Channel Myanmar

Eric Leighton

Dinosaur (2000) 6.4
Dinosaur (2000)  Dinosaur (2000)IMDb Rating (6.4) / Rotten Tomatoes (65%) ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု..ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ဇတ်လမ်းအကျဥ်းလွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ ...
movie

Dinosaur (2000)

2000