Channel Myanmar

Eric Newman

Zero Day (2025) 7.5
Zero Day (2025) Season 1အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး နည်းပညာတွေတိုးတက်လာတဲ့အခုလိုခေတ်ကြီးထဲမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေဆိုတာကလည်း နိုင်ငံတော်တော်များများမှာတွေ့ကြုံလာရတဲ့ အကြမ်းဖက်သမားတွေအကြိုက်တိုက်ခိုက်နည်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။အပြင်မှာသက်စွန့်ဆံဖျားလိုက်အကြမ်းဖက်နေစရာမလိုဘဲ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့တင်နိုင်ငံနဲ့ချီပြီး ထိခိုက်နိုင်တဲ့ အဖြစ်ဆိုးတွေကိုဖန်တီးနိုင်တဲ့အတွက်မကြာခဏဆိုသလိုဖြစ်နေတာကို မြင်နေကြားနေရမှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ အမေရိကန်လိုနည်းပညာတိုးတက်ပြီးအင်အားကြီးမားတဲ့နိုင်ငံမှာအဖြစ်အများဆုံးဖြစ်တဲ့အတွက်နိုင်ငံရေးနဲ့ဆိုက်ဘာတိုက်ခိုက်မှုကိုပေါင်းစပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သည်းထိပ်ရင်ဖိုဖွယ် Mini Series တစ်ခုကို ပညာပေးဖျော်ဖြေရေးအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း Cape Fear တို Raging Bull တိုThe Irishman တိုလိုနာမည်ကြီးရုပ်ရှင်တွေအပြင် တခြားသောဇာတ်ကားကောင်းများစွာမှာလည်းသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးRobert De Niro ကအဓိကဇာတ်ကောင်နေရာကသရုပ်ဆောင်ထားတဲ့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားတဲ့အတွက် Casting ပိုင်းကလည်းပြောစရာကိုမရှိပါဘူး။စိတ်ကူးယဉ်ဆိုပေမဲ့တကယ်တမ်းဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြီးတွေလောက် ဆိုးဝါးပြီး စိတ်ဝင်စားစရာကောင်းတဲ့အတွက် ပရိသတ်အာရုံကိုဖမ်းစားထားနိုင်မှာပဲဖြစ်ပါတယ်။ဒီ Series ရဲ့နာမည်ကတော့ Zero Day ဖြစ်ပြီး လက်ရှိ IMDb 6.0အထိရရှိထားပါတယ်။အမေရိကန်နိုင်ငံရဲ့သမ္မတဟောင်း ဂျော့ဂျ်မော်လင်က သမ္မတရာထူးကနေရပ်နားပြီးနောက်မှာ နိုင်ငံရေးလောကထဲလုံး၀ပြန်မဝင်တော့ဘဲစာရေးဆရာတစ်ယောက်အနေနဲ့ ဘ၀ကိုအေးအေးလူလူဖြတ်သန်းနေပါတော့တယ်။ဒါပေမယ့်သိပ်ကြာကြာတောင် အနားမယူလိုက်ရဘဲအမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးဖြစ်ပြီး ရထားတွေတိုက်မိကုန်တဲ့အတွက် အသက်ပေါင်းထောင်နဲ့ချီဆုံးရှုးခဲ့ရတဲ့အတွက် ...
7.5
TMDb: 7.5/10 14 votes
tv

Zero Day (2025)

2025
Griselda (2024) 7.892
Griselda (2024) Griselda (2024) ============ IMDb Rating - 7.5/10ယခုလက်ရှိမှာ Netflixရဲ့ Series Listထဲ Top-1 နေရာချိတ်နေပြီး IMDb Rating 7.8/10၊ Rotten Tomatoes 88%ထိရရှိထားတဲ့ (၂၀၂၄)ခုနှစ်ထွက် စီးရီးကောင်းတစ်ခုကို CMပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်း ဂရီဆယ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန် ပြန်ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုးသာမန်ဘဝနဲ့ အမျိုးသမီးတစ် ယောက်အကြောင်းတော့မဟုတ်လေဘူး။ မိုင်ယာမီကို ပြောင်းလာပြီး သား၃ယောက်အမေဘဝကနေ မူးယစ်ဆေးအကြီးအကျယ်ဖြန့်တဲ့သူ ဖြစ်လာတဲ့အမျိုးသမီး။ဂရီဆယ်ဒါဆိုတဲ့ ဒီအမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပါ တယ်။ ၁၉၇၀ကနေ ၂၀၀၀ခုနှစ်အစောပိုင်းကာလတွေအတွင်း မိုင်ယာမီမှာ "Cocaine Godmother"၊ "The Black Widow"၊ "The Lady of Mafia"ဆိုပြီး ကျော်ကြားခဲ့တဲ့အမျိုးသမီး။ ကျူးဘားကနေ ရွှေ့ပြောင်း အခြေချလာတဲ့သူတွေကို စုစည်းပြီး မိုင်ယာမီမှာ မူးယစ်ရာဇာဘုရင်မ အဖြစ်အုပ်စိုးခဲ့သူတစ်ယောက်။ အစက ဂရီဆယ်ဒါက သား၃ယောက် အမေ၊ သူယူထားတဲ့နောက်ယောက်ျားလုပ်နေတဲ့ မူးယစ်ဆေးတွေမှောင် ခိုကုန်ကူးတဲ့လုပ်ငန်းကို ကူပေးတယ်။တစ်နေ့ကျပြဿနာတက်တော့ ကလေး၃ယောက်ကိုခေါပြီး မိုင်ယာမီကို ထွက်ပြေးဖို့ဖြစ်လာတယ်။ မိုင်ယာမီမှာ ဘဝသစ်စမယ်လို့တွေးထားပေမဲ့ ဂရီဆယ်ဒါ့ခမျာ လက်မဲ့ခြေမဲ့ဖြစ်နေတုန်း ကလေး၃ယောက်ကို ကျွေးမွေးဖို့ ဒုတိယဘုရားသခင်ကို လိုလေတော့ သူ့အရင်အလုပ်ကိုပဲ ...
7.892
TMDb: 7.892/10 74 votes
tv

Griselda (2024)

2024
Narcos: Mexico(2018)S1 6
Narcos: Mexico(2018)S1 Narcos:Mexico (Season-1)အပိုင်း(၁ မှ ၁၀)ထိ(စ/ဆုံး)IMDb....8.8,,,,,,Rotten.....95%Nacros series ကို Pablo Escober နဲတွဲပြီးလူသိများကြတဲ့အတွက်သိပ်ညွှန်းစရာမလိုပါဘူး။ ယခင် Narcos အမည်နဲ့ season 3 အထိထွက်ရှိခဲ့ပြီးယခုနိုဝင်ဘာမှာ season 4 ထွက်လာမယ်လို့သိထားပေမယ့်ထွက်ရှိလာချိန်မှာ Narcos:Mexico (Season1) ဆိုပြီးထွက်ရှိလာပါတယ်။ေ့ရှ Season 3 ခုမှာကိုလံဘီယာနိုင်ငံကမူးယစ်ဂိုဏ်းတွေကြားအကွဲအပြဲတိုက်ခိုက်မှုတွေ စီးပွားရေးတွေကိုရိုက်ကူးပြခဲ့ပြီး ဒီအသစ်ထွက်တဲ့ Mexico Season မှာတော့မက္ကဆီကိုနိုင်ငံတွင်းက မူးယစ်ဆေးပြသနာတွေကိုဦးတည်ရိုက်ကူးထားပါတယ်။ကိုလံဘီယာမှာတော့ ကိုကင်းတွေအကြီးအကျယ်ထုတ်လုပ်ပြီး အက်စ်ကိုဘာတို့တွေCali Cartel တို့တွေအလုပ်ဖြစ်ခဲ့ကြပြီး Mexico မှာတော့ Marijuanaလို့ခေါ်တဲ့ အများအခေါ် weed ကိုဘယ်လိုတွေမျက်လုံးပြူးလိုက်စရာ အကြီးအကျယ်စီးပွားရှာကြလဲ။ကိုလံဘီယာက Madellin Cartel နဲ့ Calli Cartel တို့လိုပဲ မက္ကဆီကိုနိုင်ငံမှပထမဆုံး Narcos Cartel တစ်ခုဘယ်လိုဖြစ်တည်လာလဲဆိုတာကိုတွေ့ရမှာပါ။ေ့ရှ Season တွေနဲ့မတူပဲ Cast အသစ်တွေနဲ့ရသတစ်မျိုးခံစားရမှာဖြစ်သလိုအစပိုင်းဇာတ်ပျိုးဖို့အရှိန်ယူထားပြီးမှ ကြမ်းပြမယ့် Season ပါ။ယခု Mexico:Season 1 ...
6
TMDb: 6/10 3 votes
tv

Narcos: Mexico(2018)S1

2018
Narcos: Mexico Season 2(2020) 8.3
Narcos: Mexico Season 2(2020) Narcos: Mexico (Season 2)အပိုင္း ( ၁ မွ ၁၀ )ထိ စ/ဆုံးNarcos စီးရီးကိုတော့တော်တော်များများသိကြမှာပါ ...ကိုလံဘီယာကကိုကင်းဘုရင်ကြီးပါ့ဘလိုအက်စကိုဘာဆိုရင် ပိုက်ဆံတွေကိုမီးလှုံတဲ့ဘဲကြီးဆိုပြီးနာမည်ကြီးရအောင်ထိနာမည်ကြီးခဲ့တဲ့သူပါ။သူ့အကြောင်းကိုရိုက်ကူးထားတဲ့ Narcos series ဟာလည်းတော်တော်ပေါက်ခဲ့တဲ့အပြင်ပါ့ဘလိုကြီးသေပြီးစီးရီးလည်းအဆုံးသတ်သွားရော ရင်ထဲဟာတာတာဖြစ်နေတဲ့အချိန် Narcos: Mexico စီးရီးကိုNetflix ကထပ်ထုတ်လွှင့်လိုက်တာကိုလည်းသိကြမှာပါ ။Season 1 ထွက်ပြီးနောက် မူလNarcos စီးရီးရဲ့မလျော့သောစိတ်ဝင်စားဖွယ်ရာတွေနဲ့ လူကြိုက်များခဲ့ပါတယ်။အခုတော့ Narcos: Mexico Season 2 ကိုထုတ်လွှင့်ပြီးဖြစ်တဲ့အတွက် ထပ်မံတင်ပေးလိုက်ပါတယ်။ယခင်Season 1 မှာဖီးလစ်တစ်ယောက် ကိုလံဘီယာကိုကင်းဂိုဏ်းတွေရဲ့ ကိုကင်းတွေကိုမက္ကဆီကိုကနေတဆင့်ဖြန့်ဝေပေးတဲ့လုပ်ငန်းအကြီးအကျယ်အောင်မြင်ခဲ့ပြီး အဲဒါနဲ့အတူ DEA agent KiKi ကိုသေဆုံးစေခဲ့တဲ့ဖြစ်ရပ်လည်းဖြစ်ပွားခဲ့တာသိကြမှာပါ။ ဒီseason မှာတော့ ဖီးလစ်တို့ဘယ်လိုအကွက်တွေရွေ့မလဲDEA ကရောဘာတွေဆက်လုပ်မလဲဆိုတာဆက်စောင့်ကြည့်လိုက်ပါ။ ဇာတ်လမ်းအစဇာတ်ဝင်တေးလေးကအစအားရပါးရပြန်နားထောင်ပြီး ကိုကင်းပြန်ရောင်းကြတာပေါ့။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung နဲ့ Tin Myo Lwin တို့ပဲဖြစ်ပါတယ်Quality – WEB-DL 720PDuration ...
8.3
TMDb: 8.3/10 97 votes
tv

Narcos: Mexico Season 2(2020)

2018