Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Reema Kagti
7.257
Made in Heaven (2019)
Made in Heaven (2019) မင်္ဂလာပွဲအေဂျင်စီဒီစီးရီးလေးကတော့ Amazon Prime Video ကနေ တင်ဆက်ထားတဲ့ စီးရီးဖြစ်ပြီးတော့ စီစင်၂ခုထွက်ထားပါတယ်။ဒီစီးရီးမှာဆိုရင် အိန္ဒိယလူမှုအသိုင်းအဝိုင်းရဲ့ မင်္ဂလာပွဲကိစ္စတွေနဲ့ လူမှုရေးရှုပ်ထွေးမှုတွေကို မြင်တွေ့ရမဲ့ စီးရီးလေးဖြစ်ပါတယ်။တာရာနဲ့ ကာရန်တိုဟာ Made in Heavenဆိုတဲ့ မင်္ဂလာပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။သူတိုဟာ လုပ်ငန်းတည်ထောင်လာခဲ့တာ ၂နှစ်လောက်ကြာလာတဲ့အချိန်မှာတော့ သူတိုဆီကို တော်ဝင်မိသားစုဆီကနေ မင်္ဂလာပွဲအပ်နှံဖို ရောက်လာခဲ့ပါတယ်။ဒီမင်္ဂလာပွဲကို အောင်မြင်အောင်လုပ်ပေးနိုင်ရင် သူတိုလုပ်ငန်းလည်းပိုမိုပြီး အောင်မြင်လာနိုင်ချေများတဲ့အတွက် ကြိုးစားပြီး လုပ်ကိုင်ခဲ့ပါတယ်။သိုပေမဲ့လည်း ဒီတော်ဝင်မိသားစုမှာက လူမှုရေးပြဿနာတွေ များလွန်းပြီးတော့ မင်္ဂလာပွဲပျက်ခါနီးအခြေအနေထိ ဖြစ်လာတဲ့အခါမှာတော့ .......... တာရာနဲ့ ကာရန်တို တော်ဝင်မိသားစုရဲ့ မင်္ဂလာပွဲကို မပျက်အောင် ဖြစ်နေတဲ့ပြဿနာတွေကို ကြားဝင်ပြီး ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ....တော်ဝင်မိသားစုအတွင်းမှာဖြစ်နေတဲ့ အရှုပ်တော်ပုံကရော ဘယ်လိုတွေ ရှုပ်ထွေးနေတာလဲ ....ဘယ်လောက်ထိအောင်တောင် ရှုပ်ထွေးနေလဲ... ဆိုတာကိုကြည့်ရှုရမဲ့ လူမှုရေးပြဿနာတွေ တစ်သီကြီးနဲ့ လူ့ဘဝရဲ့ ရှုပ်ထွေးပွေလီများစွာကို ကြည့်ရှုရမဲ့ စီးရီးကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size ...
7.257
TMDb:
7.257/10
35 votes
tv
Made in Heaven (2019)
2019
6.2
Dahaad (2023) Complete
Dahaad 2023 ( IMDb 7.8/10)ပုရိသတို့အသည်းစွဲ ဆိုနားက်ရှီဆင်းန်ဟာလေးဟာဆိုရင် ဒီကားထဲမှာ သဘာဝအတိုင်းလှပပြီး သရုပ်ဆောင်ချက် အပိုအလိုမရှိတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျအိန္ဒိယရုပ်ရှင်လောကဟာ နှစ်ကြာလာတာနဲ့အမျှ အရည်အသွေးတွေ တဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး Amazon TV ကနေ streaming လုပ်ပေးခဲ့တဲ့ ဒီ Web series ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူးဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ best serie ဆုအတွက် ယှဉ်ပြိုင်ဖို့ ပြသခွင့်ရထားတဲ့ဇာတ်လမ်းလေးပါ ဘာတွေများကောင်းနေလို့ အင်တာနေရှင်နယ်လယ်ဗယ်လောက်ရောက်နေတာလဲဆိုတော့ ဇာတ်လမ်းတည်ထားတာက ဆိုက်ကိုလူသတ်သမား serial killer အကြောင်းပါ အချိတ်အဆက်မမိရင်ဂွမ်း မရိုက်တတ်ရင် မင်းသားက ပါဝါရိန်းဂျားဖြစ်ရင်ဖြစ် မဟုတ်ရင် လူဆိုးက လုံးဝဖမ်းမမိနိုင်တဲ့ god နီးပါးကြမ်း စသဖြင့် plot hole ပေါင်းများစွာရှိနိုင်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရဲမေအန်ဂျလီဘာတီက လူပျောက်မှုတွေကို ခိုးရာလိုက်တာလား ပြန်ပေးဆွဲခံရတာလား လိုက်စုံစမ်းရင်း ကွင်းဆက်လူသတ်မှုအဖြစ် ခြေရာခံမိလာတဲ့အခါ...... အဓိကဇာတ်ဆောင်တွေအပြင် ဇာတ်ပို့တွေလဲအားကောင်း ဘာသာရေးနိုင်ငံရေးပဋိပက္ခတွေကိုပါ side story အနေနဲ့ မသိမသာထည့်ပြသွားတာမို့ အချိန်ပေးကြည့်ရတာတန်မဲ့ဇာတ်ကားတစ်ကားပါ သည်းထိပ်ရင်ဖို thriller ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီ series လေးကိုလက်မလွှတ်ကြဖို့ အကြံပေးရင်း ...
6.2
TMDb:
6.2/10
5 votes
tv
Dahaad (2023) Complete
2023