Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anand Shankar
6.3
Iru Mugan (2016)
Iru Mugan (2016) မလေးရှားမစ်ရှင်IMDb 6.3/10မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါမငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ.....ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ် File size… 3.05GB / 1.5GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Iru Mugan (2016)
7.7
Enemy (2021)
ရုံတင်တုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့တဲ့ တောင်ပိုင်းမင်းသား အာရားနဲ့ဗစ်ရှေးတို့ရဲ့ အတော်ကိုကောင်းမွန်တဲ့အက်ရှင်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ IMDB မှာလည်း 7.7ဆိုတော့ ခပ်မိုက်မိုက်ပဲပေါ့။ဇာတ်လမ်းအကျဉ်း...ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူကအန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်းငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင်ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။အညွှန်းကိုတော့ ThuRa Heinနဲ့ Lwin Htoo Aung က ရေးသားပြီး ဘာသာပြန်ကတော့ JimXTrafalgar Law. Lai Laii နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်။ File size…(7.1 GB)/(2.7 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:37:13 Subtitle….Myyanmar Subtitle (hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie
Enemy (2021)
2021
4K HEVC Web-DL
6.4
Nota (2018)
NOTA (2018) Reviewဝန်ကြီးချုပ်ကြီး ဗာစူဒေ့ဟာ ပြည်သူလူထုက အားပေးထောက်ခံတဲ့ ပါတီခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့ အဂတိလိုက်စားမှုများပေါ်လာခဲ့ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိရာထူးကနေနှုတ်ထွက်မှဖြစ်တော့မယ့် အခြေအနေမှာ ဗာစူဒေ့ဟာ သားဖြစ်သူ ဗာရွန်ကို သူ့ရဲ့ ဝန်ကြီးချုပ်နေရာမှာ ယာယီခန့်အပ်ဖို့ အစီစဉ်ရေးဆွဲခဲ့ပါတယ်။သူ့အဖေရဲ့အမှုကိစ္စတွေပြီးတဲ့ထိ ယာယီဝန်ကြီးချုပ်အနေနဲ့ နေပေးရမယ့် ဗာရွန်ဟာ ဗီဒီယိုဂိမ်းဒီဇိုင်းရေးဆွဲသူတစ်ယောက်ပါ။မိမိဝါသနာနဲ့ ဝင်ရမယ့် ရာထူးနေရာ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံရေးအသိပညာလုံးဝမရှိတဲ့ ဗာရွန်တစ်ယောက် သူ့အဖေပြန်လာမယ့်အချိန်ထိ ဝန်ကြီးချုပ်ရာထူးကို ဘယ်လိုဆက်ထိန်းသွားမှာလဲ?စီစဉ်ထားတဲ့အတိုင်းကိစ္စတွေက မဖြစ်မြောက်လာတဲ့အခါ ဗာရွန်တစ်ယောက် နိုင်ငံရေးကိစ္စတွေမှာ ဟန်ပြမဟုတ်ဘဲ ကိုယ်တိုင် ပါဝင်လာခဲ့ရပါတော့တယ်။နိုင်ငံရေးကမရိုးရှင်းတဲ့အပြင် ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို ဗာရွန်သိရှိလာတဲ့အချိန်မှာတော့ .....ဘာဆက်ဖြစ်မလဲသိချင်ရင် ဇာတ်လမ်းလေးကို ကိုယ်တိုင်ဆက်လက်ခံစားကြည့်လိုက်ပါ။ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးအခြေအနေတွေကို တိတိကျကျရိုက်ကူးပြထားတာကတော့ ဒီကားရဲ့ အဓိကအားသာချက်ပါပဲ။ဒါကြောင့် လှည့်ကွက်ပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ အက်ရှင်ကားတွေကို သဘောကျတဲ့ကြည့်ရှုသူတွေအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြဖို့ အကြံပြုပေးလိုက်ပါတယ်နော်။ Translate and Review by Shwe Poe EainEncoded By : YKQuality :1080p WEB-HD ...
movie
Nota (2018)
2018