Channel Myanmar

David Mackenzie

Hell or High Water (2016) 7.6
Hell or High Water (2016) Hell or High Water (2016)IMDb Rating (7.6) / Rotten Tomatoes (97%)Chris Pine , Jeff Bridges , Ben Foster တို့လို မင်းသားကြီးတွေပါဝင်ပြီး Crime Drama Thriller အမျိုးအစားကိုမှ Western  စတိုင်အပြည့်နဲ့ရုပ်ရှင်ကားကြီးပါ။ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony ...
movie

Hell or High Water (2016)

2016
4K HEVC
Starred Up(2013) 7.3
Starred Up(2013) Starred Up(2013)==============ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Loveလို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်းအကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီးစိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက်ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူJack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင်အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကိုစိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ..... Crime , ...
movie

Starred Up(2013)

Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie

Outlaw King (2018)

2018