Channel Myanmar

Harlan Coben

Caught (2024) Atrapados S1 [ Complete ] 9
Caught (2024) Atrapados S1 [ Complete ] Season 1အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး  နိုင်ငံခြားစာရေးဆရာတွေထဲမှာ Harlan Coben ကနာမည်တော်တော်ကြီးပြီး သူ့စာအုပ်တွေ ၀တ္ထုတွေကိုနာမည်ကြီးရုပ်ရှင်တွေပြန်ရိုက်ထားတာတွေအများကြီးရှိပါတယ်။ဒါပေမယ့် အမေရိကန်တို့ ယူကေတို့ကပဲယူရိုက်ကြတာများပြီးအခုတင်ဆက်ပေးမဲ့ Series လေးကတော့ သူ့၀တ္ထုကိုအာဂျန်တီးနားက ပထမဆုံးအနေနဲ့ Series တစ်ခုဖြစ်အောင်ပြန်လည်ယူရိုက်ထားတာဖြစ်ပါတယ်။အမျိုးအစားက မှုခင်းသည်းထိပ်ရင်ဖိုဖြစ်တဲ့အတွက် စုံထောက်ကားတွေကြည့်ရတာကြိုက်တဲ့ စုံထောက်လောင်းတွေအတွက်သဘောတွေ့စေမဲ့ Series တစ်ခုဖြစ်ပါတယ်။နာမည်ကတော့ Caught လို့တစ်လုံးတည်းပေးထားပြီးလက်ရှိ IMDb Rating ကလည်း 6.3 အထိရရှိထားလို့ကြည့်ရှုသူတွေအကြိုက်တွေ့ကြတယ်ဆိုတာကတော့ငြင်းလို့မရပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ အမ်မာဂရိုင်းလို့ခေါ်တဲ့ဒစ်ဂျစ်တယ်မီဒီယာရဲ့ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး သူကCaught လို့ခေါ်တဲ့ ရာဇဝတ်မှုတွေ မတရားမှုတွေကိုမိအောင်ဖမ်းပြီးဖော်ထုတ်တဲ့ အစီအစဉ်နဲ့နာမည်ကြီးနေတာဖြစ်ပါတယ်။သူက အဲ့လိုမတရားမှုတွေမြင်လာပြီဆို မတွေ့တွေ့အောင်ဖော်ထုတ်တတ်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့ကိုအားပေးတဲ့လူတွေရှိသလို မုန်းနေတဲ့လူတွေကလည်းရှိနေပါတော့တယ်။ဒီ Series ထဲမှာတော့ အမ်မာ့အတွက်အဓိကစုံစမ်းရမဲ့အမှုကအွန်လိုင်းဂိမ်းတစ်ခုကနေ ကလေးတွေကိုဖြားယောင်းသွေးဆောင်နေတဲ့ ကလေးအကြမ်းဖက်သူတစ်ယောက်ကိုဖော်ထုတ်ရမှာပဲဖြစ်ပါတယ်။အမ်မာလည်း သူ့ထုံးစံအတိုင်း သူ့ရဲ့ဂျာနယ်လစ်ပညာတွေကိုအကုန်ထုတ်သုံးရင်းနဲ့ စုံစမ်းခဲ့ရာမှာ တရားခံတစ်ယောက်ကိုတွေ့ခဲ့ရပေမဲ့ အဲ့ဒီတရားခံက တကယ့်တရားခံအစစ်သေချာရဲ့လားဆိုတာကို တရားခံကိုလွယ်လွယ်နဲ့ပြထားပြီးနောက်ဆက်တွဲအဖြစ်မှန်တွေကိုမှ ပိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့အတွက် ...
9
TMDb: 9/10 4 votes
tv

Caught (2024) Atrapados S1 [ Complete ]

2025
Missing You (2025) 6.8
Missing You (2025)  Season 1အပိုင်း ( ၁ မှ ၅ ) အထိ  စ / ဆုံး ဒီတစ်ခါမှာတော့ Missing You လို အမည်ရတဲ့ mystery series လေးတစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ကတ် ဒိုနိုဗန်ကိုအရင်းတည်ထားပါတယ် ။ကတ် ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က သတိုသားလောင်းက Ghost သွားတာကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ် ။ Ghost သွားတဲ့အချိန်ကလည်းကတ်ရဲ့ အဖေဖြစ်သူ အသတ်ခံရပြီးကာစ အချိန် ဖြစ်တဲ့အတွက်Move on ဖိုက တော်တော်လေး မလွယ်ကူတာပါပဲ ။ဒီလိုကနေ ၁၁ နှစ်အကြာမှာတော့ သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုနဲ့Dating app တစ်ခုကို စသုံးလိုက်မိတဲ့ ကတ်ဟာ သူနဲ့ တွဲဖက်ပေးထားတဲ့သူတွေထဲမှာ သူ့တစ်ချိန်က သတိုသားလောင်း ဂျော့ချ်ကို ပြန်တွေ့လိုက်ရတာပါပဲ ။ တစ်ချိန်တည်းမှာပဲ ...
6.8
TMDb: 6.8/10 28 votes
tv

Missing You (2025)

2025
Harlan Coben’s Shelter (2023) 6.4
Harlan Coben’s Shelter (2023) Harlan Coben's Shelter (2023) ====================== IMDb Rating - 6.4/10သည်းထိတ်ရင်ဖိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေရေးတဲ့ အမေရိကန် စာရေးဆရာ Harlan Cobenရဲ့ "Shelter"ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ စီးရီးလေးလာပါပြီ။ ဆယ်ကျော်သက်ကျောင်းသား တစ်စုရင်ဆိုင်ရမဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကို အခြေတည်ထား တာမို့ ဒါမျိုးပုံစံကြိုက်တတ်တဲ့သူတွေအတွက် အရမ်းကြည့်ကောင်းမဲ့စီးရီး လေးပါ။အောက်မှာဇာတ်လမ်းအညွှန်းလာပါပြီ။ ဆယ်ကျော်သက်ကောင်လေးမစ်ကီဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် အဖေကိုဆုံးရှုံးခဲ့ရပြီး အမေကိုလည်းဆုံးရှုံးလုဆဲဆဲအခြေအနေမှာ အဒေါ် ဖြစ်သူရဲ့ယာယီအုပ်ထိန်းမှုနဲ့ သူ့အဖေနေခဲ့တဲ့ ခက်ဆယ်လ်တန်က အထက် တန်းကျောင်းကို ပြောင်းလာရပါတယ်။ ခက်ဆယ်လ်တန်၊ ဟိုဘာ့လမ်းက သရဲခြောက်တဲ့အိမ်ကြီးတစ်ကြီးမှာ လင်းနို့မိန်းမကြီးနေတယ်လို့ ယုံတမ်းပုံပြင် တွေရှိပါတယ်။ တစ်ရက်ကျ အဲဒီမိန်းမကြီးနဲ့ မထင်မှတ်ဘဲဆုံလိုက်ရတဲ့ တ ခဏမှာ လင်းနို့မိန်းမကြီးက "မစ်ကီ မင်းအဖေ မသေသေးဘူး အသက်ရှင်နေ သေးတယ်"ဆိုပြီး ပြောလိုက်တော့ အဲဒီကတည်းကနေ မစ်ကီဟာ သူ့အဖေ တကယ်ရောသေလို့လားဆိုတဲ့ သံသယတွေဝင်လာပြီး အဲဒီလင်းနို့မိန်းမကြီးနဲ့ ထပ်တွေ့ရဖို့ကြိုးစားပါတော့တယ်။ထူးခြားတာတွေက ဒါတင်ပဲမဟုတ်သေးပါဘူး။ ကျောင်းပထမဆုံးတက်တဲ့နေ့က သူနဲ့ခင်ခဲ့တဲ့ ကောင်မလေးဟာ စာမလာအကြောင်းမကြား၊ ချိန်းထားတဲ့နေရာကို လည်းမလာဘဲ နောက်တစ်နေ့မှာပဲ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ကောင် မလေးဟာ သူ့အကြောင်းဘယ်သူမှရေရေရာရာမသိဘဲ တည်ရှိမှုတစ်ခုလုံးပျောက် သွားသလိုမျိုးကို ဖြုတ်ခနဲပျောက်သွားတာပါ။ အဲလိုနဲ့ မစ်ကီဟာ လင်းနို့မိန်းမကြီး ကိုရော အဲဒီကောင်မလေးကိုပါ ...
6.4
TMDb: 6.4/10 1553 votes
tv

Harlan Coben’s Shelter (2023)

2023
Hold Tight (2022) 6.3
Hold Tight (2022) Hold Tight (2022)=============IMDb Rating - 6.3/10ဒီနေ့အတွက် တင်ဆက်ပေးချင်တာကတော့ Netflix ကနေ April 22 မှာ ပြသသွားတဲ့ Crime, Drama, Mystery အမျိုးအစား Series တစ်ခုပဲ ဖြစ်ပါတယ်။ IMDb Rating အနေနဲ့ 6.3/10 ရရှိထားပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ခိုင်တဲ့ စီးရီးတစ်ခုလို့လည်း ပြောလို့ရပါတယ်။ဇာတ်လမ်းအစမှာတင် အီဂေါ်ဟော ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး သေဆုံးသွားခဲ့ပါတယ်။ ဆေးစစ်ချက်အရ မူးယစ်ဆေးဝါးတွေကို ဝိုင်နဲ့ သောက်ခဲ့တာကြောင့် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ ဆိုပေမယ့်၊ သူတို့သူငယ်ချင်းကြား လျို့ဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်။အီဂေါ်ဆုံးသွားပြီးနောက် သူ့သူငယ်ချင်း အာဒန်မူမမှန်တာကို အမေဖြစ်သူ အန်နာက ရိပ်မိတာကြောင့် သူ့သားဖုန်းထဲမှာ စပိုင်ဆော့ဝဲလ်တစ်ခုကို ထည့်ထားခဲ့ပါတယ်။ နောက်တော့ ဘာအကြောင်းကြောင့်မှန်းမသိ အာဒန် ပျောက်သွားခဲ့ပြီး အားလုံးနဲ့ အဆက်အသွယ်ဖြတ်သွားခဲ့ပါတယ်။ အဲ့တော့ အာဒန်ဘာကြောင့် ပျောက်သွားတာလဲ၊ ပျောက်သွားရတဲ့ အကြောင်း အရင်းကရော ဘာဖြစ်နိုင်သလဲ။ သူ့သူငယ်ချင်း အီဂေါ်က ဘာကြောင့် သေသွား ခဲ့တာလဲ။ အမေဖြစ်သူ အန်နာက သားဖြစ်သူ ...
6.3
TMDb: 6.3/10 2500 votes
tv

Hold Tight (2022)

2022
Stay Close (2021) (1-8 END) 8.6
Stay Close (2021) (1-8 END) စာရေးစရာ Harlan Coben ရဲ့ဝတ္ထုကိုအခြေခံထားတဲ့ Crime drama စီးရီးဖြစ်ပါတယ်။သူ့ဝတ္ထုနောက်တစ်အုပ်ဟာလည်း The innocent ဆိုတဲ့စပိန်စီးရီးအဖြစ် ထွက်ထားပါသေးတယ်။ မိသားစုအတွက်ပဲ အမြဲလုံးပမ်းနေတဲ့မက်ဂန်ဟာ သူ့လက်တွဲဖော်နဲ့ လက်ထပ်ခါနီးအချိန်မှာ ထားခဲ့တဲ့အတိတ်ဆိုးကြီးက တံခါးဝကိုပြန်ရောက်လာပါတယ်။ လူပျောက်မှုတစ်ခုကို စုံစမ်းရင်း လွန်ခဲ့တဲ့၁၇နှစ်က သူမဖြေရှင်းနိုင်ခဲ့တဲ့အမှုနဲ့ ဆက်စပ်မှုတွေတွေ့လာရတဲ့ စုံထောက်မိုက်ကယ်ဘရွန်းနဲ့ ပျောက်နေတဲ့လူကို ဓာတ်ပုံရိုက်မိခဲ့တဲ့ သတင်းဓာတ်ပုံဆရာရေးမွန်းတို့ဟာ အိမ်ထောင်ရှင်မမက်ဂန်နဲ့အတူ အရှုပ်အထွေးတွေထဲ ဘယ်လိုပတ်သတ်လာမယ်ဆိုတာ စိတ်ဝင်တစားနဲ့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် မှုခင်းဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ The innocent ကိုကြည့်ခဲ့ပြီး သဘောကျတယ်ဆိုရင် ဒီစီးရီးကိုလည်းသဘောကျမှာအမှန်ပါ။ ဇာတ်လမ်းနက်နက်နဲနဲနဲ့ မှုခင်းဇာတ်လမ်းတွဲကောင်းကောင်းကြည့်ချင်သူတွေလည်း လုံးဝလက်မလွှတ်သင့်တဲ့ စီးရီးအသစ်ဖြစ်ပါတယ်။ File size…400 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX, MTA, Yoon Sandi Aung, Pyi T Nyein, Thet ...
8.6
TMDb: 8.6/10 8 votes
tv

Stay Close (2021) (1-8 END)

2021