Channel Myanmar

Mystery

Cornell’s Box (2025) 6.6
Cornell’s Box (2025) Cornell's Box (2025)********************IMDb..... 6.6 လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိမှု သိမ်ငယ်မှုတွေကသူ့ကို ဘယ်လောက်ထိ ဆွဲချသွားနိုင်လဲဆိုတာကို သည်းထိပ်ရင်ဖိုစွာနဲ့ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ ထယ်အီနဲ့ အွန်ဝူးဟာ ပန်းချီကို ချစ်မြတ်နိုးသူတွေဖြစ်ကြပြီးယခုလက်ရှိမှာလည်း ပန်းချီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ကြိုးစားနေသူတွေပါ။ဒါပေမဲ့လည်း အွန်ဝူးရဲ့ ပန်းချီလက်ရာတွေဟာ ထယ်အီ့ထက် အမြဲတမ်း သာလွန်နေခဲ့တာကြောင့်ထယ်အီဟာ အွန်ဝူးနဲ့ယှဉ်လိုက်ရင် သိမ်ငယ်နေခဲ့ရတာပေါ့။တစ်ရက်... ထယ်အီ့ရဲ့ ရည်းစားဖြစ်သူ ယူဂျင်းဟာ ရုတ်တရက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ဒါကို လက်မခံနိုင်တဲ့ ထယ်အီနဲ့ ယူဂျင်းရဲ့ညီမဖြစ်သူ ယူရင်းတို့ဟာ ယူဂျင်းရဲ့ အဆုံးစီရင်ခဲ့ရတဲ့အကြောင်းပြချက်နဲ့ အမှန်တရားကို အတူတူ လိုက်လံစုံစမ်းကြပါတော့တယ်။သူတို့တွေ ဖော်ထုတ်လေလေ ယူဂျင်းရဲ့အတိတ်နဲ့ပက်သက်ပြီး ကိစ္စတွေဟာ ပိုပြီး နက်နဲလာခဲ့ပြီးတော့အဆုံးမှာတော့ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကို လျှို့ဝှက်နက်နဲပြီး စိတ်ဝင်စားဖို့လည်းကောင်းတာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ‌ရေးသားထားပေးပါတယ်။) File Size : 1.15GB/ 550MB Quality ...
movie

Cornell’s Box (2025)

Drive Back (2024) 4.7
Drive Back (2024)  Drive Back (2024)အိုလီဗီယာနဲ့ရိဒ်တို့ဟာ တက္ကသိုလ်ကျောင်းက ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြပြီး အခုချိန်မှာတော့ ရိဒ်ရဲ့မိဘနှစ်ပါးပိုင်ဆိုင်တဲ့ ကျေးလက်အိမ်လေးမှာ စေ့စပ်ပွဲကိုကျင်းပပြီး တောအုပ်ကြီးတစ်ခုကိုဖြတ် မြို့ကိုပြန်ခဲ့ကြပါတယ်။အလာတုန်းက အထစ်အငေါ့မရှိခဲ့တဲ့ သူတို့ခရီးဟာ အိုလီဗီယာ့အလိုကျ ပိုမြန်မယ်လို့ထင်ရတဲ့ ဖြတ်လမ်းကနေဖြတ်သွားမိတဲ့အချိန်မှာ မကြာသင့်ပဲအချိန်တွေကြာ၊လမ်းတွေပျောက်၊ လမ်းမှာအကူအညီတောင်းပေမယ့်လည်းအခက်အခဲတွေ တစ်ခုပြီးတစ်ခုနဲ့ထိတ်လန့်စရာအဖြစ်အပျက်တွေ၊အမြင်အာရုံတွေကိုပါ နှစ်ဦးလုံး တစ်ယောက်တစ်မျိုးဆီ ဆက်တိုက်ကြုံလာရချိန်မှာတော့ သူတို့တစ်စုံတစ်ခုကို ရိပ်စားသဘောပေါက်မိလာပါတော့တယ်။အဲ့ဒါကတော့ သူတို့လမ်းမှာတွေ့ခဲ့တဲ့ အခက်အခဲတွေဟာ အကြိမ်ကြိမ်ကြုံဖူးခဲ့ပြီးသားဖြစ်ပြီး၊ သူတို့လမ်းမှာတွေ့ခဲ့ဆုံခဲ့တဲ့သူတွေဟာ သူတို့ကိုယ်တိုင်ရဲ့ မူကွဲအမျိုးမျိုးဖြစ်နေတယ်ဆိုတာပါပဲ။အဲ့ဒီ၀င်္ကပါဟာ သူတို့စိတ်ရဲ့လှည့်စားမှုပဲလား၊ ဒါမှမဟုတ် သူတို့ရဲ့အမှားတစ်စုံတစ်ရာကြောင့် ပြစ်ဒဏ်ခတ်ခံရခြင်းလား? ဒီနေရာကနေလွတ်မြောက်ဖို့လမ်းစကိုဘယ်လိုရှာကြမလဲ?Triangle 2009 ကိုနှစ်သက်ခဲ့သူတွေအတွက် မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.4 GB) / (830 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror, Mystery, Sci-Fi, Thriller Duration…. 01:34:15 Subtitle…. Myanmar ...
movie

Drive Back (2024)

2024
Namesake (2025) 5.8
Namesake (2025) ဒီတခါတင်ဆက်ပေးမှာတော့ အင်တာနက်အသုံးပြုသူတွေနဲ့ရင်းနှီးပီးသားဖြစ်နေတဲ့ ဟာသဇာတ်ကောင်တွေပါဝင်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အလွယ်ပြောရမယ်ဆိုရင် ရှူးရှူးရှူးတွမ် ဆိုပီး လူသိများကြတဲ့ မော်ကုထို , မောင်ထိုင်,ကျူးရှောင်မင် , ချိုချို , စတဲ့ ဟာသvideo အတိုလေးတွေရိုက်ပြီး လူသိများကြတဲ့သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့တစ်ခါတလေမှာ ကံတရားကကျီစယ်လွန်းလှပါတယ် သူစိမ်းသုံးယောက်ကိုတောင် လွဲမှားစေတဲ့အထိပေါ့... ဗိုလ်လိုမမှုတ်ရရင်လူမထင်တဲ့ပေါ်ကျော့သူဌေးကြီးကိုမှဒုက္ခပေးချင်သလား.. ဥက္ကဌကျန်းဝေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ယောက်ပေါ့ တစ်နေ့မှာ ပြဇာတ်သမားတစ်ယောက်က သူ့ဇာတ်ရုံမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဥက္ကဌကျန်းဝေကို တောင်းဆိုခဲ့ပေမဲ့ ငြင်းပယ်ခဲ့ပါတယ် ဘာလို့လဲဆိုတော့ ပြဇာတ်သမားကသူနဲ့နာမည်တူနေလို့ပါတဲ့ဒီလိုနဲ့မိမိနဲ့နာမည်လာတူနေတာကိုမချင့်မရဲဖြစ်နေတဲ့ဥက္ကဌကျန်းတစ်ယောက် ပြဇာတ်သမားကိုခြံဝန်းအပြင်နှင်ထုတ်အပြီးမှာ ဇာတ်ဆရာကျန်းဝေက "အမျိုးသားတစ်ဦးအလိုရှိသည်"ဆိုတဲ့ ကြော်ငြာစာရွက်တစ်ခုတွေ့ခဲ့ပါတယ် ဒီလိုနဲ့ကြော်ငြာပိုင်ရှင်အမျိုးသမီးနဲ့ဆက်သွယ်ပြီး ထျယ်ချန်ကုံမှာတွေ့ဖို့ ခြံဝန်းရှေ့မှာပဲအကြိုကိုစောင့်ဆိုင်းနေခဲ့ပါတယ်ဒီအချိန်မှာပဲ ဥက္ကဌကျန်းဝေက စီးပွားရေးလုပ်ဖို့ ထျယ်ချန်ကုံက စက်ရုံတစ်ခုကိုသွားရောက်စစ်ဆေးဖို့ကားနဲ့လာကြိုမှာကိုစောင့်နေခဲ့တာပေါ့ဒီလိုနဲ့ကားဆရာက ပြဇာတ်ဆရာကျန်းဝေကိုအရင်တွေ့ပြီး ဥက္ကဌကျန်းအထင်နဲ့ကားပေါ်အရင်ခေါ်တင်ခဲ့ပါတယ်။ ကားဆီခသက်သာ‌ပြီး‌ငွေပိုရ‌အောင်ဆိုတဲ့အကြံနဲ့ကားဆရာက အရှေ့မှာစောင့်နေတဲ့ဥက္ကဌကျန်းကိုပါလူပိုအနေနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကားပေါ်ခေါ်တင်ခဲ့ပါတော့တယ်ဒီလောက်တင်မကပါဘူး...သေနတ်အရောင်းအဝယ်လုပ်ဖို့ ထျယ်ချန်ကုံကိုသွားရမဲ့ "ကျန်းဝေ"ဆိုတဲ့သံတမန်တစ်ယောက်ပါ ပါဝင်ပတ်သတ်လာတဲ့အခါ လူမတူပေမဲ့နာမည်တူတဲ့သူတို့သုံးယောက်... ကြုံတွေ့ရမဲ့အရာတွေရောတူညီပါ့မလားကိုယ်စီအလွဲလွဲအချော်ချော်နဲ့ပဲရယ်မောရဦးမလား ဘယ်သူက ဘယ်နေရာမှန်ကိုရောက်မလဲဆိုတာ ကြည့်ရှုရင်းအပန်းဖြေလိုက်ရအောင် Filesize : 1.38 GB / 754 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy , Mystery Runtime : 1h 26 min Subtitle : Myanmar ...
movie

Namesake (2025)

Havoc (2025) 6.7
Havoc (2025)  မင်းသား တွမ်ဟာဒီရဲ့ ရဲအက်ရှင်ကားသစ် ထွက်လာပါပြီ။ဒါရိုက်တာကလည်း The Raid ရဲ့ ဖန်တီးရှင် Gareth Evansပါပဲ။ အက်ရှင်မှ အက်ရှင်အစစ်ပါ။ တရုတ် ရာဇဝတ်ဂိုဏ်းနဲ့အမေရိကန်ဂိုဏ်း နှစ်ခုကြားမှာ ရဲတွေနဲ့ သုံးပွင့်ဆိုင်ကျုံးကြတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း++++++++++ဝေါ်ကာဆိုတဲ့ ရဲက လာဘ်စားပြီးတော့ အမတ်လောင်းတစ်ယောက်ရဲ့ တရားမဝင်အလုပ်တွေကို လုပ်ပေးနေတဲ့သူပါ။တစ်နေ့မှာ အမတ်လောင်းရဲ့ သားက တရုတ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ရဲ့ သားကို သတ်မိသွားတယ်ဆိုပြီး တရုတ်ဂိုဏ်းတစ်ခုလုံးက လိုက်လာပါတယ်။အဲဒီ ဂိုဏ်းနှစ်ခုကြားမှာ အမတ်လောင်းရဲ့သားကို ကယ်ဖို့ကြိုးစားနေရတဲ့ ဝေါ်ကာနဲ့ သူ့ထက်အကျင့်ပျက်နေတဲ့ရဲတွေကလည်း ထပ်ပြီး ထိပ်တိုက်တွေ့ကြပါတော့တယ်။ဒီတော့ ပတ်လည်တွေ ကျုံးကုန်ကြပြီး ဘာဆက်ဖြစ်မလဲကြည့်ရမှာပါ။  File size… (7.67 GB) / (2.74 GB) / (1.16 GB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h ...
movie

Havoc (2025)

4K HEVC
Exposed (2016) 5.8
Exposed (2016)  ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မသိသူမရှိ John Wickမင်းသားကြီး Keanu Reeves နဲ့ ကျူးဘားသူမင်းသမီးချောလေး Ana de Armas တို့ရဲ့ ဇာတ်ကားဟောင်းလေးဖြစ်တဲ့ Exposed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအမျိုးအစားကိုပြောရရင်တော့ မှုခင်းလျှို့ဝှက်ဆန်းကြယ်အမျိုးအစားဖြစ်ပြီးသရုပ်ဆောင်တော်တော်များများကလည်း နာမည်ကြီးတဲ့အပြင် ဇာတ်ညွှန်းလေးကလည်း စိတ်ဝင်စားစရာကောင်းတဲ့အတွက် အတိတ်ကိုပြန်လည်လွမ်းဆွတ်ရင်း ဇာတ်လမ်းကောင်းလေးတွေပြန်ကြည့်ချင်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းဘယ်ကစလဲဆိုရင်တော့ စကော့ဆိုတဲ့စုံထောက်ရဲ့တွဲဖက်စုံထောက်တစ်ယောက် ရထားဘူတာမှာ ဓားထိုးအသတ်ခံရာကနေစတာပါပဲ။ဘယ်သူတွေလုပ်သွားသလဲဆိုတာ အရိပ်အယောင် အစအနတောင်မသိရဘဲ အဲ့ဒီစုံထောက်ကိုယ်ပေါ်က ကင်မရာတစ်လုံးကိုသာ သဲလွန်စအနေနဲ့တွေ့ခဲ့ရပါတော့တယ်။အဲ့ဒါကြောင့် စကော့ကသူ့တွဲဖက်ကိုသတ်သွားတဲ့လူကိုသိရဖို့အတွက် အဲ့ဒီကင်မရာထဲမှာတွေ့တဲ့ ဓာတ်ပုံတွေထဲကအတိုင်း လိုက်စုံစမ်းပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ သူ့တွဲဖက်ကိုယ်တိုင်ကလည်း စံပြရဲမဟုတ်ဘဲ မူးယစ်ဆေးရောင်းတဲ့လူတွေဆီကနေ ငွေညှစ်တာတို့ ရဲတစ်ယောက်နဲ့မကိုက်ညီတဲ့အပြုအမူတွေလုပ်ခဲ့တဲ့လူဖြစ်တဲ့အတွက် သူ့ကိုကြုံးချင်တဲ့လူတွေကလည်း ခပ်များများဖြစ်နေတော့ စုံစမ်းစစ်ဆေးရတာတိုင်ပတ်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ စုံထောက်ကြီးစကော့ လိုက်လံစုံစမ်းရင်း သူ့တွဲဖက်အတွက် အမှန်တရားကိုဖော်ထုတ်ပေးသွားနိုင်မလားအမှန်တရားဆိုတာဖော်ထုတ်တိုင်းရော ကောင်းပါ့မလားဆိုတာကို ရှုစားရမဲ့ Old But Gold ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။  File size… (1 GB) / (539 MB) Quality… ...
movie

Exposed (2016)

Lifeline (2025) 5.5
Lifeline (2025) Lifeline (2025)ဒီဇာတ်လမ်း‌လေးကတော့ အသက်ကယ်ဆယ်ရေးဖုန်းလိုင်းမှာ လုပ်အားပေးဆင်းတဲ့ Steven ဆိုတဲ့သူတစ်ယောက်နဲ့ဇာတ်လမ်းစထားပါတယ်။Steven ဟာ ငယ်ဘဝတုန်းက သူကိုယ်တိုင်သတ်သေချင်မိတဲ့အထိ အဖေရဲ့ ညဥ်းပန်းနှိပ်စက်ခံရတဲ့သူတစ်ယောက်ပါ။အသက်ကယ်ဆယ်‌ရေးဖုန်းလိုင်းမှာ သူနဲ့နာမည်တူ ဖြစ်ရပ်တွေတူနေတဲ့သူတစ်ယောက်က မထင်မှတ်ပဲ သူ့ကိုယ်သူသတ်သေမယ်ဆိုပြီး ဖုန်း‌ခေါ်ဆိုလာတဲ့အခါ..ဘာကြောင့်အဲ့လိုတူနေရတာလဲ?Parallel universe ဆိုတာတကယ်လား? Steven ကဘယ်လိုနှစ်သိမ့်ဖြောင့်ဖြပေးမှာလဲ?အဆုံးသတ်မှာအတွေးပေါင်းများစွာ ချန်သွားပေးမယ့်ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Satt ဖြစ်ပါတယ်။) File size… (1.3 GB) / (680 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:20:53 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Satt
movie

Lifeline (2025)

2025
Streaming (2025) 6.5
Streaming (2025) Streaming (2025)******************IMDb..... 6.5 Streaming ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Cho Jang-ho ကိုယ်တိုင်ရေးသား ရိုက်ကူးထားပြီးဒိတ်ဒိတ်ကြဲစတား Kang Ha-neul က ကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်က သဲလွန်စတွေကိုစုံစမ်းစစ်ဆေးရင်း အချိန်နဲ့ တစ်ပြေးညီ Live လွှင့်နေတဲ့ ပြစ်မှုမုဆိုး ချန်နယ်ထုတ်လွှင့်သူနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း-ကိုရီးယားမှာ ရေပန်းအစားဆုံးသော မှုခင်းရုပ်သံလိုင်းကို ထုတ်လွှင့်သူ Woo Sang ကWAG ဆိုတဲ့ Streaming ပလက်ဖောင်းမှာ မဖြေရှင်းရသေးတဲ့ အမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့Profiler တစ်ယောက်အနေနဲ့ ကျော်ကြားသလို Subscriber အများဆုံး နံပါတ် ၁ နေရာမှာရှိနေတဲ့သူဆိုလည်း မမှားပါဘူး။တစ်နေ့မှာတော့ သူ့ ထုတ်လွှင့်မှုကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ နာမည်လည်းတစ်ဟုန်ထိုး ကျသွားပါတော့တယ်။Woo Sang လည်း သူ့ရဲ့ မူလထိပ်တန်းနေရာကို ပြန်လည်ရောက်ရှိဖို့ရန်အတွက် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီးစုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့တယ်။ဒီလိုနဲ့ သဲလွန်စတွေကို ...
movie

Streaming (2025)

Original Sin (2001) 6.0
Original Sin (2001) Original Sin (2001)မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက ဒိုင်ယာလော့တချို့နဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးခဲ့ချင်ပါတယ်။ —————————————— အလန် – “ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား ..” ဗားဂတ် – “ကွဲပြားမှုရှိလို့လား ..အလန်” အလန် – “ရှိတာပေါ့…ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ” ဗားဂတ်- “တဏှာကရော ..တဏှာဆိုတာ ဘာလဲ…အလန်” အလန်- “တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်… သုံးစွဲမယ်…ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား ..” ဗားဂတ်- “နှစ်ခုစလုံးပဲ…ကျွန်တော် သူ့ကို အရာရာပေးချင်တယ်…သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်” အလန် – “အိုး…မင်းကအရှုံးသမားပဲ။” ———————————————– ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး ချစ်ခြင်းမှာရှုံးနိမ့်ခြင်းတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် မိသားစုနဲ့ကြည့်လို့မရတဲ့ R-Rated ကားဖြစ်ပါတယ်။ File ...
movie

Original Sin (2001)

Height of the Wave (2019)
Height of the Wave (2019) Height of the Wave (2019)*************************IMDb..... 6.4 Juvenile Justice ဇာတ်လမ်းတွဲမှာ ကောင်လေးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Lee Yeonရဲ့ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း-ရဲအရာရှိ နမ်ယွန်းဆူဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းထားပြီးတော့ သမီး ဖြစ်သူနဲ့ ‌ဆက်ဆံရေးပြေလည်ဖို့ ကြိုးစားနေရင်း ပင်လယ်ဘက် ရဲစခန်းကို တာဝန်ပြောင်းရွှေ့လာခဲ့ပါတယ်။အဲဒီရွာမှာ ယယ်အွန်းဆိုတဲ့ မိဘမဲ့ ကောင်မလေး တစ်ယောက် ရှိပြီး‌တော့ တစ်ရွာလုံးကသူ့ကို စောင့်ရှောက်ထားပါတယ်။ရွာဘက်ကို တာဝန်ကျလာတဲ့ အထိမ်းအမှတ်အဖြစ် ကြိုဆိုပွဲလုပ်တဲ့ ညမှာပဲ အရာရှိနမ်ဟာယယ်အွန်းနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတော့တယ်။တစ်ဖက်မှာလည်း ရွာရဲ့ အကျိုးအမြတ်အတွက် ယယ်အွန်းကို ရွာကနေ မောင်းထုတ်ချင်နေတဲ့ရွာသူကြီးကလည်း ရှိနေပြန်ပါတယ်။ယယ်အွန်း ကြုံတွေ့နေရတဲ့ အခြေအနေက ဘာများဖြစ်မလဲ...အရာရှိနမ်ကရော ယယ်အွန်းကို ကာကွယ်ပေးနိုင်မှာလား.. ပဟေဠိဆန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ပင်လယ်ရွာလေးအကြောင်းကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Treasure Htet ပဲ ...
movie

Height of the Wave (2019)

Hell of a Summer (2025) 5.9
Hell of a Summer (2025) Hell of a Summer (2025)IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတို့ပဲ သရုပ်ဆောင်ထားသေးပါတယ်။ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တို့ဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက ...
movie

Hell of a Summer (2025)

2025
With a Friend Like Harry…(2000)
With a Friend Like Harry…(2000) IMDb 7.1/10 Rotten Tomato 96%ဒီဇာတ်ကားကတော့ ပြင်သစ်ဇာတ်ကား ဖြစ်ပါတယ် ။လျို့ဝှက်သည်းဖိုဇတ်လမ်း တွေကြိုက်တယ်ဆိုရင်တော့ အတော်ပါပဲ ပြင်သစ်ရုပ်ရှင်တွေကလည်းလျှော့တွက် မရတဲ့ အထဲပါပါတယ်။ တစ်ချို့ဇာတ်ကား တွေဆို ကမ္ဘာကျော်တဲ့အပြင် အတွဲလိုက် လက်မလည်အောင်ရိုက်နေရတဲ့ကားတွေ လည်းတွေ့ဖူးပါတယ်။ဒီဇတ်ကားထဲမှာ ပြင်သစ်ပြည်က တောင် တန်းတွေနဲ့ ကျေးလက်အပန်းဖြေအိမ် လေးကသဘောကျစရာပါပဲ။ကလောမြို့ ကိုတောင်အမှတ်ရမိပါသေးတယ်။ ပြင်သစ်ခေတ်ဟောင်း တေးဂီတနဲ့သီချင်း ကိုလည်း ဇာတ်နဲ့လိုက်ဖက်အောင်သုံး ပေးထားပါတယ်။ ဒါရိုက်တာက Dominik Moll ပါ။ ဇတ်လမ်းအကျဥ်း မီရှယ်ပတ်ဖ်က ဇနီးသည်ကလယ်ရာ သမီးသုံးယောက်တို့နဲ့အတူ သူတို့ဝယ် ထားတဲ့ပြင်သစ်ပြည်တောင်ပေါ်ကျေး လက်က အပန်းဖြေအိမ်မှာ အားလပ် ရက်အပန်းဖြေဖို့တက်လာကြပါတယ်။ ကားကအဲယားကွန်းမပါပူတော့ကလေး အကြီးကဂျီကျတဲ့အပြင်အငယ်ဆုံးက လည်း တစ်ကျီကျီငိုလာပါတယ်။ လမ်းမှာခဏနားတဲ့အချိန် သန့်စင်ခန်း ထဲမှာမီရှယ်ကကျောင်းတုန်းကအတန်း ဖော် ဟာရီနဲ့ဆုံပါတယ်။ ဟာရီကမှတ်မိပေမဲ့ မီရှယ်ကမမှတ်မိ ပါဘူး။ ခရီးဆက်ထွက်မယ်လုပ်တော့ စကားစပ်မိကြပြီး ဟာရီနဲ့သူ့ရည်းစား ပလမ်းတို့ ...
movie

With a Friend Like Harry…(2000)

[18+] The Secret Game of the Immoral Wife (2016) 6.6
[18+] The Secret Game of the Immoral Wife (2016)  The Secret Game of the Immoral Wife (2016)IMDb Rating (6.6) ဟာရူအိုဟာ လမ်းပေါ်ကလူအသွားအလာတွေကိုရေတွက်ရတဲ့ ဆာဗေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူရေတွက်နေတဲ့သူတွေထဲက မိန်းမလှလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။နောက်ငါးနှစ်အကြာမှာတော့ ဟာရူအိုရဲ့အရူးရောဂါက အတော်လေးမြင့်တက်နေခဲ့ပါပြီ။ သူကြိတ်ချစ်နေတဲ့ကောင်မလေး မာကိုတိုဟာ အိမ်ထောင်နဲ့ဆိုတာသိရတဲ့နောက် မာကိုတိုနဲ့မျက်နှာချင်းဆိုင်က အိမ်ကိုငှားနေပြီး အလုပ်ကိုပါပြောင်းပစ်လိုက်ပါတယ်။မာကိုတိုနဲ့သူ့ရဲ့သာယာတဲ့အိမ်ထောင်ဘက်ကို တစ်ဖက်ကနေချောင်းကြည့်ပြီး စိတ်ဖြေတတ်သလို တစ်ခါတစ်လေ ပစ်စာလိုလိုကြောင်တောင်တောင်စာတွေလည်းပို့တတ်ပါသေးတယ်။တစ်ချိန်မှာတော့မာကိုတိုဘက်က သူ့ကိုရိပ်မိသွားခဲ့ပြီး လူရိုးကြီး ဟာရူအိုကို အရူးအမဲသားကျွေးလိုက်ချိန်မှာတော့ ဟာရူအိုတစ်ယောက်ဘယ်လောက်အထိရူးရူးမိုက်မိုက်ရှေ့ဆက်တိုးမလဲဆိုတာကို ဆက်ပြီးရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Romance Duration….01:11:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias
movie

[18+] The Secret Game of the Immoral Wife (2016)

2016
Maoshan Heavenly Master ( 2022 ) 6.2
Maoshan Heavenly Master ( 2022 ) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Maoshan Heavenly Master ဆိုတဲ့ မကောင်းဆိုးဝါးဖမ်းတဲ့ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ကျန်းကျောက်လင်ဆိုတဲ့ ပယောဂဆရာက ချီလျန်ဆိုတဲ့ မကောင်းဆိုးဝါးကို ဖမ်းပြီး ခွင်းလွန်တောင်မှာ ပြစ်ဒဏ်ပေးဖို့ ခေါ်လာခဲ့ရာမှာ မထင်မှတ်ဘဲ လှည့်စားခံလိုက်ရပြီးချီလျန်ဟာ လွတ်မြောက်သွားခဲ့ပါတယ်တာဝန်မကျေပွန်ခဲ့တဲ့ ကျန်းကျောက်လင်ကို သူ့ဆရာက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သူ့အနားကနေ ထွက်သွားခိုင်းလိုက်ပါတယ် ကျန်းကျောက်လင်က အဲ့အချိန်ကစလို့ ချီလျန်ကိုသတ်ပစ်ဖို့ ရေဆုံးမြေဆုံးလိုက်ရှာရင်း တခြားမကောင်းဆိုးဝါးတွေဖြစ်တဲ့ ဟေးဝူချန်နဲ့ ပိုင်ဝူချန်တို့ကို ဖမ်းဆီးရင်း နံပါတ်တစ်ဓါးသမား လျောက်ဖုန်းရီနဲ့ဆုံခဲ့ပါတယ်ရွမ်ထျန်းမြွေကြီးအဖြစ်ပြောင်းလဲဖို့ ယန်ဓာတ်ပြည့်ဝတဲ့သူတွေကို လိုအပ်နေတဲ့ ချီလျန်အတွက်တော့ လျောက်ဖုန်းရီဟာ သားကောင်တစ်ယောက်ဖြစ်လာခဲ့ရာမှာ ကျန်း‌ကျောက်လင်က ကူညီပေးခဲ့ရာကနေ နောက်ဆုံးမှာ ချီလျန်ကို ပူးပေါင်းနှိမ်နင်းပြီး လောကကြီးကို အေးချမ်းသာယာအောင် ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတာကို‌တော့ CM ကနေတင်ဆက်ပေးထားတဲ့ Maoshan Heavenly Master ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်ရှုလို့ရပါပြီနော်  Filesize : 0.98 GB / 547 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : ...
movie

Maoshan Heavenly Master ( 2022 )

Inti Number – 13 (2024)
Inti Number – 13 (2024) Inti Number 13 (2024) "အိမ်နံပါတ် ၁၃"ဒီတစ်ခါတော့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ စိတ်၀င်စားစရာကောင်းတဲ့ တေလဂူစကားပြော horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းစစချင်းမှာ အသက် ၉၀ အရွယ်အဘိုးကြီးတစ်ယောက်က သဘာ၀လွန်ဖြစ်ရပ်အကြောင်းပြောတာနဲ့ အစပျိုးထားပါတယ်။ အဲဒါကတော့ အိမ်တစ်အိမ်နဲ့ ပတ်သက်နေတဲ့ဖြစ်ရပ်ပါ။အဲဒီအိမ်က အိမ်နံပါတယ် ၁၃...။တစ်နေ့တော့ အဲဒီအိမ်ကို လူအသစ်တွေရောက်လာကြပါတယ်။ သူတို့ကတော့ စာရေးဆရာလေးအာဂျွန်နဲ့ သူ့အစ်ကိုဆန်ဂျေးတို့လင်မယားပါပဲ။သူတို့တွေရောက်လာပြီးတဲ့နောက်ပိုင်း အိမ်မှာဘာတွေထူးခြားလာမလဲ၊ သူတို့တွေ အဲဒီအိမ်ကိုဘယ်လိုရောက်လာတာလဲ၊ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေမလဲ...ဇာတ်လမ်းအစက အဘိုးကြီးကရော ဘယ်လိုဆက်စပ်ပတ်သက်နေမလဲဆိုတာကို ကြောက်စရာ သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…2.1 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Inti Number – 13 (2024)

Home Sweet Home: Rebirth (2025) 5.5
Home Sweet Home: Rebirth (2025)  ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် သဘာဝလွန်Fantasy ဇာတ်ကားအမျိုးအစားလေးဖြစ်ပါတယ်။ဂျိတ် ဟာ ရဲတပ်ဖွဲ့ကနေ အနားယူပြီးနောက် သာမန်စီးပွားရေးသမားတစ်ယောက်ဖြစ်လာပြီး အားလပ်ရက်မှာဇနီးဖြစ်သူ ထိုင်းအမျိုးသမီးလေး ပရန်း၊ သမီးလေးဖြစ်သူလူး တို့နဲ့ အတူ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ဘန်ကောက်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုန်းကြီးတစ်ပါးနဲ့ ဆုံပြီး ဘုန်းကြီးက ဂျိတ်ရဲ့ အနာဂတ်မှာအပြောင်းအလဲကြီးကြီးမားမားဖြစ်မဲ့အကြောင်းကြိုတင်နိမိတ်ဖတ်လိုက်ပါတယ်။ဒီလိုနဲ့ပဲ အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးတော့ စျေးဝယ်စင်တာအရောက်မှာတော့ သေနတ်ကိုင် အကြမ်းဖက်သမားတစ်ယောက်နဲ့ ဆုံပါတော့တယ်။ ဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေကြားထဲမှာ ပြေးရင်းလွှားရင်း ပရလောကစည်းပေါက်သွားပြီး ပရလောကသားနတ်ဆိုးတွေပါကမ္ဘာပေါ်ကလူသားတွေကို ပူးကပ်သွားတဲ့အခါမှာတော့ ....ဂျိတ် တို့ မိသားစု ဘယ်လိုတွေကြုံတွေ့ရမလဲ....ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေခဲ့တာလဲ....ဘုန်းကြီးဟောတဲ့ ဂျိတ်ရဲ့ ကံကြမ္မာကရော ဘယ်လိုလဲ....သည်းထိတ်ရင်ဖို တစ်ချက်မှ ပျင်းစရာမရှိအောင် ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ......... File size…  (854MB) Quality… WEB-DL  720p Format…mkv / mp4 Duration….1h 33m Genre …..Action , Horror , ...
movie

Home Sweet Home: Rebirth (2025)

Confrontation Peak (2025) 5.7
Confrontation Peak (2025) လျှို့ဝှက်ဆန်းကြယ်တယ်တဲ့ကျွန်းတစ်ကျွန်းမှာရှိတဲ့ ဆန်းကြယ်တဲ့ပန်းတစ်မျိုးဟာ ရောဂါပိုးတွေကိုကုသပေးနိုင်တယ်ဆိုတဲ့ဒဏ္ဍာရီကြောင့် လူတွေဟာခေတ်အဆက်ဆက်ဒီကျွန်းကိုရှာဖွေနေကြပါတယ်။အဲဒီကျွန်းရဲ့မြေပုံဖြစ်တဲ့ ရွှေမျက်နှာဖုံးဟာ၂ခြမ်းဖြစ်ပြီးတော့ ပျောက်ဆုံးနေပါတယ်။ တစ်နေ့မှာတော့ မျက်နှာဖုံးတစ်ခြမ်းကိုပိုင်တဲ့သူဟာ နောက်မျက်နှာဖုံးတစ်ခြမ်းကို ပိုင်တဲ့သူကိုမျှားခေါ်နိုင်ဖို့ ရွှေမျက်နှာဖုံးကိုဆုအဖြစ်ထားပြီးတော့ လက်ဝှေ့ပွဲကြီးကိုကျင်းပလိုက်ပါတယ်။အနယ်နယ်အရပ်ရပ်ကလူငယ်လေးတွေဝင်ပြိုင်ကြပြီးတော့ တိုက်ရင်းခိုက်ရင်းနဲ့ လူငယ်လေး၂ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းလေးပေါ်ရောက်သွားခဲ့ပါတယ်။ ဒီကျွန်းလေးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ...... နောက်ဆုံးမှာရွှေမျက်နှာဖုံးပိုင်ရှင်ဟာဘယ်သူဖြစ်လာမလဲ...... Filesize : 1.24 GB / 699 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Confrontation Peak (2025)

Octopus with Broken Arms (2025) 6.2
Octopus with Broken Arms (2025) မြို့မျက်နှာဖုံးသန်းကြွယ်သူဌေးကြီးတစ်ယောက်ရဲ့သမီးလေးဟာ အိမ်မှာနေရင်း ရုတ်တရက်ပျောက်သွားပြီးပြန်ပေးဆွဲခံရတဲ့အမှုကို ပြန်ပေးမှုတိုက်ဖျက်ရေးတပ်ဖွဲ့က ကြိုးစားပြီးဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ပြန်ပေးသမားဟာ ဓားစာခံသမီးလေးကိုရွေးဖို့ သိန်း၁၀၀၀တောင်းခဲ့ပေမယ့် သန်းကြွယ်သူဌေးကြီးကိုပဟေဠိတွေဖြေခိုင်းရင်း သဲလွန်စတွေပေးပြီးတော့ လူတွေစိတ်ဝင်စားအောင်လုပ်နေပါတယ်။သူပေးတဲ့သဲလွန်စဟာ ဒီပြန်ပေးမှုဦးတည်နေတာမဟုတ်ပဲ လွန်ခဲ့တဲ့(၇)နှစ်တုန်းက ဖြစ်ရပ်တစ်ခုကိုတစ်စတစ်စနေဖော်ထုတ်နေတာဖြစ်တယ်။ တဖြည်းဖြည်းနဲ့တရားခံဟာ ငွေတောင်းခဲ့ပေမယ့် တကယ်တမ်းကျတော့ ငွေကိုလိုချင်တာမဟုတ်ပဲ တခြားရည်ရွယ်ချက်ရှိတာကိုသိလိုက်ရပါတယ်။တရားခံရဲ့တကယ့်ရည်ရွယ်ချက်ဟာ ဘာဖြစ်နေမလဲ...... သန်းကြွယ်သူဌေးကြီးကရော် ပြီးခဲ့တဲ့ဖြစ်ရပ်နဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာကို Plot twistတွေအများကြီးနဲ့ ပုံဖော်သွားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မှုခင်းဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 1.32 GB / 763 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Crime , Mystery Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Octopus with Broken Arms (2025)

The Monster (1994) Il mostro 7.4
The Monster (1994) Il mostro The Monster (1994) Il mostroIMDb Rating (7.3)Life Is Beautiful (1997) နဲ့နာမည်ကျော်ခဲ့တဲ့ အီတလီ မင်းသားကြီး Roberto Benigni နဲ့ မင်းသမီး Nicoletta Braschi တို့ရဲ့ နာမည်ကျော်ဟာသကားဖြစ်ပြီး စတင်ရုံတင်ချိန်ကတည်းက သုံးပတ်ဆက်တိုက် နံပါတ်တစ်ဖြစ်ခဲ့တဲ့အပြင် ပြည်တွင်းမှာ သမိုင်းတစ်လျှောက်ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တာမလို့ Life Is Beautiful လိုပဲ သူတို့နှစ်ယောက်ရဲ့နောက်ထပ်စုံတွဲဇာတ်ကားကောင်းတစ်ကားလို့ ဆိုရမှာပါ။ဇာတ်လမ်းကတော့.. လောရစ်စ်က ကုန်တိုက်ကြီးတစ်ခုအတွက် လူရုပ်တွေနေရာချသယ်ပို့ရတဲ့အချိန်ပိုင်းအလုပ်တစ်ခုလုပ်ပြီးတော့ လက်ထောက်မန်နေဂျာရာထူးရဖို့အတွက် တရုတ်စာလည်းသင်နေပါတယ်။ လက်ရှိမှာတော့ ဘိုင်ကျနေတဲ့အတွက် သူ့အိမ်ခန်းငှားခမပေးနိုင်တာကြာပြီဖြစ်သလို မြို့မှာလည်း တစ်ခြား ကြွေးရှင်တွေမနည်းတဲ့အတွက် အမြဲတမ်းရှောင်ပုန်းနေရတတ်ပါတယ်။အဲ့ဒီအချိန်မှာပဲ သူတို့မြို့မှာ အလွန်ကြောက်စရာကောင်းပြီး မိန်းမတွေကိုမှရွေးသတ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်သောင်းကျန်းနေပြီး ရဲတွေ စုံထောက်တွေခေါင်းခဲနေရတဲ့အနေအထားပါ။ နဂိုကတည်းက အူကြောင်ကြောင် တလွဲတချော်တွေနဲ့လောရစ်စ်ဟာ အကြွေးရှင်တွေကိုပါ ရှောင်နေရတဲ့အတွက် ပုံမှန်ထက်ပိုထူးခြားနေတဲ့အချက်က သူ့ကိုရဲတွေရဲ့စက်ကွင်းထဲရောက်သွားစေပြီး ကွင်းဆက်လူသတ်သမားဟာ သူပဲလို့တစ်ထစ်ချ ယူဆခံလိုက်ရပါတော့တယ်။အဲ့ဒါကြောင့်ပဲ ရဲတပ်ဖွဲ့က ရဲမေလှလှလေးတစ်ယောက်ကို သူ့အခန်းထဲထိ သူလျှိုအဖြစ်လွှတ်ပြီး အနီးကပ်စုံစမ်းခိုင်းတဲ့အခါမှာတော့ လောရစ်စ်နဲ့ရဲမေလေးနဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့ ရဲမှူးတွေ၊ ဆရာဝန်တွေကြားက အလွဲလွဲအချော်ချော်အမှားတွေနဲ့ တစ်ကားလုံးခွီနေရမယ့်ဇာတ်ကားပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias ...
movie

The Monster (1994) Il mostro

4PM (2024) 5.9
4PM (2024) 4PM (2024) ************ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် စာရေးဆရာမ Amelie Notomb ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဒီကားလေးမှာတော့ love next doorထဲမှ မင်းသမီးကြီးJang Young Nam, Miracle in Cell No. 7မှ မင်းသားကြီး Oh Dal-su, Reply 1994 မှ Min Do-heeနဲ့ The Plotထဲမှ မင်းသားကြီး Kim Hong-pa တို့မှ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအညွှန်း *************အီဂျောင်အင်း(Oh Dal-su)ဟာ အတွေးအခေါ်ပညာရှင် ပါမောက္ခကြီးတစ်ဦးဖြစ်ပါတယ်..တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ နယ်မြို့လေးမှာ ဇနီးသည်နှင့်အတူအေးအေးချမ်းချမ်း နေထိုင်လိုတာကြောင့် ကျောင်းကနေခွင့် တစ်နှစ်ယူပြီး နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်.. ။အေးအေးချမ်းချမ်းနေချင်တဲ့ သူတို့လင်မယားရဲ့ဘဝလေးထဲကို ဝင်ရောက်နှောင့်ယှက် လာသူကတော့ ဘေးအိမ်မှာ နေထိုင်တဲ့ ဆရာဝန်ကြီး(Kim Hong-pa)ပါပဲ .. ။အဲဒီဆရာဝန်ကြီးဟာ ညနေ ၄ နာရီရောက်တိုင်း အိမ်ကိုရောက်လာပြီး စကားကို တိုတိုတုတ်တုတ်ပဲ ပြောကာ ၆နာရီ ...
movie

4PM (2024)

Centipede (2025) 5.6
Centipede (2025) သဲထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်သူတွေအတွက် Centipede ဆိုတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ကျော်ဝေတို့အုပ်စုဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက ထူးဆန်စွာ အသေအပျောက်များခဲ့တဲ့ အပန်းဖြေစခန်းတစ်ခုကို လိုက်ဖ်လွှင့်ဖို့ စီစဉ်ခဲ့ကြပါတယ်။အဲဒီ အပန်းဖြေစခန်းရဲ့ ပိုင်ရှင်ကိုယ်တိုင်က ဆွဲကြိုးချ သေသွားခဲ့ပြီး အပန်းဖြေစခန်း အခန်းတွေထဲမှာ မီးလောင်သေသူ၊ ရေနစ်သေသူတွေလည်း ရှိနေပါတယ်။ အဲဒီလူတွေရဲ့ အခန်းထဲကို လိုက်ဖ်လွှင့်ဖို့ သွားတဲ့သူတို့တစ်ဖွဲ့ ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လိုထိတ်လန့်မှုတွေ ဖြစ်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 921 MB / 526 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Mystery Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded ...
movie

Centipede (2025)