချိန်မှာတော့ အဲ့ဒီဖြစ်ရပ်တွေရဲ့အဖြေကိုမဖြစ်မနေရှာဖွေရပါတော့တယ်။သူတို့ကိုအခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ တရုတ်လူမျိုးအဘိုးကြီးရဲ့ အဆိုအရတော့ ဆမ်မီလေးကို အဲ့ဒီအိမ်ကြီးထဲမှာရှိတဲ့အငြိုးအတေးတွေနဲ့ ဝိဉာဉ်တစ်ခုက ဖမ်းစားထားတာဖြစ်ပြီး ကလေးကိုကယ်တင်ဖို့ တစ္ဆေပွဲတော်မပြီးခင် အာရုံတက်အထိပဲ အချိန်ရတော့တယ်ဆိုတာပါပဲ။အာရှသားတွေရဲ့အယူအဆအပေါ်မှာ အခြေတည်ထားရုံတင်မက အာရှဟော်ရာကားအတော်များများရဲ့ချဉ်းကပ်ပုံနဲ့ပဲသွားထားတဲ့အနောက်တိုင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့တင်ဆက်ပုံစိတ်ဝင်စားစရာကောင်းသလိုမြုပ်ကွက်တွေ Jumpscare တွေကိုအံဝင်ခွင်ကျသုံးထားတာတွေလည်းမိုက်ပါတယ်။Horror ပရိသတ်တွေအတွက် Old ...
movie

They Wait (2007)

2007
Stir of Echoes: The Homecoming (2007) 4.5
Stir of Echoes: The Homecoming (2007) Stir of Echoes: The Homecoming (2007) =============================တက်ဒ်ကိုဂန်ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီးစစ်ပွဲမှာ သူ့ဆုံးဖြတ် ချက်အမှားကြောင့် ဒေသခံတစ်မိသားစုလုံး မီးလောင်သေဆုံးခဲ့တဲ့ ကိစ္စနဲ့ စိတ်ဖိစီးမှုဝေဒနာခံစားနေရသူပါ။ အဲ့ဒီစိတ်ဒဏ်ရာကို ပိုပြီး မီးလောင်ရာလေပင့်စေတဲ့ဖြစ်ရပ်ကတော့ အိမ်ပြန်ရောက်ကတည်း က သူ့နားမှာ အရိပ်လိုလိုက်နေတဲ့ မီးလောင်သေဆုံးထားပုံရတဲ့ တစ္ဆေတစ်ကောင်ပါပဲ။အဲ့ဒီကိစ္စကိုရောက်တတ်ရာရာအဖြေရှာစုံစမ်းရင်း ဝိဉာဉ်တွေကိုမြင် နိုင်တဲ့ ဂျိတ်ခ်ဝစ်ဇ်ကီးဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလူရဲ့အဆိုအရ ဒီဝိဉာဉ်ဟာ သူ့ကိုဖြေရှင်းပေးစေချင်တဲ့ ကိစ္စတစ်ခုရှိနေပြီး အဲ့ဒါကို အချိန်မှီဖြေရှင်းမပေးနိုင်ရင် သူနဲ့တကွတစ်မိသားစုလုံးကိုရန်ရှာတော့ မယ်ဆိုတာကိုသိလိုက်ရပါတယ်။ အဲ့ဒီတိုင်းပဲ ဝိဉာဉ်ရဲ့ခြောက်လှန့်မှု တွေက ပိုမိုကြမ်းတမ်းလာခဲ့ပြီး သူနဲ့သူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပြု လာတဲ့အထိဖြစ်လာတဲ့အခါမှာတော့..။Stir of Echoes ရဲ့နောက်ဆက်တွဲကားဆိုပေမယ့် တွမ်ရဲ့သားဂျိတ်ခ်က ဝိဉာဉ်တွေမြင်နိုင်တဲ့ ပုဂ္ဂိုလ်အဖြစ်ပြန်လည်ပါဝင်ထားတာကလွဲလို့ အဆက်အစပ်မရှိလို့ တစ်ကားတည်းကြည့်လို့လည်းအဆင်ပြေတဲ့ဇာတ် ကားပါ။ပထမဇာတ်ကားလိုပဲ underrated ဖြစ်နေတဲ့ horror ဇာတ်ကား ကောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.54 GB) / (516 MB) Quality............BLU-RAY L 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie

Stir of Echoes: The Homecoming (2007)

2007
Heatwave (2022) 5.1
Heatwave (2022) Heatwave (2022) =============ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့် တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင် သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီး ရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာ မြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အ ခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန် မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန် ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ် ဇာတ်လမ်းစခဲ့ကြပါတယ်။သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့ သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆို တာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှ စကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီး ပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေ တွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ် ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်း စုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့ သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွား မယ့် ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.1 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Alias Encoder..........SWM
movie

Heatwave (2022)

2022
Assassination Games (2011) 6.1
Assassination Games (2011)  အက်ရှင်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ကြည့်ရတာတန်စေမဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ဗင်းဆင့်ဆိုတဲ့သူက Hitmanအလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရာမှာ အမှားအယွင်းမရှိသူအဖြစ်နာမည်ကြီးတစ်ယောက်ပါ။တစ်ရက်မှာတော့ မူူးယစ်ရာဇာပိုလိုတစ်ယောက်ထောင်ကနေထွက်လာပြီမလို့ လက်စဖျောက်ပေးဖို့ အလုပ်လက်ခံခဲ့ရပါတယ်။ သေချာစီစဉ်ထားတဲ့သူ့ရဲ့အလုပ်မှာ ဖလင့်ဆိုတဲ့လူတစ်ယောက်ကြောင့် အမှားဖြစ်ခဲ့ရပြီး ဖလင့်ကဘယ်လိုကြောင့်ပိုလိုကိုလက်စားချေဖို့ကြိုးစားနေတယ်ဆိုတာကို ဇာတ်လမ်းထဲမှာပဲအဖြေရှာကြည့်လိုက်ရအောင်ပါ။ Action , Thriller အမျိုးအစားဖြစ်ပြီး IDMB rating မှာလဲ ၆ကျော်ရထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.47GB / 713MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Assassination Games (2011)

6 Bullets (2012) 6.0
6 Bullets (2012) မင်းသားကြီးဗန်ဒိန်းရဲ့ ၂၀၁၂ကထွက်ခဲ့တဲ့ အက်ရှင်ကား​ဟောင်း တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်၊ IMDb မှာ 6 ရထားပြီးငယ်ငယ်ကထဲက ကြိုက်ခဲ့ရတဲ မင်းသားကြီးရဲ့ မပျက်စီး​သေးတဲ့ အက်ရှင်​တွေကို မြင်​တွေ့ရဦးမှာပါ။ဆမ်ဆန်​​ဂေါလ်က ​ကြေးစားစစ်သား​ဟောင်းဖြစ်ပြီး အနားယူချိန် အလွတ်စုံ​ထောက်အ​နေနဲ့ လူကုန်ကူးမှု​တွေကို အဓိကလိုက်​နေတဲ့ သူပါ၊ ဒါ​ပေမဲ့ သူရဲ့ သတိလက်လွတ်လုပ်လိုက်မိတဲ့ မ​တော်တဆတစ်ခု​​ကြောင့် က​လေးမ​လေး ၂​ယောက် ​​သေရပြီး​နောက် အပြစ်ရှိတဲ့စိတ်နဲ့ အလွတ်စုံ​ထောက်ဘဝကပါနားကာ အသား​ရောင်းသူအဖြစ် ဇာတ်မြုပ်​နေထိုင်ခဲ့ပါတယ်။တစ်​နေ့မှာ အ​မေရိကန် MMAဖိုက်တာ ချန်ပီယံ​ဟောင်း အန်ဒရူး ​​ဖေဒန်နဲ့မိသားစုဟာ တ​ကျော့ပြန် ထိုးသတ်ပွဲအတွက် ​ဆွေး​နွေးဖို့ ​ဆမ်ဆန်​​ဂေါလ်​နေတဲ့ ​မော်ဒိုဗာနိုင်ငံကို ရောက်လာပါတယ်၊ သူတို့ ​ရောက်ပြီး မကြာခင်မှာ သမီးဖြစ်သူ ဘက်ကီ​ဖေဒန် ရုတ်တရက် ပျောက်ဆုံးသွားပါတယ်၊ ရဲတပ်ဖွဲ့နဲ့ အ​မေရိကန်သံရုံးအထိ သူရဲ့ ​ပျောက်ဆုံးမှုကို အပူတပြင်းစုံစမ်းခဲ့​ပေမယ့် မထူးခြားတဲ့အဆုံး အနားယူ​နေတဲ့ ဆမ်ဆန်​​ဂေါလ်ဆီ ​ရောက်လာခဲ့ပါတယ်၊ ဒီလိုနဲ့ပဲ ​ကြေးစားစစ်သား​ဟောင်းကြီးဟာ ​က​လေးမ​လေးကို လိုက်ရှာဖို့အ​ကြောင်းပါလာပြန်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim ...
movie

6 Bullets (2012)

Holiday in the Wild(2019) 6.2
Holiday in the Wild(2019) Holiday in the Wild(2019)အညႊန္း***************************(unicode)ဒီတစ်ခါတော့ ၂၀၁၉ မှာ ထွက်လာတဲ့ Holidays in the Wild ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်နော် ဒီကားလေးကတော့ comedy, drama, romance အမျိုးအစားလေးပါ ဇာတ်လမ်းလေးက ခပ်သွက်သွက်လေးနဲ့ ကြည့်လို့ကောင်းတယ်လို့ ပြောရပါမယ် ဇာတ်လမ်းအကျဉ်းကတော့ ကိတ်ဆိုတဲ့ အမျိုးသမီးဟာ သားဖြစ်သူ ကောလိပ်စသွားတဲ့ နေ့မှာပဲ ခင်ပွန်းဖြစ်သူက ရုတ်တရက် လမ်းခွဲခြင်းကို ခံလိုက်ရပါတယ် သူတို့ လင်မယားနှစ်ယောက် ဒုတိယအကြိမ်ဟန်းနီးမွန်းထွက်ဖို့ သူကစီစဉ်ထားခဲ့တာပါ ဒါနဲ့ပဲ စိတ်ပြေလက်ပျောက် သူစီစဉ်ထားတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို သူတစ်ယောက်တည်း သွားခဲ့ပါတယ် အာဖရိကဆာဖာရီမှာ လည်ပတ်ဖို့ပါ ဒီလိုနဲ့ ရဟတ်ယာဉ်မောင်းတဲ့ ဒယ်ရက်ဆိုတဲ့ လူနဲ့အတူ တောထဲမှာ ဆင်ပေါက်လေးတစ်ကောင်ကို ကယ်တင်မိရာက ဆုံမိကြတယ်... သူတို့ ဘာဆက်ဖြစ်ကြမလဲ... အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ပိုင် အလုပ်အကိုင် ဝါသနာဆိုတာတွေထက် ခင်ပွန်းဖြစ်သူကို ...
movie

Holiday in the Wild(2019)

2019
Cube Zero ( 2004 ) 5.7
Cube Zero ( 2004 ) Cube 3 ကားလုံးကိုဒီမှာဒေါင်းနိုင်ပါတယ်Zawgyi******Cube ကားတွေရဲ့နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်သဲထိတ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက် ၂၀၀၄ ထဲမှာထွက်ရှိထားတဲ့Cube Zeroဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ထူးထူးဆန်းဆန်းနဲ့ အသည်းထိတ်စရာတွေကြိုက်နှစ်သက်သူတွေအတွက်ပါအစိုးရကလူတွေကိုစမ်းသပ်စစ်ဆေးတဲ့ အော်ပရေးရှင်းတစ်ခုမှာလူတွေကို မှတ်ဥာဏ်တွေဖျက်ပြီး ကုဗပုံအခန်းတွေထဲ ထည့်ထားပါတယ်ဒီလူတွေက အဲ့ဒီအခန်းထဲတွေထဲကနေ လွတ်အောင်အပြင်ထိထွက်ပြေးရမှာပါ လူတွေဟာ ကိုယ်ဘယ်သူဆိုတာမှန်းတောင်မသိပါဘူးမှားယွင်းတဲ့အခန်းတွေထဲ ဝင်မိရင်လည်း ထောင်ချောက်တွေဆင်ထားတဲ့အတွက်မှားယွင်းမှုအတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်…အခန်းမှားပြီးဝင်မိတာနဲ့ အမျိုးမျိုးသော ထောင်ချောက်တွေထဲမှာအမျိုးမျိုးသောသေခြင်းနဲ့ သေဆုံးရမှာဖြစ်ပါတယ် …ဓာတ်ခွဲခန်းထဲကကြွက်တွေလို စမ်းသပ်ခံလူတွေဟာ ဒီကုဗတုံးကြီးတွေထဲကလွတ်မြောက်နိုင်ပါ့မလား ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြပါဦး Translated & Review By Zwe Khant ThwinEncoded By LK Unicode*******Cube ကားတွေရဲ့နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်သဲထိတ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက် ၂၀၀၄ ထဲမှာထွက်ရှိထားတဲ့Cube Zeroဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ထူးထူးဆန်းဆန်းနဲ့ အသည်းထိတ်စရာတွေကြိုက်နှစ်သက်သူတွေအတွက်ပါအစိုးရကလူတွေကိုစမ်းသပ်စစ်ဆေးတဲ့ အော်ပရေးရှင်းတစ်ခုမှာလူတွေကို မှတ်ဉာဏ်တွေဖျက်ပြီး ကုဗပုံအခန်းတွေထဲ ထည့်ထားပါတယ်ဒီလူတွေက အဲ့ဒီအခန်းထဲတွေထဲကနေ လွတ်အောင်အပြင်ထိထွက်ပြေးရမှာပါ လူတွေဟာ ကိုယ်ဘယ်သူဆိုတာမှန်းတောင်မသိပါဘူးမှားယွင်းတဲ့အခန်းတွေထဲ ဝင်မိရင်လည်း ထောင်ချောက်တွေဆင်ထားတဲ့အတွက်မှားယွင်းမှုအတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်…အခန်းမှားပြီးဝင်မိတာနဲ့ အမျိုးမျိုးသော ထောင်ချောက်တွေထဲမှာအမျိုးမျိုးသောသေခြင်းနဲ့ ...
movie

Cube Zero ( 2004 )

2004