Channel Myanmar

Alejandro Hidalgo

No Voltees (2024) 6.5
No Voltees (2024)  No Voltees (2024) / IMDb Rating (6.5)၂၀၂၄ ခုနှစ် အသစ်ထွက် စပိန်စကားပြော မက်ဆီကို သရဲကားလေး ဖြစ်ပါတယ်။အော်ရိုရာဆိုတာ ညှင်းပန်းနှိပ်စက်တတ်တဲ့ ပါတနာကြောင့် စိတ်ဖိစီးမှု ခံစားနေရတဲ့သူလေးပါ။တစ်ရက်ကျ အမွှာမောင်လေးဖြစ်သူ မာတင်က တစ်ယောက်တည်းနေတဲ့ အမေ့အိမ်မှာ တစ်ခုခု ဖြစ်နေလို့ လာပါဦးဆိုပြီး ဖုန်းဆက်ခေါ်ပါတယ်။မာတင်က ငယ်ငယ်တုန်းက ဖခင်ဖြစ်သူနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို မေ့ပျောက်နေလို့ စိတ်ကုထုံးတွေပြပြီး အဖြေရှာနေသူပါ၊မှတ်မိတဲ့ အစ်မကိုလည်း ဆက်တိုက်မေးနေခဲ့တာပေါ့။ဒီလိုနဲ့ အမွှာမောင်နှမနှစ်ယောက် မပြန်တာကြာပြီဖြစ်တဲ့ အမေ့အိမ်ကို ပြန်ရောက်တဲ့အချိန် ပြဿနာတွေ တက်ပါတော့တယ်။ဖခင်သေဆုံးခဲ့တာ အနှစ် ၂၀ ကျော်ပေမဲ့လည်း အမေဖြစ်သူက အဖေရှိတယ် ပြောလို့ပြော၊အိမ်ထဲမှာလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်လာတဲ့အခါ မောင်နှမနှစ်ယောက် အတိတ်တုန်းက စိတ်ဒဏ်ရာအဖြစ်အပျက်တွေနဲ့အတူ ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာချိန်မှာတော့…ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကို ခြောက်ခြားထိတ်လန့်ဖွယ်ရာတွေနဲ့အတူ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thura ...
movie

No Voltees (2024)

2024
The Exorcism of God (2022)
The Exorcism of God (2022) The Exorcism of God (2022) Exocrism ဆိုတာကတော့ လူတွေကိုယ်ထဲကို ဝင်ပူးနေတဲ့ မကောင်းဆိုးရွားကို နှင်ထုတ်တာဆိုပေမဲ့ ဒီဇာတ်ကားရဲ့နာမည်ကတော့ ဘုရားသခင်ကို နှင်တာပါတဲ့။ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးရွား ပူးကပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ချင်ဇောနဲ့ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက အပနှင်ဖို့ကြိုးစားပေမဲ့ မကောင်းဆိုးရွားရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ အပမှီနေတဲ့ ကောင်မလေးနဲ့ အိပ်မိသွားပါတယ်။ မကောင်းဆိုးရွားကတော့ ဒီအမှုကိုကျူးလွန်ပြီးတော့ ထွက်သွားပါတယ်။ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက မကောင်းဆိုးရွားကို နှင်နိုင်ခဲ့လို့ သူတော်စင်လို့ နာမည်ကျော်လာပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကိုတော့ သူနဲ့ ဘုရားသခင်နဲ့ နတ်ဆိုးပဲ သိနိုင်တာပေါ့။ နတ်ဆိုးက ဒီအတိုင်းထွက်သွားတာနဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တွေရှိနေတာကို နောက် ၁၈ နှစ်ကြာမှ သိလာရပါတယ်။ ဒီဇာတ်ကားမှာတော့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကိုတင်မဟုတ်ဘဲ နတ်ဆိုးရဲ့အစီအစဉ်တွေကိုလည်း တွေ့ရမှာပါ။ နတ်ဆိုးရဲ့ အစီအစဉ်တွေကဘယ်လိုလဲဆိုတာတော့ ဇာတ်ကားကိုပဲ ကြည့်လိုက်ကြစေချင်ပါတယ်။ပုံမှန် ...
movie

The Exorcism of God (2022)

2022