Channel Myanmar

Shin Won-ho

Resident Playbook (2025) [Complete] 8.8
Resident Playbook (2025) [Complete] Resident Playbook (2025) ************************* အပိုင်း (၁ မှ ၁၂) စ/ဆုံးနာမည်ကြီး "Hospital Playlist"ဇာတ်ကားရဲ့ spin-offဇာတ်လမ်းတွဲဖြစ်ပြီး တက္ကသိုလ်ဆေးရုံရဲ့ ပါမောက္ခနဲ့ဆရာဝန်တွေရဲ့ ဘဝနဲ့သူငယ်ချင်းသံယောဇဉ်တွေကို သရုပ်ဖော်ထားတဲ့ ဒီဇာတ်ကားလေးမှာတော့ ..Castတွေအဖြစ် "Moving, Death's Game"စတဲ့ ‌ဇာတ်ကားကောင်းတွေမှ မင်းသမီးချော Go Youn Jung, လတ်တလောအရမ်းနာမည်ကြီးခဲ့တဲ့ "When Life Gives You Tangerines" ဇာတ်ကားမှာ အွန်းမြောင်းအဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Kang You Seok တို့အပြင် တခြားသရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ် .. ။ဇာတ်လမ်းကတော့ .. ****************အခုလို မွေးဖွားနှုန်းကျဆင်းနေတဲ့ခေတ်မှာ ယူဂျယ်ဆေးရုံ ဂျုံရိုရုံးခွဲရဲ့ လူကြိုက်မများတဲ့ ဌာနဖြစ်တဲ့ သားဖွားမီးယပ်အထူးကုဌာနကို ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြတဲ့ ဘွဲ့လွန်ပထမနှစ် လက်ထောက်ဆရာဝန်လေးတွေရဲ့ နေ့ည မနားဘဲ အကောင်းဆုံးဆရာဝန်ဖြစ်လာဖို့ ကြိုးစားကြပုံကို ပြသထားတာဖြစ်ပါတယ် .. ။ချစ်စရာသူငယ်ချင်းဆက်ဆံရေးတွေနဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကိုပါ အများကြီး သိရှိရမှာဖြစ်လို့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း မလွတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။ (အညွှန်းကို Toe ...
8.8
TMDb: 8.8/10 1240 votes
tv

Resident Playbook (2025) [Complete]

2025
Reply 1988 (2015) [Complete] 8.8
Reply 1988 (2015) [Complete] Reply 1988 (2015) ********************* အပိုင်း (၁ မှ ၂၀) စ/ဆုံး  Reply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။ Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။ ၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ .... ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ ...
8.8
TMDb: 8.8/10 158 votes
tv

Reply 1988 (2015) [Complete]

2015
Hospital Playlist Goes Camping (2021) 9
Hospital Playlist Goes Camping (2021) Hospital Playlist Goes Camping (2021)Hospital Playlist နဲ့ Camping ဆိုရင် တွဲမြင်ကြပြီးသား ဖြစ်မှာပါ။Mi Do Fa La Sol အဖွဲ့လေးဟာဆိုရင်လည်း စခန်းချခရီးစဉ် အတူသွားဖြစ်ခဲ့ရာကနေ စတင်လာခဲ့တာပါ။စခန်းချခရီးစဉ် ဆိုတာကတော့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ တောင်ပေါ်ကို ညအိပ်ညနေ သွားကြတာမျိုးပါ။အခုခေတ် လူမှုဘဝနဲ့ ယှဉ်ရင် စခန်းချခရီးစဉ် သွားတဲ့အချိန်မှာ နှလုံးသားချင်းတွေ ပိုပြီး နီးကပ်နိုင်ကြပါတဘ်။တောကြီးမျက်မည်းထဲမှာ ဖြစ်တဲ့အတွက် စကားပြောမယ့်လူက သွားတဲ့ ခရီးသွားအဖွဲ့တစ်ဖွဲ့ပဲ ဖြစ်မှာပါ။ ဒီတော့ လူမှုကွန်ရက်တို့ ဖုန်းတို့နဲ့ ကင်းဝေးပြီး လူလူချင်း စကားတွေ ဖောင်ဖွဲ့နေအောင် ပြောနိုင်ကြမယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ရင်းနှီးတဲ့လူတွေ သွားရင်တော့ နှလုံးသားတွေ ပိုလို့ နွေးထွေးရတာပေါ့။ အခင်မင်ဆုံးသူငယ်ချင်းတွေ သွားတဲ့ ခရီးစဉ်ဟာ သံယောဇဉ်ကြိုးတွေကို ပိုလို့ တိုးစေမှာ အမှန်ပါပဲ။ဒီအစီအစဉ်လေးကတော့ နွေးထွေးမှုရှိပြီးသား ဖြစ်တဲ့ Hospital Playlist Squad ထဲက သူငယ်ချင်း ၅ ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ...
9
TMDb: 9/10 1 votes
tv

Hospital Playlist Goes Camping (2021)

2021
Hospital Playlist Season 2 (2021) 8.8
Hospital Playlist Season 2 (2021) Hospital Playlist Season 2 (2021)Hospital Playlist ဆိုတာနဲ့ ဘာပြေးမြင်မိလဲ?ကျွန်တော်ကတော့ "နွေးထွေးမှု" ပဲ ပြေးမြင်မိတယ်။နွေးထွေးမှုထဲမှာမှ လူသားဆန်တဲ့ နွေးထွေးမှု၊ လူသားဆန်တဲ့ ချစ်ခြင်းတရား။နွေးထွေးမှုဆိုတာ ဘာကို ပြောပါသလဲ?ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ်အခက်ကြုံနေချိန်မှာ ကိုယ်နဲ့အတူ ရပ်တည်ပေးတဲ့လူရှိလို့ ရလာတဲ့ ခံစားမှုက နွေးထွေးမှုပါပဲ။ကိုယ်အဆင်ပြေတဲ့အချိန် ကိုယ်အောင်မြင်တဲ့အချိန်မှာ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားပေးတာက နွေးထွေးမှုပါပဲ။ဘဝ ဆိုတဲ့လမ်းက ကြမ်းပါတယ်။ ကြမ်းတမ်းတဲ့ ဘဝလမ်းမှာ နွေးထွေးမှုလေးတွေနဲ့ လျှောက်လှမ်းရရင်တော့ ဘယ်လောက်ခက်ခဲပါစေ ရင်ဆိုင်နိုင်ကြမှာပါပဲ။သက်ဆုံးတိုင်လျှောက်ရမယ့်ဘဝမှာ နွေးထွေးမှုတွေနဲ့ ကမ်းလင့်ပေးတဲ့ လက်အစုံကို လူတိုင်း လိုချင်ကြတာပေါ့။ဒီလိုကမ်းလင့်တတ်တဲ့ လက်အစုံကို လူတိုင်း မရနိုင်ပါဘူး။ ရတဲ့လူတွေက ကံကောင်းတဲ့လူတွေပါပဲ။လူမှန်ရင် ရုပ်ပိုင်းဆိုင်ရာချည်း ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဘဝဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လည်း လိုပါတယ်။ဒီလို စိတ်ဓာတ်ခွန်အားမျိုးကို မေတ္တာတရားကနေပဲ ရနိုင်ပါတယ်။ဒီဇာတ်လမ်းကတော့ သူငယ်ချင်းတွေရဲ့မိသားစုဆန်တဲ့ မေတ္တာတရားမျိုးကို အမွှမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မေတ္တာတရားက ...
8.8
TMDb: 8.8/10 23 votes
tv

Hospital Playlist Season 2 (2021)

2021
Reply 1997 {Complete} 8
Reply 1997 {Complete} Reply စီးရီးတွေကတော့ ကိုရီးယားဒရာမာလောကမှာ နာမည်ကြီး စီးရီးတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ နားတဝိုက်မှာ မွေးဖွားခဲ့တဲ့သူတွေရဲ့ ဘဝဖြတ်သန်းပုံတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ရဲ့ အငွေ့အသက်တွေက နွေးထွေးမှု ပိုရှိတယ်လို့ ခံစားရပါတယ်။ နည်းပညာတွေ အရမ်းမဖွံ့ဖြိုးခဲ့သေးတဲ့ အချိန်ဖြစ်ခဲ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုမိုနွေးထွေးခဲ့ကြပါတယ်။ ပိုမိုရင်းနှီးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းမှာ အခြေတည်ထားတာက‌တော့ "သူငယ်ချင်း" ဆိုတဲ့ စကားရပ်ပါပဲ။ Reply 1997 ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဘူဆန်မြို့က သူငယ်ချင်း ၆ ယောက်ရဲ့ ၁၈ နှစ် အရွယ်ဘဝတွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ၂၀၁၂ ခုနှစ် မှာတော့ ၃၃ နှစ် အရွယ်ကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ သူငယ်ချင်းဟောင်းတွေ ပြန်လည်တွေ့ဆုံပြီး ညစာစားပွဲ ပြုလုပ်တဲ့အချိန်မှာ စုံတွဲတစ်တွဲက သူတို့လက်ထပ်ကြတော့မယ့်အကြောင်း ကြော်ငြာကြတဲ့အချိန်မှာ ..... ကဲ ...... ၉၀ ခုနှစ် အလွန်တွေကို သတိရတမ်းတစိတ်တွေနဲ့ ပြန်သွားလိုက်ကြရအောင်ပါဗျာ။ ဘာသာပြန်ထားသူတွေကတော့ August, Phue Nge Nge Thein, Naw Phoo, Dolly, Pyae Shan Tun ...
8
TMDb: 8/10 23 votes
tv

Reply 1997 {Complete}

2012