Channel Myanmar

Dheeraj Rattan

Majhail (2025) 6.7
Majhail (2025) Majhail (2025) "မတ်ဂျိုင်မိသားစုရဲ့ကံကြမ္မာ" ============================ဒုစရိုက်-အက်ရှင်ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် အခုနှစ်ဆန်းမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်‌ဆက်ပေးပါရစေ။မာ့ဂ်ျဟာဆိုတဲ့ဒေသမှာ ခေတ်အဆက်ဆက် သမိုင်းကြောင်းကြီးခဲ့တဲ့ မတ်ဂျိုင်မိသားစုဆိုတာ ရှိပါတယ်။ ဟိုးရှေးရှေးက စစ်သည်သူရဲကောင်းတွေထွက်ခဲ့ပြီး အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ကို ဆက်ခံလာတဲ့ မတ်ဂျိုင်မိသားစုဟာ ခုအချိန်ထိ မာ့ဂ်ျဟာ‌ဒေသမှာ ကြီးစိုးဆဲပါ။ ဒါပေမဲ့ ဒုစရိုက်လုပ်ငန်းတွေနဲ့မကင်းဘဲ ထင်တိုင်းကျဲနေတာကြောင့် သူတို့မိသားစုကို ဒေသခံတိုင်းက ကြောက်ရွံ့ရပါတယ်။အဲဒီမိသားစုရဲ့သားဖြစ်သူဆတ်ဒါကလည်း သူ့အဖေနဲ့မိသားစုအရှိန်အဝါကြောင့် ဆိုးသွမ်းနေတဲ့ ဆေးသမားတစ်ယောက်ပါ။ ကိုယ်တိုင်ကအသုံးမကျဘဲ အဖေဖြစ်သူရဲ့လူယုံတော် ဘာ့သ်ကိုလည်း သူ့နေရာလုထားတယ်ဆိုပြီး မကြည်ပါဘူး။တစ်နေ့တော့ အဲဒီလိုမတ်ဂျိုင်မိသားစုကြီးစိုးထားတဲ့ နေရာကို ဘာစန့်ဆိုတဲ့ ခပ်ချောချောရဲအရာရှိမလေး ပြောင်းရွှေ့ရဖို့ အကြောင်းဖန်လာပါတယ်။ ဘာစန့်ကလည်း ချောချောလှလှမိန်းမငယ်တစ်ယောက်ဖြစ်ပေမဲ့ ခေသူတော့မဟုတ်ပါဘူး။ ၀န်ကြီးရဲ့တူကို ဘာကိုမှအမှုမထားဘဲ အပြစ်ပေးမိရာကစလို့ ခုလို ကြမ်းတမ်းတဲ့ဒေသဆီ ပြောင်းရွှေ့ခံလိုက်ရသူပါ။အဲဒီလိုနဲ့ မတ်ဂျိုင်မိသားစုနဲ့ ဒုစရိုက်လောကအရှုပ်အထွေးတွေကြားမှာ ဘာစန့်တစ်ယောက် ဘယ်လိုပါ၀င်လာမလဲ၊ လူယုံတော်ဘာ့သ်ရဲ့စရိုက်မှန်ကရော ဘာဖြစ်မလဲ၊ ဆတ်ဒါက ဘယ်လိုတွေမွှေဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~Star~Zwe Yan~ToMo ပါ။) File size…2.8 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hard ...
movie

Majhail (2025)

Tufang (2023) 6.7
Tufang (2023) Tufang (2023) "ပစ္စတိုဖူးစာ" IMDb - 6.3/10ပန်ချာပီအဆိုတော်အနေနဲ့ နာမည်ကြီးတဲ့ ဂူရီက အဓိကဇာတ်ကောင်နေရာကနေပါဝင်ထားပါတယ်။ မင်းသမီးကတော့ တလေဂူး၊ ဟင်ဒီ၊ ကန်နာဒါရုပ်ရှင်နယ်ပယ်တွေမှာ ပါဝင်နေကျဖြစ်တဲ့ ရုခ်ရှာဒီလွန်။မင်းသားက ဦးလေးဖြစ်သူနဲ့အတူ သေနတ်ဆိုင်ဖွင့်ထားသူတစ်ယောက်။ သေနတ်တွေကို ချစ်မြတ်နိုးပြီး သေနတ်တွေကို အစမ်းပစ်ပြတဲ့ သူ့ရဲ့အွန်လိုင်းဗီဒီယိုတွေကလည်း အားပေးသူအထိုက်အလျောက်ရှိတဲ့သူဖြစ်ပါတယ်။မင်းသမီးကတော့ သူ့လိုပဲ သေနတ်တွေကိုခုံမင်တဲ့သူ။ ညီမဖြစ်သူတွေအိမ်ထောင်ကျ ကလေးတွေရတဲ့အထိ သေနတ်ပစ်ဖို့နဲ့ သေနတ်တစ်လက်ပိုင်ဆိုင်ဖို့တွေးနေတတ်တဲ့သူဖြစ်တာကြောင့် မိခင်ဖြစ်သူရဲ့ ဆူပူမှုကို နေ့စဉ်နဲ့အမျှခံရသူ။ခပ်တည်တည်နဲ့ ရဲစခန်းမှာသေနတ်လိုင်စင်သွားလျှောက်တော့လည်း မရပြန်တာကြောင့် မင်းသားပိုင်တဲ့ဆိုင်ကနေ ခိုးဖို့အကွက်ချစီစဉ်ပါတော့တယ်။ဒါပေမဲ့ ဆိုင်ရဲ့စီစီတီဗီမှာ သူ့မျက်နှာပါနေပြီး မင်းသားက သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့။ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ ဘယ်လိုဗီလိန်တွေပါဝင်လာမလည်းဆိုတာတော့ ဒီအက်ရှင်ဒရာမာဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.1GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Tufang (2023)

2023