Channel Myanmar

Aamir Pallikkal

ED: Extra Decent (2024) 6.2
ED: Extra Decent (2024) ED: Extra Decent 2024 (မိသားစုရဲ့ အမှောင်ထု)ဒီဇာတ်ကားလေးကတော့ မလေယာလမ်ဘာသာစကားနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး dark comedy thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဘီနူဟာ သူ့အစ်ကိုကြီးကို အရမ်းချစ်သူတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်အခါတုန်းက ဘီနူတို့ညီအစ်ကို အတူတူ ဆော့ကစားကြရင်း ဘီနူက ဗိုက်ဆာတယ်ပြောလို့ ရှီဘီတစ်ယောက် တစ်ခုခုချက်ကျွေးဖို့လုပ်ရင်း မီးမတော်တဆမှုဖြစ်ကာ မီးလောင်ဒဏ်ရာများနှင့်ပင် ရှီဘီတစ်ယောက်ဆုံးပါးသွားခဲ့ရပါတယ်။ဒီကိစ္စတွေဖြစ်ပြီးတဲ့အခါမှာ ဘီနူတစ်ယောက် စိတ်ဒဏ်ရာများစွာနဲ့ စိတ်ကျရောဂါကို ခံစားရင်း နေလာခဲ့ရတာပေါ့။ ဖခင်ဖြစ်သူဟာလည်း ဘီနူကို ဘာမှပေးမလုပ်ဘဲ ဟိုဟာဖြင့် မလုပ်တတ် ဒီဟာဖြင့် မလုပ်တတ်ဆိုပြီး အမြဲ ဆူပူကျိန်းမောင်းလျက်ရှိပါတယ်။ဘီနူတစ်ယောက် အသက်အရွယ်ရလာတဲ့အချိန်ရောက်တော့လည်း အစိုးရစာမေးပွဲကို‌ ဖြေလိုက်တိုင်းကျတာ သတ်မှတ်ထားတဲ့အသက်ကန့်သတ်ချက်ကိုကျော်သွားတဲ့အထိပါပဲ။ဒီလိုမျိုးနဲ့ပဲ ဘီနူတစ်ယောက်ဟာ ဘဝကို အလုပ်အကိုင်မရှိဘဲ ဖခင်ဖြစ်သူရဲ့ ပြောဆိုနှိမ်ချမှုတွေကိုခံရင်း ဘဝကို အဆင်ပြေသလိုလေး နေလာခဲ့ပါတော့တယ်။ဘဝကို အဆင်ပြေသလိုလေးနေလာခဲ့ရင်းကနေ ဘီနူတစ်ယောက် သည်းခံမှုတွေ ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ............အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက်နဲ့ ဘယ်လိုတွေ လက်စားချေသွားမလဲ ....... အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ဘီနူတစ်ယောက် ဘယ်လိုပုံစံကိုပြောင်းလဲသွားမလဲ .......ဆိုတာကို ကြည့်ရှုရမဲ့အပြင် ဟာသနဲ့ ဒရာမာရောနှောပြီး တင်ဆက်ပေးထားတာဖြစ်လို့ ဘောလိဝုဒ်ပရိသတ်ကြီးတို့အတွက် ...
movie

ED: Extra Decent (2024)

Ayisha (2023) 8.2
Ayisha (2023) Ayisha (2023) *******************IMDb-8.2/10 Flimfare ဆုအပြင် တခြားဆုပေါင်းများစွာရထားတဲ့ အဆိုကောင်းအကကောင်း မင်းသမီးကြီး Manju Warrier က ပထမဆုံးမလေယာလမ်ရုင်ရှင်မင်းသမီးကြီး Nilambur Ayisha ရဲ့ ဘ၀ဇာတ်ကြောင်းကို ပြန်လည် အသုံးတော်ခံထားပါတယ်။ဟိုးအရင်ခေတ်တွေတုန်းကတော့ အစေခံခေါ်ကြတယ်။ လူသားချင်းစာနာတဲ့ခေတ်ဘာညာနဲ့ ဖြစ်လာတော့ အိမ်အကူ အိမ်အတွက် ကူဖော်လောင်ဖက်။ဒီဇာတ်လမ်းထဲမှာလည်း အိမ်အကူတွေရဲ့ ဖြတ်သန်းရပုံတွေပေါ့။ဇာတ်လမ်းအကျဉ်း အာရီရှာဆိုတဲ့ အမျိုးသမီးက အာရပ်ပြည်ကို အိမ်အကူလုပ်ငန်းလုပ်ဖို့ သမီး‌လေးကိုခွဲပြီး ရောက်ရှိလာသူဖြစ်ပါတယ်။ အိမ်အကူလုပ်တယ်ဆိုပေမဲ့ သတ္တိကတော့ မခေလှဘူး။ အလုပ်အေဂျင်စီကလူတွေနဲ့ ထိပ်တိုက်တွေ့တာလည်း ခဏခဏပါပဲ။ ဒီလိုဇနဲ့ အာရီရှာ အလုပ်ရတဲ့နေရာက မာမားလို့ခေါ်ကြတဲ့ အမျိုးသမီးကြီး ဩဇာညောင်းတဲ့ မော်ဆွမ်းနန်းတော်မှာပါ။လူတိုင်းသူ့စကားတစ်ခွန်းနဲ့ အကုန်ပြီးလောက်သည်ထိ အိမ်ကြီးရှင်မာမားနဲ့ မဟုတ်မခံ အာရီရှာတို့ နှစ်ဦးကြားက ဆက်ဆံရေးအဖုအထစ်တွေမှာ သူတို့နှစ်ဦး အဆင်ပြေသွားကြမလား တဦးနဲ့တဦးရန်ပဲဆောင်နေကြရမလားဆိုတာ အမျိုးသမီးနှစ်ယောက်ရဲ့ အားပြိုင်မှုကို ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ BpL , chiclon3,Thaik San , Aditi, Zwe Yan Naing, Yunni တို့ပဲဖြစ်ပါတယ်) File size…2.38GB /  1.12GB Quality…1080p ...
movie

Ayisha (2023)

2023