Channel Myanmar

Miguel Cohan

Caught (2024) Atrapados S1 [ Complete ] 9
Caught (2024) Atrapados S1 [ Complete ] Season 1အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး  နိုင်ငံခြားစာရေးဆရာတွေထဲမှာ Harlan Coben ကနာမည်တော်တော်ကြီးပြီး သူ့စာအုပ်တွေ ၀တ္ထုတွေကိုနာမည်ကြီးရုပ်ရှင်တွေပြန်ရိုက်ထားတာတွေအများကြီးရှိပါတယ်။ဒါပေမယ့် အမေရိကန်တို့ ယူကေတို့ကပဲယူရိုက်ကြတာများပြီးအခုတင်ဆက်ပေးမဲ့ Series လေးကတော့ သူ့၀တ္ထုကိုအာဂျန်တီးနားက ပထမဆုံးအနေနဲ့ Series တစ်ခုဖြစ်အောင်ပြန်လည်ယူရိုက်ထားတာဖြစ်ပါတယ်။အမျိုးအစားက မှုခင်းသည်းထိပ်ရင်ဖိုဖြစ်တဲ့အတွက် စုံထောက်ကားတွေကြည့်ရတာကြိုက်တဲ့ စုံထောက်လောင်းတွေအတွက်သဘောတွေ့စေမဲ့ Series တစ်ခုဖြစ်ပါတယ်။နာမည်ကတော့ Caught လို့တစ်လုံးတည်းပေးထားပြီးလက်ရှိ IMDb Rating ကလည်း 6.3 အထိရရှိထားလို့ကြည့်ရှုသူတွေအကြိုက်တွေ့ကြတယ်ဆိုတာကတော့ငြင်းလို့မရပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ အမ်မာဂရိုင်းလို့ခေါ်တဲ့ဒစ်ဂျစ်တယ်မီဒီယာရဲ့ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး သူကCaught လို့ခေါ်တဲ့ ရာဇဝတ်မှုတွေ မတရားမှုတွေကိုမိအောင်ဖမ်းပြီးဖော်ထုတ်တဲ့ အစီအစဉ်နဲ့နာမည်ကြီးနေတာဖြစ်ပါတယ်။သူက အဲ့လိုမတရားမှုတွေမြင်လာပြီဆို မတွေ့တွေ့အောင်ဖော်ထုတ်တတ်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့ကိုအားပေးတဲ့လူတွေရှိသလို မုန်းနေတဲ့လူတွေကလည်းရှိနေပါတော့တယ်။ဒီ Series ထဲမှာတော့ အမ်မာ့အတွက်အဓိကစုံစမ်းရမဲ့အမှုကအွန်လိုင်းဂိမ်းတစ်ခုကနေ ကလေးတွေကိုဖြားယောင်းသွေးဆောင်နေတဲ့ ကလေးအကြမ်းဖက်သူတစ်ယောက်ကိုဖော်ထုတ်ရမှာပဲဖြစ်ပါတယ်။အမ်မာလည်း သူ့ထုံးစံအတိုင်း သူ့ရဲ့ဂျာနယ်လစ်ပညာတွေကိုအကုန်ထုတ်သုံးရင်းနဲ့ စုံစမ်းခဲ့ရာမှာ တရားခံတစ်ယောက်ကိုတွေ့ခဲ့ရပေမဲ့ အဲ့ဒီတရားခံက တကယ့်တရားခံအစစ်သေချာရဲ့လားဆိုတာကို တရားခံကိုလွယ်လွယ်နဲ့ပြထားပြီးနောက်ဆက်တွဲအဖြစ်မှန်တွေကိုမှ ပိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့အတွက် ...
9
TMDb: 9/10 4 votes
tv

Caught (2024) Atrapados S1 [ Complete ]

2025