Channel Myanmar

Rangita Pritish Nandy

The Royals (2025) 6.5
The Royals (2025) The Royals (2025) season 1 "ခေတ်သစ် တော်၀င်ချစ်ပုံပြင် "ဒီတစ်ခါမှာတော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြား ရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီစကားပြော အချစ်-ဟာသစီးရီးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာ အခြေအနေဓလေ့စရိုက်ချင်း လုံး၀မတူတဲ့ လူနှစ်ဦးရဲ့အချစ်‌ကိစ္စနဲ့ ခေတ်သစ်တော်၀င်မိသားစုအကြောင်းကို ထူးထူးခြားခြားလေး ဖန်တီးရိုက်ကူးထားတာပါ။ထူးချွန်ထက်မြက်ပြီး ကိုယ့်ခြေထောက်ပေါ်ရပ်တည်နေတဲ့ ဆိုရှယ်‌ကျတဲ့ လူငယ်အမျိုးသမီးစီအီးအို ဆိုဖီယာ...ဘ၀ကိုနေပျော်သလိုဖြတ်သန်းနေရာက ရုတ်တရက်ကြီး ဖခင်ရဲ့ထီးနန်းကိုဆက်ခံလိုက်ရတဲ့ ခေတ်သစ် တော်၀င်မျိုးနွယ်မင်းသား အာဗီရာ့ဂ်ျ ခေါ် ဖစ်ဇီ...ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်ကြိုးစားမှုနဲ့ လုပ်ငန်းရှင်ဘ၀ရောက်လာတဲ့ အမျိုးသမီးငယ်နဲ့ရွှေဇွန်းကိုက်မွေးဖွားပြီး ဘ၀ကိုသက်သောင့်သက်သာ ဖြတ်သန်းလာရတဲ့ တော်၀င်မင်းသားတို့ရဲ့ကနဦးတွေ့ဆုံမှုကတော့ အတော်လေးကို ဖြစ်ကတတ်ဆန်းနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။နှစ်ယောက်သား ဘုဘောက်အခြေအနေနဲ့ အဆုံးသတ်ခဲ့ပေမဲ့ အလုပ်ကိစ္စတစ်ခုကြောင့် ပြန်လည်ဆုံဆည်းရဖို့ ဖြစ်လာတဲ့အခါ...။ဆိုဖီယာနဲ့အာဗီရာ့ဂ်ျတို့ရဲ့ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်မလဲ၊ တော်၀င်မိသားစု၀င်တွေရော ဘာဆက်ဖြစ်ကြမလဲဆိုတာ... စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)File Size –1 ...
6.5
TMDb: 6.5/10 6 votes
tv

The Royals (2025)

2025
Ziddi Girls (2025)
Ziddi Girls (2025) Ziddi Girls 2025 မုန်တိုင်းထဲကပန်းလေးများImdb 6.3 ဒေလီမြို့ရဲ့ နာမည်ကြီးကျောင်းဖြစ်တဲ့ Matilda House အမျိုးသမီးကောလိပ်ရဲ့ တံခါးဝကို ခြေချလိုက်တဲ့ Gen Z မိန်းမငယ်ငါးယောက်... တစ်ယောက်စီမှာ မတူညီတဲ့ အိပ်မက်တွေ စိတ်အားထက်သန်မှုတွေနဲ့ ကိုယ်ပိုင်ဟန်တွေရှိကြတယ် အတ္တများတဲ့လူ၊ လွတ်လပ်မှုကို မြတ်နိုးတဲ့လူ၊ မိသားစုကို ဦးစားပေးတဲ့လူ၊ အနုပညာကို မြတ်နိုးတဲ့လူ နဲ့ တည်ငြိမ်အေးဆေးတဲ့လူ.. သူတို့ငါးယောက်ဟာ မထင်မှတ်ဘဲ တစ်ခန်းတည်းနေအဖော်တွေဖြစ်လာကြပြီး အဲဒီကနေ စလို့ ရယ်မောစရာတွေ စိတ်ခုစရာတွေ အတူတူရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကောလိပ်ဘဝရဲ့ စွန့်စားခန်းတွေ စတင်ပါတော့တယ်ပထမနှစ်ရဲ့ ဖိအားတွေ လူငယ်ဘဝရဲ့ အချစ်ရေးရှုပ်ထွေးမှုတွေကြားမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ခိုင်မာတဲ့ သူငယ်ချင်းတွေ ဖြစ်လာကြပေမဲ့ သူတို့ရဲ့ ပျော်ရွှင်စရာကမ္ဘာလေးက ထင်မထားတဲ့ပြင်ပကရန်သူတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်လာရတဲ့အခါ... ဒီခပ်ဆိုးဆိုး မိန်းကလေးငါးယောက်က သူတို့ရဲ့ ကောလိပ်ကို ကာကွယ်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ တုံ့ပြန်ကြမလဲ သူတို့ရဲ့ စည်းလုံးညီညွတ်မှုက အရာအားလုံးကိုကျော်လွှားနိုင်မှာလား ...

Ziddi Girls (2025)

2025
Modern Love: Mumbai (2022) Complete 8
Modern Love: Mumbai (2022) Complete Modern Love MumbaiIMDb rating - 8/10အချစ်လို့ကြားလိုက်ရတာနဲ့ သစ်လွင်လှပမြူးကြွတဲ့ဘဝတစ်စိတ်တစ်ပိုင်းကို မြင်ယောင်ကြပေမယ့် နေ့စဥ်ဒုက္ခလှလှတွေကို မေ့တတ်ကြတယ်ဒီကားထဲမှာတော့ သဘာဝနဲ့ ပတ်ဝန်းကျင်ရဲ့ တင်းကျပ်သတ်မှတ်ချက်တွေနဲ့ နေ့စဥ်ဒုက္ခလှလှတွေကို အချစ်နဲ့ကျော်ဖြတ်သွားကြပုံလေး ရိုက်ပြထားတယ်အခါးသံသရာကို အချစ်ချိုချိုလေးတွေနဲ့ ဘယ်လိုတွေအနိုင်ယူမလဲ.........Episode 1အိန္ဒိယထုံးစံ ဇာတ်အနိမ့်အမြင့်တွေကြားက အချစ် ကန့်သတ်ထိန်းချုပ်မှုတွေကြားက မိန်းကလေး တစ်ယောက် ဘဝ ဇာတ်အနိမ့်အမြင့်ကွာခြားမှုတွေကြားက စွန့်စားပြီးချစ်ခဲ့ရသူက စွန့်ခွာသွားတဲ့အချိန် ထင်သလိုမျှော်လင့်စောင့်စားမနေပဲ ကိုယ့်ဘဝကိုယ်စတင်ပြောင်းလဲနေတဲ့ကောင်မလေးတစ်ယောက်.. ကန့်သတ်ချက်တွေ တင်းကျပ်မှုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လိုကျော်ဖြတ်ပြသွားမလဲEpisode 2ကြီးပြင်းလာခဲ့ရတဲ့ ဘဝရဲ့အတိတ်ဖြစ်ရပ်တွေကထပ်ကြပ်မကွာလိုက်နေခဲ့တာမို့ Gayတစ်ယောက်အဖြစ်ဝန်မခံချင်ခဲ့တဲ့ မန်ဇူ သားအရင်းအချာပမာပြုစုပျိုးထောင်ပေးခဲ့တဲ့အဖွားစိတ်ပျက်သွားမှာကြောက်လို့ အချစ်ကိုဝန်မခံရဲခဲ့သူ..မိဘတွေကလည်း Gayတစ်ယောက်အဖြစ်လက်မခံခဲ့လို့ ပင်ပန်းနေတဲ့သူ့ဘဝထဲ ဘယ်လိုအလှည့်အပြောင်းတွေကြုံတွေ့လာမလဲ...Episode 3တရုတ်နဲ့ အိန္ဒိယစပ်ကာ မွေးဖွားလာပြီး တရုတ်ပြည်မှာပဲ အခြေချ နေထိုင်နေတဲ့သူအမေဖြစ်သူ တရုတ်လူမျိုးက သူ့သားကို တရုတ်မနဲ့ပဲ ယူစေချင်ပြီး သူ့သားချစ်သူ အိန္ဒိယမနဲ့ သဘောမတူတဲ့အခါ...အမေနဲ့ ချစ်သူကြား ဗျာများနေရတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်Episode 4အချစ်မှာ အသက်ဆိုတာဟာကိန်းဂဏန်းတစ်ခုပါပဲ အသက်၂၀လောက်ကွာခြားနေတဲ့ ၄၀ကျော်နဲ့ ၂၀ကျော်အချစ်အကြောင် းရိုက်ကူးတင်ဆက်ထားတဲ့ ဒီအပိုင်းဟာဆိုရင်လည်း ချစ်နေဖို့သာအဓိကဆိုတဲ့ ဝေါဟာရကို ပုံဖော်ထားပါတယ်Episode 5ရွေးလေ လိုလေ အိုတစ္ဆေဖြစ်နေတဲ့ အပျိုကြီးမမတစ်ယောက်လိုအပ်ချက်မရှိ သူနဲ့ကိုက်ညီတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ရှိသွားတဲ့အခါ...Episode 6အိမ်မှုကိစ္စအဝဝနဲ့ ယောင်္ကျားကိုပံ့ပိုးရင်း ဝါသနာတွေမှေးမှိန်ခဲ့ရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ ...
8
TMDb: 8/10 1 votes
tv

Modern Love: Mumbai (2022) Complete

2022