Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Huyck
7.4
The Studio (2025)
The Studio (2025)IMDb Rating (8.1) / Rotten Tomatoes (95%) ဟာသသရုပ်ဆောင် Seth Rogen ကိုယ်တိုင်ဖန်တီးရိုက်ကူးထားတဲ့ ဒီစီးရီးက ဟောလီးဝုဒ်ရဲ့ စီးပွားရေးဆန်လာတဲ့ အခြေအနေတွေကို လှောင်ထားတဲ့ စီးရီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း‘မက်ရမ်မစ်’ဆိုတဲ့ စီမံခန့်ခွဲသူက သူ ဆယ်စုနှစ် ၂ ခုစာလောက် အလုပ်လုပ်လာတဲ့ ‘ကွန်တီနန်တယ်စတူဒီယို’ရဲ့ အမှုဆောင်ဦးစီးအဖြစ် ရာထူးတက်သွားတယ်။ရာထူးတက်သွားပြီဆိုတာနဲ့ သူက ဘယ်လိုမျိုးအနုပညာလက်ရာတွေကို ချပြမှာ၊ ဘယ်လိုကားကောင်းတွေကိုပဲ ထုတ်မှာ ဘာညာသာရကာဆိုပြီး ကြွားလုံးထုတ်တော့တာပါပဲ။တကယ်တော့ သူအဲ့ရာထူးရလာတာကိုက Barbie ရုပ်ရှင်လိုမျိုး Kool-Aid အချိုရည်ကို ဘရန်းကြော်ငြာတဲ့ရုပ်ရှင်တစ်ကား ရိုက်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ရာထူးတက်လာတာ။ရုံတင်ဝင်ငွေကောင်းတဲ့ရုပ်ရှင်ကားကိုရိုက်မလား၊ အော်စကာတွေ ပတ်သိမ်းမယ့်ဂန္တဝင်ရုပ်ရှင်ကားကို ရိုက်မလားလို့ သူ့ကိုလာမေးရင် သူက နှစ်ခုလုံးကို ရအောင်လုပ်ပြချင်တာပါတဲ့။သူ့ရဲ့ စိတ်ကူးအိပ်မက်တွေက တခြား၊ တကယ်လက်တွေ့လုပ်နေရတာတွေက တခြားနဲ့ မက်တစ်ယောက် ဘယ်လိုမျိုး အလွဲတွေကို ရင်ဆိုင်ရမလဲဆိုတာကို ရယ်မောဖွယ် မြင်တွေ့ရမှာ ...
7.4
TMDb:
7.4/10
38 votes
tv
The Studio (2025)
2025
6.7
White House Plumbers (2023)
၁၉၇၄ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် နှုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဝါးတားဂိတ်အရှုပ်တော်ပုံကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမ္မတ ရစ်ချက်နစ်ဆင်ဟာ ၁၉၆၉ ခုနှစ် ကနေ ၁၉၇၂ ခုနှစ်ထိ သမ္မတရာထူးတစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် နောက်ထပ်တစ်ကြိမ် ပြန်အရွေးခံရဖို့အတွက် ကြိုးပမ်းရင်း ဒီဝါးတားဂိတ်အရှုပ်တော်ပုံဆိုတာ ပေါ်လာခဲ့ရခြင်းပဲဖြစ်ပါတယ်။ နစ်ဆင်အနိုင်ရဖို့ သမ္မတပြန်လည်ရွေးကောက်ရေးကော်မတီပါဖွဲ့ခဲ့ပြီး ပြိုင်ဘက်အမတ်လောင်းရဲ့ ဒီမိုကရက်တစ်ပါတီ နေရှင်နယ်ဌာနချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အဆောက်အအုံကို ဖောက်ထွင်းဝင်ပြီး အသံဖမ်းစက်တွေတပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ နစ်ဆင်ထောက်ခံသူ မျိုးချစ်နှစ်ယောက်ဖြစ်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်းဂေါ်ဒန်လစ်ဒီနဲ့ စီအိုင်အေအေးဂျင့်ဟောင်း ဟားဝပ်ဒ်ဟန့်တ်တို့က အဲဒီဖောက်ထွင်းမှုတွေကို ဦးဆောင်ခဲ့ပုံတွေအကြောင်း တင်ဆက်ထားပါတယ်။ နိုင်ငံရေးဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပေမဲ့ စိတ်လှုပ်ရှားစရာအက်ရှင်ကားမျိုးအနေနဲ့ ကြည့်ရမှာမဟုတ်ဘဲ အေးဂျင့်၂ ယောက် ဝါးတားဂိတ်ရုံးခန်းထဲဝင်ရဖို့ အကြိမ်ကြိမ်ကျရှုံးပုံတွေကို ပြုံးချင်စရာကောင်းအောင်တင်ဆက်ထားတဲ့ သရော်ဇာတ်လမ်းမျိုး (Political Satire) ဖြစ်ပါတယ်။ HBO ကထုတ်ထားတာဖြစ်ပြီး Cast တွေကလည်း Now you see ...
6.7
TMDb:
6.7/10
32 votes
tv
White House Plumbers (2023)
2023