Channel Myanmar

Fantasy

Tears Of No Regret ( 2020 ) 5.5
Tears Of No Regret ( 2020 ) Tears of No Regrets ဆိုတဲ့ တရုတ်ကားလေးကို တင်ပေးလိုက်ပါတယ် ဒီကားလေးက စွန်းဝူခုန်းကားတွေထဲမှာ low budget နဲ့ ရိုက်ထားတဲ့ ဇာတ်ကားကောင်းတလေးတစ်ခုပါ။ ဒီကားလေးကတော့ မူရင်းအနောက်အရပ်ခရီးနဲ့ မတူဘဲ ဝူခုန်းရဲ့ အချစ်ဇာတ်လမ်းကို ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားတာပါ။ ဒီကားလေးမှာတော့ အနောက်ခရီးကအပြန် ဝူခုန်းနဲ့ သူ့ဆရာလမ်းခွဲပြီးနောက် ဝူခုန်းတစ်ယောက်မိစ္ဆာစိတ်ဖုံးပြီး သူ့ဆရာသူပြန်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ဒီမိစ္ဆာစိတ်က ဘယ်သူကြိုးကိုင်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာရာကနေ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကိုပြန်သွားရာကနေ ဇာတ်လမ်းပုံဖော်ခဲ့တာပါ။ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာထက်ကို ပိုတယ်။ တကယ့်ကို low budget နဲ့ လုပ်ထားတယ်ဆိုတာကို မယုံနိုင်လောက်အောင် ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးပါ။ Filesize : 1.17 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action, Fantasy, Comedy Runtime : 1h ...
movie

Tears Of No Regret ( 2020 )

The Legend of Ochi (2025) 6.3
The Legend of Ochi (2025) The Legend of Ochi (2025)IMDb Rating (6.3) / Rotten Tomatoes (77%) ဒီနောက်ပိုင်း ထုတ်လုပ်ရိုက်ကူးရေးပိုင်းမှာ အတော်လေး နာမည်ရပြီး ရုပ်ရှင်ကောင်းတွေ ဖန်တီးလာတဲ့ A24 Studio ရဲ့ ဇာတ်ကားအသစ်လေးပါ။နာမည်ကြီး မင်းသားကြီး William Dafoe , Stranger Things ထဲက ကလေးသရုပ်ဆောင် Finn Wolfhard တို့ဦးဆောင်ပါဝင်ထားတဲ့The Legend of Ochi ဆိုတဲ့ စိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာ နေကြတဲ့ မက်ဆင်းတို့မိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက်ကြောက်ရွံ့ပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကိုတွေ့ပြီး ခင်တွယ်သွားရာကနေသူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပို့ဖို့အတွက် ခရီးကြမ်းကို နှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်းလိုက်ပါလာခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ...
movie

The Legend of Ochi (2025)

2025
Chivalrous ( 2020 ) 6
Chivalrous ( 2020 ) ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ကျုံမင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းတဲ့ ဇာတ်လမ်းပုံစံလေးပါ ဇာတ်ကြောင်းလေးကတော့...ကျုံမင်းဆက်က ဘုရင်ဝမ်မှာ ထူးချွန်လှတဲ့ အကြံပေးလေးယောက်ရှိပါတယ် အဲ့ဒီအကြံပေးလေးယောက်ထဲမှာတော့ နန်ကုံရှီဆိုတဲ့အကြံပေးက အထူးချွန်ဆုံးပါ အဲ့အပြင် နန်ကုံရှီရဲ့ ဦးလေးဟာလည်း စစ်ပွဲတိုင်း အောင်ပွဲရတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူဟာ စစ်ပွဲတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ကျုံမင်းဆက်ကို ပြန်တည်ထောင်ဖို့ရာအတွက် လိုအပ်တဲ့ ရတနာတွေကို ဝှက်ထားတဲ့ မြေပုံ ရွှမ်ဝူအမိန့်စာကို နန်ကုံရှီကို စောင့်ရှောက်ဖို့ အပ်နှံထားခဲ့ပါတယ် နောက်ပိုင်းနန်ကုံရှီမိသားစုရဲ့ မျိုးဆက်တွေဟာ ဒီတာဝန်ကြီးကို အရေးကြီးတာဝန်တစ်ခုအဖြစ်သတ်မှတ်ပြီး ရွှမ်ဝူအမိန့်စာကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပါတယ် အဲ့ဒီနန်ကုံမိသားစုရဲ့ မျိုးဆက် နန်ကုံယွီဟာ နောက်ဆုံးမင်းဆက်ရဲ့ သမီးတော် မင်းသမီး ယုံနင်ကို ကာကွယ်ပြီး ရွှမ်ဝူအမိန့်စာနဲ့ နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေသူပါတချို့လူတွေဟာလည်း ရတနာတွေကို တပ်မက်ပြီး ရွှမ်ဝူ အမိန့်စာကို မက်မောလာကြပြီး နန်ကုံရှီမိသားစုကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပါတယ် တစ်ဖက်မှာလည်း စစ်နတ်ဘုရားရဲ့ မျိုးဆက်ဖြစ်တဲ့ မော့ရှောင်ဟောင်ဟာ တစ်ကိုယ်တည်း ဝေါ်လုံချိုင့်ဝှမ်းမှာသိုင်းပညာကိုသာ ကျင့်ကြံနေခဲ့သူပါ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ဆရာက သူ့အတွက် အမိန့်သုံးခု ချန်ထားခဲ့တာ သိလိုက်ရပါတယ် ပထမအမိန့်ကတော့ မင်းသမီးကို ကာကွယ်ပြီး မိသားစုကြီးလေးစုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ဖြစ်ပြီး ဒုတိယနဲ့ တတိယအမိန့်ကိုတော့ ဒီဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါနော်Filesize ...
movie

Chivalrous ( 2020 )

Shadow (2018) 7.2
Shadow (2018) Shadow (2018)IMDb Rating (7) / Rotten Tomatoes (94%)တရုတ်ရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ကျန်းရိမူရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားက အဖြူအမဲ ကာလာပုံစံနဲ့ အတော်ကိုမိုက်တဲ့  ရာဇဝင်နောက်ခံ ဝူရှသိုင်းဇာတ်ကားပါ။ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာ လုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။ အဲဒီလို လူစားထိုးတဲ့လူကို အရိပ်လို့ ခေါ်ပါတယ်။အဲ့ဒီကာလက ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးက ကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။ ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်တယောက်အကြောင်းကို ကျန်းရိမူစတိုင်အတိုင်း နောက်ခံတီးလုံးအမိုက်စား တင်ဆက်ပုံအမိုက်စားနဲ့ကြည့်ရှုခံစားရမှာပါ။Golden Horse Awards ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာ Best Director ,Best Visual Effects ,Best Art Direction,Best Makeup & Costume Design ဆုတွေရရှိခဲ့သလို ရုံတင်ဝင်ငွေလဲ $91.7 million ...
movie

Shadow (2018)

2018
4K HEVC
Zhongkui: Snow Girl and the Dark Crystal (2015) 5.3
Zhongkui: Snow Girl and the Dark Crystal (2015) Zhongkui: Snow Girl and the Dark Crystal (2015)တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်လိုက်ပါတယ်။မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင်  သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် ...
movie

Zhongkui: Snow Girl and the Dark Crystal (2015)

My Future You (2024) 8.4
My Future You (2024) My Future You (2024)"ငါ့အနာဂတ် မင်း" ================================၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရိုရိုချိုချို ဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်က လူသန်းပေါင်း ၈ ထောင်ကျော်ထဲမှာ ကိုယ့်ရဲ့ ဝိညာဉ်ဖက်ကိုရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။ဒါပေမဲ့ ရှာတွေ့ဖို့အချိန်တန်ရင်တော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာ ဘယ်အချိန်ကိုပဲရောက်နေနေ သူ့အလိုလိုရှာတွေ့စမြဲပါပဲ။လက်စ်ဆိုတဲ့ ကောင်လေးနဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးဟာ အွန်လိုင်းဒိတ်တင်းဆိုက်တစ်ခုမှာတွေ့ပြီး ပုံမှန်စကားပြောဖြစ်နေသူတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ မျက်နှာမမြင်ဖူးဘဲ စကားပြောနေရာကနေ တဖြည်းဖြည်း အဆင့်တက်ကာ ချစ်သူတွေဖြစ်လာကြပါတယ်။အစပိုင်းမှာ ဒီလို ချစ်ကြိုက်ကွဲညားဇာတ်လမ်းမျိုးလို့ထင်ရပေမဲ့ ဇာတ်လမ်းကထင်သလောက်မရိုးရှင်းဘဲ သူတို့နှစ်ယောက်ဟာ ဥက္ကာခဲတစ်ခုကြောင့် ချိတ်ဆက်မိနေတဲ့ အချိန် ၁၅ နှစ်ကွာခြားတဲ့ ကာလနှစ်ခုက ကံကြမ္မာတူလူနှစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။သူတို့တွေ အဖြစ်မှန်ကို ဘယ်လိုသိသွားကြမှာလဲ၊ အချိန်ကာလတွေကို လွန်ဆန်နိုင်မှာလား၊ ဘယ်လိုရှေ့ဆက်ဖို့ကြိုးစားကြမှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size…1.6 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie

My Future You (2024)

The Huntsman: Winter’s War (2016) 6.2
The Huntsman: Winter’s War (2016) The Huntsman: Winter's War (2016)IMDb Rating (6.2)ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ စနှိုးဝှိုက်ဇာတ်ကားဆိုရင်တော့ ဒီကားပဲ ပြရမှာဖြစ်ပါတယ်... မင်းသား Chris Hemsworth , မင်းသမီး Charlize Theron ,Emily Blunt , Kristen Stewart , Jessica Chastain စတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီဇာတ်ကားက 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and The Huntsman ရဲ့ Prequel ရော Sequel အဖြစ်ပါ ပြောလို့ရတဲ့ Huntman ရဲ့ဇာတ်အိမ်ပါပဲ။ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ...
movie

The Huntsman: Winter’s War (2016)

4K HEVC
FernGully: The Last Rainforest (1992) 6.6
FernGully: The Last Rainforest (1992) ဒီဇာတ်ကားလေးကDisney ရဲ့ Hidden Gem animationဖြစ်ပြီး IMDb 6.6နဲ့ RT 67% ရထားပါတယ်။ဇာတ်လမ်း အကျဉ်းကတော့ ကမ္ဘာကြီးကို သစ်တောတွေနဲ့ပဲဖုံးလွှမ်း ထားတဲ့အချိန်တုန်းက နတ်သူငယ်လေးတွေကတောအုပ် ကြီးရဲ့ အစောင့်အရှောက်တွေ ဖြစ်ခဲ့ကြပါတယ်။သူတို့ရဲ့အရင်းနှီးဆုံးမိတ်ဆွေက လူသားတွေ ဖြစ်ခဲ့ကြတာပါ့။ဒီလိုနဲ့ တစ်နေ့မှာ ဟက်ဇပ်ဆိုတဲ့ ဖျက်ဆီးခြင်းနတ်ဘုရားနိုးထလာပြီး သစ်တောကြီးအပါအဝင် အရာအားလုံးကိုပျက်စီးအောင် လုပ်ပစ်ခဲ့လို့ လူတွေလည်း တောထဲကနေထွက်ပြေးသွားပါတယ်။ နတ်သူငယ်တွေက ဟက်ဇပ်ကိုမှော်အစွမ်းနဲ့ ထိန်းသိမ်းထားပြီး သစ်ပင်ကြီးတစ်ပင်ထဲမှာပိတ်ဆို့ဖမ်းဆီးထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာချိန်မှာတော့ လူသားတွေ တောထဲကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နတ်သူငယ်တွေရဲ့မိတ်ဆွေတွေအဖြစ်မဟုတ်ဘဲ တောအုပ်ကိုရှင်းပစ်ပြီး မြို့ပြချဲ့ထွင်ဖို့လုပ်မယ့်လူတွေအဖြစ်နဲ့ပါ။ သူတို့ကြောင့်ပဲ ဟက်ဇပ်ကိုချုပ်ထားတဲ့သစ်ပင်ကြီး လဲသွားပြီး ဟက်ဇပ်ပြန်လွတ်လာတဲ့အခါမှာနတ်သူငယ်လေးတွေက သူ့ကို ထပ်ပြီးတားဆီးဖို့အတွက်ဖြစ်လာပါတော့တယ်။  File size…    1.9 GB /  862 MB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. ...
movie

FernGully: The Last Rainforest (1992)

Muppets from Space (1999)
Muppets from Space (1999) IMDB Rating* - "6.4/10"နာမည်ကြီး Muppets Collections တွေထဲကမှ "Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ ...
movie

Muppets from Space (1999)

Snake Woman (2025) 5.6
Snake Woman (2025) ညီအစ်ကိုလေး၂ယောက်ဟာတောထဲကိုသွားရင် ထူးဆန်းတဲ့ တိရိစ္ဆာန်တစ်ကောင်နဲ့တွေ့ပြီး အစ်ကိုဖြစ်တဲ့သူကပျောက်သွားခဲ့ပါတယ်။ ညီဖြစ်တဲ့သူဟာသူ့ဘဝတစ်လျှောက်လုံး အစ်ကို့ကိုလိုက်ရှာနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ရွာလေးတစ်ရွာမှာမြွေသားပေါက်လေးတွေကိုဖမ်းခဲ့မိလို့ မြွေမကြီးလိုက်တဲ့အမှုကိုဖြေရှင်းရင်း မြွေသခင်ကြီးဆိုတဲ့လူနဲ့တွေ့ပါတယ်။မြွေသခင်ကြီးတို့ရဲ့လူတွေကိုသတ်သွားတဲ့သတ္တဝါရဲ့လုပ်နည်းလုပ်ဟန်တွေက သူ့အစ်ကိုကိုဖမ်းသွားတဲ့သတ္တဝါနဲ့တူတယ်လို့ယူဆတဲ့အတွက် မြွေသခင်ကြီးတို့အဖွဲ့နဲ့အလုပ်အတူတွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တောထဲမှာအဲဒီထူးဆန်းသတ္တဝါနဲ့တကယ်ကြုံကြတော့ အဲဒီသတ္တဝါကမိန်းကလေးတစ်ပိုင်းမြွေတစ်ပိုင်းဖြစ်နေပါတယ်။ဒီမိန်းကလေးကဘာကြောင့်ဒီလိုမြွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေရတာလဲ..... ကောင်လေးရဲ့အစ်ကိုကရော ဘယ်ကိုရောက်သွားတာလဲ...... ဒီအရာအားလုံးရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ...... Filesize : 1.17 GB / 626 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Snake Woman (2025)

Snow White (2025) 1.7
Snow White (2025)    Snow White (2025)ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိုက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ဒါရိုက်တာကတော့ အားလုံးချစ်တဲ့ အချစ်ကားလေး 500 Days of Summer ရဲ့ ဖန်တီးရှင် Marc Webb ပဲ ဖြစ်ပါတယ်။သရုပ်ဆောင်အနေနဲ့လည်း စနိုးဝှိုက်အဖြစ် ပြည်သူ့အချစ်တော် မင်းသမီးလေး Rachel Zegler ပါဝင်ထားပြီးမိဖုရားကြီးနေရာမှာလည်း မင်းသမီးကြီး Meryl Streep လိုမျိုး သရုပ်ဆောင်ကဝေတစ်ဆူဖြစ်တဲ့ Wonder Woman မင်းသမီး Gal Gadot က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။လူပေါင်းသုံးသိန်းကျော်ကလည်း IMDb rating (4×5)-12 / 5 တောင်ပေးထားပါတယ်။ ဒီ‌တော့ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းGal Godot က ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ချင်တဲ့ စုန်းမ မိဖုရားကြီးပါ ဒါပေမဲ့ သူ့ရဲ့မှော်မှန်ကြီးက စနိုးဝှိုက်သာ ...
movie

Snow White (2025)

2025
4K HEVC
Click (2006) 6.4
Click (2006)  ဘဝဆိုတာ ဘာများလဲ....။ ဘဝမှာ ရှင်သန်ဖို့ အလုပ်လုပ်ကြတာလား အလုပ်လုပ်ဖို့ ရှင်သန်ကြတာလား..... ရှင်သန်ဖို့ အလုပ်လုပ်ကြရင်း ဘဝရဲ့ အဓိပ္ပါယ်က အလုပ်လုပ်ဖို့ ရှင်သန်သလို ဖြစ်သွားကြသူတွေလည်း ရှိတက်ပါတယ်။ဒီ ဇာတ်လမ်းလေးရဲ့ အစမှာ မိုက်ကယ်ဆိုတဲ့ အလုပ်ပဲ အချိန်ပြည့်လုပ်နေတက်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ရှိပါတယ်။မိသားစု အားလပ်ရက်ကိုပါ ဖျက်ပြီး အလုပ်ပဲ အချိန်ပြည့် လုပ်နေတတ်ပါတယ်။အဲ့ဒီလိုနဲ့ လူရဲ့လက်ထဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ရီမု ကွန်ထရိုး တစ်ခု ရောက်လာခဲ့ပါတယ်။ဘဝကို ဇာတ်ကား တစ်ခုလို ကျော်ပစ်လို့ရတဲ့အခါ စိတ်မရှည်တဲ့ အခန်းတွေကို သူ ကျော်ပစ်ခဲ့ပါတယ်။ ဒီလို ကျော်ပစ်ရင်း...မိသားစု အပါအဝင် အရာအားလုံးနဲ့ သူ ကင်းကွာလာခဲ့ပါတယ်၊ဘဝဆိုတာ ဖြတ်သန်းဖို့ပါပဲ... စိတ်ပျက်စရာ ငြီးငွေ့စရာတွေ အများကြီးပါပဲ ဒီအခါမှာ ချစ်ခြင်းတရားဟာ အရေးပါလာပါပြီ။ကျွန်တော်တို့ ကိုယ့်ကို ချစ်တဲ့ လူတွေရဲ့ ချစ်ခြင်း ပျော်ရွှင်မှု..တွေကို ဘယ်လောက်ထိ လျစ်လျှူ ...
movie

Click (2006)

2006
Angels in the Outfield (1994) 6.2
Angels in the Outfield (1994) Roger Boman ဆိုတဲ့ မိဘစွန့်ပစ်ခံထားရတဲ့ ကလေးလေးတစ်ယောက်ကBaseball အသင်းတစ်ခုကို စိတ်နှစ်နှစ်နဲ့ အားပေး‌နေတဲ့ ကလေးတစ်ယောက်ပါ။ဒီကလေးက နတ်သားတွေကို မြင်ရပါတယ်။Roger တစ်ယောက် အားပေးတဲ့အသင်းက သူသာအားပေးနေရတာ အမြဲရှုံးနေတဲ့အသင်းပေါ့။အဲဒီလိုနဲ့ Roger က အသင်းရဲ့ မန်နေဂျာနဲ့ တွေ့ပြီး အသင်းထဲကို ရောက်လာတယ်။အမြဲရှုံးနေတဲ့ ၎င်းအသင်းကို Roger က သူ မြင်နေရတဲ့နတ်သားတွေအကူအညီနဲ့ ဘယ်လိုမျိုး နိုင်အောင် ကြိုးစားသွားမလဲဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။File size…    2.36 GB /  1.37 GB Quality… WED-RIP 1080p / 720p Format… mp4 Audio... AAC Duration…. 1h 42m Genre ..... Comedy/Drama/Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Darth Stephen
movie

Angels in the Outfield (1994)

Because I Love You (2017) 7.1
Because I Love You (2017)  ဒီကားလေးထဲမှာ Moonlight drawn by clouds ကားထဲက မင်းသမီး Yoo Jeong Kimရယ် မင်းသားချောTae Hyun Cha ရယ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ရယ်လဲရယ်ရသလောက် ငိုလဲငိုရတဲ့ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ လီဟွန်းက accident တစ်ခုဖြစ်ပြီးထူးဆန်းတဲ့ကိစ္စတွေနဲ့ကြုံလာရတာပါ။အချစ်ရေးအဆင်မပြေတဲ့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အဆင်ပြေမှ ပြန်ထွက်ခွင့်ရတာပါ။ဒီအကြောင်းတွေကို သိတဲ့သူဆိုလို့ "စကာလီ" တစ်ယောက်ပဲရှိပြီး သူ့ကို ကူညီပုံတွေကို ဟာသ၊ဒရာမာချိုးပြီးရိုက်ကူးထားတဲ့ကားကောင်းတစ်ကောင်းပါ။မထင်မှတ်တဲ့အလှည့်အပြောင်းတွေနဲ့ အူတက်အောင်ရယ်ရတဲ့ ဒီကားလေးက IMDb 6.5 ရထားတာဆိုတော့ အထွေအထူးမညွှန်းတော့ပါဘူး။ချစ်ခြင်းမေတ္တာဆိုတာကို ပီပြင်အောင်ဖော်ညွှန်းထားနိုင်လို့အားလုံးအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်ရှင်။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ မမအေးမွန်ကျော်ပဲဖြစ်ပါတယ်) File size…(1.5 GB)/(784 Mb) Quality….WebRip 1080p / 720p Format… mp4 Duration…. 01:50:00 Genre... Drama, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Aye Mon Kyaw
movie

Because I Love You (2017)

2017
A Simple Wish (1997) 5.3
A Simple Wish (1997) A Simple Wish (1997)Fairy Godmother ဆိုတဲ့ နတ်သမီးအသွင်နဲ့ အဘွားအိုတွေကိုငယ်ဘဝက ကြည့်ရှုဖူးတဲ့ကာတွန်းဇာတ်လမ်းတွေမှာ မကြာခဏမြင်ရဖူးပါတယ်။စိတ်နှလုံးသားဖြူစင်သူတွေရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတတ်ကြတဲ့Motherly Figure ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ နတ်သူငယ်ခေါင်းကိုင်အမေ၊ ဆန်တာဘိုးဘိုး၊ သွားနတ်သမီးစတာတွေကို အကြွင်းမဲ့ယုံကြည်ထားသူကလေးမလေးတစ်ယောက်ရဲ့ဖြူစင်တဲ့ဆုတောင်းလေးတစ်ခုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် ပြဇာတ်အတွက် ဇာတ်ကောင်နေရာကိုလိုချင်နေတဲ့ အန်နာဘယ် နဲ့ ချာလီတို့ရဲ့ဖခင်ဖြစ်သူ အိုလီဗာဟာလူရွေးပွဲမှာတော့ ကံမကောင်းခဲ့ဘဲ နာမည်ရပြီးသားသရုပ်ဆောင်တစ်ယောက်ရဲ့နောက်ကနံပါတ် (၂) နေရာသာ ချိတ်သွားခဲ့ပါတယ်။သာမန်မြင်းလှည်းမောင်းသမားတစ်ယောက်ဖြစ်ပေမယ့်အသံဩဇာ ပါရမီပါသူ ဖခင်အတွက်သူလိုချင်တဲ့ ပြဇာတ်သရုပ်ဆောင်ဘ၀ရရှိအောင်ဖြည့်ဆည်းပေးချင်နေတဲ့ အန်နာဘယ်ဟာFairy Godmother တစ်ယောက်ဖြစ်နေပေမယ့်ယောကျ်ားဘဝကို ပိုင်ဆိုင်ထားသူဖြစ်တဲ့မာရေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အရွယ်ရောက်ခါစဖြစ်တဲ့ အစ်ကိုဖြစ်သူ ချာလီ နဲ့နတ်သမီးပုံပြင်တွေအကြောင်းကို ငြင်းခုန်ပြီး အိပ်ရာဝင်သွားတဲ့ညမှာပဲမောင်နှမနှစ်ယောက်ရဲ့ အိပ်ခန်းထဲကိုFairy Godmother တစ်ယောက်ဖြစ်တဲ့မာရေး ရောက်ရှိလာခဲ့ပါတယ်။ဆုတောင်းတစ်ခုကို ဖြည့်စွမ်းပေးမယ့် သူဖြစ်ကြောင်း သိသိချင်းမှာပဲ ဖခင်ဖြစ်သူ လိုချင်နေတဲ့ဇာတ်ကောင်နေရာအတွက် ဆုကို တောင်းပေးခဲ့ပါတယ်။မာရေးကလည်း ဆုတောင်းဖြည့်ပေးတော့မယ့်ဆဲဆဲမှာFairy Godmother များ နှစ်စဉ်တွေ့ဆုံပွဲကျင်းပရာကိုအလျင်စလို ...
movie

A Simple Wish (1997)

The Mollie Project (2025) 6.0
The Mollie Project (2025)  ဒီတစ်ခါမှာတော့ Best Experimental Film ဆု အပါအဝင်ရုပ်ရှင်ဇာတ်လမ်းတို ဆုပေးပွဲတွေမှာ ဆု ၇ ဆု ကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကိုCM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းရဲ့ အဓိက ကျောရိုးကတော့ စိတ်ကူးယဥ်အိပ်မက်နဲ့လက်တွေ့ကြား အလွှာပါးပါးလေးပဲခြားပြီး အကူးအသန်းလုပ်နေတဲ့ မိုလီရဲ့ ဘဝအကြောင်းပါပဲ ။ငယ်စဥ်တည်းက မိဘဆီက အသိအမှတ်ပြုမှုကို ခံချင်ခဲ့တဲ့အပြင် အပယ်ခံတစ်ယောက်အနေနဲ့ ကြီးပြင်းလာတဲ့ မိုလီရဲ့အတက်အကျစုံနေတဲ့ ခံစားချက်တွေကို ဒီရုပ်ရှင်မှာတော့လူအဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ။အဲဒီပေါင်းစုံနေတဲ့ ခံစားချက်တွေဟာ မိုလီနဲ့ တစ်အိမ်တည်းအတူတူနေနေပြီး မိုလီ့ဘဝရဲ့ ဆုံးဖြတ်ချက် အခိုက်အတန့်တိုင်းမှာ အငြင်းပွားနေကြရတာပါ ။အဲဒီအချိန်မှာပဲ မျှော်လင့်ချက် နဲ့ အရှုံးသမားဆန်မှုဆိုတဲ့ခံစားချက်တစ်ခု သူ့အိမ်ကို ထပ်ဝင်ရောက်လာတဲ့အခါမှာမိုလီရဲ့ ဘဝဟန်ချက်က ဘယ်လိုပျက်စီးသွားမလဲ ။မိုလီ့ဘဝ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Hazelle  ဖြစ်ပါတယ် )  File size… (474 ...
movie

The Mollie Project (2025)

Hold Me Close (2024) 6.9
Hold Me Close (2024) Hold me close (2024)Metro Manila Film Festival နဲ့ LAမှာပြုလုပ်ခဲ့တဲ့ Manila International Film Festival ပွဲမှာ ပြသခဲ့တဲ့ ဂျပန်နိုင်ငံ ကာရတ်ဆုမြို့ကို အခြေခံရိုက်ကူးတင်ဆက်ပြထားတဲ့ ဖိလစ်ပိုင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဝူဒီဆိုတဲ့ လူငယ်လေးက ကမ္ဘာပတ်ပြီး ခရီးတွေ ထွက်နေခဲ့တာ ၇နှစ်ကြာပြီးတဲ့နောက် ဂျပန်နိုင်ငံ ကာရတ်ဆုမြို့ကို ရောက်ရှိလို့လာခဲ့ပါတယ်။ အဲဒီမြို့မှာမှ လင်းလင်းဆိုတဲ့ ပြည်ကြီးငါးရောင်းတဲ့ ကောင်မလေးနဲ့တွေ့ဆုံခဲ့ရပါတယ်။လင်းလင်းနဲ့အတူ မောင်နှစ်ယောက်ဖြစ်တဲ့ ဘွတ်ဘွတ်နဲ့ တန်တန်ဟာလည်း လင်းလင်းနဲ့အတူ ပြည်ကြီးငါးရောင်းရင်း လုပ်ကိုင်စားသောက်နေကြပါတယ်။လင်းလင်းတို့ ၃ယောက်ရော ဝူဒီရောက ဖိလစ်ပိုင်လူမျိုးတွေ ဖြစ်ကြတော့ သူများနိုင်ငံမှာ ကိုယ့်နိုင်ငံလူမျိုးအချင်းချင်းတွေ့ကြရတဲ့အတွက် ပိုပြီးရိုင်းပင်းကူညီပေးကြတာပေါ့။လင်းလင်းဆိုတဲ့ကောင်မလေးမှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိနေပါတယ်။အဲဒါကတော့ သူဟာ လူတစ်ယောက်ကိုထိလိုက်တာနဲ့ အဲဒီလူက ကိုယ့်အတွက် လူကောင်းလား လူဆိုးလားဆိုတာကို သိရှိနိုင်တဲ့စွမ်းအင်ပဲဖြစ်ပါတယ်။သို့ပေမဲ့ ဝူဒီ့ကို ထိကြည့်တဲ့အခါမှာတော့ ကောင်းတာလည်းမဟုတ် ဆိုးတာလည်းမဟုတ်ဘဲ အလယ်အလတ်မှာရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ဒီအခြေအနေကို မကြုံတွေ့ဖူးတဲ့ လင်းလင်းတစ်ယောက် ဝူဒီ့ကို စိတ်ဝင်စားမိသွားပါတော့တယ်။ဒီလိုနဲ့ လင်းလင်းတစ်ယောက် ...
movie

Hold Me Close (2024)

My Mother The Mermaid (2004) 6.5
My Mother The Mermaid (2004) My Mother The Mermaid (2004)IMDb 6.5အခုတစ်ခါမှာတော့ 2004 တုန်းက ထွက်ရှိခဲ့ပြီး ပရိသတ်တို့နဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Go Doo Shin, Park Hae Il, Kim Bong Geun, Jeon Do Yeon, Lee Sun Kyun တို့အဓိကပါဝင်ထားတဲ့ My Mother the Mermaid ဆိုတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~~နာယောင်းကတော့ စာတိုက်မှာ အလုပ်လုပ်ပြီး သူမရဲ့ ခေါင်းမာတတ်တဲ့အမေနဲ့ စိတ်ထားကောင်းလွန်းပြီး သဘောလွယ်တဲ့အဖေကြောင့် ဘဝကြီးကို စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ပါအဖေဖြစ်သူရဲ့ အကြွေးကြောင့် တက္ကသိုလ်တက်မဲ့ အခွင့်အရေးကို လက်လျှော့ခဲ့ရပြီး မျှော်လင့်ချက်ဆိုလို့ နယူးဇီလန်ကို လေ့လာရေးခရီးသွားရတာလေး တစ်ခုပဲရှိနေတာပေါ့ ဒါပေမဲ့ သူမ နယူးဇီလန်ကို သွားမဲ့နေ့မှာပဲ သူမအဖေက မပြောမဆိုနဲ့ ရုတ်တရက်ကြီး ပျောက်သွားတဲ့အခါမှာတော့ ရွေးချယ်စရာမရှိဘဲ ...
movie

My Mother The Mermaid (2004)

The Indian in the Cupboard (1995) 6.0
The Indian in the Cupboard (1995) လက်ရှိအမေရိကန်ပြည်ထောင်စုရှိတဲ့ နေရာကြီးကို ဂျော့်ဝါရှင်တန်စပြီးတော့ ရှာမတွေ့ခင်ကတည်းက ဒီနေရာမှာနေနေတဲ့ Native American လူမျိုးတွေက ရှိပြီးသားပါ။ယနေ့ခေတ် လူဖြူတွေများလာတဲ့အခါမှာတော့ ဒီ Native American တွေကိုလူမျိုးတွေခွဲခြားဆက်ဆံတာတွေ နှိမ်ချင်တာတွေရှိကြပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီလိုမျိုး လူမျိုးရေးတွေကိုကလေးတစ်ယောက်အမြင်ကနေ ဘယ်လိုရှိလဲဆိုတာကို ပြသထားပါတယ်။Native American တွေက လူမျိူးစုတွေ အများကြီးရှိပြီးလူမျိုးစု တစုနဲ့တစုနဲ့ရိုးရာတွေ နေထိုင်ပုံတွေက မတူကြပါဘူး ။ဒီဇာတ်လမ်းထဲမှာ ရိုးရာမတူညီမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေကိုဘေးဖယ်ပြီးတော့ ဘယ်လို ပေါင်းစည်းရမလဲကို ပေါ့ပေါ့ပါးပါး ပြသထားပါတယ်။ဇာတ်လမ်း အကျဉ်း အော်မရီ ဆိုတဲ့ ကောင်လေးက မွေးနေ့မှာသစ်သားဗီရီုလေးတစ်လုံးကို လက်ဆောင်ရပါတယ်ဒီဗီရိုကိုသော့ခတ်ဖို့ သူ့အမေကလည်း သော့လေးတစ်ခုပေးပါတယ်။သူဆီမှာရှိတဲ့ Native American အရုပ်ကလေးတစ်ရုပ်ကို ဗီဒိုထဲထည့်ဆော့ပြီးတော့သော့ခတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ ဒီအရုပ်လေးက လူဖြစ်ပြီးတော့ အသက်ဝင်လာခဲ့ပါတယ်။အော်မရီ ကကလေးတစ်ယောက်မနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဒီအရုပ်ကလေးကရောဘယ်သူလဲဆိုတာကိုဇာတ်လမ်းထဲမှာ ဆက်ကြည့်ရမှာပါ။ဒီရုပ်ရှင်က The Indian In the Cupboard ဆိုတဲ့ ...
movie

The Indian in the Cupboard (1995)