Channel Myanmar

Peter Moffat

61st Street (2022) 6.9
61st Street (2022) မိုဆတ်ဂျွန်ဆင်ဟာ တောက်ပတဲ့အနာဂတ်နဲ့အလားအလာကောင်းတွေနဲ့ကျောင်းသားအားကစားသမားလူမည်းလူငယ်တစ်ယောက်ပါ။ သူတို့နေထိုင်ရာရပ်ကွက်ဟာ ဆင်းရဲသားရပ်ကွက်ပီပီမူးယစ်ဂိုဏ်းဝင်တွေ၊ဒုစရိုက်သမားတွေဒွေးရောယှက်တင် ကျက်စားနေတဲ့နေရာပါပဲ။ သူကတော့ မကြာခင်မှာပညာသင်ဆုနဲ့မြို့ကြီးမှာကောလိပ်တက်ဖို့သွားရတော့မှာဖြစ်ပြီး အဲ့ဒီလိုမသွားခင် တစ်ညနေမှာ သူတို့အိမ်နားက မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းကို ရဲတပ်ဖွဲ့ကဝင်စီးတဲ့အချိန်နဲ့တိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေကြားမှာ သူ့ကြောင့် ရဲတစ်ယောက်သေဆုံးသွားတဲ့အဖြစ်ကိုကြုံခဲ့ရပါတယ်။Black life matters movement လိုဖြစ်စဉ်မျိုးတွေကြောင့် ရဲတပ်ဖွဲ့ကိုလူတွေမျက်မုန်းကျိုးနေကြတဲ့အချိန်၊ ရဲတပ်ဖွဲ့ထဲကလူတွေကလည်း ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ဘက်ကဂုဏ်သိက္ခာကိုပြန်အဖတ်ဆည်ရမယ့်အခြေအနေတွေရှိတာကြောင့် မိုဆတ် ကိုစံပြအနေနဲ့တရားစီရင်ဖို့ အသေအလဲကြိုးစားကြတော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ သူ့ဘက်ကရပ်တည်ပေးမယ့်သူကတော့ ဖရန်ကလင်ရောဘတ်ဆိုတဲ့ အငြိမ်းစားယူကာနီးရှေ့နေတစ်ဦးဖြစ်ပြီးသူတို့ရဲ့ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် တရားရေးစနစ်ရဲ့ဘက်လိုက်မှု၊မျက်ကွယ်ပြုမှုတွေကို တိုက်ဖျက်ဖို့ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ ရောဘတ်ကိုယ်တိုင်ကလည်း ကင်ဆာရောဂါကြောင့် ဘ၀ဆုံးတော့မယ့်အခြေအနေကြုံနေရတဲ့အတွက် သူ့ရှေ့နေသက်တမ်းတစ်လျှောက်နောက်ဆုံးအနေနဲ့အပြောင်းအလဲလေးတစ်ခုအရာထင်အောင်ကြိုးစားသွားမှာပါပဲ။တစ်ဖက်မှာတော့ တရားရေးစနစ်ရဲ့အထက်စီး အတွင်းစည်းက လူဖြူလူများစုအင်အားကြီးတဲ့ အုပ်စုတစ်ခုဖြစ်ပြီး၊ တစ်ဖက်ကတော့ မွေးရာပါလူမည်းဖြစ်နေရုံနဲ့အဖိနှိပ်ခံ၊ဩဇာကင်းမဲ့တဲ့ လူနည်းစုဖြစ်နေပါတယ်။ သူတို့နှစ်ဘက်ရဲ့အားပြိုင်မှုကိုသရုပ်ဆောင်အင်အားကောင်းကောင်းနဲ့ရှုစားကြရမယ့် Crime/Drama ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ် File size…(874 MB)/(440 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:45:00 Genre...Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias   Season 1 Episode 1 720p  -  Yoteshin / Megaup / Telegram ...
6.9
TMDb: 6.9/10 14 votes
tv

61st Street (2022)

2022
Your Honor Season 1 (2020) 8.172
Your Honor Season 1 (2020) ဒီလောကကြီးမှာ တရားမျှတမှုဆိုတဲ့ စကားလုံးနဲ့ လူတိုင်း မစိမ်းကြပါဘူး တရားမျှတမှု ဆိုတာနဲ့အတူ မတရားမှုဆိုတာလည်း ဒွန်တွဲရှိနေပါသေးတယ်ဒီလိုနဲ့ တရားမျှတမှုဘက်တော်သားတွေနဲ့ မတရားသူတွေဆိုတာလည်း အလိုလို ပေါ်လာတယ် ဒါပေမဲ့ တရားမျှတမှုဘက်တော်သားတိုင်း တကယ်တရားမျှတမှုရှိကြရဲ့လား .. လောကီရေးရာတွေ သံယောဇဉ်ဆိုတာတွေ ပါလာတဲ့အခါ တရားမျှတမှုတစ်ခု ဖန်တီးပေးလိုက်ရင် ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် ထိခိုက်ရမယ်ဆိုရင် တရားမျှတမှုကို လိုချင်ပါဦးမလား ...မိုက်ကယ်ဒက်စီယာတိုဆိုတာ တရားသူကြီးတစ်ဦးပါ .. သူဟာ လူတိုင်းကို စာနာတတ်သူဖြစ်လို့ တရားခံအများစုကို အတတ်နိုင်ဆုံးအပြစ်လွတ်အောင် စီရင်ချက် ချတတ်ပါတယ် .. ဒီလိုလုပ်တတ်တဲ့ သူ့အကျင့်ကို ဥပဒေလောကသားတွေကတော့ သိပ်တော့ သဘောမတွေ့လှပါဘူး သူတို့ဖြစ်စေချင်တာက အပြစ်ရှိရင် အပြစ်ပေးရမယ် ညှာတာနေဖို့ မလိုဘူးပေါ့ .. ဒါပေမဲ့ အထက်မှာပြောခဲ့သလို မိုက်ကယ်ကား မေတ္တာရှင်ကြီး ...ဒီလိုနဲ့ တစ်နေ့မှာ မိုက်ကယ့်ရဲ့သားဖြစ်သူ အဒမ်ဟာ ... လမ်းပေါ်မှာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ထွက်ပြေးလာခဲ့ပါတယ် ..အစပိုင်းမှာတော့ မိုက်ကယ်ဟာ ဒီကိစ္စကို တရားဥပဒေအရ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ...
8.172
TMDb: 8.172/10 1311 votes
tv

Your Honor Season 1 (2020)

2020