Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bobby Prasetyo
5.7
Dominion of Darkness (2024)
Dominion of Darkness (2024)IMDb Rating (5.7) ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလုံစိတ် သံသယစိတ်တွေနဲ့ယုံကြည်ချက်ပြိုကွဲနေခဲ့ပြီး အသင်းတော်ကနေနူတ်ထွက်ဖို့ကြံစည်နေတဲ့သူတစ်ယောက်ပါ။သွားလေသူ သူ့ ညီမဖြစ်တဲ့ဒီယန်ဒရာရဲ့သူငယ်ချင်း ကေလာဆိုတဲ့ကောင်မလေးကတော့ သူ့မိခင်ဖြစ်တဲ့သူတွဲနေတဲ့ လူရှုပ်လူပွေဖြစ်သူ ဒင်းနစ်စ်ကို မျက်မုန်းကျိုးကြည့်မရသလို အဲ့ဒီလူနောက် သူ့အမေ ပါသွားမှာကိုလည်း အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဆယ်ကျော်သက်ပီပီကြံရာမရစဉ်းစားရင်း သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ စီလာရဲ့အကြံနဲ့ ဝိဉာဉ်ခေါ်အရုပ်ကိုသုံးပြီး ဖခင်ဖြစ်သူရဲ့ဝိဉာဉ်ကိုခေါ်ယူပြီး အကူအညီတောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီမကြံမကောင်းမစည်ရာအကြံအစည်ကို အကောင်အထည်ဖော်ပြီးပြီးချင်း သူတို့နှစ်ဦးလုံး ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေဆက်တိုက်ကြုံခဲ့ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့တာဝန်ရှိသူတွေ၊အပနှင်ဘုန်းတော်ကြီးတွေ အားလုံးပါ ပေါင်းစည်းနှိမ်နင်းရတဲ့ ဆရာမနိုင်မိစ္ဆာတွေနဲ့ရင်ဆိုင်တွေ့ကြုံရတဲ့အဖြစ်တွေကိုသည်းထိတ်ရင်ဖိုခံစားကြရမှာပါ။သမားရိုးကျအင်ဒိုဟော်ရာတွေထုံးစံဖြစ်တဲ့ အောက်လမ်းတွေ မှော်အတတ်တွေကနေ ခွဲထွက်သွားပြီး နတ်ဆိုးအပနှင်ပုံစံမျိုးကိုမှ ဟော်ရာကျွမ်းကျင်သူတွေဖြစ်တဲ့ အင်ဒိုနီးရှားလက်ရာနဲ့ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie
Dominion of Darkness (2024)
2024
6.4
Thaghut (2024)
Thaghut (2024)IMDb Rating (6.4) အိုက်နွန်ဟာ ဘော်ဒါကျောင်းတစ်ခုမှာနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘာသာရေးအဆုံးအမအောက်မှာကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း တီဗွီမှာလာလာနေတဲ့ ပျောက်စေဆရာတစ်ယောက်ကိုအထင်ကြီးလေးစားနေပါတယ်။သူ့ရဲ့အုပ်ထိန်းသူဖြစ်တဲ့ဘော်ဒါဆောင်အစောင့်ကြီးက ဒါကိုမနှစ်မြို့ပဲ အမြဲလိုကန့်ကွက်လေ့ရှိပေမယ့် အိုက်နွန်ကတော့ ဆုံးမရခက်နေဆဲပါပဲ။တစ်နေ့မှာတော့ သူ့အထင်ကြီးတဲ့ ဆရာကြီးအဘား ရုတ်တရက်သေဆုံးသွားတဲ့သတင်းနဲ့အတူ အဲ့ဒီဆရာကြီးဟာ သူ့ဖခင်အရင်းဆိုတာကိုပါအံ့ဩတုန်လှုပ်ဖွယ်သိလိုက်ရပါတယ်။နဂိုကတည်းက ဒီပညာနဲ့ဒီဆရာကို စိတ်အဝင်စားကြီးဝင်စားနေတဲ့ အိုက်နွန်ကတော့ အဘားရှိတဲ့ရွာကို သူငယ်ချင်းနှစ်ယောက်နဲ့အတူတဇွတ်ထိုးသွားရောက်ခဲ့ပြီးတဲ့နောက် အဘားရဲ့သေဆုံးမှုဟာ ထင်ထားတာထက်ပိုနက်နဲပြီး ပဟေဠိဆန်နေတာ တစ်ဖြည်းဖြည်းသိလာရပါတယ်။အဲ့ဒီလိုနဲ့ အဘားရဲ့လက်ထောက်ဖြစ်သူက သူ့ကိုအဘားရဲ့အကြောင်းအတွင်းကျကျသိချင်ရင် အဘားရဲ့နေရာကိုဆက်ခံဖို့ကမ်းလှမ်းလာချိန်မှာအလွယ်တကူလက်ခံမိခဲ့ပေမယ့် သူနဲ့အတူလိုက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဒီရွာကြီးအပြင်ရွာသားတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်ပြန်ဖို့အသင့်ဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာမမျှော်လင့်တဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့ သူတို့သုံးယောက်လုံးရွာက မပြန်ဖြစ်ပဲ ဆက်နေကြရချိန်မှာတော့ ရွာကြီးရဲ့ထူးဆန်းမှုတွေ၊လျှို့ဝှက်မှုတွေ ပဟေဠိတွေဟာ တစ်စတစ်စ ခြောက်ခြားစရာရုပ်လုံးပေါ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.8 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:44:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
Thaghut (2024)
2024