Channel Myanmar

Chris Weitz

About a Boy (2002) 7.1
About a Boy (2002) About a Boy (2002)~ IMDb - 7.1/10, Rotten Tomatoes - 93% ~ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

About a Boy (2002)

2002
Operation Finale 2018 6.6
Operation Finale 2018 ဒီနှစ်ထဲမှာတော့ ဖြစ်ရပ်မှန် စစ်ကားတွေ အများကြီးထွက်တဲ့ အထဲမှာ မှ ကမ္ဘာမှာ အထင်အရှားဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ နာဇီ အရာရှိကြီး အိုက်ခ်မန်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ထဲဟာ ဂျူးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ ဂျာမန်အရာရှိကြီးကို အစ္စရေးထောက်လှမ်းရေးတွေက ဖမ်းဆီးခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Hein Thet Naing မှ ဘာသာပြန် တင်ဆက်ပေးထားပါတယ်။ စစ်ကားကောင်း ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ------------------------------------------------------------------ ဒီႏွစ္ထဲမွာေတာ့ ျဖစ္ရပ္မွန္ စစ္ကားေတြ အမ်ားႀကီးထြက္တဲ့ အထဲမွာ မွ ကမၻာမွာ အထင္အရွားျဖစ္ခဲ့တဲ့ ျဖစ္ရပ္တစ္ခုကို အေျခခံၿပီး ရိုက္ကူးထားတဲ့ ရုပ္ရွင္ပါ။ ဒုတိယကမာၻစစ္အတြင္းမွာ ဂ်ဴးလူမ်ိဳးေတြကို လူမ်ိဳးတုန္းသတ္ျဖတ္ခဲ့တဲ့ နာဇီ အရာရိွၾကီး အိုက္ခ္မန္းကို ၾကားဖူးၾကမယ္ထင္ပါတယ္။ ဒီရုပ္ရွင္ထဲဟာ ဂ်ဴးသတ္ျဖတ္မႈေတြအတြက္ တာဝန္ရိွတဲ့ ဂ်ာမန္အရာရိွၾကီးကို အစၥေရးေထာက္လွမ္းေရးေတြက ဖမ္းဆီးခဲ့တဲ့ သမိုင္းဝင္ျဖစ္ရပ္ကို ျပန္လည္ရိုက္ကူးထားတာပဲျဖစ္ပါတယ္။ Hein Thet Naing မွ ဘာသာျပန္ တင္ဆက္ေပးထားပါတယ္။ စစ္ကားေကာင္း ႀကိဳက္တဲ့သူေတြ လက္မလြႊတ္သင့္တဲ့ ရုပ္ရွင္ကားေကာင္းတစ္ခုပါ။   Thit San Khant
movie

Operation Finale 2018

2018