Channel Myanmar

Mystery

Double Jeopardy (1999)
Double Jeopardy (1999) IMDB rating - 6.5%သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို နှစ်သက်တဲ့ CM ပရိတ်သတ်ကြီးအနေနဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Double Jeopardy ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ ကြည့်ရှုသူအားလုံးကို ဇာတ်လမ်းအစပိုင်းကနေ အဆုံးထိ ဆွဲဆောင်သွားနိုင်မှာလို့ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းဟာ လစ်ဘီ ပါစန် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဗဟိုပြုပြီး တည်ဆောက်ထားပါတယ်။လစ်ဘီ့မှာ သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပါတယ်၊ ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူကို သတ်တဲ့မှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။ ထောင်ကျ‌နေစဉ်မှာပဲ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ့် အမှန်တရားတစ်ခုကို သိလိုက်ရပါတယ်။ အဲ့ဒီအမှန်တရားက ဘာလဲဆိုတာကိုသိချင်ရင် ဇာတ်ကားလေးကို ဆုံးတဲ့အထိကြည့်လိုက်ပါ။ Plot Twist တွေလဲပါပြီး အရမ်းကြည့်ကောင်းတဲ့အတွက် အချိန် 1နာရီခွဲကို ကုန်ရကျိုးနပ်စေမှာ အမှန်ပါပဲ....File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p ...
movie

Double Jeopardy (1999)

The Ranger (2025) 5.8
The Ranger (2025) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမအောင်တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ကိုယ်သူသက်သေပြဖို့အတွက် ရွာကထွက်ပြေးလာပြီး မြို့ကသူငယ်ချင်းနဲ့အတူအလုပ်လုပ်ဖို့ရောက်လာခဲ့တယ်။ဘိလိယက်ခုံမှာအလုပ်လုပ်ရမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့သူဌေးဟာနောက်ကွယ်မှာတရားမဝင်အလုပ်တွေလုပ်နေတာဖြစ်နေပါတယ်။ အဖေကဒါကိုသိပြီး လိုက်တားပြီးရွာကိုပြန်ခေါ်ပေမယ့် ဒါကိုမသိတဲ့ရိုးအတဲ့ကောင်လေးဟာ ရွာကအဖေကိုဆန့်ကျင်ပြီးတော့ မြို့မှာပဲလုပ်ဖို့ဂျစ်တိုက်ခဲ့တယ်။ အဲဒီနေ့ညမှာပဲ သူ့အဖေက တရားမဝင်အမဲလိုက်တဲ့သက်သေတွေကိုရသွားတဲ့အတွက် သတ်ခံလိုက်ရပါတယ်။တော်တော်နဲ့အိမ်ပြန်မလာပဲ ရုတ်တရက်ပျောက်နေတဲ့အဖေကို ရှာတဲ့အခါမှ ကောင်လေးဟာအမှန်တရားကိုသိလိုက်ရတဲ့အခါ...... Filesize : 1.15 GB / 631 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , Mystery Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon  Encoded by LK  
movie

The Ranger (2025)

Black Bag (2025) 7.2
Black Bag (2025)  Black Bag (2025)IMDb Rating (7.2) / Rotten Tomatoes (97%) မြန်မာနိုင်ငံမှာ ဘဏ်အကောင့်ဖွင့်ပြီး ငွေတွေဖွက်ထားတဲ့ သစ္စာဖောက် စပိုင်အေးဂျင့်ကို ဖော်ထုတ်ရတဲ့ ရုပ်ရှင်ပါ။စပိုင်ရုပ်ရှင်တွေထဲမှာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ပြောလို့ရပါတယ်။သရုပ်ဆောင်တွေကလည်း X-Men ထဲက မင်းသား Michael Fassbender၊ ကိတ်ဘလန်းချက်၊ ဂျိမ်းစ်ဘွန်မင်းသားကြီး Pierce Brosnan တို့ပါထားပါတယ်။ဇာတ်လမ်းအကျဉ်းရုပ်ရှင်နာမည် အိတ်အနက်ဆိုတာ စပိုင်တွေရဲ့ လျှို့ဝှက်ချက်ကို ရည်စူးတာဖြစ်ပါတယ်။ထောက်လှမ်းရေးအဖွဲ့တစ်ခုဟာ ရုရှားအစိုးရကို ဖြုတ်ချနိုင်လောက်တဲ့ ကွန်ပြူတာဗိုင်းရပ်စ်တစ်ခုကို တီထွင်ပြီးချိန်မှာ အခိုးခံလိုက်ရပါတယ်။သူတို့အဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေတာသိပေမဲ့ ဘယ်သူမှန်း ရှာလို့မရဖြစ်နေပါတယ်။အဲဒီတရားခံကို ရှာဖို့ကြိုးစားရင်း စပိုင်တွေ အချင်းချင်း အောက်ဖဲလှန်၊ သစ္စာဖောက်ကြကျတာတွေကို ကြည့်ရင်း နောက်ဆုံးမှာ ဘယ်သူက တရားခံလည်းဆိုတာ သိလာရမဲ့ အမျိုးအစားပါပဲ။ပစ်တာခတ်တာ အသားပေးမဟုတ်ဘဲ စပိုင်တွေ ဉာဏ်ချင်းပြိုင်တဲ့ကားမို့ ဦးနှောက်သုံးရတာ ကြိုက်တဲ့လူတွေအတွက် ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… ...
movie

Black Bag (2025)

2025
4K HEVC
Socialphobia (2014) 6.5
Socialphobia (2014) Socialphobia (2014) *******************ဒီတစ်ခေါက်မှာတော့ ၂၀၁၄ ခုနှစ်တုန်းက ထွက်ထားတဲ့ Socialphobia ဆိုတဲ့ဇာတ်ကားလေးကိုCM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...Mystery, Thriller အမျိုးအစားဖြစ်တာကြောင့်ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်...ဇာတ်လမ်းအကျဉ်း --------------ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ စစ်သားတစ်ယောက်ရဲ့ အကြောင်းတင်ထားတဲ့ပို့စ်မှာ ရယ်နာဆိုတဲ့ အမျိုးသမီးကBad Comment တွေပေးခဲ့ပါတယ်...အဲဒီနောက်မှာတော့ 'ရယ်နာ'ဟာ အမျိုးသားတစ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ရယ်နာရဲ့ အချက်အလက်တွေ ဖော်ထုတ်ခံရတဲ့အချိန်မှာတော့ သူမရဲ့ အိမ်ရှေ့အထိကို သွားရှာပြီး ရန်ပြုဖို့လုပ်ကြပါတယ်...အဲဒီလိုနဲ့ တစ်ရက်မှာ ရယ်နာဟာ ကြိုးဆွဲချသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့သေဆုံးမှုဟာ အသတ်ခံရတာလားကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလားဆိုပြီးတော့ ဝေခွဲမရဘဲ စုံစမ်းရမဲ့အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်...ဒါကို အမှုအဖြစ်စုံစမ်းတဲ့အခါမှာ ဂျီဝန်းနဲ့ ယုံမင်းဆိုတဲ့ အမျိုးသားနှစ်ယောက်ကလည်း သံသယရှိသူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်...ရဲသင်တန်းကျောင်း စာမေးပွဲဖြေဖို့လုပ်နေတဲ့ ဂျီဝန်းနဲ့ ယုံမင်းဟာ တကယ်ပဲ တရားခံတွေထဲမှာ ပါဝင်နေသလားမပါဝင်ဘူးလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်အဖြေရှာကြည့်ရှုလိုက်ရအောင်နော်...File Size : 2.44GB / 701MB Quality : WEB-DL 1080p ...
movie

Socialphobia (2014)

Reality Bites: A Hannah Swensen Mystery (2025) 6.5
Reality Bites: A Hannah Swensen Mystery (2025)  Reality Bites: A Hannah Swensen Mystery (2025)IMDb Rating (6.5) ဒီဇာတ်ကားကတော့ Reality Bites Franchise ကြီးရဲ့ ၂၀၂၅ ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ Crime, Mystery ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ညွှန်းဆရာမဖြစ်တဲ့ Alison Sweeney ကိုယ်တိုင် ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Spin-off တစ်ခုပြီးတစ်ခု စာရေးဆရာတွေပြောင်းပြောင်းသွားကြပေမယ့် အခုဒီတစ်ခေါက်ထွက်ထားတဲ့ဇာတ်ကားကတော့ ဖေဖော်ဝါရီလကမှ premiere ထားတာဖြစ်ပေမယ့် IMDB မှာ rating 6.5 အထိရရှိထားပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဟန်နာစဝင်ဆန်လို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဟာ လိတ်ခ်အီဒန်လို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ မုန့်ဖုတ်ဆိုင်တစ်ခုဖွင့်ထားတာပါ။သူဟာ ငယ်ငယ်ကတည်းက ဟင်းချက်အစီအစဉ်တစ်ခုကိုတွေ့ပြီးတဲ့နောက် မုန့်လုပ်ဝါသနာအရမ်းပါသွားပြီး အဲဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရတဲ့အထိကို မုန့်ဖုတ်ရတာကိုစွဲလန်းသွားတာပါ။တစ်နေ့မှာတော့ သူ့ရဲ့မုန့်ဖုတ်ဆိုင်ကို တီဗီရှိုးအစီအစဉ်တစ်ခုကနေ ရိုက်ကူးရေးနေရာလိုလို့ဆိုပြီး အသည်းအသန်တောင်းဆိုလာခဲ့ပါတယ်။မထင်မှတ်ထားစရာပဲ အဲဒီအစီအစဉ်က ဟန်နာငယ်ငယ်တုန်းက အမြဲကြည့်ပြီးအားကျခဲ့ရတဲ့ ကွန်နီမက်ခ်ကိုယ်တိုင်ရဲ့ ရှိုးပဲဖြစ်နေပါတယ်။သူ့ရဲ့ idol နဲ့ တွေ့ချင်တာကတစ်ကြောင်း idol ရဲ့ ...
movie

Reality Bites: A Hannah Swensen Mystery (2025)

2025
Election (1999)
Election (1999) ဒီဇာတ်ကားလေးကတော့ 1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကျောင်းတွင်း ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ ဆယ်ရှစ်ယောက် စုကြည့်ရမဲ့ အခန်းတချို့လည်း ပါဝင်ပါတယ် 2000 ခုနှစ် အော်စကာ ဆုပေးပွဲမှာဆိုရင်လည်း best writing စကာတင်ဆု ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ McAllister ဆိုတဲ့ ကျောင်းဆရာ တစ်ယောက်နဲ့ ကျောင်းသား ဥက္ကဌ ရာထူးကို အသည်းအသန် လိုချင်နေတဲ့ ကျောင်းသူ Tracy Flick တို့ကြားက ရန်မီး ဘယ်လို စတင်လောင်ကျွမ်းသလဲ ဆိုတာနဲ့ ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ်File size…(2 GB)/(921 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Romance, Drama Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie

Election (1999)

Dead Again (2017) 5.1
Dead Again (2017) Dead Again (2017)*****************ထူးဆန်းတဲ့ ကျိန်စာဆိုးတွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်တဲ့ ကားမျိုးကို သဘောကျတဲ့ ပရိသတ်တို့အတွက် More Then Friend, Korea-Khitan War တို့က မင်းသား Kim Dong Jun၊ Kim Sung Yoonနဲ့ Joo Ah Reum တို့က အဓိက ပါဝင်ထားတဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း****************Thomas က ရှေးဟောင်းနယ်မြေတစ်ခုမှာရှိတဲ့ ဒိုင်ယာရီအဟောင်းတစ်ခုကို ကောက်ရခဲ့တယ်။ဒိုင်ယာရီထဲက စွဲလမ်းဖို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ကို ဖတ်နေတုန်းမှာပဲ ဒီဒိုင်ယာရီထဲမှာ ကြောက်ဖို့ကောင်းတဲ့ ကျိန်စာတစ်ခုရှိနေတာ သိလိုက်ရပါတယ် ။စာရေးဆရာ Jeong Hoon က ဒိုင်ယာရီကို ရေးခဲ့သူဖြစ်ပြီး ဒီစာအုပ်ကို စထိလိုက်တာနဲ့ အဲဒီလူက ကျိန်စာကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးမဲ့သူဖြစ်သွားစေသတဲ့ ..အဲဒါကို မယုံကြည်တဲ့ Thomas ဟာ စာအုပ်ထဲက အချက်အလက်တွေကို စူးစမ်းရှာဖွေရင်းနဲ့ စာရေးဆရာ Jeong Hoon အကြောင်းသာမက နောက်ကွယ်မှာ ...
movie

Dead Again (2017)

Alice: Boy from Wonderland (2015) 7.7
Alice: Boy from Wonderland (2015) Alice: Boy from Wonderland (2015)**********************************ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့ကို Love Next Door, Alchemy of Souls ထဲက မင်းသမီး Jung So-min, What comes after love ထဲမှ Hong Jong-Hyun တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၅ ခုနှစ်ထွက် Romance , Mystery , Horror ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း*************Hye-Joong(Jung So-min) ဟာ အသက် ၄နှစ်မတိုင်ခင်က အဖြစ်အပျက်တွေကို မေ့ပျောက်နေတဲ့သူ တစ်ဦးပါ။ ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီးတော့ ဆိုးဝါးလှတဲ့ အိပ်မက်ဆိုးတွေက လက်တွေ့ဘဝကိုပါ ထိခိုက်လာပြီးတော့ နတ်ဆရာမနဲ့ပါ တိုင်ပင်ပြီး အကြံဉာဏ်တောင်းရတဲ့ထိ ဖြစ်လာခဲ့ပါတယ်။နတ်ဆရာမရဲ့ “ပျောက်ဆုံးနေတဲ့အရာတွေကို ရှာဖွေရမယ်” ဆိုတဲ့ ဟောကြားချက်အရ လွန်ခဲ့တဲ့ ၂၄နှစ်တုန်းက နေထိုင်ခဲ့တဲ့ Wonderland ဆိုတဲ့ဗီလာလေးကို ပြန်လာခဲ့ရပါတယ်။Wonderland မှာ သူမကို စောင့်မျှော်ကြိုဆိုနေတဲ့သူကတော့ Hwan(Hong Jong-Hyun)နဲ့ ယုန်ဖြူလေးတစ်ကောင်ပဲဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ ...
movie

Alice: Boy from Wonderland (2015)

The Universal Theory (2024) 6.1
The Universal Theory (2024)  The Universal Theory (2024)IMDb Rating (6.1) / Rotten Tomatoes (70%) ဒီဇာတ်လမ်းကတော့ ၁၉၆၂ ခုနှစ်တုန်းက ဆွဇ်ဇာလန်နဲ့ ဂျာမနီနိုင်ငံတို့က သိပ္ပံပညာရှင်ကြီးတွေစုစည်းဦးဆောင်ပြီး အက်ပ်မြို့မှာပြုလုပ်ခဲ့တဲ့ ညီလာခံအကြောင်းကို မှီငြမ်းပြီးတော့ စိတ်ကူးယာဉ်ဆန်ဆန်ရိုက်ကားထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အဲဒီအချိန်တုန်းက quantum mechanics အဏုမြူနဲ့ပတ်သက်တဲ့ သီအိုရီတွေက ယနေ့ခေတ်လူတွေ သိမြင်လက်ခံထားတဲ့အဆင့်လိုမျိုးရောက်ခဲ့တာမဟုတ်ဘဲ ပညာရှင်တွေအချင်းချင်း သီအိုရီဖြစ်မဖြစ်ကို စမ်းသပ်အတည်ပြုနေဆဲကာလတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျိုဟန်ဆိုတဲ့ ၂၀ ကျော်ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်သည့်တိုင်အောင် ဘယ်အရာကိုမှလက်ပွန်းတတီးလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကို နားလည်နေတဲ့မိခင်ဟာ မိသားစုဂုဏ်ကျပြီး ဘိုးဘွားတွေဆီကနေ အမ​ွေမရမှာစိုးရိမ်ပြီး သူ့ကို ပညာနယ်ပယ်မှာနာမည်ခံရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက်လက်ထဲကိုထည့်ပေးခဲ့ပါတယ်။ဘွဲ့လွန် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့ ဂျိုဟန်ဟာ သူ့ရဲ့ကြီးကြပ်သူပါမောက္ခစထရာတန်နဲ့အတူ ညီလာခံတစ်ခုကိုတက်ဖို့ဖြစ်လာပါတယ်။ဖြစ်ချင်တော့ ပြုစုနေတဲ့စာတမ်းက quantum mechanics ပေါ် အခြေခံထားတဲ့ အရာအားလုံးရဲ့ သီအိုရီ "The Theory of Everything" အကြောင်းပဲဖြစ်ပါတယ်။Quantum Mechanics တောင်မှ မတွင်ကျယ်သေးတဲ့အချိန် ခိုင်မာမှုမရှိတဲ့အဲဒီဘာသာရပ်ကိုအခြေခံပြီး ...
movie

The Universal Theory (2024)

2024
Secret Life of a Sorority Girl (2024)
Secret Life of a Sorority Girl (2024) Cheryl က တစ်ကိုယ်ရည် မိခင်တစ်ယောက်ဖြစ်ပြီး အထက်တန်းကျောင်းတစ်ခုမှာ သင်္ချာဆရာမ လုပ်ပါတယ်။ သူ့မှာ Ashley လို့ခေါ်တဲ့ ၁၈နှစ်အရွယ် သမီး တစ်ယောက် ရှိပြီး Ashley က သူ့အဆောင်ခတွေ ကျောင်းလခတွေ ပေးနိုင်ဖို့ သူ့အမေနဲ့ ရည်းစားမသိအောင် ကလပ်တစ်ခုမှာ အကမယ်အနေနဲ့ ခိုးလုပ်နေတာပါ။Cheryl ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာတစ်ယောက်က ကလပ်သွားရင်းနဲ့ Ashley ကို ကနေတာ တွေ့ခဲ့ကြောင်း ပြောလာတဲ့အခါ အမေနဲ့ သမီး စကားများကြပါတယ်။ Ashley က အမေ့ဖုန်းတွေလည်း မကိုင် အဆောင်မှာလည်း မရှိတော့ အမေဖြစ်သူက စိတ်ပူပြီး သူအလုပ် လုပ်တဲ့ ကလပ်မှာ သတင်းသွားမေးပေမယ့် မောင်းထုတ်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ကလပ်ထဲဝင်ရဖို့ အကမယ်အနေနဲ့ အရွေးခံခဲ့ပါတယ်။ အကမယ်ဖြစ်သွားတဲ့ Cherylဟာ ဘားမှာ အလုပ်လုပ်တဲ့ Jake နဲ့ ရင်းနှီးခဲ့ပြီး Jake ...
movie

Secret Life of a Sorority Girl (2024)

The Manifestation (2024) 5.0
The Manifestation (2024)  The Manifestation (2024)ဒီ သဲထိပ်ရင်ဖို စိတ္တဇဇာတ်လမ်းကတော့ ခေါင်းစဉ်ဆိုတဲ့အတိုင်း တစ်စုံတစ်ခုဖြစ်တည်လာတာကို ကိုယ်စားပြုပါတယ်။ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ ဖြစ်တည်လာတဲ့အရာကို ရည်ညွှန်းချင်တာမဟုတ်ဘဲ ဦးနှောက်အသိဉာဏ်ထဲကနေ စွဲလမ်းမှုအားကြီးလွန်းလို့ လက်တွေ့မှာတကယ်ဖြစ်လာတယ်လို့ ထင်ယောင်မှားရတဲ့ အရာတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းစတီဖန်ဆိုတဲ့ အွန်လိုင်းစတော့ရှယ်ယာရောင်းဝယ်သူတစ်ယောက်ဟာ တစ်နေ့မှာ ငွေတွေအကုန်သုံးရင်း ရှိသမျှပိုက်ဆံအကုန်ဆုံးရှုံးသွားပါတယ်။ရှုံးသွားတဲ့ငွေတွေကို ဘယ်လိုပဲရအောင်ပြန်ရှာဖို့ကြံကြံမဖြစ်တဲ့တစ်ဆုံးမှာတော့ သူ့ရဲ့အွန်လိုင်းက ဘဝနည်းပြဖြစ်တဲ့ မိုက်ကယ်ဆိုသူရဲ့ ဆုံးမဩဝါဒ အားပေးစကားတွေကို ပြန်နားထောင်ရင်းစွဲလမ်းသွားခဲ့ပါတယ်။အားပေးစကားဗီဒီယိုတွေထဲမှာ ကိုယ့်ရဲ့စိတ်ကိုစုစည်းပြီး ဘယ်လိုတည်ငြိမ်လာအောင်လုပ်ရမလဲ၊ စိတ်ကိုအောင်နိုင်ရင် အရာရာအောင်နိုင်တယ်ဆိုတဲ့ ဩဝါဒအောက်မိသွားတဲ့ စတီဖန်၊တစ်ချိန်တည်းမှာပဲ ရည်းစားရဲ့ပိုက်ဆံကိုအလွဲသုံးစားလုပ်မိလို့ ရည်စားနဲ့မပြေမလည်ဖြစ်နေတဲ့ စတီဖန်ဟာ တစ်နေ့မှာ စိတ်စွဲလန်းမှုတစ်ခုဖြစ်ပြီးသူ့ရည်းစားရဲ့ ပိုငယ်တဲ့ပုံစံမျိုးရှိတဲ့ စိတ်ကူးယဉ်အမျိုးသမီးတစ်ယောက်ကို ထင်ယောင်ထင်မှားစဖြစ်လာခဲ့ပါတယ်။သူစတော့ရောင်းဝယ်လုပ်တိုင်း စိတ်ထဲမှာပေါ်ပေါ်လာတတ်တဲ့ ဗရော်နီကာလို့ခေါ်တဲ့ သူ့ရည်းစား ရော်နီရဲ့ ကိုယ်ပွားလေးဟာ သူ့ကိုဆက်တိုက်ဆိုသလို အချီကြီးတွေ ငွေသီးလာအောင်လုပ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ စတီဖန်တစ်ယောက် သူ့ရဲ့မိန်းမဖြစ်လာတဲ့သူကိုလျှို့ဝှက်ထားတဲ့ ဒီအချက်ပေါက်ကြားသွားတဲ့အခါမှာတော့ သူတို့နှစ်ယောက်အိမ်ထောင်ရေး ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ရသမျိုးစုံနဲ့ရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.2 ...
movie

The Manifestation (2024)

2024
The Moor (2024) 5.1
The Moor (2024)  The Moor (2024)IMDb Rating (5.1) ယူကေကထုတ်တဲ့ ဟော်ရာကားအသစ်ပါ။ဇာတ်အစမှာတော့ ကလေးလေး၂ယောက်က အဖေပျောက်သွားတယ်လို့ ဆိုင်ရှင်ကိုတစ်ယောက်ကလိမ်ပြီး အာရုံလွှဲထားပြီး တစ်ယောက်က မုန့်ခိုးဖို့ကြံကြတယ်။ အာရုံလွှဲမယ့်ကလေးဝင်သွားပြီး နောက်ကလေးလိုက်ဝင်သွားတော့ အာရုံလွှဲမယ့် ကလေးကမရှိနေဘူး။ဆိုင်ရှင်ကိုမေးကြည့်တော့လည်း မဝင်လာပါဘူးလို့ပြောတယ်။ ဒီကလေးလေးပျောက်သွားတာပေါ့။ နောက်မှ အဲဒီဆိုင်ရှင်က ကလေးတွေကိုခိုးနေသတ်နေတဲ့လူဖြစ်နေမှန်းသိလိုက်ရတယ်။အလောင်းတွေကိုလည်း မတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့နှစ်ပေါင်းတော်တော်ကြာတဲ့အထိ ခုနပျောက်သွားတဲ့ ကလေးအဖေက သူတို့နားက မောရ်လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့နေရာကြီးတစ်ခုလုံးမှာ သူ့ကလေးကို ပတ်ရှာနေတုန်းပါပဲ။ဒီနေရာကြီးနဲ့လူသတ်သမားက ဘာပတ်သက်တာလဲ။ ဒီနေရာကြီးက ဘာလို့ပဟေဠိဆန်နေတာလဲ အရာအားလုံး အထုပ်ဖြည်ပြတာကို စောင့်စားရမယ့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Horror,Mystery Duration….02:01:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

The Moor (2024)

2024
If I Go Missing (2024) 5.0
If I Go Missing (2024) If I go missing (2024) ---------------------------- Genre - thriller / mystery IMDb - 5စလုမ်ဆိုတဲ့ကောင်မလေးကသူမရဲ့အချစ်ဆုံးသူငယ်ချင်းအသတ်ခံရပြီးတဲ့နောက်မှာ မှုခင်းနဲ့ပတ်သက်တာတွေလေ့လာတာမှာစွဲလန်းလာခဲ့ပါတယ် တနေ့မှာသူတို့အိမ်မျက်နှာချင်းဆိုင်ကိုအရင်ကတခါမှမမြင်ဖူးတဲ့ကိုယ်လူချောတစ်ယောက်ကအရင်အိမ်ပိုင်ရှင်ရဲ့တူပါဆိုပြီးပြောင်းလာခဲ့ပြီးတဲ့နောက်မှာစလုမ်တစ်ယောက်အဲ့လူအပေါ်သံသယဝင်လာပါတော့တယ် တကယ့်လူသတ်သမားအစစ်ကဘယ်သူလဲနဲ့စလုမ်ကဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုဇာတ်လမ်းလှည့်ကွက်များနဲ့အတူတူစိတ်ဝင်စားစရာကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…1.2 GB / 700 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by La Min Khin
movie

If I Go Missing (2024)

Hayseed (2024)
Hayseed (2024) Michiganမြို့ဘက်မှာ အခြေတည်ပြီးရိုက်ကူးထားပြီး မှုခင်းအမျိုးအစား နဲ့ Dark Comedyတို့ကိုအချိုးကျစွာ ဆတူပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပြီးတော့ Michiganအနောက်အလယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ စစ်မှန်တဲ့ ခံစားချက်တွေ လှပတဲ့ရိုက်ချက်တွေကိုတစ်ဝကြီး ရှုမြင်ခံစားနိုင်မယ့်ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အမေးရက်စ်ဟိုလီဆိုတဲ့ ဘုရားကျောင်းတစ်ကျောင်းကလူသေမှုကိုအခြေခံပြီးတော့ သေသွားတဲ့သူက မတော်တဆ သူ့ဘာသူ အချိန်တန်လို့ အနိစ္စရောက်သွားတာလား ဒါမှမဟုတ် လူတစ်ဦးတစ်ယောက် ( သို့ ) အုပ်စုဖွဲ့လုပ်ကြံလို့များ သေသွားတာလား စတဲ့ သံသယဝင်မှုများစွာတွေ လူသတ်သမားကဘယ်သူလဲ ဒါမှမဟုတ် လူသတ်သမားဆိုတာက မရှိဘူးလား စသဖြင့် တခြား မှုခင်းရုပ်ရှင်များနဲ့မတူ ပေါ့ပေါ့ပါးပါးနှင့် မထင်ထားလောက်တဲ့ plot twist များစွာ အတင်းလုပ်ယူမထားတဲ့ ဟာသများစွာနဲ့ ခန့်မှန်း မှန်းဆကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်File size…(1.3 GB) Quality….Webrip HEVC 1080p  Format…mp4/ mkv Duration….01:48:00 Genre...Crime, Comedy, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Yamone 
movie

Hayseed (2024)

Flower of Shanidar (2013) 6.0
Flower of Shanidar (2013) Flower of Shanidar (2013) ************************** IMDb.....6.1  ထူးဆန်းတဲ့ သုတေသနတစ်ခုနဲ့ လူသားတွေကို လျှို့ဝှက်စမ်းသပ်နေတဲ့ ဓာတ်ခွဲခန်းတစ်ခု..သူတို့စမ်းသပ်နေတဲ့အရာက လူသားတွေရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးလိုပွင့်လာတဲ့ပန်းဒီပန်းရဲ့နာမည်ကတော့ ရှာနီဒါတဲ့..ရှာနီဒါပန်းအကြောင်း ဒီသုတေသနစင်တာမှာလုပ်နေတဲ့သူတွေ ဘာသိထားလဲလို့မေးလာရင်တော့ ဒီပန်းဟာ ထူးဆန်းတဲ့ ဆေးတစ်မျိုးထုတ်ဖို့ သုံးနေတယ်ဆိုတာရယ်..ပန်းပွင့်နေစဉ်ကာလမှာ ဒီပန်းရဲ့လက်ခံကောင်ဖြစ်တဲ့  လူသားမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ကြုံရနိုင်တယ်ဆိုတာရယ်..ပန်းက လုံးဝအပြည့်အဝပွင့်သွားပြီဆိုရင် အဆိပ်အတောက် ဓာတုပစ္စည်းတွေထွက်တတ်လို့လက်ခံသူမှာ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာပါပဲ။ဒီ ၃ ချက်ကလွဲရင် ပန်းနဲ့ပတ်သက်တာရော ပန်းကိုဘယ်မှာသုံးနေတယ်..ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ဘယ်သူမှမသိပါဘူး။ဒီလိုနဲ့ပဲ ဒီသုတေသနစင်တာကြီးမှာ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေရင်ပြီးပြီဆိုပြီး လုပ်နေကြတဲ့ဒေါက်တာအိုတာကီနဲ့ စိတ်ရောဂါကုဆရာဝန်မလေး ခရိုကိုတို့ ဒီပန်းနဲ့ပတ်သက်ပြီးသိချင်စိတ်တွေများလာချိန်မှာတော့... (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Mary ပဲ ဖြစ်ပါတယ်။)  File Size : 1.54GB/ 610MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:45:00 Genre : Romance, Life, Youth Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Tiff
movie

Flower of Shanidar (2013)

Revelations (2025) 7.2
Revelations (2025) Revelations (2025) *******************လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ဒီရုပ်ရှင်မှာတော့ Castတွေအဖြစ် "Reply 1988, A Taxi Driver"စတဲ့ နာမည်ကြီးဇာတ်ကားတွေမှမင်းသား Ryu Jun Yeolနဲ့ "Hospital Playlist, Reborn Rich"စတဲ့ ဇာတ်ကားကောင်းတွေမှမင်းသမီး Shin Hyun Binတို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့သင်းအုပ်ဆရာ မင်ချန်း (Ryu Jun Yeol) ဟာ သူ့ရဲ့ယုံကြည်မှုကိုဖြန့်ကျက်ဖို့နဲ့ အသင်းတော်အသစ်ကိုဖွဲ့စည်းဖို့အတွက် မြို့ငယ်လေးတစ်မြို့မှာ ဘုရားကျောင်းကို ဦးစီးနေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ ယန်ရယ်ဆိုတဲ့လူတစ်ယောက်က ဘုရားကျောင်းကိုရောက်ရှိလာတာကြောင့် မင်ချန်းဟာယုံကြည်သူအသစ်လို့ထင်ပြီး ဝမ်းသာ‌‌သွားပေမဲ့ နောက်မှသိလိုက်ရတာက ယန်ရယ်ဟာ လျှပ်စစ်ခြေချင်းဝတ်ထားရတဲ့ အကျဉ်းသားဟောင်းဖြစ်တဲ့အပြင် သူ့သားကိုပြန်ပေးဆွဲခဲ့တဲ့သူလည်း ဖြစ်နေပါတယ်။ဒါကြောင့် မင်ချန်းဟာ တရားဥပ‌ဒေနဲ့မဟုတ်ဘဲ သူ့လက်နဲ့ကိုယ်တိုင် အပြစ်ပေးခွင့်ရအောင် ဘုရားသခင်ကယန်ရယ်ဆိုတဲ့သူကို စေလွှတ်လိုက်တယ်လို့ ယုံကြည်လိုက်ပါတော့တယ်။စုံထောက် ယွန်းဟီး (Shin Hyun Bin) ကတော့ မင်ချန်းရဲ့သား ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးနေသူဖြစ်ပြီးလွန်ခဲ့တဲ့နှစ်‌တွေတုန်းက ရက်ရက်စက်စက် ...
movie

Revelations (2025)

The Witch (2015) The VVitch: A New-England Folktale 6.9
The Witch (2015) The VVitch: A New-England Folktale The Witch (2015)IMDb Rating (7.0) / Rotten Tomatoes (91%) ၁၇ ရာစု New England မှာ ဇာတ်တည်ထားပြီး ပူရီတန်ဘာသာဝင် မိသားစုတစ်စုဟာ နေထိုင်လျက်ရှိတဲ့ လူ့အသိုင်းအဝန်းနဲ့ ဘာသာရေး ပဋိပက္ခတစ်ခု ဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့အတွက် တခြားလူသူမရှိတဲ့ တောစပ်နံဘေးမှာ သွားပြီး စိုက်ပျိုးရေးလုပ်စားကြပါတယ်။ဒီမိသားစုမှာ အဖေအမေအပြင် သမီးကြီးတစ်ယောက်ရယ် သူ့အောက်က ၁၀ နှစ်ကျော် သားတစ်ယောက်ရယ် အမွှာမောင်နှမနှစ်ယောက်ရယ် မွေးကင်းစလေးတစ်ယောက်ရယ် ရှိပါကြပါတယ်။လူတွေနဲ့ဝေးရာကို ရောက်လာလို့ အေးအေးချမ်းချမ်းနဲ့ လယ်လုပ်စားမယ်ဆိုမှ ဒီမိသားစုအပေါ် ကြမ္မာဆိုး စတင်ဝင်ရောက်လာပါတော့တယ်။သမီးကြီးက မွေးကင်းစလေးနဲ့ တူတူရေဝါး ဆော့နေတုန်း အသားလွတ် မျက်စိတမှိတ်အတွင်း ပျောက်သွားတာတွေ၊ မိခင်ဖြစ်သူရဲ့ အမွေအနှစ်ငွေခွက် ပျောက်တာတွေ၊ အမွှာနှစ်ယောက်က အစ်မကြီးဖြစ်သူကို စုန်းမလို့ စွပ်စွဲတာတွေ၊ တောထဲကို မသွားရဘူးပြောတာကို သွားခဲ့တဲ့ သားကြီးကရော ဘာတွေဖြစ်မလဲ စသဖြင့် ...
movie

The Witch (2015) The VVitch: A New-England Folktale

2015
4K HEVC
Bone Face (2025)
Bone Face (2025) ဒီဇာတ်ကားလေးကတော့ 2025 ခုနှစ်ထဲမှာပဲပူပူနွေးနွေးထွက်ရှိထားတဲ့ horror thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Elena Sanchez,Jeremy London, Alli Hart စတဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားပြီးတော့ Michael Donovan ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း…. တိတ်ဆိတ်ငြိမ်သတ်နေတဲ့ မြို့လေးတစ်မြို့မှာရှိတဲ့ မြို့သူမြို့သားများဟာ Bone Face လို့ခေါ်တဲ့ လူသတ်သမားကြောင့် ထိတ်လန့်နေကြပါတယ်။ဒီတစ်ခါမှာတော့ နွေရာသီစခန်းတစ်ခုဟာ လူသတ်သမားရဲ့ ပစ်မှတ်ဖြစ်လာပြီးတော့ သန်းခေါင်ယံအချိန်မှာတော့ စခန်းမှာရှိနေတဲ့ သူတွေအကုန် အသတ်ခံလိုက်ရပါတော့တယ်။နယ်ထိန်း Cronin နဲ့ ဒုအရာရှိ McCully တို့ဟာ ညတွင်းချင်းပဲ တရားခံကို ဖမ်းဆီးဖို့ ခြေရာခံခဲ့ကြပြီး လူသတ်သမားရှိနေနိုင်တဲ့ စားသောက်ဆိုင်တစ်ခုကို ရောက်ရှိသွားကြပါတယ်။ တရားခံကို နောက်ဆုံးမှာရှာဖွေတွေ့ရှိသွားမလား လွတ်မြောက်သွားမလားဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။File size…(1 GB)/(664 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Mystery, Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min ...
movie

Bone Face (2025)

Don’t Look Back… I Know Your Origins (2024) 4.6
Don’t Look Back… I Know Your Origins (2024)  Don't Look Back... I Know Your Origins (2024)IMDb Rating (4.6) Don't Look Back 2 ခေါ် Jangan Pandang Belakang 2 ဟာ မလေးရှားသရဲကားဖြစ်ပြီး ပထမကားအပြီး ၁၆နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတယ်။ဇာတ်ကတော့ မိသားစုတစ်စုကို သူတို့ရဲ့ကျိန်စာသင့်ဘိုးဘေးဝိညာဉ်က ကာကွယ်သလိုလိုနဲ့ ဖျက်ဆီးနေတဲ့အကြောင်းပါပဲ။ ပထမကားမှာကတည်းလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့သလို ဒီကားလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့တယ်။ဒီဇာတ်ကြောမှာ ဒါတွေကိုမယုံတဲ့ဆရာဝန်နဲ့ မျက်မြင်ကြုံတွေနေရတဲ့ နစ်နာသူနဲ့ အီမမ်လို့ခေါ်တဲ့ နတ်ဆရာတွေကြားက ယုံကြည်သူ မယုံကြည်သူအားပြိုင်ကြတာတွေကို အပနှင်တာနဲ့ အပြိုင် ထည့်သွင်းထားတယ်။လက်ရှိနာမည်ကြီးတဲ့ The Priests ရဲ့ spin-off Dark Nuns လို စတိုင်မျိုးပေါ့။ အပနှင်တဲ့ကားတွေ ကြိုက်တဲ့သူတွေတော့ ကြိုက်ကြလောက်မယ့် မလေးရှားအပနှင်ကားပါပဲ။ ဇာတ်က ဒီမှာလည်းပြီးသေးပုံမပေါ်ဘဲ ဆက်ထွက်မယ့်ပုံပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File ...
movie

Don’t Look Back… I Know Your Origins (2024)

2024
The Killers (2024) 6.1
The Killers (2024) The Killers (2025) ***************** IMDb.....6.1 ၁၉၅၄ ခုနှစ်မှာ စာပေ ပညာ နိုဘယ်ဆု ရရှိထားတဲ့ Ernest Hemingway ရဲ့ "The Murders" ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ "The Killers" ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Castတွေ အနေနဲ့ကတော့ Shim Eun Kyung, Yeon Woo Jin, Hong Sa Bin, Jang Hyun Sungတို့နဲ့အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ဇာတ်လမ်းအညွှန်း အနေနဲ့ကတော့..နောက်ကျောမှာ ဓားစိုက်နေတဲ့ ယောကျ်ားတစ်ယောက်၊ လူသတ်ပေးဖို့ တောင်းဆိုလာတဲ့ မိန်းမတစ်ယောက်၊လူတိုင်းက စောင့်မျှော်နေတဲ့ လူတစ်ယောက်၊ လူတစ်ယောက်ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်..အစရှိသဖြင့် ရှူထောင့် ၄ခုကနေ ဇာတ်လမ်း ၄ပုဒ် တည်ရှိနေပြီးတော့ ညမိုးချုပ် အချိန် ပဟေဠိဆန်တဲ့စားသောက်ဆိုင်တစ်ဆိုင်ကို ဓားစိုက်နေတဲ့ လူတစ်ယောက် ရောက်ရှိလာချိန်မှာပဲ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဟာ စတင်လာပါတော့တယ်။ဒီ ...
movie

The Killers (2024)