Channel Myanmar

Gülseren Budayıcıoğlu

Golden Boy(2022) 8.8
Golden Boy(2022) Golden Boy(2022)****************အပိုင်းသစ် (၁၄၅+၁၄၆)Tele Episode (146) / Official Episode (73) ထိCM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။ဇာတ်လမ်းကတော့ .....Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။ သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။ ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေ တရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့‌ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါ Korhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက် မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါ့အပြင် Halis Korhan ...
8.8
TMDb: 8.8/10 22 votes
tv

Golden Boy(2022)

2022
Sakla Beni (2023) 10
Sakla Beni (2023) စုန်းကိုက်ခံရတဲ့ နဂါးငွေ့တန်းSakla Beni (2023)***************************************အပိုင်း( ၁ မှ ၅၂ ) အထိ စ/ဆုံး(A/Bတွေဖြစ်နေတော့ရှုတ်နေလို့ အပိုင်း15Bပြီးတဲ့အပိုင်းကစပြီး EP31ဖြစ်ပါ့မယ်...တစ်ဆက်တည်းဖြစ်ပါတယ် မျက်စိနောက်မသွားကြပါနဲ့)တစ်ချို့ဇာတ်လမ်းတွဲတွေဟာ  လူ့ကျင့်ဝတ်ဖောက်ပြားတာတွေကိုနည်းမျိုးစုံနဲ့ရိုက်ပြကြပါတယ်...တစ်ချို့ဆို ဖြစ်တောင်ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးရလောက်အောင်ဆိုးဝါးတဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ရိုက်ကူးပြသထားပါတယ်...သို့ပေမဲ့ လူတွေဟာ ဒီလိုလောင်မြိုက်ရတဲ့စီးရီးတွေကိုဘာလို့သဘောကျလဲဆိုတော့ ကျွန်မတို့လက်တွေ့ဘဝမှာလည်း ဒီလိုပျက်ပြားတဲ့ဖြစ်စဉ်မျိုးတွေတွေ့ကြုံနေရလို့ပါပဲ...ဒီလို ဇာတ်အိမ်မျိုးနဲ့ တူရကီစီးရီးသစ်တစ်ခုထွက်ရှိလာလို့ရွေပန်းကောင်လေးထက်ပိုပြီး လောင်ရမယ့်စီးရီးတစ်ခုထပ်တင်ပေးလိုက်ပါပြီ။ ဒီစီးရီးက တူရကီမှာ အခုမှထုတ်လွှင့်နေဆဲဖြစ်ပြီးတော့ လူကြိုက်များနေတဲ့စီးရီးဖြစ်တဲ့အတွက်CM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။မက်တဲနဲ့ နက်ဟာ လူကုံထံမိသားစုကနေ ရွေဇွန်းကိုက်မွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်။​ကလေးဘဝတည်းက သူတို့နှစ်ယောက်ကို မိသားစုနှစ်ခုက ကြီးလာရင် လက်ထပ်ပေးဖို့စီစဥ်ပေးထားတာပါ။သူတို့အရွယ်ရောက်လာကြတဲ့အခါ နိုင်ငံခြားမှာပညာသင်နေတဲ့ မတ်တဲဟာ နက်နဲ့လက်ထပ်ဖို့ သူ့ရဲ့မြို့ကိုပြန်လာခဲ့ပါတယ်။နက်က အိမ်ရဲ့သခင်မလေးဆိုတော့ ထုံးစံအတိုင်း မောက်မာပြီးတော့ နိုင်ထက်စီးနင်းဆက်ဆံတတ်ပါတယ်။​သူအနိုင်ကျင့်တာကို အခံရဆုံးက အစေခံမလေး အိန်ဂျလာပါပဲ။အိန်ဂျလာဟာ နက်နဲ့ရွယ်တူဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက သူ့အဒေါ်နဲ့အတူ နက်တို့အိမ်ကိုရောက်လာပြီးနက်ရဲ့ကိုယ်ပိုင်အခိုင်းအစေလိုမျိုးဖြစ်လာတာပါ။ဇာတ်က သုံးပင်လိမ်ချင်တော့ အိန်ဂျလာဟာ ငယ်ငယ်ကတည်းက မတ်တဲနဲ့တွေ့ခဲ့ဖူးပြီးမတ်တဲကိုကြိတ်သဘောကျနေခဲ့ပါတယ်။​ နိုင်ငံခြားကနေ နက်နဲ့လက်ထပ်ဖို့လာတဲ့ မတ်တဲကလည်းနက်နဲ့မတွေ့ခင် အိန်ဂျလာနဲ့အရင်တွေ့ပြီး အိန်ဂျလာကို ...
10
TMDb: 10/10 1 votes
tv

Sakla Beni (2023)

2023