Channel Myanmar

Violet Rain

The Hidden Moon (2024) 9
The Hidden Moon (2024) မဟူရာလမင်း (၂၀၂၄)Miss Grand Myanmar မီးမီး အိအိအောင်ထွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ BL စီးရီးအသစ်လေး လာပါပြီ။ ထိုင်းဟော်ရာဖန်တွေအတွက် ကြမ်းကြမ်းရမ်းရမ်းနဲ့ ထူးဆန်းထွေလာအပြည့်နဲ့ ရိုမန့်လေးပါမကျန် ခံစားကြည့်ရှုရမယ့် သဘာဝလွန်ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။တောကြီးအလယ်က ရှေးအိမ်ကြီးတစ်အိမ်ကို အလုပ်သင်ဆင်းရင်းနဲ့ အဲဒီအိမ်ကြီးကို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ လုပ်ဆောင်ရမယ့်တာဝန်နဲ့ လာခဲ့ကြတဲ့ ခန်းတို့ သူငယ်ချင်းအုပ်စု၊ အိမ်ကြီးက ရှေးဟောင်းအိမ်ကြီးကို အနည်းငယ် ပြန်ပြင်ထားတာတောင် အရမ်းကို ခမ်းနားလွန်းပြီးတော့ ခြောက်ခြားစရာဖြစ်နေပါတယ်။ ဒီအိမ်ကြီးထဲမှာ ခန်းတို့သူငယ်ချင်းအုပ်စု အတူတူနေကြရင်းနဲ့ ဒီအိမ်ကြီးထဲကနေ ထူးခြားဆန်းကျယ်မှု, ခြောက်ခြားမှုတွေနဲ့အတူ ရက်စက်ကြမ်းကြုတ်တဲ့ လျှို့ဝှက်ချက်တွေ ဘယ်လိုပေါ်ထွက်လာပြီးတော့ ခန်းတို့သူငယ်ချင်းအုပ်စုတွေ ဘယ်လိုပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်)Genre..... BL, Drama, Mystery, Sci-fi & Fantasy Quality…. 1080p WEB-DL | 720p WEB-DL File ...
9
TMDb: 9/10 1 votes
tv

The Hidden Moon (2024)

2024
I Feel You Linger in the Air (2023)
I Feel You Linger in the Air (2023) I Feel Your Linger in the Air / စကားပွင့်ဝေ ချစ်သက်သေ (2023)"အချစ်သာစစ်မှန်နေမယ်ဆိုရင် အချိန်တွေခြားနေရင်တောင် ဆုံစည်းခွင့်ရနိုင်မှာပါ"မြစ်ကမ်းနံဘေးကအိမ်ဟောင်းကို ပြန်လည်ပြုပြင်ဖို့ အလုပ်လက်ခံလိုက်ထဲက ဂျုမ်ရဲ့အာရုံမှာ ဝိုးတဝါးပေါ်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံရိပ်၊ အိမ်ထဲမှာတွေ့ရတဲ့ထူးဆန်းတဲ့သစ်သားတစ်လုံးနဲ့ ဒီအိမ်ကြီးနဲ့ရင်းနှီးနေတဲ့ သူ့ရဲ့မသိစိတ်ကြောင့် ဂျုမ်တစ်ယောက် ခေါင်းရှုပ်နေရတာပေါ့။ဒါပေမဲ့လည်း UKကနေပြန်လာမယ့် ချစ်ရသူအုမ်နဲ့ တွေ့ရတော့မယ်ဆိုတဲ့အတွေးကသာ ကြီးစိုးနေတာကြောင့် ဒီအိမ်ကြီးနဲ့သူရဲ့ဆက်နွယ်မှုတွေကို သိပ်စိတ်ထဲမရောက်ခဲ့ပါဘူး။ဒါပေမဲ့ အုမ်ကတော့ ဂျုမ်ကိုပေးခဲ့တဲ့ကတိတွေကိုချိုးဖျက်လို့ သစ်စိမ်းချိုးချိုးပြီး လက်ထပ်တော့မယ်ဆိုတဲ့သတင်းဆိုးနဲ့အတူ ပြန်လာတာဖြစ်နေတဲ့အခါ ...၂ နှစ်တိတိ မျှော်လင့်ချက်တွေပေးခံရပြီးမှ သစ္စာဖောက်ခံရမှုကြောင့် ကိုယ်ရောစိတ်ပါပြိုလဲသွားတဲ့ဂျုမ်တစ်ယောက် မတော်တဆမှုပါထပ်ဖြစ်ပြီးတော့ မျောသွားပါတော့တယ်။"ဘဝသစ်တစ်ခုရဲ့အစသာ ဖြစ်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့ဘဝခရီးလမ်းကို ပိုင်ဆိုင်ပါရစေ"ဆိုတဲ့ တီးတိုးဆုတောင်းသံလေးနဲ့ ပြန်လည်နိုးထလာချိန်မှာတော့ ၁၉၂၀ ခုနှစ် ချင်းမိုင်မြို့မှာ ဂျုမ်တစ်ယောက် ပြန်လည်နိုးထလာပါတော့တယ်။ကံဆိုးခြင်းတွေကို ရင်ဝယ်ပိုက်ခဲ့ရတဲ့ဂျုမ်ကို ကံကောင်းခြင်းတွေဆောင်ကျဉ်းပေးမယ့်ဖူးစာရှင်နဲ့ ၁၉၂၀ မှာ ဆုံစည်းနိုင်မလား။ ဂျုမ်ရဲ့ဆုတောင်းကရော ပြည့်ဝနိုင်မလားဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Summer, Thada, ...

I Feel You Linger in the Air (2023)

2023