Channel Myanmar

Mystery

Anna and the King (1999)
Anna and the King (1999) Anna and The King (1999)ဒီဇတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇတ်ကားပဲဖြစ်ပါတယ်။အင်္ဂလိပ်အမျိုးသမီးအန်နာလီယွန်နိုဝမ်စ်က ထိုင်းဘုရင်မောင်းကွတ်ရဲ့ သားတော်သမီးတော်တွေကို အင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကိုပြန်လာတဲ့အခါ ခရီးသွားမှတ်တမ်းတွေကိုရေးခဲ့ပါတယ် ။အဲဒီမှတ်တမ်းတွေကိုအခြေခံပြီး စာရေးဆရာမ Margaret London(မာဂရက်လန်ဒန်) က Anna and The King ဝတ္ထုကိုရေးခဲ့ပါတယ် ။ဒီဇတ်ကားကမာဂရက်လန်ဒန်ရဲ့ ဝတ္ထုကိုရိုက်ထားတာပါ။ဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြသလို တီဗွီစီးရီးစ်တွေနဲ့ အန်နီမေးရှင်းရုပ်ရှင်အဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်။ဂျိုးဒီဖော်စတာ(အန်နာ) နဲ့ ချောင်ယွန်ဖက်( ဘုရင်မောင်းကွတ်)တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Anna and The King ကဝင်ငွေအရအောင်မြင်ပေမဲ့ သမိုင်းအရမတိကျတာတွေပါလို့ ထိုင်းမှာပြသဖို့ပိတ်ခံရပါတယ်။ဇတ်လမ်းအကျဥ်းအင်္ဂလိပ်အမျိုးသမီး အန်နာလီယိုနိုဝမ်စ်ဟာ သူ့သားလူးဝစ်နဲ့အတူ ထိုင်းနိုင်ငံကိုထိုင်းဘုရင်ရဲ့ဖိတ်ကြားချက်နဲ့အတူ ထိုင်းဘုရင်မောင်းကွတ်ရဲ့ကလေးတွေကိုစာသင်ဖို့ ရောက်လာပါတယ်။အန်နာ ဘုရင်နဲ့တွေ့ဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက် တွေ့ဖို့သွားတော့ကြန့်ကြာနေပြီး နောက်ထပ်ထပ်စောင့်ရမလိုဖြစ်တော့ အန်နာက ရဲရဲရင့်ရင့်ပဲ ဘုရင်ကိုဝင်တွေ့လိုက်ပါတယ်။စာသင်နေတုန်း သူ့သားလူးဝစ်နဲ့အိမ်ရှေ့မင်းသားချူလာလောင်ကွန် ထရန်ဖြစ်နပန်းလုံးကြပါတယ်။နှစ်ယောက်လုံးကို အပြစ်ပေးတဲ့အနေနဲ့ စာလုံးတစ်ထောင်ရေးခိုင်းပါတယ်။အဲဒီညမှာပဲမင်းသားချူလာလောင်ကွန်နဲ့အန်နာနားလည်မှုရသွားပါတယ်။နောက်တော့ချူလာလောင်ကွန်နဲ့ လူးဝစ်နဲ့လည်း ပြန်တည့်သွားပါတယ်။အဲဒီညက ကျွန်မတစ်ယောက်ကို အခန်းတစ်ခုထဲမှာ သံကြိုးခတ်ပြီးထားထားတာကို အန်နာနဲ့ချူလာလောင်ကွန်တွေ့ပြီးအဲဒီအမှုလည်း အန်နာ့ကြောင့် ဘုရင့်ဆီရောက်ပြီး ကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ကလေးတွေက အန်နာစသင်တာကိုကြိုက်ကြပြီး အန်နာ့ကိုလည်းချစ်ကြပါတယ်။ အန်နာကမိဘုရားနဲ့ကိုယ်လုပ်တော်အချို့ကိုလည်းစာသင်ပေးရပါတယ်။ဘုရင်က အင်္ဂလိပ်မှူးမတ်တွေနဲ့သံတမန်တွေဖိတ်ပြီး ...
movie

Anna and the King (1999)

Grave Encounters (2011) 6.1
Grave Encounters (2011) Grave Encounters (2011) IMDB - 6.1/10ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ပရလောကဖြစ်ရပ်မှန်ဆိုပြီး ဂျင်းပါးပါးပုတ် ဆေးရုံ သချိုင်းစသဖြင့် နေရာတွေမှာရိုက်ကူးနေတဲ့ တီဗီအစီအစဉ်အုပ်စုရဲ့ မတည်းဖြတ်ရသေးတဲ့ စိတ်ကျန်းမာရေးဆေးရုံက ၇၆ နာရီကျော်ကြာ ဗီဒီယိုမူကြမ်းတွေကို ရရှိထားတဲ့ ထုတ်လုပ်သူက ပြန်ပြပေးတဲ့အနေနဲ့ တင်ဆင်ထားတာပါ။ အဖွဲနာမည်က Grave Encounters (သေခြင်းတရားနဲ့ ဆုံတွေ့သူများ) အဖွဲဝင်က ခေါင်းဆောင် Lance၊ ကင်မရာသမား Sash နဲ့ TC၊ နည်းပညာသမား Mike ရယ် စိတ်စွမ်းအားရှင်လို ဘာလိုလို Houston တို့ ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာဖြစ်ပျက်သွားတာက အပိုင်း ၆ ပိုင်း ရိုက်ကူးဖို စိတ်ကျန်းမာရေးဆေးရုံပျက်ကြီးမှာ ၈ နာရီကျော် Lockdown ချ ညအိပ်ရင်း မယုံကြည်သူတွေကို ဘယ်လိုသက်သေပြခံရမလဲ စောင့်ကြည့်ရမှာပါ။ ဒီကားကလည်း Documentary Horror အမျိုးအစားဆိုပေမယ့် ဇာတ်လမ်းကသွက်တယ်၊ Plot မပါပေမယ့် ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်တယ် Runtime နာရီဝက်လောက်ကနေစပြီး တစ်ကားလုံးကြမ်းတော့တာပဲ (ရှေ့ပိုင်းပျိုးထားတာတွေလည်း စိတ်ဝင်စားဖိုကောင်းပါတယ်)။ ပုံမှန်သရဲကားတွေလိုမျိုး Jump Scare သုံးတာလည်းရှားပြီး ကင်မရာရှုထောင့်တွေ ညကြည့်မြင်ကွင်းတွေကလည်း ခြောက်ချားစရာဖြစ်နေမှာတော့ အမှန်ပဲ။ ...
movie

Grave Encounters (2011)

Miss Butcher (2017) 6.4
Miss Butcher (2017) Miss Butcher (2017)*******************IMDb... 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီးအရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကိုယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှုနောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့..မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် ...
movie

Miss Butcher (2017)

Until Dawn (2025) 6.0
Until Dawn (2025)  Until Dawn (2025)IMDb Rating (6.0) / Rotten Tomatoes (53%) ညတာကို ရှင်သန်နိုင်အောင်လုပ်မလား ညတာနဲ့ တစ်သားတည်းဖြစ်သွားမလားတဲ့။ရှင်းရှင်းပြောရရင် မနက်မိုးလင်းတဲ့အထိ အသက်ရှင်အောင် ရုန်းကန်ရတာပေါ့။ဒါပေမဲ့ ဘယ်အရာတွေကနေ အသက်ရှင်အောင် ရုန်းကန်ရမှာလဲ?ဇာတ်လမ်းအကျဉ်းကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ ...
movie

Until Dawn (2025)

2025
4K HEVC
Ant Mutation Crisis (2025) 5.8
Ant Mutation Crisis (2025) ကမ္ဘာဦးအစကတည်းကဖြစ်တည်လာခဲ့တဲ့ပုရွက်ဆိတ်တွေမှာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်လို့ဆိုကြပါတယ်။ သိပ္ပံပညာရှင်တစ်စုဟာ အမေဇုန်တောထဲကထူးခြားတဲ့ပုရွက်ဆိတ်မျိုးနွယ်ကိုသွားရှာပြီးတော့ သူတို့ရဲ့ပုရွက်ဆိတ်ဘုရင်မကိုဖမ်းခဲ့ပါတယ်။ အဲဒီပြီးတော့မကြာပါဘူး သူတို့တစ်ဖွဲ့လုံးဒုက္ခရောက်သွားပြီးတော့ ကုမ္ပဏီကလဲဒီစီမံကိန်းကိုဖျက်လိုက်ပါတယ်။အဲဒီအဖွဲ့ထဲကတစ်ဦးသောအသက်ရှင်ကျန်သူပညာရှင်တစ်ယောက်ဟာ အကုန်ဆုံးရှုံးလိုက်ရပေမယ့် သူ့ရဲ့ရောဂါသည်သားလေးကိုကယ်ဖို့ ဒီစီမံကိန်းကိုလက်မလျှော့ခဲ့ပဲ ဆက်ပြီးသုတေသနလုပ်နေခဲ့ပါတယ်။ လေ့လာရင်းနဲ့ ပုရွက်ဆိတ်ကိုယ်ထဲကနေရတဲ့အရည်ဟာ လူသားတွေရဲ့မျိုးရိုးဗီဇကိုပြောင်းလဲပေးနိုင်တာကို တွေ့လိုက်ရတဲ့အချိန်မှာ အရာအားလုံးကပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့သားလေးကိုကုပေးဖို့ မျှော်လင့်ချက်တွေရှိလာပေမယ့် ...... မထင်မှတ်ထားတဲ့ထိန်းချုပ်မရတဲ့နောက်ဆက်တွဲတွေဖြစ်လာတဲ့အခါ...... Filesize : 1.47 GB / 772 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Mystery , Science-Fiction , Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ant Mutation Crisis (2025)

Virus (2025) 6.6
Virus (2025) Virus (2025)************* မင်းသမီး Bae Doo-Na ရဲ့ ဆန်းဆန်းပြားပြား အချစ်ဟာသကားလေး အသစ်ထွက်ရှိလာပါပြီ။မင်းသားကြီး Kim Yun-Seok ၊ အဆိုတော် Jang Ki-Ha နဲ့ Son Suk-Ku တို့မှလည်း အဓိကပါဝင်သရုပ်‌ဆောင်ပေးထားပါတယ်။- ဇာတ်လမ်းအကျဉ်း -အားအင်ရော တက်ကြွမှုရော မရှိဘဲ အချစ်ဆဲလ်တွေပါ ခြောက်က‌ပ်နေတဲ့ ဘာသာပြန် အို့ထက်ဆွန်း (Bae Doo-Na)...တစ်နေ့မှာ ညီမဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် သုတေသနပညာရှင်လေး နမ်ဆူဖီး (Son Suk-Ku)နဲ့ကြင်ဖက်တွေ့ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ထက်ဆွန်း အရင်လိုမဟုတ်တော့ဘဲ တက်တက်ကြွကြွရှိလာပြီးရိုမန့်တစ်ဆန်လာပါတော့တယ်။ အားနေ ထထရယ်တယ်...အရင်က မဝတ်ဖြစ်ခဲ့တဲ့ ကာလာစုံဂါဝန်လေးလည်း ထုတ်ဝတ်ဖြစ်တယ်...မူလတန်းကျောင်းနေဖက် ဂင်ယွန်းအူ (Jang Ki-Ha) က group chat ထဲကိုကားရောင်းမဲ့အကြောင်းတွေပဲ ပို့နေတာတောင်မှ ချစ်စရာကောင်းတယ်လို့ မြင်နေမိတဲ့အထိပါပဲ။အဲဒီအချိန်မှာပဲ ထက်ဆွန်းတစ်ယောက် သူ့မှာ ၁၀၀ ရာခိုင်နှုန်း သေစေနိုင်တဲ့ အချစ်ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့ ...
movie

Virus (2025)

Fountain of Youth (2025) 6.7
Fountain of Youth (2025)  (နတ်ရေကန် ရှာပုံတော်) ဒါရိုက်တာ Guy Ritchie ရဲ့ လက်ရာကောင်းတစ်ခုလာပါပြီ။ နစ်ကလက်ကေ့ရဲ့ National Treasureစတိုင်မျိုးပါ။ Jack Ryan တို့ Quite Place တို့ရဲ့မင်းသား John Krasinski နဲ့ မင်းသမီး နာတာလီပေါ့မန်းတို့ ပါဝင်ထားတာပါ။ဒီလို ရှေးဟောင်းသုတေသီ ပဟေဠိကားမျိုးအထွက်ရှားတာကြောင့် ကြည့်ရတာ တန်မှာပါ။ ဇာတ်လမ်းအကျဉ်း++++++++++ကမ္ဘာကျော် ရှေးဟောင်းသုတေသီကြီးရဲ့ သားနဲ့သမီးဟာပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာတဲ့နေရာမှာ ထူးချွန်သူတွေပါ။တစ်နေ့မှာတော့ အသည်းကင်ဆာဖြစ်နေတဲ့ ဘီလီယံနာတစ်ယောက်ဟာ ထာဝရနုပျိုစေမဲ့ နတ်ရေကန်ကို ရှာနိုင်မဲ့သဲလွန်စတွေနဲ့အတူ အကူအညီတောင်းလာပါတယ်။တစ်ဘက်မှာလည်း နတ်ရေကန်ကို လူတွေ မတွေ့အောင်စောင့်ရှောက်တဲ့ အဖွဲ့ရှိနေသလို သူတို့ကို လိုက်နေတဲ့နိုင်ငံတကာရဲတပ်ဖွဲ့လည်း ရှိနေတာမို့ အန္တရာယ်တွေကြားထဲမှာ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ရမလဲ ဆိုတာကြည့်ရမှာပါပဲ။   File size… (5 GB)/ (2.03GB) / (1.14GB) Quality… WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv ...
movie

Fountain of Youth (2025)

4K HEVC
The Deep End of the Ocean (1999)
The Deep End of the Ocean (1999) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့မိသားစုဒရာမာဇာတ်ကားကောင်းလေးပါ ပတ်ကပ္ပဒိုရာ နဲ့ ဘက်သ်ကပ္ပဒိုရာတို့လင်မယားမှာသားသမီးသုံးယောက်ရှိပါတယ်....အကြီးဆုံးသားကဗင်းဆင့်...အလတ်ကသုံးနှစ်သားလေးဘန်...အငယ်ဆုံးကတော့သမီးလေးပါ....တနေ့ကျမိခင်ဖြစ်သူဘက်သ်ဟာကလေးသုံးယောက်ကိုခေါ်ပြီးတော့ပြန်လည်တွေ့ဆုံပွဲကိုသွားဖို့ချီကာဂိုကိုသွားခဲ့ပါတယ်....သူမဟိုတယ်မှာပိုက်ဆံသွားရှင်းပြီးအပြန်မှာသားအကြီးဆုံးဗင်းဆင့်နဲ့အတူထားခဲ့တဲ့သားအလတ်လေးဘန်ဟာပျောက်သွားခဲ့ပါတယ်....ထိုအခါရဲတွေနဲ့အတူသူငယ်ချင်းမိတ်ဆွေတွေကပါကူရှာပေးခဲ့ကြပေမဲ့လူံဝရှာမတွေ့ခဲ့ပါဘူး....မိခင်ဖြစ်သူမှာလည်းပျောက်သွားတဲ့သားအလတ်လေးကြောင့်ကျန်တဲ့ကလေးနှစ်ယောက်ကိုလည်းဂရုမစိုက်နိုင်ခဲ့ပါဘူး....နောက် ၉ နှစ်ကြာပြီးတဲ့နောက်မှာတော့ သူတို့သားလေးရဲ့ပုံစံတူပန်းချီနဲ့ရုပ်ချင်းဆင်တဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရတဲ့အခါမှာတော့.....File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Drama,  Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM 
movie

The Deep End of the Ocean (1999)

Death Note (2017) 4.5
Death Note (2017) Death Note (2017)ဒီနာမည်နဲ့ ဂျပန်ကားကိုတော့ မသိတဲ့ ရုပ်ရှင်ပရိသတ်အတော်ရှားမှာပါ။ အခုတင်ပေးထားတာကတော့ Netflix က ပြန်လည်ရိုက်ကူးတဲ့ အမေရိကန် death note ပါ။ ဇာတ်လမ်းကျောရိုးအနေနဲ့တော့ ဆင်တူပါတယ်။ Light ပါမယ်၊ L ပါမယ်၊ပန်းသီးကြိုက်တဲ့ သေခြင်းနတ်ဘုရား ပါမယ်ပေါ့။ အရင်ဇာတ်လမ်းမှာ မပါတဲ့ လှည့်ကွက်အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။ကျွန်တော့်အမြင်ပြောရရင်တော့ အရင်ဇာတ်လမ်းထက် ညံ့တဲ့ လှည့်ကွက်အသစ်တွေနဲ့ အရင်ဇာတ်လမ်းထဲ ညံ့တဲ့ ဇာတ်သိမ်း ပါဝင်တယ်ပဲ ပြောရမှာပါပဲ။ အရင် Death Note ရဲ့ တစ်ဝက်လောက်ပဲ အဆင့်မှီအောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ဒါပေမယ့် Death Note ကို ကြိုက်နှစ်သက်သေးသူတွေ အမေရိကန်ဗားရှင်းကို မြည်းစမ်းကြည့်ချင်သူတွေအတွက် တင်ပေးထားလိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ် ခံစားတာမို့ ကြိုက်တဲ့သူတွေလည်း ကြိုက်ပါလိမ့်မယ်။ မြည်းစမ်းကြည့်နိုင်ပါတယ်။ File size…(2.4 GB )/ (1 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Death Note (2017)

2017
Fear Street: Prom Queen (2025)
Fear Street: Prom Queen (2025) Fear Street Film Series တွေထဲက လေးကားမြောက်ဖြစ်တဲ့Fear Street Prom Queen ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ရှေ့သုံးကားမှာတုန်းကလည်း အတော်လေး အောင်မြင်ခဲ့ပြီးhorror fan တွေ စိတ်တိုင်းကျခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။လေးကားမြောက် မူဗီမှာတော့ လိုရီဂရန်ဂျာဆိုတဲ့ ကောင်မ‌လေးကအဓိကဇာတ်ဆောင်ဖြစ်ပြီး စီနီယာကပွဲကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။ဆယ်ကျော်သက် မိန်းကလေးခြောက်ယောက် ကပွဲမှာ ကွင်းအရွေးခံရဖို့အတွက်ပစ်မှတ်ထားကြိုးစားနေချိန်မှာ သူတို့ကိုယ်တိုင် ဘယ်လိုဘယ်ပုံ ပစ်မှတ်ဖြစ်သွားကြမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။File size…  6.2 GB / 2 GB GB /  783 MB Quality… WEB-DL 4K/1080p / 720p Format… mp4 Audio... AAC Duration…. 1h 28m Genre ..... Horror/Thriller/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Act molemy ...
movie

Fear Street: Prom Queen (2025)

4K HEVC
The Infernal Walker ( 2020 ) 5.3
The Infernal Walker ( 2020 ) ဒီဇာတ်ကားလေးက တော့ဘိန်းဖြန့်ချီရေးအဖွဲ့စည်းတွေနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ သူလျှိုတွေနဲ့ အရောင်းအဝယ်လမ်းကြောင်းကို သတင်းပေးပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့ဇာတ်လမ်းတွေထဲက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့...ဒီကားရဲ့ ထူးခြားချက်ကတော့ အပြန်အလှန် သူလျှိုတွေရှိနေတာပါပဲ... ဖူဟဲလုပ်ငန်းနဲ့ တုန်းလီလုပ်ငန်းစုတို့ ဘိန်းဈေးကွက်ကို ကြိုးကိုင်နေတဲ့ အင်အားကြီးလုပ်ငန်း ၂ ခုပေါ့ ဒီ ၂ ဖွဲ့ကို ဖမ်းဖို့ကြိုးစားနေတဲ့ ဟောင်ကောင်ရဲအဖွဲ့က ဖူဟဲလုပ်ငန်းစုမှာ သူလျှိုထားထားပြီး လမ်းကြောင်းတွေ စုံစမ်းနေခဲ့တယ်... ဒါက TVB ရဲကားတိုင်းနီးပါးမှာ ပါနေကြအကွက်ပေါ့... ဒါပေမယ့် တုန်းလီလုပ်ငန်းစုက စုန့်လူကြီးမင်း မွေးထားတဲ့ သူလျှို ကစားသွားတဲ့အကွက်လေးတွေကတော့ အ တော်လေးလန်းတယ်လို့ပြောရပါမယ် ဘာတွေဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး Filesize : 1.65 GB / 861 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action, Crime, Drama, Mystery Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie

The Infernal Walker ( 2020 )

In the Heat of the Night (1967)
In the Heat of the Night (1967)  တစ်ခုသော အာရုံတက်ချိန် ဘူတာရုံမှာ ရထားစောင့်နေတဲ့ ဗာဂျယ်ဟာ ရဲတစ်‌ယောက်ရဲ့ဖမ်းတာ ခံလိုက်ရတယ်။ ဗာဂျယ်ဟာ လူမည်းပါ။ Mississippi လိုပြည်နယ်မျိုးမှာ လူမည်းတွေကိုကျွန်ပြုနေကြတုန်း တန်းတူအခွင့်ရေးတွေရသွားမှာ စိုးရိမ်နေကြတဲ့အချိန် ဗာဂျယ်ဟာ လူသတ်မှုနဲ့ ဖမ်းခေါ်သွားခံခဲ့ရတယ်။ရဲစခန်းရောက်တော့ ဗာဂျယ်ဟာ ရဲတစ်ယောက်ဖြစ်နေရုံမက လူသတ်မှုဖော်ထုတ်ရာမှာ ကျွမ်းကျင်သူ ဖြစ်ကြောင်းပါသိလိုက်ရပြီး သူသတ်ခဲ့ပါတဲ့စွပ်စွဲခံရတဲ့သူရဲ့အမှုကို ကိုယ်တိုင်စစ်ဆေးဖို့ဖြစ်လာတယ်။ လူမည်းဖြစ်နေတာကြောင့် စော်ကားခံရမှုတွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေကြားထဲက ၂ ရက်တာအချိန်တိုလေးအတွင်းမှာ အမှုကိုဖော်ထုတ်သွားမယ့် Triller/Mystery ကားကောင်းတစ်ကားပါ။ File size…(2.3 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre... Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

In the Heat of the Night (1967)

A Strange House (2024) 5.5
A Strange House (2024) The Floor Plan - A Strange House (2024)IMDb - 5.5Mysteryကြိုက်နှစ်သက်သူတွေအတွက် Uketsuရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုတစ်ပုဒ်ကို Junichi Ishikawaက ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ၂၀၂၄ထွက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်ကြောင်းနဲ့ တင်ဆက်ပုံကြောင့် box office မှာ 30 millionsကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ~~~~~~~~~~~အမဲမိရ လို့ခေါ်တဲ့ လူသိနည်းတဲ့ YouTuber တစ်ယောက်က သူ့ရဲ့အလုပ်အတွက် contentရှာရင်းနဲ့ ထူးဆန်းတဲ့အခန်းဖွဲ့ပုံရှိတဲ့ အိမ်တစ်အိမ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီအိမ်ရဲ့ အခန်းတွေက ပုံမှန်မဟုတ်တဲ့ နေရာအစီအစဉ်တွေရှိနေပြီး ဘာရည်ရွယ်ချက်နဲ့ ထည့်ဆောက်ထားမှန်းမသိတဲ့ အခန်းလွတ်တစ်ခန်းလည်း ပါနေခဲ့ပါတယ်။အဲဒီအခန်းငယ်ဟာ ပြတင်းပေါက်လည်း မရှိဘဲ အိမ်သာနဲ့လည်းတွဲထားသလို အလွယ်တကူရှာမတွေ့နိုင်လောက်အောင် လှည့်ကွက်များနဲ့ ရှိနေခဲ့တာပါ။အမဲမိရက ဒီအိမ်အကြောင်း တွေ့ပြီးတဲ့နောက်မှာတော့ သူ့အသိ ဗိသုကာပညာရှင်နဲ့အတူ ဒီအိမ်ရဲ့ လျှို့ဝှက်ချက်အကြောင်း Videoတစ်ပုဒ်ဖန်တီးဖို့ ဖြစ်လာပါတယ်။ အစကတော့ လူသတ်ဖို့ရည်ရွယ်ချက်နဲ့ စီစဉ်ထားတဲ့အိမ်လို့ ထင်ကြေးပေးခဲ့ပေမဲ့ ...
movie

A Strange House (2024)

Brokedown Palace (1999)
Brokedown Palace (1999) “Brokedown Palace (1999)”ဇာတ်ကားက…..တကယ်တမ်းခံစားလို့ကောင်းတဲ့ကားတစ်ကားပါ။ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုသိသွားတာက… လူချင်း၊သူငယ်ချင်း အချင်းချင်း “ယုံကြည်မှု” ဆိုတာ နောက်ဆုံး အကျဉ်းထောင် ထဲအထိပါသယ်သွားလို့ရတယ်ဆိုတာပဲ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုမေးမိတယ်— “မင်းဆိုမင်းရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် တကယ်စတေးခံနိုင်လား”ပေါ့..... အားလုံးသိကြတဲ့အတိုင်း ဘဝမှာသူငယ်ချင်းတွေကြား နားလည်မှုတွေ ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတာ တစ်ခါတစ်ရံ အဲ့ဒီယုံကြည်​မှုတွေကို လောကဓံက စမ်းသပ်လေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်နေရင်း ဇာတ်ကားထဲမှာ စီးမျောခံစားရင်း ထပ်ပေါင်းစဥ်းစားစရာတွေလဲ အများကြီးပါပါတယ်။--- ဇာတ်လမ်းအကျဉ်း ---အဲလစ်နဲ့ ဒါလိန်းတို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါလိန်းက အဝေးမှာတက္ကသိုလ်သွား တက်ရတော့မှာမို့ သူငယ်ချင်းနှစ်ယောက် မခွဲခွာခင် ခရီးအတူတူထွက်ဖို့ စီစဥ်ခဲ့ကြတယ်။ Hawaii ကိုသွားမယ်လို့ အိမ်ကိုလိမ်ပြောပြီး ထိုင်းနိုင်ငံရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက် အဲ့မှာ Nick Parks ဆိုတဲ့သူတစ်ယောက်နဲ့ ရင်းနှီးသွားကြတော့.... ဒီလိုနဲ့ ရင်းနှီးလာကြရင်း Nick Parks ...
movie

Brokedown Palace (1999)

The Big Sleep (1946)
The Big Sleep (1946)  ခေတ်ဟောင်းကားတွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် ၁၉၄၆ခုနှစ်ထွက် Crime/Noir အမျိုးအစား ကားကောင်းနဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီခေတ်က နာမည်ကြီး ခဲ့တဲ့ Humphrey Bogart နဲ့ Lauren Bacall တို့ပါဝင်ထားတာပါ။ အပြင်မှာလည်း သူတို့နှစ်ယောက်က လက်ထပ်ဖူးတဲ့ စုံတွဲတွေ ဖြစ်ပါတယ်။Philip Marlowe က အလွတ်စုံထောက်တစ်ယောက်ပါ။ သူ့ကို ဗိုလ်ချုပ် Sternwood က အမှုတစ်ခု လိုက်ပေးဖို့ ငှားပါတယ်။ Sternwood မှာ သမီး နှစ်ယောက် ရှိပါတယ်။ အကြီးဖြစ်တဲ့ Vivian Rutledge နဲ့ အငယ်ကတော့ Carmen Sternwood ပါ။ အကြီးမက အိမ်ထောင်ကွဲထားပါတယ်။ အငယ်မ Carmen ကတော့ ဂြိုလ်အရမ်းမွှေတဲ့သူမျိုးပါ။ ပြဿနာက Carmen ရိုက်ထားတဲ့ ပုံတွေကို Geiger ဆိုသူက ဗိုလ်ချုပ် Sternwood ဆီ ပို့ပြီး ...
movie

The Big Sleep (1946)

Aparadhi (2024)
Aparadhi (2024) Aparadhi 2024 အမှောင်ထုPushpa 2 နဲ့ နာမည်ကြီးနေတဲ့မင်းသားချော Fahadh Faasilရဲ့ suspense thriller ဇာတ်ကားကောင်းတစ်ကား ထွက်ရှိလာပြီဖြစ်လို့ ဘောလိဝုပရိသတ်ကြီးအတွက် ခုပဲတင်ဆက်ပေးလိုက်ပါပြီ။Fahadh Faasilရဲ့ တေလဂူလောကခြေလှမ်းသစ်ဖြစ်တဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးကရော ဘယ်လိုစိတ်ဝင်စားစရာ plot twistတွေနဲ့ ပြည့်နေမလဲဆိုတာ အတူရှုစားကြပါဦးစို့။Darkဆန်ဆန်ဝတ္ထုတွေကြောင့်နာမည်ကြီးတဲ့ စာရေးဆရာအဲလက်တစ်ယောက် ညညအိပ်မက်ဆိုးတွေမက်ပြီး အိပ်မပျော်ဖြစ်နေလို့ စိတ်ဖိစီးနေရပါတယ်။ဒီတော့ စိတ်သက်သာရာရဖို့ ရည်းစားဆီဖုန်းဆက်တော့လည်း ရှေ့နေမလေးဖြစ်တဲ့ရည်းစားက အမှုတွင်းကာလမလို့ ချိန်းတွေ့ချိန် ခဏလေးမှာတောင် ဖုန်းတဂွမ်ဂွမ်မြည်ပြီး မအားလပ်ပြန်ပါဘူး။အဲဒါနဲ့ အဲလက်တစ်ယောက် စိတ်ကောက်ပြီး အိမ်အပြန် ချစ်သူလေးက ဖုန်းဆက်ချော့ရင်း သူတို့နှစ်ယောက် အဝေးတစ်နေရာစီကို ဖုန်းတွေ အလုပ်တွေအကုန်ထားခဲ့ပြီး စနေတနင်္ဂနွေပိတ်ရက်လေးကို နှစ်ကိုယ်တူကုန်ဆုံးဖို့ သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ သူတို့နေမယ့်အိမ်ထဲကို သူစိမ်းတစ်ယောက် ဝင်လာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B team မှဖြစ်ပါတယ်). File size… 1 GB / 500 MB Quality…WEB DL ...
movie

Aparadhi (2024)

Kryptic (2024) 4.3
Kryptic (2024)     Kryptic (2024)IMDb Rating (4.3) / Rotten Tomatoes (63%) ကေးဟောလ်ဟာ အမျိုးသမီးတောင်တက်အဖွဲ့တစ်ဖွဲ့နဲ့အတူ ခရီးစဉ်တစ်ခုအတူလိုက်ပါခဲ့ရင်း တောအုပ်ထဲမှာလူကွဲသွားရာကနေထူးဆန်းပြီး ပဟေဠိဆန်တဲ့ သတ္တဝါတစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ်။သေချာတာ တစ်ခုကတော့ သူဟာ အရင်က ဒီနားတစ်ဝိုက်မှာ ပျောက်ဆုံးသွားခဲ့တဲ့၊ ပဟေဠိဆန်တဲ့သတ္တဝါဆိုင်ရာကျွမ်းကျင်သူ ဘာ့ဘ်ဗယ်လင်တိုင်းဆိုသူနဲ့ တစ်ထေရာတည်းတူနေတယ်ဆိုတာပါပဲ။အဲ့ဒီတစ်ခုကလွဲလို့ သူကိုယ်တိုင် ဘယ်သူဘယ်ဝါလဲ ဘာအလုပ်လုပ်လဲဆိုတာ မမှတ်မိတော့တဲ့အတွက် ဘာ့ဘ်ဗယ်လင်တိုင်း ပျောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အတိုင်းခြေရာကောက်လိုက်ရှာဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာ သူမြင်မြင်လာတတ်တဲ့ အိမ်မက်ဆိုးဆန်ဆန်၊ တစ်ခါတစ်လေကျတော့လည်း ရမ္မက်သွေးကြွစရာ ပုံရိပ်တွေ၊အမြင်တွေဟာ လက်ရှိဖြစ်ရပ်တွေနဲ့ဘယ်လိုပတ်သက်နေလဲ၊ သူနဲ့ရင်ဆိုင်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဟာ တကယ်ရှိနေတာလား? ဒါမှမဟုတ် သူ့စိတ်ရဲ့စေ့ဆော်မှုတွေထဲက တစ်ခုလား?ပဟေဠိဆန်ဆန်အဖြေရှာရတာတွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီကားကိုသဘောကျကြလိမ့်မယ်ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Mystery, ...
movie

Kryptic (2024)

2024
Real Estate Sisters (2024) 4.2
Real Estate Sisters (2024) Real Estate Sisters (2024) အိမ်ခြံမြေအကျိုးဆောင် ညီအစ်မဘဝဒီဇာတ်ကား‌လေးကတော့ လူတိုင်းရဲ့ မတူညီ ရုန်းကန်လှုပ်ရှားရတဲ့ ဘဝလေးတွေကို ဟာသလေးနှော ဖော်ပြထားတဲ့ တောင်အာဖရိက ပရီတိုရီယာက အိမ်ခြံမြေအကျိုးဆောင် ကိုယ်စားလှယ်တွေအနေနဲ့ အလုပ်လုပ်နေတဲ့ ညီအစ်မနှစ်ယောက် ဇာတ်ကြောင်းလေးပါသူတို့ရဲ့အိပ်မက်ကတော့ အထက်တန်းစားလူတွေရဲ့ ဈေးကွက်မှာ ကျင်လည်လုပ်ကိုင်လို့ အောင်မြင်ချင်တာပါတဲ့ ဒါပေမဲ့လည်း ဘဝဆိုတာက ဆန္ဒနဲ့ထပ်တူမကျနိုင်နေတာမို့ မက်မောဖွယ်လည်းမရှိသလို ကြာရှည်လည်းမခံတဲ့နေရာမှာပဲ တဝဲလည်လည် ဖြစ်နေကြပါတယ်အိပ်မက်ကိုအလျှော့မပေး၊ ဝီရိယရှိရှိလုပ်ကိုင်နေသူတို့အဖို့ အခွင့်အလမ်းဟာပေါ်ပေါက်စမြဲပါပဲတဲ့ သူတို့ညီအစ်မအတွက်လည်း ကံကြမ္မာအလှည့်အပြောင်း ဖြစ်လာပုံပါပဲအဲဒါ‌ကတော့ ဈေးကြီးပြီး သာမန်လူတွေ အနားမသီနိုင်တဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးရောင်းဖို့ သူတို့လက်ထဲရောက်ရှိလာတာပါပဲသူတို့ညီအစ်မ စောင့်မျှော်နေခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ငွေရေးကြေးရေးအပြောင်းအလဲကြီးဟာ နောက်ဆုံးတော့ရောက်ရှိလာခဲ့ပါပြီသူတို့ရဲ့ရွှေရောင်တောက်ပတဲ့အနာဂတ်က မမျှော်လင့်တဲ့မှောင်မိုက်ဘဝ အတွေ့အကြုံဖြစ်လာရတာမို့ ကြာရှည်မခံသလိုပါပဲ အကြောင်းရင်းကတော့ သူတို့ရောင်းမယ့်အိမ်ကြီးထဲ အလောင်းတစ်ခု တွေ့တာပါနောက်ဆက်တွဲပြဿနာတွေတက်မှာ ကြောက်လို့ဆိုပြီးသက်ဆိုင်ရာကိုချက်ချင်း အကြောင်းကြားရမယ့်အစား သူတို့ဘာသာကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားလိုက်တဲ့အခါမှာတော့ ........................................................သူတို့ညီအစ်မရဲ့ အလောင်းဖျောက်မှုနဲ့ တလွဲလုပ်မှုလေးတွေကို စိတ်လှုပ်ရှားစွာနဲ့ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောတွေ့မြင်ရမှာမို့ ကြည့်ရှုခံစားကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ...
movie

Real Estate Sisters (2024)

Lost (2025) 7.1
Lost (2025) Lost (2025)************IMDb... 7.1 ဒီတစ်ခေါက်မှာတော့ မင်းသား Lee Soo-Hyuk နဲ့ ဝူယောင်းဝူကားထဲက “နွေဦးနေ့ရဲ့ နေရောင်ခြည်လေး”Ha Yoon-Kyung တို့ရဲ့ ရုံတင်ကားသစ်‌လေးကို တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -အဆုတ်ရောဂါခံစားနေရတဲ့ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်ကစားသမား‌လေး ယွန်းထယ်ဟွာ(Lee Soo-Hyuk) က အသက်ဆက်ရှင်နိုင်ဖို့ အဆုတ်အစားထိုးခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ထယ်ဟွာကို အဆုတ်ပေးခဲ့တဲ့သူကတော့ တခြားသူမဟုတ် ကားတိုက်ပြေးမှု ကျူးလွန်ပြီးအလောင်းပစ်ထားခဲ့တဲ့ လူသတ်သမားဖြစ်တဲ့ သူ့ရဲ့အဖေပါပဲ။ထယ်ဟွာလည်း သေတာထက် ပိုဆိုးတဲ့ အပြစ်မကင်းစိတ်တွေနဲ့ ရှင်သန်ရင်း ကားတိုက်ပြေးမှုနစ်နာသူရဲ့သမီး ဂွန်မီဂျီ (Ha Yoon-Kyung) ကို လိုက်ရှာနေတော့တာပေါ့။တစ်နေ့မှာတော့ ထယ်ဟွာတစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွှေဆိုင်မှာ ပစ္စည်းခိုးနေတဲ့ မီဂျီကိုမြင်တွေ့လိုက်ရ‌ပေမဲ့ သူ့ရဲ့အပြစ်မကင်းစိတ်တွေ နည်းနည်းပါးပါး လျော့လိုလျော့ငြားမျက်စိမှိတ်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ မီဂျီက ကားတိုက်ပြေးမှု ဖြစ်တဲ့နေ့က အမှန်တရားကိုထုတ်ပြောပြပြီး သူ့အမေကို အတူ ကူရှာပေးဖို့ ထယ်ဟွာကို ကမ်းလှမ်းလာတဲ့အခါမှာတော့...ကျူးလွန်သူရဲ့ သားနဲ့ ...
movie

Lost (2025)

Sorop (2024) 5.4
Sorop (2024)  Sorop (2024)IMDb Rating (5.4) နေဝင်ရီတရောအချိန်၊ နွားရိုင်းသွင်းချိန်လို့ သညာပြုကြတဲ့ Sorop သို့မဟုတ် မာဂရစ်အချိန်ဟာ ဝိဉာဉ်တွေလွတ်လပ်စာလှုပ်ရှားသွားလာနိုင်တဲ့အချိန်ဖြစ်တယ်လို့ ဘာသာဓလေ့အတော်များများမှာအယုံအကြည်ရှိကြသလို ဂျာဗားကျွန်းသားတွေမှာလည်းရှိပါတယ်။အဲ့ဒီလိုပဲ "Puasa Sorop" ဆိုတဲ့ အစာရှောင်ခြင်းဓလေ့ဟာလည်း ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ဝိဉာဉ်တွေကိုခေါ်ယူတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာထူးခြားချက်ကတော့ အစာရှောင်သူဟာ သင်္ချိုင်းမြေတွေကိုစားသုံးရတာပါပဲ။ဒီဓလေ့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့လုပ်ဆောင်လေ့ရှိကြပေမယ့် ကာယကံရှင်အပေါ်မူတည်ပြီး အကောင်းအဆိုး အကျိုးအပြစ်တွေ ရလဒ်ထွက်လာရစမြဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဟာနစ်ဖ်နဲ့အစ်စ်တီဆိုတဲ့ ညီအစ်မနှစ်ယောက် သူတို့ဦးလေးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ စကားကြောင့် ငယ်ငယ်လေးကတည်းက စွန့်ခွာခဲ့တဲ့ မိသားစုပိုင်နေ အိမ်ကြီးကိုပြန်ရောက်လာပြီးမကြာခင်မှာ သေဆုံးသွားတဲ့ ဦးလေးဖြစ်သူနဲ့အတူ ထူးခြားကြောက်မက်ဖွယ်ဖြစ်ရပ်တွေကိုရင်ဆိုင်ရတာကိုတွေ့မြင်ရပါလိမ့်မယ်။အဲ့ဒီအချိန်မှာပဲ သူတို့ငယ်စဉ်ကကြုံတွေ့ခဲ့ရဖူးတဲ့ ထိတ်လန့်ခြောက်ခြားစရာကိစ္စတွေဟာ အခုဖြစ်နေတာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုတာကို သိလာရပြီး ရုန်းထွက်ဖို့ အဖြေရှာကြရမှာပါ။ တစ်ချိန်က Twitter မှာနာမည်ကြီးခဲ့တဲ့ thread တစ်ခုကိုအခြေခံဖန်တီးထားတာဖြစ်ပြီး Jumpscare တွေကို အားမကိုးပဲ ကင်မရာအယူအဆ၊နောက်ခံတေးဂီတ တိတ်ဆိတ်မှုတွေကနေ ခြောက်ခြားစရာဖြစ်အောင် တင်ဆက်ထားတာပါ။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း cinematography လှလှနဲ့သိချင်စိတ်ကိုနှိုးဆွပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1 GB) ...
movie

Sorop (2024)

2024