Channel Myanmar
Action
Detective Conan: The Fist of Blue Sapphire (2019)
Detective Conan: The Fist of Blue Sapphire (2019) #UnicodeDetective Conan and fist of Blue sapphire the movieတစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော တီထွင်ဖန်တီးကလိသောအလုပ်ကိုလုပ်နေခိုက် မောင်နန်နှင့်မိယွန်းတို့ရောက်လာကြလေသည်။ မောင်နန်၏အမူအရာသည်တစ်စုံတစ်ခုကိုအလိုရှိနေသောအမူအရာဖြစ်နေ၍ ကျွန်ုပ်လည်းအဘယ်သို့သောအကြောင်းကြောင့်စိတ်နှလူံးအိမ်၌လိုချင်တပ်မက်မှုအာရုံထင်နေပေသနည်းဟုမေးမိလေရာ မောင်နန်လေးက သူ၏ချစ်သူ မိလွမ်းသည်စင်္ကာပူသို့အလည်ခရီးသွားသဖြင့် နောက်ကလိုက်ချင်နေကြောင်း၊ စင်္ကာပူသိူ့ဝင်ရန်လိုအပ်‌သောစာရွက်စာတမ်းအင်ထုရန်အလို့ငှာ ကျွန်ုပ်၏အကူအညီကိုလိုအပ်နေကြောင်းပြောပြအကူအညီတောင်းခံလေ၏။ ကျွန်ုပ်လည်း တတ်သည့်ပညာအလကားမရဆိုသည့်နှလုံးကိုမူလျက် မောင်နန်‌ဆီက ဖွတ်ကလိဒင်္ဂါးပြားတောင်မရနိုင်သည်ကိုသိ၍မကူညီနိုင်ကြောင်း ယဉ်ယဉ်ကျေးကျေးအော်ငေါက်ဆဲဆို၍ပြောလိုက်ရာ မောင်နန်လေးသည် အင်မတန်အိန္ဒြေကြီးသောအမူအရာဖြင့် နှုတ်ခမ်းစူခြေဆောင့်ကာထွက်သွားလေသည်။ ဤသို့ဖြင့်မောင်နန်လေးသည် ကျွန်ုပ်အပေါ်သဘောထားကြီးစွာဖြင့်စိတ်ကောက်နေပြီးအိမ်သို့ပေါ်မလာပဲနေရာ သီတင်းအပတ်နှစ်ပတ်ခန့်ကြာမှဘလက်ဘိုင်လိုက်ပြီးပြန်ပေါ်လာ၏။ အဘယ်ကြောင့်ဤသိူ့ဘလက်ဘိုင်လိုက်နေရသနည်းမေးကြည့်ရာ မောင်နန်လေးသည်စင်္ကာပူသို့တကယ်ရောက်သွားကြောင်း၊ အဖြစ်အပျက်များစွာလည်းဖြစ်ပျက်ခဲ့ကြောင်းကျွန်ုပ်အားကျကျနနရှင်းပြရှာလေသည်။ မောင်နန်လေး၏ရှင်းပြချက်များသည် စိတ်ကူးဖြင့်ပင်မကူးနိုင်လောက်သည့်ထူးဆန်းသောအဖြစ်အပျက်များပါနေလေရာ မောင်နန်လေးဖြီးဖြန်းနေခြင်းမဟုတ်၊ အမှန်အတိုင်းပြောနေပေသည်ဟုကျွန်ုပ်က ယုံကြည်မိသည့်အလျောက် ဤလျှို့ဝှက်အပ်သောကိစ္စကိုအများသူငှာလူစုံတုန်းသိစေရန်အလို့ငှာ ရုပ်ရှင်အဖြစ် channel myanmarတွင် တင်ဆက်ပေးလိုက်ပါသည်။ မောင်နန်လေး၏ ပြောပြချက်များအတိုင်းတင်ပြပါမူ ရှုတ်ထွေးနေမည်စိုး၍အများသူငှာနားလည်စိမ့်ငှာစကားလုံးအသူံအနှုန်းများကိုရိုးရိုးရှင်းရှင်းပေါက်ကရတွေ‌ဘာသာပြန်ထားပါသည်။ အောက်တွင်ဖော်ပြထားသော linkမှာဒေါင်းယူပြီးကြည့်တော်မူကြပါကုန်။ #ZawgyiDetective Conan and fist of Blue sapphire the movieတစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော ...
movie
2019
Killed My Wife (2019) 7.0
movie
Killed My Wife (2019)
Rambo: Last Blood (2019) 6.6
movie
Rambo: Last Blood (2019)
2019
The Assassin (2015) 6.3
movie
The Assassin (2015)
Black and Blue (2019)
Black and Blue (2019) Black & Blue (2019) နယူးအော်လန်ရဲ့ ရဲတပ်ဖွဲ့မှ အမျိုးသမီးရဲမေလူသစ်လေး အလီရှာဟာ မူးယစ်တိုက်ဖျက်အဖွဲ့တစ်ဖွဲ့က မူးယစ်ဆေးရောင်းသူတွေကို အသေပစ်သတ်နေတဲ့ ဗီဒီယိုကို သူ့ကိုယ်ပေါ်မှာတပ်ဆင်ထားတဲ့ ကင်မရာမှတစ်ဆင့် ရိုက်ကူးထားမိတယ်... လူသတ်မှုကို ကျူးလွန်တဲ့ လူသတ်သမားဟာ လာဘ်စားမှုကို ကျူးလွန်နေတဲ့ မယ်လွန်းဟုခေါ်သောရဲနှင့် သူတို့အဖွဲ့ဖြစ်တာကိုသိလိုက်ရတော့ သူ့မအသက်ဘေးက လွတ်အောင် သူမကိုကူညီမယ့် သူ့ငယ်သူငယ်ချင်းရဲ့ အစ်ကိုဝမ်းကွဲရဲ့ အကူအညီကို ရခဲ့ပါတယ်... အသတ်ခံရတဲ့ဆေးရောင်းတဲ့ ဇီးရိုးဆိုသူမှာ ကင်းစတန်းအဖွဲ့ခေါင်းဆောင် ဒဲရီးယက်စ်ရဲ့ တူသားတော်သူဖြစ်နေလို့ မယ်လွန်းရဲ့စကားကို နားယောင်ကာ အလီရှာနောက်ကို ဒဲရီးယက်စ်က လိုက် မယ်လွန်းက လိုက်နှင့် အသက်ဘေးကလွတ်အောင် ဘယ်လိုတွေရှောင်တိမ်းကြမလဲ... သူ့ဆီမှာရှိတဲ့အမှန်တရားကိုရိုက်မိထားတဲ့ ကင်မရာကိုရော စခန်းရောက်အောင် ဘယ်လိုပို့ပေးမလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း စီးမျောကြတာပေါ့နော်... လှုပ်လှုပ်ရှားရှား ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ IMDb 5.9 ရှိတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်.... Black & Blue (2019) နယူးအောျလနျရဲ့ ရဲတပျဖှဲ့မှ အမြိုးသမီးရဲမလေူသဈလေး အလီရှာဟာ မူးယဈတိုကျဖကြျအဖှဲ့တဈဖှဲ့က မူးယဈဆေးရောငျးသူတှကေို အသပေဈသတျနတေဲ့ ဗီဒီယိုကို သူ့ကိုယျပေါျမှာတပျဆငျထားတဲ့ ကငျမရာမှတဈဆင့ျ ရိုကျကူးထားမိတယျ... လူသတျမှုကို ကြူးလှနျတဲ့ လူသတျသမားဟာ လာဘျစားမှုကို ကြူးလှနျနတေဲ့ မယျလှနျးဟုခေါျသောရဲနှင့ျ သူတို့အဖှဲ့ဖွဈတာကိုသိလိုကျရတော့ သူ့မအသကျဘေးက ...
movie
Black and Blue (2019)
Marjaavaan (2019) 3.9
Marjaavaan (2019) (Unicode)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။တစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။တစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။(Zawgyi)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ ...
movie
Marjaavaan (2019)
Bernie the Dolphin 2 (2019) 7.1
Bernie the Dolphin 2 (2019) ဒီနေ့တင်မဲ့ကားလေးကတော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်ပီးကြည်နူးဖို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Bernie The DolphinDolphin(1)ဆိုပီး ၂၀၁၈တုန်းက ထွက်ရှိထားပီးအခုကားကတော့ ၂၀၁၉ကမှထွက်ထားတဲ့ Bernie The Dolphin(2)ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ကယ်ဗင်နဲ့ဘာနီဟာသူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးဘာနီ ပြန်လာတဲ့အရမ်းပျော်နေကြပါတယ်။ဒါပေမဲ့သူတိုရဲ့ ရန်သူဟောင်းကြီး ဝစ်စတန်ဟာ လွတ်ငြိမ်းခွင့်နဲ့ ထောင်ကလွတ်လာပါတယ်.ထောင်ကလွတ်ပီးMarinelandမှာအလုပ်လုပ်ဖို့အကြောင်းဖန်လာပါတယ်။အလုပ်လုပ်ရင်းနဲ့ လင်းပိုင်လေးရက်စ်စကယ်နဲ့ရင်းနှီးလာတဲ့အချိန်မှာအရင်တုန်းက ပြန်ပေးဆွဲမှုမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒက်ဗင်နဲ့ပြန်တွေ့ခဲ့ပါတယ်။ဒက်ဗင်ဟာ ဘာနီကိုပြန်ပေးဆွဲဖို့ ဝစ်စတန်ကို ဖိအားပေးပီးတဲ့နောက်မှာတော့ကယ်ဗင်နဲ့ဟော်လီဟာ သူတို့သူငယ်ချင်းဘာနီကို ကယ်တင်နိုင်မှာလား ဆိုတာကိုစိတ်ဝင်တစားရိုက်ပြထားတာဖြစ်ပါတယ်။လင်းပိုင်လေးတွေရဲ့ အမူအရာလေးတွေနဲ့ ညဏ်ကောင်းပီးလူတွေကိုကူညီတတ်လေးတွေကို ကြည့်ရတာအရမ်းချစ်ဖို့ကောင်းပါ တယ်။ဟော်လီနဲ့ကယ်ဗင်ရဲ့ သွက်သွက်လက်လက်သရုပ်ဆောင်ပုံ နဲ့မိသားစုအချင်းချင်းချစ်ခင်ပီးစည်းလုံးကြပုံကိုတွေ့ရမှာဖြစ်ပီး ပေါ့ပေါ့ပါးပါးကားလေးဖြစ်လို့ အခုပဲDownပီးကြည့်သင့်ပါတယ်နော်။File Size : ( 945 MB , 334 MB )Quality : WEB-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Action , Comedy , FamilySubtitle : ...
movie
Bernie the Dolphin 2 (2019)
Drive (2019) 2.4
Drive (2019) (Unicode)ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်ကဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီးသူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့.....Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ ...
movie
Drive (2019)
Faster (2010) 6.4
Faster (2010) (Unicode)Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။မကြမ်းမှာတော့မပူပါနဲ့။အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီးထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ...
movie
Faster (2010)
The Fire Wolf ( 2019 ) 5.1
The Fire Wolf ( 2019 ) Zawgyi*******လက်ဝှေ့ ချန်ပီယံ ဖုန်းရီဟော် ကို မြေအောက်လောင်းကစားဘုရင်ကျင်းဝေရဲ့ ခြောက်တွန်းမှုကြောင့် ထောင်နန်းစံသွားရတာကိုမကျေနပ်လို့ရီဟော်ရဲ့ ညီ ရီရွှေတစ်ယောက် လက်စားချေဖို့ကြိုးပမ်းရာကနေ ဘယ်လိုတွေဖြစ်မလဲဆိုတာဒီကားထဲမှာဆိုရင် လက်ဝှေ့ပွဲကြိုက်တဲ့သူတွေအတွက်တော့သဘောကျမယ့်ကားတစ်ကားပါ မင်းသားတွေကနာမည်ကြီးတွေမဟုတ်ပေမယ့်တကယ်သေသေချာချာရိုက်ထားတဲ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ကားတစ်ကားဖြစ်တာကြောင့်ကြည့်ရှုအားပေးလိုက်ကြပါစို့နော်... Unicode******* လက်ဝှေ့ ချန်ပီယံ ဖုန်းရီဟော် ကို မြေအောက်လောင်းကစားဘုရင်ကျင်းဝေရဲ့ ခြောက်တွန်းမှုကြောင့် ထောင်နန်းစံသွားရတာကိုမကျေနပ်လို့ရီဟော်ရဲ့ ညီ ရီရွှေတစ်ယောက် လက်စားချေဖို့ကြိုးပမ်းရာကနေ ဘယ်လိုတွေဖြစ်မလဲဆိုတာဒီကားထဲမှာဆိုရင် လက်ဝှေ့ပွဲကြိုက်တဲ့သူတွေအတွက်တော့သဘောကျမယ့်ကားတစ်ကားပါ မင်းသားတွေကနာမည်ကြီးတွေမဟုတ်ပေမယ့်တကယ်သေသေချာချာရိုက်ထားတဲ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ကားတစ်ကားဖြစ်တာကြောင့်ကြည့်ရှုအားပေးလိုက်ကြပါစို့နော်... Translated & Review By MineEncoded By LK
movie
The Fire Wolf ( 2019 )
2019
Guilt by Design (2019) 6.5
movie
Guilt by Design (2019)
2019
The Bravest (2019) 7.3
The Bravest (2019) The Bravest(2019) အညွှန်း***********************(zawgyi)ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်....အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်...ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်... ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်.....ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်...စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်.... တစ်နေ့တော့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဆိပ်ကမ်းရေနံသိုလှောင်ကန်ကြီး ပယောဂတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်....အကြီးဆုံးရေနံသိုလှောင်ကန်ဆိုတော့ တကယ့်ကို ကပ်ဆိုးကြီးဆိုက်တာပါပဲ...အခက်အခဲဆုံးမီးလောင်မှုတွေမတားနိုင်ခဲ့ရင် အက်တမ်ဗုံး အလုံး ၂၀ အားနဲ့ ညီမျှတဲ့ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုကြတယ်....ဘယ်လောက်တောင်အားကြီးမလဲစဉ်းစားသာကြည့်တော့... ကျန်းကျိဝေတို့မီးသတ်အဖွဲ့တွေ နဲ့ တာဝန်ရှိသူတွေ ဘယ်လိုတားဆီးကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦး... ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ... မီးသတ်နေတာကိုကြည့်ရုံနဲ့ ပျင်းစရာဇာတ်ကားကြီးလို့ထင်ရင်တော့မှားသွားလိမ့်မယ်...အစကနေအဆုံးထိ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရတာပါ..ကိုယ်တိုင်မီးသတ်တပ်ဖွဲ့ထဲရောက်သွားသလိုခံစားရပြီး ဖြစ်နိုင်ခြေတွေ လိုက်ကြည့်ရတာ ခင်ဗျားတို့ပါဇောချွေးပြန်လာလိမ့်မယ်... ရိုက်ချက်တွေကလည်း တကယ့်ကိုခမ်းနားသလို တခြားနိုင်ငံရဲ့ အထင်ကြီးလောက်စရာ နည်းစနစ်တွေကို အားကျစရာမြင်တွေရပါ့လိမ့်မယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်.....(Unicode)ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်....အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်...ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်... ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်.....ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်...စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်.... တစ်နေ့တော့ ...
movie
The Bravest (2019)
2019
Segfault (2019) 5.5
Segfault (2019) Segfault(2019)(unicode)ဒီဇာတ်ကားကို ဟိုးအရင်ကတည်းကဘယ်သူမှမရိုက်ကူးထားခဲ့တဲ့ ပုံစံသစ် စိတ်ကူးသစ်တစ်ခုနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်.. ဘယ်လိုပုံစံနဲ့လဲဆိုတော့ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သူကို ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်ညွှန်းဇာတ်ကွက်တွေကို တစ်ခုမှအသိမပေး ဒိုင်ယာလော့ခ်စကားပြောတွေမရှိဘဲနဲ့ ဇာတ်ပို့တွေရဲ့အကူအညီနဲ့သာ ဘာကိုဘယ်လိုဆက်လုပ်မလဲဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခိုင်းပြီး ရှေ့ဆက်သွားရတဲ့ ပုံစံမျိုးပါ... ဇာတ်လမ်းရဲ့အစ အခန်းထဲကထိုင်ခုံပေါ်မှာမျက်လုံးစုံမှိတ်ခိုင်းထားပြီး.. စရိုက်ကူးပြီဆိုမှအဆင်သင့်ဖြစ်ပြီလားတစ်ချက်ပဲမေးလိုက်ပြီး ရိုက်ကူးပုံဖော်ထားတာပါ...သူမကိုအသိပေးထားဆိုလို့ အတိတ်မေ့နေတယ် ဆိုတာပါပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတောင် သူမကိုယ်တိုင်မသိရဘဲ အဆုံးထိစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်သွားရမှာပါ ...ဇာတ်လမ်းထဲမှာတော့ သူမဟာနိုးနိုးချင်းဟိုတယ်အခန်းထဲမှာရောက်နေတယ်.. အဲ့အချိန်မှာ အခန်းထဲကဖုန်းဝင်လာပြီးသူမကို ဘယ်ကိုဆက်သွားပါ.. ဘယ်သူနဲ့မှမစကားမပြောပါနဲ့..ဘယ်သူတွေကိုရှောင်ပါစသည်ဖြင့်ပြောလာခဲ့ပါတော့တယ် အဲ့နောက်မှာတော့ ဘယ်သူ့ကိုယုံရမှာလဲ သူကိုယ်တိုင်ကရောဘယ်သူလဲ... သူ့ကိုဘယ်သူတွေကလိုချင်နေကြတာလဲဆိုတာကိုတော့...ဇာတ်လမ်းထဲကမင်းသမီးနဲ့အတူ စိတ်ဝင်စားစွာနဲ့စောင့်ကြည့်ရင်း....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aungပဲဖြစ်ပါတယ်.... (zawgyi)ဒီဇာတ္ကားကို ဟိုးအရင်ကတည်းကဘယ်သူမှမရိုက်ကူးထားခဲ့တဲ့ ပုံစံသစ် စိတ်ကူးသစ်တစ်ခုနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်.. ဘယ်လိုပုံစံနဲ့လဲဆိုတော့ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သူကို ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်ညွှန်းဇာတ်ကွက်တွေကို တစ်ခုမှအသိမပေး ဒိုင်ယာလော့ခ်စကားပြောတွေမရှိဘဲနဲ့ ဇာတ်ပို့တွေရဲ့အကူအညီနဲ့သာ ဘာကိုဘယ်လိုဆက်လုပ်မလဲဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခိုင်းပြီး ရှေ့ဆက်သွားရတဲ့ ပုံစံမျိုးပါ... ဇာတ်လမ်းရဲ့အစ အခန်းထဲကထိုင်ခုံပေါ်မှာမျက်လုံးစုံမှိတ်ခိုင်းထားပြီး.. စရိုက်ကူးပြီဆိုမှအဆင်သင့်ဖြစ်ပြီလားတစ်ချက်ပဲမေးလိုက်ပြီး ရိုက်ကူးပုံဖော်ထားတာပါ...သူမကိုအသိပေးထားဆိုလို့ အတိတ်မေ့နေတယ် ဆိုတာပါပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတောင် သူမကိုယ်တိုင်မသိရဘဲ အဆုံးထိစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်သွားရမှာပါ ...ဇာတ်လမ်းထဲမှာတော့ သူမဟာနိုးနိုးချင်းဟိုတယ်အခန်းထဲမှာရောက်နေတယ်.. အဲ့အချိန်မှာ အခန်းထဲကဖုန်းဝင်လာပြီးသူမကို ဘယ်ကိုဆက်သွားပါ.. ဘယ်သူနဲ့မှမစကားမပြောပါနဲ့..ဘယ်သူတွေကိုရှောင်ပါစသည်ဖြင့်ပြောလာခဲ့ပါတော့တယ် အဲ့နောက်မှာတော့ ဘယ်သူ့ကိုယုံရမှာလဲ သူကိုယ်တိုင်ကရောဘယ်သူလဲ... သူ့ကိုဘယ်သူတွေကလိုချင်နေကြတာလဲဆိုတာကိုတော့...ဇာတ်လမ်းထဲကမင်းသမီးနဲ့အတူ စိတ်ဝင်စားစွာနဲ့စောင့်ကြည့်ရင်း....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aungပဲဖြစ်ပါတယ်....File Size : (850 MB) and (351 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Segfault (2019)
Line of Duty (2019) 5.1
Line of Duty (2019) Olympus Has Fallen မင်းသားက ဖရန့်ခ်အနေနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာ ရဲတစ်ဦးရဲ့ ၁၁နှစ်သမီးကိုပြန်ပေးဆွဲခံရပြီးအဲ့ကောင်မလေးရဲ့တည်နေရာကိုသိတဲ့ သံသယရှိသူကထွက်ပြေးရင်း ဖရန့်ခ်ကနေ သတ်လိုက်မိတဲ့အခါမှာတော့ထိုရဲမှာ ကောင်မလေးရဲ့အသက်အတွက် တာဝန်ပိုကြီးသွားပါတယ်ကလေးမလေးကို ရှာဖို့ အတွက် Live streaming Blogger မလေးရဲ့အကူအညီလိုအပ်ပြီး အတူစုံစမ်းဖော်ထုတ်တဲ့အခါမှာကြုံတွေ့ရတဲ့ အခက်အခဲ အသက်အန္တရာယ်ရှိမှုတွေကို Blogger မလေးက live လွှင့်ရင်းတစ်တိုင်းပြည်လုံးက ရင်သပ်ရှုမောဖွယ်ဖြစ်ရပ် တွေကိုစောင့်ကြည့်အားပေးကြပါတော့တယ် ဘာလို့ ပြန်ပေးဆွဲတာလဲ?ဘယ်လို မျိုး လှည့်ကွက်တွေနဲ့ ကလေးမလေးကို ဖွက်ထားတာလဲ?ကလေးမလေးကို ကယ်လိုက်နိုင်မလား? ဆိုတာတွေကိုပိတ်ကားထက်မှာကြည့်ရှုကြပါဦးဗျာ File Size : ( 930 MB , 337 MB )Quality :  WEB-DL 720pRunning ...
movie
Line of Duty (2019)
Savage ( 2019 ) 5.9
Savage ( 2019 ) Zawgyi*******IMDB rating - 5.92019 ထွက်တရုတ် action drama ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရှောင်စုန် နဲ့ ကန်ဟောက် ဆိုတဲ့ ရဲအရာရှိနှစ်ဦးကနှင်းတွေထူထပ်စွာကျနေတဲ့ တောင်ပေါ်စခန်း တစ်ခုမှာတာဝန်ကျပါတယ်တစ်နေ့မှာတော့ ရွှေတွေကိုသယ်ပို့ရတဲ့ကား ဟာ သူတို့စခန်းနဲ့မနီးမဝေးမှာဓားပြတိုက်ခံရပါတယ် ရှောင်စုန်နဲ့ ကန်ဟောက် ဟာ သူတို့နှစ်ယောက်လုံးကြိုက်နေတဲ့ဒေါက်တာဆွမ်ယန်ရဲ့ မွေးနေ့ပွဲကိုသွားနေပါတယ် မွေးနေ့ကအပြန်သူတို့စခန်းရှိရာနေရာတောင်ပေါ်ဘက်ကိုကားနဲ့အပြန်မှာ ဓားပြတိုက်တဲ့လူတွေနဲ့တွေ့ပါတော့တယ်ပစ်ကြခတ်ကြရင်းနဲ့ ရှောင်စုန်တစ်ယောက်သေဆုံးသွားပါတယ် ကန်ဟောက်ဟာသူ့အပြစ်မကင်းဘူးလို့ခံစားရတာကြောင့် ဒေါက်တာဆွမ်ယန် သူနဲ့အတူအခြားမြို့ကိုအတူသွားမယ်လို့ပြောပေးမယ့်လည်း အဲ့ဒီအမှုကိုမရ ရအောင်လိုက်ပါတော့တယ် စုံးစမ်းရင်းတစ်နှစ်လောက်အကြာမှာတော့သစ်တောထဲမှာရွှေချောင်းတွေ့တယ်လို့သတင်းကြားတဲ့အခါ ကန်ဟောက်လဲ စုံစမ်းဖို့ရောက်လာပါတော့တယ် သစ်တောထဲမှာ စုံစမ်းရင်း ဓားပြတိုက်တဲ့သူတွေထဲနှစ်ယောက်ကရွှေတွေကိုဖွက်နေတာကိုတွေ့သွားပါတယ်နှင်းတောထဲမှာကန်ဟောက်ဟာဓားပြတိုက်တဲ့သူတွေဖမ်းချင်ပေမယ့်လည်းလူအင်အားကမရှိတဲ့အပြင် ဓားပြတွေမှာလဲသေနတ်တွေရှိတဲ့အတွက်ကန်ဟောက်တစ်ယောက်ဓားပြတွေကိုဘယ်လိုဖမ်းမလဲသေသွားသွားတဲ့သူငယ်ချင်းရဲ့သွေးကြွေးကိုပြန်ဆပ်နိုင်မလားဆိုတာ Unicode*******IMDB rating - 5.92019 ထွက်တရုတ် action drama ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရှောင်စုန် နဲ့ ကန်ဟောက် ဆိုတဲ့ ရဲအရာရှိနှစ်ဦးကနှင်းတွေထူထပ်စွာကျနေတဲ့ တောင်ပေါ်စခန်း တစ်ခုမှာတာဝန်ကျပါတယ်တစ်နေ့မှာတော့ ရွှေတွေကိုသယ်ပို့ရတဲ့ကား ဟာ သူတို့စခန်းနဲ့မနီးမဝေးမှာဓားပြတိုက်ခံရပါတယ် ရှောင်စုန်နဲ့ ကန်ဟောက် ဟာ သူတို့နှစ်ယောက်လုံးကြိုက်နေတဲ့ဒေါက်တာဆွမ်ယန်ရဲ့ မွေးနေ့ပွဲကိုသွားနေပါတယ် ...
movie
Savage ( 2019 )
The Bladesman ( 2019 )
The Bladesman ( 2019 ) Zawgyi*******ဒီတစ်ခေါက်ညွှန်းပေးမဲ့ကားလေးကတော့ 2019ထွက်တရုတ်သိုင်းကားလေးတစ်ကားပါပဲ ဒီကားလေးကတော့action/drama အမျိုးအစားလေးဖြစ်ပြီး ဟာသလေးတွေလဲ ပါတာကြောင့်သိုင်းကားလဲ ကြည့်ရင် ပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ချင်သူများအတွက် အဆင်ပြေမှာပါဇာက်လမ်းအညွှန်းလေးကတော့ ဟန်ခေတ်ပြီးဆုံးတော့မယ့်အချိန်မှာတိုင်းပြည်မှာ တရားဥပဒေ ဆိုးမိုးမှု မရှိလာတော့ လူဆိုးဓားပြတွေအရမ်းပေါလာပါတယ် အဲ့ထဲမှာမှ အဝါရောင်မျက်နှာဖုံးဂိုဏ်းကအင်အားအကြီးဆုံးဖြစ်လာပြီး တိုင်းပြည်ကို သိမ်းဖို့ ပြင်လာပါတယ်သို့သော် သူတို့ဟာ စစ်ပွဲမှာ ရှုံးနိမ့်သွားပြီး စစ်ပွဲပြီးဆုံးသွားသော်လဲတိုင်းပြည်ဟာ ငြိမ်သက်မှုမရှိသေးပါ အဲ့လိုအချိန်မှာ အမှန်တရားဘတ်တော်သားဓားနှစ်လတ်သူရဲကောင်းပေါ်လာပြီး ပြည်သူတွေဘက်က ရပ်တည်ကာလူဆိုးတွေကို နှိမ်နင်းနေပါတယ် တစ်ညမှာတော့ သူရဲကောင်းဟာအဝါရောင်မျက်နှာဖုံးဂိုဏ်းရဲ့ထောင်ချောက်ထဲကို ဝင်သွားပြီးတရားသူကြီးမိသားစုကို မှားသတ်မိပါတော့တယ် အဲ့ညမှာပဲသူရဲကောင်းဟာ ပျောက်ကွယ်သွားတော့တယ်ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ကြရအောင် Unicode*******ဒီတစ်ခေါက်ညွှန်းပေးမဲ့ကားလေးကတော့ 2019ထွက်တရုတ်သိုင်းကားလေးတစ်ကားပါပဲ ဒီကားလေးကတော့action/drama အမျိုးအစားလေးဖြစ်ပြီး ဟာသလေးတွေလဲ ပါတာကြောင့်သိုင်းကားလဲ ကြည့်ရင် ပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ချင်သူများအတွက် အဆင်ပြေမှာပါဇာက်လမ်းအညွှန်းလေးကတော့ ဟန်ခေတ်ပြီးဆုံးတော့မယ့်အချိန်မှာတိုင်းပြည်မှာ တရားဥပဒေ ဆိုးမိုးမှု မရှိလာတော့ လူဆိုးဓားပြတွေအရမ်းပေါလာပါတယ် အဲ့ထဲမှာမှ အဝါရောင်မျက်နှာဖုံးဂိုဏ်းကအင်အားအကြီးဆုံးဖြစ်လာပြီး တိုင်းပြည်ကို သိမ်းဖို့ ပြင်လာပါတယ်သို့သော် သူတိူ့ဟာ စစ်ပွဲမှာ ရှုံးနိမ့်သွားပြီး စစ်ပွဲပြီးဆုံးသွားသော်လဲတိုင်းပြည်ဟာ ...
movie
The Bladesman ( 2019 )
2019
Soul Hunters (2019) 6.4
Soul Hunters (2019) ဒီကားလေးကတော့ တစ်ချိန်ကစစ်သားတစ်ယောက်ဖြစ်ခဲ့တဲ့မားကပ်စ်ဟာသူ့အမှားနဲ့လူတွေအများကြီးသေသွားခဲ့ရပြီးနောက်မှာနတ်ဆိုးတစ်ယောက်ရဲ့ကမ်းလှမ်းမှုနဲ့လူတွေရဲ့ဝိဥာဥ်လိုက်စုပေးတာကိုရိုက်ကူးထားတာပါသူ့အမှားနဲ့သေသွားခဲ့ရတဲ့လူတွေထဲမှာသူ့လုပ်ဖော်ကိုင်ဖက်ရဲ့မိသားစုဝင်တွေလည်းပါနေခဲ့ပါတယ်အဲဒီလူကလည်းသူ့လိုပဲဝိဥာဥ်တွေလိုက်စုပြီးသူ့ကိုလက်စားချေဖို့လုပ်ပါတော့တယ်ဒါပေမယ့်တကယ်တမ်းမှာတော့သူတို့ဟာနတ်ဆိုးတွေရဲ့အသုံးချခြင်းကိုခံနေရတဲ့လူတွေပဲဆိုတာကိုမားကပ်စ်သိလာပြီးတဲ့နောက်မှာတော့....ဘုရားသခင်ဆီကသတင်းစကားပို့ဆောင်သူကမားကပ်စ်ကိုအဲဒီအရှုပ်တွေထဲကနေရုန်းထွက်နိုင်ပြီးသူ့လုပ်ဖော်ကိုင်ဖက်ကို ကယ်တင်နိုင်မယ့်အခွင့်အရေးကိုပြောပြလာတဲ့အခါမှာတော့မားကပ်စ်တစ်ယောက်အဲဒီအရှုပ်တွေကိုဘယ်လိုရှင်းမလဲဆိုတာကြည့်ရှုရမှာပါ File Size : ( 947 MB , 280 MB )Quality :  WEB-DL 720pRunning Time : 1 hr 41minFormat : Mp4Genre : Action , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Soul Hunters (2019)
2019
Psycho-Pass: Sinners of the System – Case.3 In the Realm Beyond Is ____ 7.2
Psycho-Pass: Sinners of the System – Case.3 In the Realm Beyond Is ____ ဒီဇာတ်လမ်းကတော့ ရှေ့နှစ်ခုလိုအမှုလိုက်တာမဟုတ်ပဲဂျပန်အစိုးရအဖွဲ့စည်းတစ်ခုကနေထွက်လာပြီးကြေးစားအမှုထမ်းလုပ်နေတဲ့လူတစ်ယောက်စစ်ဖြစ်နေတဲ့ဟိမဝန္တာတိဗက်ကိုရောက်သွားရင်းတစ်ချိန်ကဂျပန်ကနေအဲဒီနေရာကိုအလုပ်သွားလုပ်ရင်းသတ်ခံလိုက်ရတဲ့မိသားစုတွေရဲ့ဖြစ်ရပ်မှန်ကိုသိလာရတဲ့အခါမှာဟိမဝန္တာတိဗက်နဲ့လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ကြားမှာငြိမ်းချမ်းရေးဆွေးနွေးပေးနေတဲ့အဖွဲ့တစ်ခုရဲ့နောက်ကြောင်းကိုလည်းသိသွားတဲ့အခါမှာ သူဘယ်လိုတွေဖြေရှင်းမလဲဘယ်လိုတွေကယ်တင်မလဲဆိုတာကိုရိုက်ကူးထားတာပါ File Size : ( 636 MB , 207 MB )Quality :  WEB-DL 720pRunning Time : 1 hr 8minFormat : Mp4Genre : Animation , Action , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Psycho-Pass: Sinners of the System – Case.3 In the Realm Beyond Is ____
2019
Psycho-Pass: Sinners of the System – Case.2 First Guardian (2019) 7.2
Psycho-Pass: Sinners of the System – Case.2 First Guardian (2019) Case 1ကားလိုပဲဒီဇာတ်လမ်းမှာမတူညီတဲ့အမှုတစ်ခုကိုဖြေရှင်းမှာဖြစ်ပါတယ်case1,2,3 သုံးကားလုံးကတစ်ခုနဲ့တစ်ခုဆက်နေတာမဟုတ်ပါဘူးCase 2မှာတော့တိုကျိုလူထုလုံခြုံရေးအဖွဲ့စီကိုနိုင်ငံခြားရေးဝန်ကြီးဌာနကနေဝင်လာတဲ့မိန်းမတစ်ယောက်ကစပိုင်လာလုပ်တာကနေစတင်ပါတယ်သူစပိုင်လာလုပ်တဲ့သူကတော့တစ်ချိန်ကကာကွယ်ရေးစစ်ဌာနရဲ့လျှို့ဝှက်စစ်ဆင်ရေးတစ်ခုမှာပါဝင်ခဲ့ဖူးတဲ့စစ်သားဟောင်းတစ်ယောက်ပါ သူပါဝင်ခဲ့တဲ့စစ်ဆင်ရေးမှာသေဆုံးသွားပြီလို့ထင်ခဲ့တဲ့သူ့ရဲ့တပ်သားတစ်ယောက်ကတစ်ရက်မှာကာကွယ်ရေးဌာနချုပ်ကိုတိုက်ခိုက်မှုမှာပါဝင်လာတဲ့အခါမှာအဲဒီတိုက်ခိုက်မှုကိုထိန်းချုပ်တဲ့စက်ပစ္စည်းကနေသူပါသံသယဝင်ခံရတဲ့အခါအဲဒီအမှုနောက်ကိုလိုက်ရင်း သူတို့လုပ်ခဲ့တဲ့လျှို့ဝှက်စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်ကိုသိသွားတဲ့အခါသေဆုံးသွားတဲ့သူ့တပ်သားတွေဟာအသတ်ခံလိုက်ရတာကိုသိလိုက်တဲ့အချိန်မှာ...ဒီအမှုမှာပါဝင်ပတ်သက်သူတွေကဌာနချုပ်တွေရဲ့ဗိုလ်ချုပ်တွေဖြစ်နေတဲ့အခါမှာဘယ်လိုတွေဖြေရှင်းကျမလဲဆိုတာ.... File Size : ( 565 MB , 303 MB )Quality :  WEB-DL 720pRunning Time : 1 hrFormat : Mp4Genre : Animation , Action , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Psycho-Pass: Sinners of the System – Case.2 First Guardian (2019)
2019
Psycho-Pass: Sinners of the System –  Case.1 Crime and Punishment 6.5
Psycho-Pass: Sinners of the System – Case.1 Crime and Punishment Japan animationကားကိုကြိုက်တဲ့သူတွေအတွက်တင်ဆက်လိုက်ပါတယ်ဒီဇာတ်လမ်းကတော့တိုကျိုမြို့လူထုလုံခြုံရေးအဖွဲ့အစည်းတစ်ခုရဲ့အမှုလိုက်ပုံတွေ ဖြေရှင်းပုံတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်case 3ထိသုံးကားထွက်ပြီးတော့တစ်ကားစီမှာမတူညီတဲ့အမှုတွေနဲ့ဖြေရှင်းပုံတွေကိုကြည့်ရမှာပါအခုcase 1ကတော့ တိုကျိုမြို့ပေါ်ကိုတခြားနယ်မြေတစ်ခုမှာရှိတဲ့စိတ်ပိုင်းဆိုင်ရာတရားခံတွေကိုလေ့ကျင့်ပြန်လည်ထူထောင်ရေးလုပ်နေတဲ့နေရာကတရားခံတစ်ယောက်ရောက်လာတာကနေစတင်ပါတယ်အဲဒီတရားခံကိုတိုကျိုမြို့ရဲ့အမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ကပြန်ပြီးသူ့နေရာကိုပို့ပေးရင်းနဲ့ အဲဒီနေရာရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ဖြစ်လာတဲ့အခါမှာအဲဒီအကျဥ်းထောင်ကိုဦးစီးနေတဲ့သူကလည်းအထက်လူကြီးတစ်ယောက်ဖြစ်နေပြီးသူတို့ဝင်စွက်ဖက်ပိုင်ခွင့်မရှိတဲ့အခါဘယ်လိုအမှုကိုဖော်ထုတ်မလဲ ဖြေရှင်းမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် File Size : ( 565 MB , 277 MB )Quality :  WEB-DL 720pRunning Time : 1 hrFormat : Mp4Genre : Animation , Action , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Psycho-Pass: Sinners of the System – Case.1 Crime and Punishment
2019