Channel Myanmar

Mystery

Sorop (2024) 5.4
Sorop (2024)  Sorop (2024)IMDb Rating (5.4) နေဝင်ရီတရောအချိန်၊ နွားရိုင်းသွင်းချိန်လို့ သညာပြုကြတဲ့ Sorop သို့မဟုတ် မာဂရစ်အချိန်ဟာ ဝိဉာဉ်တွေလွတ်လပ်စာလှုပ်ရှားသွားလာနိုင်တဲ့အချိန်ဖြစ်တယ်လို့ ဘာသာဓလေ့အတော်များများမှာအယုံအကြည်ရှိကြသလို ဂျာဗားကျွန်းသားတွေမှာလည်းရှိပါတယ်။အဲ့ဒီလိုပဲ "Puasa Sorop" ဆိုတဲ့ အစာရှောင်ခြင်းဓလေ့ဟာလည်း ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ဝိဉာဉ်တွေကိုခေါ်ယူတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာထူးခြားချက်ကတော့ အစာရှောင်သူဟာ သင်္ချိုင်းမြေတွေကိုစားသုံးရတာပါပဲ။ဒီဓလေ့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့လုပ်ဆောင်လေ့ရှိကြပေမယ့် ကာယကံရှင်အပေါ်မူတည်ပြီး အကောင်းအဆိုး အကျိုးအပြစ်တွေ ရလဒ်ထွက်လာရစမြဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဟာနစ်ဖ်နဲ့အစ်စ်တီဆိုတဲ့ ညီအစ်မနှစ်ယောက် သူတို့ဦးလေးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ စကားကြောင့် ငယ်ငယ်လေးကတည်းက စွန့်ခွာခဲ့တဲ့ မိသားစုပိုင်နေ အိမ်ကြီးကိုပြန်ရောက်လာပြီးမကြာခင်မှာ သေဆုံးသွားတဲ့ ဦးလေးဖြစ်သူနဲ့အတူ ထူးခြားကြောက်မက်ဖွယ်ဖြစ်ရပ်တွေကိုရင်ဆိုင်ရတာကိုတွေ့မြင်ရပါလိမ့်မယ်။အဲ့ဒီအချိန်မှာပဲ သူတို့ငယ်စဉ်ကကြုံတွေ့ခဲ့ရဖူးတဲ့ ထိတ်လန့်ခြောက်ခြားစရာကိစ္စတွေဟာ အခုဖြစ်နေတာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုတာကို သိလာရပြီး ရုန်းထွက်ဖို့ အဖြေရှာကြရမှာပါ။ တစ်ချိန်က Twitter မှာနာမည်ကြီးခဲ့တဲ့ thread တစ်ခုကိုအခြေခံဖန်တီးထားတာဖြစ်ပြီး Jumpscare တွေကို အားမကိုးပဲ ကင်မရာအယူအဆ၊နောက်ခံတေးဂီတ တိတ်ဆိတ်မှုတွေကနေ ခြောက်ခြားစရာဖြစ်အောင် တင်ဆက်ထားတာပါ။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း cinematography လှလှနဲ့သိချင်စိတ်ကိုနှိုးဆွပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1 GB) ...
movie

Sorop (2024)

2024
Sakura (2024) 6.9
Sakura (2024) Sakura (2024)***************တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက် နောက်ယောင်ခံလိုက်ပြီး သတ်တာခံလိုက်ရပါတယ်။ခရီးစဉ်တစ်ခုစီစဉ်နေရတာကြောင့် သူမရဲ့ အမှုကို ရဲတွေက အချိန်ဆွဲခဲ့လို့ နှောင့်နှေးခဲ့ရတာဆိုပြီး သတင်းတိုက်တစ်ခုကနေပြီး ဖွင့်ချလာတဲ့အခါမှာ အဲဒီသတင်း ပေါက်ကြားတဲ့ကိစ္စကို ရှာဖွေရင်း စခန်းမှာရှုပ်သွားခဲ့ရပါတယ်။အီဇုမိဆိုတဲ့ ရဲဌာနတစ်ခုရဲ့ လူမှုဆက်ဆံရေးဌာနမှာအလုပ်လုပ်နေတဲ့ ကောင်မလေးက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ချီကာက အဲဒီသတင်းကို ပေါက်ကြားအောင်လုပ်တာလို့ ထင်နေခဲ့တာဖြစ်ပြီး ချီကာက သူလုပ်တာမဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။တစ်ပတ်အကြာလောက်မှာတော့ ချီကာ့ကို သေဆုံးလျက်သားတွေ့ခဲ့ရပြီး အီဇုမိက သူ့ကြောင့်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ချီကာ့သေဆုံးမှုကို အားစိုက်ပြီး စုံစမ်းရင်းနဲ့သူသိခဲ့ရတဲ့ ခါးသက်တဲ့အမှန်တရားတွေကို လက်ခံနိုင်ပါ့မလားဆိုတာ.... (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.73GB / 760MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Kim Encoded by AHtet
movie

Sakura (2024)

Talvar (2015) 8.1
Talvar (2015) Talvar 2015 တရားခံဘယ်သူလဲIMDb - 8.1/10Box Office အမြတ်ငွေ သုံးဆလောက်ရထားပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေပိုင်ဆိုင်ထားတဲ့အပြင် ဆုတွေလည်း အများကြီးရရှိထားတဲ့ မင်းသားကြီး Irrfan Khanရဲ့ crime thriller genre ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ Rashomo effectဆိုတဲ့ Crime genreတွေကြားမှာ မြင်နေကြပြဿနာလေးကို မီးမောင်းထိုးပြထားတာဖြစ်ပြီး 2008 ခုနှစ် နိုအင်ဒါနှစ်လောင်းပြိုင်လူသတ်မှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။အမှန်တော့ Rashomo effectဆိုတာ ကျနော်တိုနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာထဲကတစ်ခုပါပဲ။ ၃ ဘက်ကြည့်တဲ့သူက ၃ လိုမြင်ပြီး ၄ ဘက်ကကြည့်တဲ့သူက ၄ လိုမြင်သလိုပဲ ဖြစ်ရပ်တစ်ခုအပေါ် မျက်မြင်သက်သေတွေရဲ့ရှုထောင့်အရ ထွက်‌ဆိုချက် အမျိုးမျိုးဖြစ်နေလို တရားသေယူမရဖြစ်နေတာမျိုးကိုခေါ်တာပါ။ ဆိုတော့ ဇာတ်လမ်းလေးအကြောင်း ဆက်လိုက်ကြပါဦးစို။ရှရူသီဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးတစ်ယောက် အသတ်ခံရတယ်ဆိုတဲ့သတင်းက ဆမီးဗီဟာတစ်ဝိုက်မှာ အတော်လေး ပျံ့နှံသွားပါတယ်။ ‌ကောင်မလေးက ခပ်ငယ်ငယ် မိသားစုကောင်းကနေလာတဲ့ ကောင်မလေးဖြစ်ပြီး ...
movie

Talvar (2015)

Hidden Player (2025) 5.5
Hidden Player (2025) အွန်လိုင်းဂိမ်းတွေဟာအရမ်းကိုကျယ်ပြန့်လာပြီး နေရာယူလာတာနဲ့အမျှ ကစားသူတွေရဲ့လုံခြုံရေးအတွက်အွန်လိုင်းဂိမ်းတွေကို စုံစမ်းစီစစ်ရတဲ့ PNG ဌာနတစ်ခုဖြစ်လာခဲ့တယ်။လတ်တလောမှာ တရားမဝင်အွန်လိုင်းဂိမ်းတစ်ခုကြောင့် ကစားသူတွေရဲ့စိတ်တွေကအဲဒီဂိမ်းထဲမှာပဲနစ်မြုပ်သွားပြီးတော့ ပြန်မနိုးလာကြတဲ့ကိစ္စတွေဖြစ်နေခဲ့တယ်။ အဲဒီကိစ္စကိုစုံစမ်းဖို့အတွက် ယွင်ရှင်းဟာ PNGကအလုပ်ကိုထွက်ပြီး အသွင်ယူပြီး လျှို့ဝှက်ကစားသူအနေနဲ့ဝင်ကစားခဲ့တယ်။ လူတွေရဲ့အသိစိတ်ကို ထိန်းချုပ်ပိတ်နှောင်ထားနိုင်တဲ့ဒီဂိမ်းရဲ့ဖန်တီးသူကိုတွေ့အောင်ရှာပြီး ဒီဂိမ်းထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်တင်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 1.03 GB / 557 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery , Science-Fiction Runtime : 1h 02 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Hidden Player (2025)

The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K 5.9
The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K  The Haunted Apartment “Miss K” (2025)IMDb Rating (5.9) နာမည်ကျော်အင်ဒိုနီးရှားဟော်ရာတွေဖြစ်ခဲ့တဲ့ The 3rd Eye 1-2, Sabrina, Sumala တို့ရဲ့ပဲ့ကိုင်ရှင် Hitmaker Studio ရဲ့နောက်ဆုံးထွက်လည်းဖြစ် The Haunted Hotel 2023 ရဲ့ Standalone sequel လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆူရာဘာယာမြို့မှာ ဆက်စ်မာယာ ဆိုတဲ့ အဆင့်မြင့်တိုက်ခန်းတွဲကြီးတစ်ခုရှိပြီး မကြာသေးခင်က အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတစ်ဦး သူ့ညီမအိမ်မှာ ခြေလက်တွေဖြတ်ပြီး ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုတစ်ခုဖြစ်ပွားခဲပါတယ်။အဲ့ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲအရာရှိရဲ့ချစ်သူဟာ သူ့ညီမနဲ့အတူ အဲ့ဒီတိုက်ခန်းတွဲကြီးကိုမန်နေဂျာအဖြစ်ပြောင်းလာခဲ့ပြီးနောက်မှာတော့ အဲ့ဒီတိုက်ခန်းတွဲကြီးရဲ့အသုံးမပြုပဲ အသေပိတ်ထားတဲ့ အထပ်တစ်ထပ်၊ အဲ့ဒီအထပ်မှာရှိနေတဲ့ ဝင်ရောက်သူတိုင်းလေးရက်အတွင်းသေဆုံးရမယ်လို့ ကျိန်စာတိုက်ပြီးလိုက်သတ်တတ်တဲ့ သရဲသားအမိကို ကိုယ်တွေ့ကြုံရာကနေ ကျိန်စာကလွတ်မြောက်ဖို့အတွက် အဲ့ဒီသရဲသားအမိအကြောင်းကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းရမှာတွေကိုရှုစားကြရမှာပါ။စတူဒီယိုကြီးက ထုတ်တဲ့ဇာတ်ကားပီပီ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာ၊ သရုပ်ဆောင်ချက်ကောင်းကောင်း၊အထူးပြုလုပ်ချက် လှည့်ကွက် visual အမိုက်စားတွေနဲ့အချိန်ပေးရကျိုးနပ်မယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File ...
movie

The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K

2025
Exclusive Memory (2025) 5.6
Exclusive Memory (2025) အရာအားလုံးကိုမြင်ဖူးရုံနဲ့ မေ့မရတဲ့မှတ်ဉာဏ်စွမ်းရည်ရှိတဲ့သူများဟာ ကမ္ဘာပေါ်မှာအင်မတန်ရှားပါးပါတယ်။ ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ အရာအားလုံးအဆင်ပြေတယ်ဆိုတာာ မရှိတဲ့လောကကြီးမှာ မေ့မရခြင်းဟာလဲ ကောင်းလှတဲ့အရာတော့မဟုတ်ပါဘူး။ဒီလိုလက္ခဏာရှိတဲ့သူတွေကို စိတ်ပညာအရ မှတ်ဉာဏ်လွန်ရောဂါလို့ခေါ်ပါတယ်။ တစ်နေ့မှာတော့ ဒေါက်တာချင်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ အရာအားလုံးကိုမေ့မရတာကြောင့် ဖိအားတွေဖြစ်ပြီ း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားလာနိုင်တဲ့လူငယ်လေးကို ကုသပေးဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆန်းကြယ်တဲ့စိတ်ပညာအကြောင်းတွေစိတ်ဝင်စားတဲ့လူတွေ ဦးစားရတာကြိုက်တဲ့လူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 922 MB / 515 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Exclusive Memory (2025)

Snake Island Survival (2025) 5.7
Snake Island Survival (2025) ဒီနေ့တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မြွေကျွန်းက ရှင်ကျန်သူတွေ အကြောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးမှာဆိုရင် ပင်လယ်ကာကွယ်ပေးတဲ့ စောင့်ကြည့်ရေး အဖွဲ့ဝင်တစ်ယောက်က တစ်နေ့ လေပြင်းမုန်တိုင်းက ကယ်ဆယ်ရင်း ဇနီးသည်ကို ဆုံးရှုံးခဲ့ရတာကြောင့်... တောက်လျှောက် သူ့သမီးလေးကိုရော သူကိုယ်တိုင်ပါ ပင်လယ်နဲ့ အဝေးမှာ နေလာခဲ့တယ်...ဒါပေမယ့်လည်း သမီးလေးကလည်း ပင်လယ်ရဲ့အဝေးမှာမနေသလို... သူကိုယ်တိုင်ကလည်း ပင်လယ်ပတ်ဝန်းကျင်က ညစ်ညမ်းပြီ းပျက်စီးလာတာကြောင့် နောက်ဆုံးမှာတော့ သူလည်း ပင်လယ်ကို ကာကွယ်ဖို့အရေးပါဝင်လာပါတယ်...သူတို့ရင်ဆိုင်ရတာကတော့ သဘာဝအတိုင်းမွေးလာတဲ့ မြွေတွေရဲ့ မွေးဖွားနှုန်းကို ပြောင်းလဲတဲ့အပြင် မြွေအဆိပ်နဲ့ ဆေးဖော်တာရေ ာ သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးဖို့ရော ကြိုးစားနေတဲ့ လူမဆန်တဲ့ လူအရေခွံခြုံထားတဲ့ မကောင်းဆိုးဝါးတွေကို ပေါ့... ဒီတော့ ဒီပတ်ဝန်းကျင်ညစ်ညမ်းမှုက ဘာကြောင့်ဖြစ်တာလဲ... နောက်ပြီး ပင်လယ်ကာကွယ်သူတွေက အဆုံးထိ ကာကွယ်ပေးသွားနိုင်မှာလား ဆိုတာတော့ ကြည့်ကြည့်လိုက်တော့နော် Filesize : 1.60 GB / 888 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Thriller , Mystery Runtime ...
movie

Snake Island Survival (2025)

The Baby in the Basket (2025) 5.5
The Baby in the Basket (2025)  ဒီကားကိုတော့ ဒါရိုက်တာ Andy Crane နဲ့ Nathan Shepkaတို့ ရိုက်ကူးထားပြီး Maryam d'Ano, Paul Barber,Amber Doig-Thorne တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ပွဲတွေဖြစ်နေတဲ့ ကာလတစ်ခုအတွင်းမှာ ဝေးလံခေါင်ဖျားတဲ့လူသူသိပ်မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် စိန့်အောဂတ်စတင်းလို့ခေါ်တဲ့ ဘုရားကျောင်းတစ်ခုရှိခဲ့ပါတယ်။တစ်နေ့မှာတော့ သီလရှင်တစ်ဦးက နတ်ဆိုးက ဝံပုလွေကသိုးရေခြုံလာသလို အားနည်းတဲ့ပုံနဲ့ရောက်လာပြီး ဘုရားကျောင်းကို ပျက်စီးစေလိမ့်မယ်လို့ ‌ပြောကြားခဲ့ပါတယ်။တစ်ခြားသူတွေက မယုံကြည်ကြတာကြောင့်သူကထွက်သွားဖို့ပဲ ရွေးခဲ့ပါတယ်။ဒီလိုနဲ့ မုန်တိုင်းတွေထန်တဲ့ ညတစ်ညမှာ ဘုရားကျောင်းကိုဘယ်ကမှန်းမသိတဲ့ မွေးကင်းစကလေး ရောက်လာခဲ့ပြီးအဲဒီအချိန်ကစလို့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။သီလရှင်တစ်ပါးသေဆုံးပြီး တစ်ပါးက ရူးသွပ်သွားတာကနေစပြီး ဆက်တိုက် သေဆုံးမှုတွေ ဖြစ်လာတဲ့အခါမှာတော့ဒီကလေးဟာ နတ်ဆိုးရဲ့ကိုယ်ပွားဖြစ်နိုင်တယ်လို့ သံသယဝင်လာခဲ့ကြပါတယ်။ ဒီနတ်ဆိုးလက်ကနေလွတ်အောင်သူတို့ဘယ်လိုကြိုးစားကြမှာလဲ......ဘယ်သူကရော လွတ်မြောက်သွားမလဲ.....တကယ်ပဲ အစစ်အမှန်လွတ်မြောက်ခြင်းလား။ဒါတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။  File size… (762 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 40m Genre …..Drama , Horror , ...
movie

The Baby in the Basket (2025)

Seeds (2025) 5.5
Seeds (2025)  CM ပရိသတ်ကြီးကို ကနေဒီယန် ဇာတ်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် မြောက်အမေရိကတိုက်ရဲ့ နဂိုမူလနေထိုင်သူ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်တဲ့ မိုဟော့လူမျိုးစု မျိုးနွယ်ဝင် Influencer ဆယ်လီ ကောင်မလေးတစ်ယောက်နဲ့ သီးနှံမျိုးစေ့တွေကို လက်ဝါးကြီးအုပ်ထိန်းချုပ်ချင်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတဲ့ဇာတ်လမ်းလေးတစ်ခုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ နာမည်ကြီးအွန်လိုင်းဆယ်လီဖြစ်အောင်ကြိုးစားနေတဲ့ ဇစ်ဂီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာတစ်နေ့မှာ ကိုယ်စားပြုကြော်ငြာပေးဖို့အတွက် NatureOath ဆိုတဲ့ ကောက်ပဲသီးနှံမျိုးစေ့ ကုမ္ပဏီကြီးတစ်ခုကကမ်းလှမ်းလာခဲ့ပါတယ်။ဇစ်ဂီဟာ ရလာတဲ့ အခွင့်အရေးကို အားရဝမ်းသာ လက်ခံခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဇာတိမြို့မှာနေတဲ့ သူမရဲ့အဒေါ်က အားလပ်ရက် ခရီးသွားဖို့အတွက် အိမ်စောင့်ဖို့သူမကို လှမ်းပြောလို့ မြို့ကနေ ပြန်လာခဲ့ပါတယ်။ဘယ်သူမှမရှိတဲ့ အချိန် သူမတို့အိမ်ကို ခိုးဝင်ပြီး မိသားစုအမွေဖြစ်တဲ့ မျိုးရင်းမျိုးစေ့တွေကို ခိုးယူဖို့ ကြိုးစားတဲ့သူခိုးနဲ့ ကြုံဆုံရတဲ့ အခါမှာတော့ သူမ ဘယ်လိုကာကွယ်မလဲ….။ ( ဒီဇာတ်ကားမှာ ဇစ်ဂီအဖြစ် သရုပ်ဆောင်ထားတဲ့ တီယိုဟွန်းဟာ အပြင်မှာလည်း မိုဟော့လူမျိုး တစ်ယောက်ဖြစ်ပြီးဒီဇာတ်ကားကို ...
movie

Seeds (2025)

Get Out (2017) 7.8
Get Out (2017)  လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ဘဲ လိုက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ်......ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ် သူ အဲ့ဒီလို ထွက်ပြေးဖို့ကြိုးစားတာက အောင်မြင်ပါ့မလားသူ့ချစ်သူ ရို့စ်ကရော...... သူ့ရဲ့မိသားစုဝင်တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်Horror/Mystery/Thriller ...
movie

Get Out (2017)

2017
Bato: Road to Death (2024) 5.4
Bato: Road to Death (2024) Bato Road to Death 2024 (မရဏလမ်း)တောအုပ်ထဲမှာ ရက်ရက်စက်စက်အသတ်ခံထားရတဲ့အလောင်းတွေအများကြီးတွေ့ရှိရပြီး ပွက်လောရိုက်လို့နေပါတယ်။ ဒီအလောင်းတွေမှာ ထူးဆန်းတာကတော့ နှလုံးမရှိတာပါပဲ။ရဲတပ်ဖွဲ့အတွက်လည်း ဒီအမှုက တော်တော်လေးကို ခေါင်းစားစေတဲ့အမှုဖြစ်ခဲ့ပါတယ်။ကိုမယ်ဆိုတာကတော့ ဆေးရုံတစ်ရုံက သူနာပြုတစ်ယောက်ပါ၊ တစ်နေ့မှာ သူတို့ဆေးရုံက လူနာတစ်ယောက် ခွဲစိတ်ရင်းနဲ့ အရေးပေါ်နှလုံးအစားထိုးကုသမှုဖြစ်လာပါတော့တယ်။ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုက ဆိုးနေတဲ့အတွက် ရဟတ်ယာဉ်နဲ့ သွားဖို့ မဖြစ်နိုင်တဲ့အတွက် ကိုမယ်တစ်ယောက် လူနာတင်ကားနဲ့ အစားထိုးဖို့ နှလုံးကို သွားရောက်ယူဆောင်ရပါတော့တယ်။တစ်ဖက်မှာလည်း မန်ဂျူဆိုသူဟာ ဒါရန်ကိုပြန်ဖို့အတွက် အရမ်းအရေးကြီးနေပေမဲ့ ရာသီဥတုအခြေအနေကြောင့် လေယာဉ်မရဘဲ တက္ကစီစီးဖို့ဖြစ်လာရင်း တိုနီမောင်းတဲ့ တက္ကစီကို ငှားစီးဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ နှလုံးအစားထိုးဖို့ သွားယူတဲ့ ကိုမယ်တစ်ယောက် ပြဿနာများစွာကြောင့်နဲ့ မန်ဂျူတို့ တက္ကစီနဲ့ လိုက်ပါစီးနင်းဖို့ ဖြစ်လာတဲ့အချိန်မှာတော့ .........ဒါရန်ကို ပြန်တဲ့ အဝေးပြေးလမ်းမကြီးတစ်လျှောက်မှာ ဘယ်လိုခြောက်ခြားစရာကိစ္စတွေကို ကြုံတွေ့ရမလဲ ........အစားထိုးကုသဖို့ ယူလာတဲ့ နှလုံးကရော သဘာဝလွန်ဖြစ်ရပ်တွေ ပေါ်ပေါက်လာဦးမှာလား .......ခြောက်ခြားဖွယ်ရာကိစ္စများကြားကနေ ဒါရန်ကို ဘယ်လိုအရောက်ပြန်ကြမလဲ.... ဆိုတာကို ကြည့်ရှုရမဲ့ လျှို့ဝှက်သည်းဖို ...
movie

Bato: Road to Death (2024)

Another Simple Favor (2025) 5.3
Another Simple Favor (2025)  Another Simple Favor (2025)IMDb Rating (5.3) / Rotten Tomatoes (66%) ဒါကတော့ A Simple Favor 2018 ရဲ့ Sequel ပါ။ပထမ movie ဖြစ်ပြီးကာလ ငါးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး စတစ်ဖနီစမတ်တာက မှုခင်းအစစ်အမှန်ဘလောကာတစ်ယောက်ဖြစ်နေပါပြီ။သူနဲ့အမ်မလီနဲဆွန်ရဲ့ ဆက်ဆံရေးနဲ့ အမ်မလီထောင်ထဲ၀င်ခဲ့ရတဲ့အကြောင်းတွေကို စာအုပ်ထုတ်ထားပြီး အောင်မြင်နေပါတယ်။ဒါပေမဲ့ သူ့စာဖတ်ပွဲမှာ ထောင်ထဲမှာရှိနေရမယ့် အမ်မလီက ခံ၀န်နဲ့လွတ်လာကာ ဗြုန်းစားကြီးရောက်ချလာပြီးအီတလီသူဌေးတစ်ယောက်နဲ့အကြောင်းပါပြီး လက်ထပ်တော့မှာမို့လို့ဆိုပြီး စတစ်ဖနီကို လက်ထပ်ပွဲမှာ သူ့သတို့သမီးအရံနဲ့ဖိတ်ပါတယ်။သူ့ကိုလက်စားချေမယ်လို့ထင်နေတဲ့ စတစ်ဖနီက မသွားချင်ပေမယ့် အမ်မလီက အကျပ်ကိုင်သွားတာကြောင့် ကာပရီကလက်ထပ်ပွဲကို သွားရဖို့ဖြစ်လာပါတယ်။အမ်မလီ သူ့ကိုဖိတ်ရတဲ့ အကြောင်းရင်းက သူတကယ်ပဲပြောင်းလဲသွားလို့လား ဒါမှမဟုတ် လက်စားချေချင်လို့ပဲလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။Cast တွေ‌အနေနဲ့ကတော့ အမ်မလီအနေနဲ့ Blake lively , စတစ်ဖနီအနေနဲ့ Anna Kendrick , အမ်မလီရဲ့ခင်ပွန်းလောင်း ဒန်တီ အနေနဲ့ကတော့ ...
movie

Another Simple Favor (2025)

2025
4K HEVC
Peter Pan’s Neverland Nightmare (2025) 5.0
Peter Pan’s Neverland Nightmare (2025)   Peter Pan's Neverland Nightmare (2025)IMDb Rating (5.1) / Rotten Tomatoes (43%) အခုတစ်ခါ တင်ဆက်ပေးမယ့် ကားလေးကတော့ horror ကားတစ်ကားပဲ ဖြစ်ပါတယ်။သွေးထွက်သံယိုတွေ သတ်ခန်းဖြတ်ခန်း တွေပါတာမို့လို့ ကလေးငယ်ငယ်‌လေးတွေ တော့မကြည့်သင့်ပါ။Peter ဆိုတဲ့ စိတ်တဇ ဆန်ဆန် ဆိုက်ကို ကောင်က ‌ကလေးတွေ ကလေးတိုင်း ပျော်‌ပျော်ရွှင်ရွှင် နေသွားလို့ရမယ့်နေရာကို ‌ပို့‌ပေးမယ်ဆိုပြီး အယုံသွင်းကာအနုနည်းရော အကြမ်းနည်းပါသုံးပြီး လိုက်လံ ဖမ်းဆီး၍ သတ်တာဖြတ်တာတို့ အချိန်အကြာကြီးနှိပ်ဆက်ပိတ်‌ လှောင်ထားတာတို့လုပ်ပါတယ်။တစ်နေ့မှာ Wendy ရဲ့မောင်လေးလည်း အဖမ်းခံခဲ့ရပြီး အမ ဖြစ်သူ Wendy က သူ့ရဲ့မောင်လေးကို အသက်နဲ့ရင်းပြီး ဘယ်လို ကယ်သွားမလဲဆိုတာတွေကို ရင်ခုန် စိတ်လှုပ်ရှားစွာ ကြည့်ရှု့ရမယ့်ကားလေးပါ။နာမည်ကြီး လူကြိုက်များ IT ဆိုတဲ့ ကလေးတွေကိုလိုက်ဖမ်းတဲ့ horror ကားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kafka ...
movie

Peter Pan’s Neverland Nightmare (2025)

2025
Crimson Peak (2015) 6.5
Crimson Peak (2015)  သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး ...
movie

Crimson Peak (2015)

2015
4K HEVC
Foreclosure 2 (2024)
Foreclosure 2 (2024) Foreclosure 2 (2024)"သရဲအိမ်" ===========================2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ သရဲကား Foreclosure ရဲ့ အဆက်မဟုတ်ပေမဲ့ ဒါရိုက်တာတူ ဇာတ်လမ်းဆင်တဲ့ Foreclosure 2 ကို ဟော်ရာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Foreclosure ကို အနီးစပ်ဆုံးဘာသာပြန်ရမယ်ဆိုရင်တော့ အပေါင်ဆုံးတာလို့ အဓိပ္ပါယ်ရမယ်ထင်ပါတယ်။ဒီ Foreclosure 2 ဟာလည်း သူ့ရဲ့ ပထမကားလိုပါပဲ သမီးရည်းစားတစ်တွဲ စုထားဆောင်းထားသမျှငွေလေးတွေနဲ့ အိမ်ဝယ်ဖို့လုပ်ရင်း သရဲခြောက်ဖူးတဲ့အိမ်တစ်အိမ်ကို သွားရှာတွေ့ပါတယ်။သရဲခြောက်ဖူးတယ်ဆိုတာက အရင်က သရဲခြောက်တယ်လို့နာမည်ကြီးပြီး အခု သရဲမခြောက်တော့တာကိုခေါ်တာပါ။သူတို့ကို ပွဲစားက အဲဒီလိုအမှန်အတိုင်းပြောရောင်းပေမဲ့ သရဲဇာတ်လမ်းတွေကို စာအုပ်ရေးဖို့ကြိုးစားနေတဲ့ မင်းသမီးဖြစ်သူက သရဲတွေနဲ့ ကြုံရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ရည်းစားသဘောမတူတဲ့ကြားကအဲဒီအိမ်ကြီးကို အတင်းဝယ်လိုက်တဲ့အခါမှာတော့.. သရဲတွေနဲ့ တွေ့ရမှာလား.. ဘယ်လိုအဖြစ်တွေနဲ့ကြုံတွေ့ရမှာလဲ.. ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ခြောက်ခြားဖွယ်ရာ တွေ့မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size…600 MB / 300 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h ...
movie

Foreclosure 2 (2024)

Detective of Joshidaikoji (2023) 6.9
Detective of Joshidaikoji (2023) Detective of Joshidaikoji (2023) ********************************မီအိုဟာ ဂိဖုမြို့က ကလပ်တစ်ခုက ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ထမ်းဖြစ်ပြီး အမေနဲ့ အတူတူ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ စိတ်မြန်လက်မြန်ရှိပြီး တရားမျှတမှုအပြည့်နဲ့ ရှိသူလည်းဖြစ်ပါတယ်။ ကင်ကာတက္ကသိုလ်မှာ ဟိုက်ဒရိုဂျင်အကြောင်းပို့ချနေတဲ့ ပါမောက္ခအဇဲချီ ဂဲနိချီရို အတန်းချိန်ကိုလည်း အလုပ်အားချိန်မှာလေ့လာနေသူပါ ..သူ့မောင်လေး ဒါအိခီကတော့ နာဂိုယာမှာ အချိန်ပိုင်းအလုပ်တွေနဲ့ ကြုံသလိုနေသူဖြစ်ပါတယ်။တစ်နေ့ ပန်းခြံမှာ မိန်းကလေးတစ်ယောက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒါအိခီကို ရဲဖမ်းသွားမှန်း သိသွားခဲ့ပါတယ်။ ရဲတွေကလည်း ဒါအိခီရဲ့ ဖုန်းထဲက ယာမာမိုတိုနာမည်နဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်က နစ်နာသူတွေရဲ့ ဖုန်းမှာ မှတ်ထားတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တူညီနေတော့ သံသယဝင်ကြတာလည်း မမှားပါဘူး။မီအိုဟာ သူ့ရဲ့ တစ်ဦးတည်းသောမောင်လေး အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားရပါတော့တယ်။ဒါအိခီအပေါ် သံသယကင်းရှင်းဖို့နဲ့ တရားခံအစစ် ဖော်ထုတ်နိုင်ဖို့ မီအို၊ ဒါအိခီနဲ့ စုံထောက်တွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းကို DaoPhyoမှ ရေးသားထားပါတယ်) File size…1.04GB / 749MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 36m Genre ….. Thriller, Mystery, ...
movie

Detective of Joshidaikoji (2023)

Detective Chinatown 1900 (2025) 6.1
Detective Chinatown 1900 (2025) ကမ္ဘာတဝှမ်းမှာရုံတင်ပြသတုန်းက ဒေါ်လာ ၄၈၅.၆ သန်းဝင်ငွေရရှိထားပြီး တရုတ်ပြည်တွင်းမှာလဲ ယွမ် ဘီလီယံချီပြီး ဝင်ငွေရရှိထားတဲ့ လူကြိုက်များလှတဲ့ စုံထောက်ဇာတ်လမ်း Detective Chinatown ရုံတင်ကားကြီးလာပါပြီအရင်ရုပ်ရှင်တွေနဲ့မတူဘဲ 1900 ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ထုတ်လုပ်သူနဲ့ ရိုက်ကူးတင်ဆက်သူဖြစ်တဲ့ Chen Sicheng ကတော့ ဒီရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုအဖြစ်လဲပြောဆိုထားပါတယ် Chow Yun Fat နဲ့ မင်းသားချောလေး Liu Hao Ran, Zhang Xin Cheng တို့ကလဲ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ရှေ့က Detective Chinatown ရုပ်ရှင်ကားတွေနဲ့ သရုပ်ဆောင်တွေလောက်သာ တူညီပြီး အရင် ၃ ကားနဲ့ဆက်စပ်မှုမရှိတဲ့ သီးသန့်ရုပ်ရှင်ဖြစ်ပြီး Detective Chinatown 4 & 5 ထပ်မံထွက်ရှိလာဦးမယ်လို့ သိရှိထားရပါတယ်ဇာတ်လမ်းအညွန်းကတော့၁၉ရာစုအစောပိုင်းဆန်ဖရန်စစ္စကိုမြို့မှာ လူဖြူမလေးအဲလစ်နဲ့အင်ဒီးရန်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သတ်ခံရပါတယ်။ ဒီလူသတ်မှုကြောင့် တရုတ်တွေကိုလူဖြူအသိုင်းအဝိုင်းကဆန့်ကျင်လာကြပါတယ်။ဒီအမှုကြောင့် တရုတ်အင်ဒီးရန်းအားကွေနဲ့ အမေရိကားမှာ ပညာလာသင်တဲ့ချင်ဖူတို့တွေဆုံကြပြီးတော့အတူပူးပေါင်းပြီးအမှုလိုက်ဖို့ဖြစ်လာပါတယ် လူငယ်လေးနှစ်ယောက်ရဲ့သူမတူတဲ့အတွေးအခေါ်တွေနဲ့ အမှုကိုဖော်သွားတဲ့ခရီးတစ်ခုကိုရယ်မောစရာတွေနဲ့ချပြသွားတာပဲဖြစ်ပါတယ်။ Filesize :     9 GB  / 1.94 GB / 1.02 GB Quality : WEB-DL ...
movie

Detective Chinatown 1900 (2025)

4K HEVC
Drop (2025) 6.4
Drop (2025)  Drop (2025)IMDb Rating (6.4) / Rotten Tomatoes (84%) Drop ကတော့ thriller, mystery, drama အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဗိုင်အိုလက်လို့ခေါ်တဲ့ တစ်ခုလပ်ကလေးအမေအမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းအပ်ပလီကေးရှင်းတစ်ခုကနေ လူတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပါတယ်။အဲဒီလူနဲ့တွေ့ဆုံနေချိန်မှာပဲ သူမရဲ့ဖုန်းထဲကိုစိတ်အနှောင့်အယှက်ဖြစ်စရာ စာတွေတစောင်ပြီးတစောင်ဝင်လာပါတော့တယ်။အစမှာတော့ အပျော်အပျက်အနေနဲ့အမှတ်မထင်ထားလိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်မှုတွေပါလာပါတော့တယ်။ဒီအရာကိုလုပ်ဆောင်နေသူဟာ သူမရဲ့လှုပ်ရှားမှုတိုင်းကိုမြင်တွေ့နေရသလိုထိန်းချုပ်နေပြီး သူမရဲ့အနားမှာရှိနေတဲ့ဘယ်သူမဆိုဖြစ်နေနိုင်တာကိုသိခဲ့ရပြီးနောက်..ဒီအကြပ်အတည်းကနေ သူမဘယ်လိုပုံစံနဲ့ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) / (650 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:36:46 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju
movie

Drop (2025)

2025
4K HEVC
Somebody (2025) 6.6
Somebody (2025) Somebody (2025)******************IMDb..... 6.6 SNSD Yuri၊ Kwak Sun Youngနဲ့ Lee Seulတို့ အဓိက ပါဝင်ထားတဲ့ ဇာတ်ကားသစ် တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ရေကူး နည်းပြ ယောင်းအွန်းဟာ ၇နှစ် အရွယ် သမီးဖြစ်သူ ဆိုဟျွန်းကို စောင့်ရှောက်နေတဲ့တစ်ကိုယ်တော်အမေ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဆိုဟျွန်းတို့ အိမ်က ခွေးလေးဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာဆိုဟျွန်းဟာလည်း ထူးဆန်းလာခဲ့ပါတယ်။ ရွယ်တူ သူငယ်ချင်းတွေကို အနိုင်ကျင့် အကြမ်းဖက်လာတဲ့သမီးဖြစ်သူ ဆိုဟျွန်းကို ယောင်းအွန်းက ထိန်းကျောင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဆိုဟျွန်းရဲ့ အကျင့်တွေကပျောက်ကွယ် မသွားခဲ့ပါဘူး။ နှစ်၂၀ ကြာတဲ့နောက်မှာတော့ ငယ်ဘဝ မှတ်ဉာဏ်တွေ  ပျောက်ဆုံးသွားခဲ့တဲ့ဂင်မင်ဆိုတဲ့ ကောင်မလေး တစ်ယောက် ပေါ်လာခဲ့ပါတယ်။ အထူး သန့်ရှင်းရေး ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ဂင်မင်မှာ ဟယ်ယောင်းဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရှိပြီးတော့ ဂင်မင်ရဲ့ ဘဝထဲကို ဟယ်ယောင်းကအတင်း ဝင်ရောက်ဖို့ ကြိုးစားလာပါတော့တယ်။ငယ်ဘဝ ...
movie

Somebody (2025)