Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin Abbott
4.667
Happy’s Place (2024) Season 1 [Complete]
Season 1အပိုင်း ( ၁ မှ ၁၈ ) အထိ စ / ဆုံး The Big Bang Theory တို့ Young Sheldon တို့ The Officeတို့ဆိုတဲ့ နာမည်ကြီးဟာသရှိုးတွေကို Sitcom လို့ခေါ်ကြပါတယ်။တီဗီမှာပြသတဲ့ဟာသရှိုးတွေဖြစ်ပြီး ဟာသရုပ်ရှင်ကားတွေနဲ့မတူဘဲတစ်မူထူးခြားရယ်ရတဲ့ရှိုးမျိုးတွေဖြစ်ပါတယ်။အခုလည်းအသစ်ထွက်ရှိလာတဲ့ Sitcom ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Happy's Place ဖြစ်ပြီး လက်ရှိIMDb Rating 5.3 အထိရရှိထားပါတယ်။ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်းနာမည်ကြီးသရုပ်ဆောင်တွေပဲဖြစ်တဲ့အတွက် တစ်နေ့တာအမောအပန်းတွေဖြေဖျောက်ချင်ရင်တော့ရွေးချယ်ကြည့်ရှုဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းကိုတော့ နာမည်အတိုင်းပဲ Happy's Place လို့ခေါ်တဲ့အရက်ဆိုင်မှာတည်ထားပြီး အဲ့ဒီဆိုင်ကိုဦးစီးနေသူကတော့ဘော်ဘီဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။မကြာသေးခင်ကမှအဖေဖြစ်သူဆုံးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးလို့တောင်မ၀သေးဘူး ပြဿနာတစ်ခုကထပ်ရောက်ချလာပါတော့တယ်။အဲ့ဒီပြဿနာကတော့ သူတစ်ခါမှမကြားဖူးတဲ့သမီးဖြစ်သူနောက်တစ်ယောက်ထပ်ရောက်ချလာတာပါပဲ။ပြီးတော့သူ့အဖေက အဲ့ဒီသမီးနှစ်ယောက်လုံးကို ဆိုင်ကိုပူးတွဲပိုင်ဆိုင်ခွင့်ပေးချင်တယ်ဆိုပြီး သေတမ်းစာမှာရေးထားတဲ့အတွက် ဘော်ဘီတစ်ယောက် အဖေဆုံးတာတွေရော သူ့အဖေဖောက်ပြန်ခဲ့တာတွေရော ဆိုင်ကိုတခြားသူနဲ့ပေါင်းပြီးဦးစီးရမယ်ဆိုတာတွေပေါင်းပြီး ခေါင်းကိုက်ရပါတော့တယ်။ထပ်ပေါ်လာတဲ့သမီးဆိုတာကလည်း အစ်စဘယ်လာလို့ခေါ်တဲ့ကောင်မလေးကလည်းသူမွေးရင်သူ့သမီးအရွယ်လောက်ပဲရှိမဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ပေါင်းပြီးဟက်ပီးဆိုင်ကိုဘယ်လိုဦးစီးကြပြီး ဘယ်လိုရယ်စရာတွေကြုံတွေ့ရဦးမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမဲ့ ပေါ့ပေါ့ပါးပါးTV Series လေးပဲဖြစ်ပါတယ်။ File Size – ...
4.667
TMDb:
4.667/10
3 votes
tv
Happy’s Place (2024) Season 1 [Complete]
2024