Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Action
7.3
Sniper: Assassin’s End (2020)
စနိုက်ပါဇာတ်လမ်း၊ အက်ရှင်ဇာတ်လမ်း ကြိုက်သူတွေအတွက် တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် နိုင်ငံမှာ အခြားနိုင်ငံက ဝန်ကြီးတစ်ယောက် စနိုက်ပါနဲ့ အပစ်ခံလိုက်ရပါတယ်။ အဲဒီ ပစ်တဲ့သူဘယ်သူလဲဆိုတာ သဲလွန်စတွေအရ စုံစမ်းတော့ ဘက်ကက် ဆိုတဲ့ လက်ဖြောင့်တပ်သား တပ်ကြပ်ကြီး တစ်ယောက် ဖြစ်နေတာကိုတွေ့ရတာပါပဲ။ ဒါပေမယ့် ဘက်ကက်က ချောက်တွန်းခံရတာဖြစ်ပြီး သူ့ကို ဖမ်းထားတုန်းမှာပဲ နှုတ်ပိတ်ဖို့ကြိုးစားလာပါတယ်။ ဒီတော့ သူ့အဖေရယ်၊ ထောက်လှမ်းရေး အေးဂျင့်တစ်ယောက်ရယ် အကူအညီနဲ့ တရားခံအစစ်ကိုလိုက်ရှာပြီး အမှန်ကို ပေါ်လာအောင် ကြိုးစားရပါတော့တယ်။ File Size - 1GB Quality - Bluray 720P Subtitle - Burmese (Hardsub) Translator - Little Neo Encoder - Thit San Khant
movie
Sniper: Assassin’s End (2020)
2020
7.3
The Last Witch Hunter (2015)
The Last Witch Hunter ================== လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသား တွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ် တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ် တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့် သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီ ထူးပါလာပြီး ဆရာ မလို လမ်းကြောင်းမယ့် သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ် အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲ တစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူ တွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှ လှိုက်စားကြီးထွားလာတယ် အမုန်းအာဃာ တတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလို များပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့ သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်း တဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက် အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက် သူရဲကောင်းတွေ သူတို့ အသက်ကအရေး မပါဘူူး သူတို့မှာဖက်တွယ်စရာအိုးအိမ် တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ် လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေး မြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့ သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိ ပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက် ကြတယ် ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦး ဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်း တွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေး မပျက်အောင်ကြိုးစားထိန်းနေရတယ် တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီး တစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက် ညီကိုတွေကိုကြည့်ပြီး သံထည်နဲ့မီးတောက် အားကို ပြု ပီး ကော်ဒါတစ်ယောက် မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲ အူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုး စိုက်လိုက်နိုင်ခဲ့တယ် စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုး ကြီးလဲ ချုပ်ငြိမ်းပြီ ဒါပေမယ့် ...
movie
The Last Witch Hunter (2015)
SENA SAKURA WINS THE FISHING CONTEST (2019)
ကဲ stay homeမှာ အနေကြာတော့ အားအင်ပြည့်ဖြိုးနေကြပြီမလား???ဒီတော့ ပြည့်ဖြိုးေနတဲ့ အားအင်တွေကို အသုံးချဖို့ သိုင်းကျင့်လိုက်ရအောင်ဗျာဒီတစ်ခေါက်dark sideက တင်ဆက်ပေးမှာတော့ဂျပန်က စုံတွဲတွေကို ဆော့ခိုင်းတဲ့ ကစားနည်းေလးအကြောင်းပေါ့.ကစားနည်းကတော့ ရှင်းပါတယ်.အတွဲတွေကို သင်္ဘောပေါ်ခေါ်တယ်.ပြီးကျရင်ငါးမျှားခိုင်းပြီး ငါးများများရတဲ့အတွဲကို ဆုချတဲ့အနေနဲ့ သင်္ဘောနောက်ခန်းမှာနေ၀င်ဆည်းဆာရယ် ပင်လယ်ကြီးရဲ့အလှရယ်ကို ခံစားခိုင်းပြီး ဒချိခွင့်ပေးတာပါ.(ဒချိဆိုတာ အသက်၂၁ကျော်ရင် နားလည်မှာပါ)၂၁+ကို ဝိုးတိုးဝါးတားဆင်ဆာမပါပဲ ကွက်ကွက်ကွင်းကွင်းရှင်းရှင်းလင်းလင်းတင်ဆက်ထားတာကြောင့်၂၁အောက်မကြည့်သင့်ပါ
movie
SENA SAKURA WINS THE FISHING CONTEST (2019)
7.2
Shooting Heroin (2020)
Shooting Heroin (2020)=================IMDb Rating 7.2/10#Unicode2020 ခုနစ်ထွက် Action / Drama / Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDB 7.2/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ မြင့်တတ်လာပြီး . တစ်နေ့နဲ့တစ်နေ့ လူသေမှုနှုန်းဟာတစ်ဖြည်ဖြည်းမြင့်တတ်လာပြီး . နိုင်ငံအတွင်း တစ်ရက်ကိုလူသေနှုန်းဟာ ၁၀၀ ကျော်ထိရှိလာခဲ့ပါတယ်။ အစိုးရရဲ့ထိန်းချုပ်မှုဟာလည်း မနိုင်လောက်ဖြစ်လာခဲ့ပါတယ်။အဒမ်ဟာ မြို့ငယ်လေးတစ်မြိုက စစ်ပြန်တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ မွေးကင်းစသားလေးရယ်၊ သူ့ မိခင်ရယ် ၊ သူ့ ညီမလေးတစ်ဦးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဆေးဖြတ်ထားတဲ့ သူ့ညီမဖြစ်သူ ရှန်ယန်းတစ်ယောက် ဆေးပြန်သုံးနေတာကို သိလိုက်ရပါတယ်။အဲ့ဒါတင် မကသေးပဲ ရှန်ယန်းဟာ ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါမှာတော့ အဒမ်တစ်ယောက်မူးယစ်ဆေး နဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို စိတ်နာတာကနေ ချေမှုန်းဖို့ဖြစ်လာပါတော့တယ်။အဓိက ဇာတ်ဝင်ခန်းတွေဟာ အဲ့အချိန်မှာစမှာပါ . အကြမ်းအရမ်း အတိုက်အခိုက်လေးတွေလည်းမြင်တွေ့ရမှာ သေချာပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie
Shooting Heroin (2020)
2020
6.5
Dum Maaro Dum(2011)
Dum Maaro Dum(2011)အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ....တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့.....ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။ မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်...သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့...ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်.... ၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား? မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ? အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့....... Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (1.01 GB) and (554 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Action , Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Dum Maaro Dum(2011)
5.7
Axcellerator (2020)
Axcellerator (2020)===============IMDb Rating 5.7/10#Unicodeဘဝကို ကြုံရာကျပန်းနေထိုင်ပြီး အကြွေးတွေနဲ့ပိနေတဲ့ကောင်လေး "Dane". . .နိုင်ငံတော်အတွက် အလုပ်လုပ်ပေးနေတဲ့ သိပ္ပံပညာရှင် "Hawks" . . .တစ်နေ့မှာတော့ Dane ဟာ သူ့အဖေဈာပနအတွက် မိုင်ယာမီကို ရောက်လာပြီးတဲ့နောက်မှာHawks နဲ့ မတော်တဆဆုံခဲ့ပြီး သူတီထွင်ထားတဲ့ပစ္စည်းရဲ့အစွမ်းနဲ့ထူးဆန်းမှုကို စတင်ကြုံတွေ့ရပါတော့တယ်။ Device ဟာ အလန်းစား ဖြစ်ပြီးတော့ မသမာသူတွေသိရှိသွားခဲ့ပြီး သူတို့ရဲ့အနောက်ကိုတော်လျှောက်လိုက်လို့ ဒုက္ခပေးလိုက်လုတာကို ဇာတ်လမ်းဆင်ထားတာပါ။ ဒီ Device ကိုရရှိသူတွေအတွက်ကတော့ အလွန်အသုံးဝင်ပြီး . ကောင်းမှုရော မကောင်းမှုရော ကျူးလွန်နိင်တာမို့ပြေးရင်းလိုက်ရင်း လိုက်ရင်းပြေးရင်းနဲ့ အရှောင်အတိမ်းတွေနဲ့ ကြည့်ရမယ့်ကားမျိုးပါ။ဘယ်လို Device အမျိုးအစားလဲသိချင်ရင်တော့ မူဗီလေးသာ ဒေါင်းကြကုန် . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဘဝကို ကြုံရာကျပန်းနေထိုင်ပြီး အကြွေးတွေနဲ့ပိနေတဲ့ကောင်လေး "Dane". . .နိုင်ငံတော်အတွက် အလုပ်လုပ်ပေးနေတဲ့ သိပ္ပံပညာရှင် ...
movie
Axcellerator (2020)
2020
5.6
Debt Collectors (2020)
ဘွိုက်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်ရဲ့ အက်ရှင်ကားအသစ်ပါ။နာမည်ကတော့ အကြွေးတောင်းသူများတဲ့။ဇာတ်လမ်းကတော့ အကြွေးတောင်းတဲ့ဇာတ်လမ်းပါပဲ။လူမိုက်လုပ်ခဲ့ဖူးတယ် ဖရန့်ချ် နဲ့ ဆူး ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာကျည်ဆံတွေမှန်ပြီး သေလုမျောပါး ဖြစ်ပြီးတဲ့နောက်မှာ အနားယူခဲ့ကြပါတယ်။ဒါပေမယ့် စီးပွားရေး အဆင်မပြေတဲ့အခါမှနောက်ဆုံးတစ်ခေါက်အနေနဲ့ အကြွေးတွေအချီကြီးလိုက်တောင်းပေးရမယ်အလုပ်ကို လက်ခံပေးလိုက်မိပါတယ်။အကြွေး၃ ခုကို ၂ ရက်အတွင်း အပြီးတောင်းပေးရမယ့်အလုပ်ပါ။ဒါပေမယ့် အလုပ်က ထင်သလောက် လွယ်ပြီး ရိုးရှင်းမနေပါဘူး။တောင်းရတာ တကယ့် ဖိုက်တာတွေဆီက ဖြစ်ပြီး မပေးဘဲ ပြန်ချမယ့်သူတွေချည်းဖြစ်နေတဲ့အပြင် အကြွေးတောင်းခိုင်းတဲ့ ဘော့စ်ရဲ့ နောက်ကွယ်မှာလည်းပြဿနာတွေ ထပ်ရှိနေတဲ့အခါ နွားအိုကြီးနှစ်ယောက်နွားပျိုတွေနဲ့အပြိုင် ပွဲကြမ်းရပါတော့တယ်။ဟာသလည်းပါပြီး အက်ရှင်ကောင်းကောင်းနဲ့မို့ ကြည့်ကောင်းမယ့်ကားပါပဲ။ File Size : ( 912 MB , ...
movie
Debt Collectors (2020)
7.3
Joseon Fist (2020)
ဒီဇာတ်ကားလေးကတော့ ကိုရီးယားကျောင်းသားတော်လှန်ရေးဇာတ်လမ်းလေးကိုရိုက်ကူးထားတာဖြစ်ပြီးတော့ Action ကြိုက်တဲ့လူတွေအတွက်တော့အမိုက်စား ဇာတ်လမ်းလေးဖြစ်လိမ့်မယ်ထင်ပါတယ်။ အစပိုင်းမှာတော့ ကျောင်းသားသစ်ချွဲဂန်းအီကို အားလုံးကဝိုင်းပြီးဆန့်ကျင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချွဲဂန်းအီရဲ့တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုနဲ့ဦးဆောင်နိုင်စွမ်းရှိမှုတွေကြောင့်ကျောင်းသားများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ဂျပန်ကျောင်းသားတွေနဲ့ တိုက်ခိုက်ပြီး ဘယ်လိုတွေ ဆက်ဖြစ်ပြီးဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ချွဲဂန်းအီရဲ့အတိုက်အခိုက်ကျွမ်းကျင်မှုကို ရင်သပ်ရှုမောခံစားရမှာဖြစ်ပြီးတော့လူငယ်အချစ်ဇာတ်လမ်းရသကိုပါ ပေးစွမ်းနိုင်တဲ့ လူငယ်ဆန်ဆန်ဇာတ်ကားကောင်းတစ်ခုဖြစ်တယ်လို့ ညွှန်းချင်ပါတယ်.. File Size - 1GB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - Duli Lay Encoder - XCode
movie
Joseon Fist (2020)
2020
7.6
Fury(2014)
Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။ ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။ အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury) လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie
Fury(2014)
2014
6.8
Hunter Killer(2018)
Hunter Killer(2018) ((အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH ,Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...))စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့...တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်...ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ်...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက်နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ်ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်....ရုရှား ...
movie
Hunter Killer(2018)
2018
7.9
Edge of Tomorrow(2014)
Edge of Tomorrow(2014) ((Link အသစ်ပြန်ချိတ်ပေးရင်း 1080p BluRay 5.1 DTS နဲ့720p နှစ်မျိုးနဲ့ ပြန်လည်တင်ဆက်လိုက်သည်…))ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ဒီအချိန်မှာ Tom Cruise ...
movie
Edge of Tomorrow(2014)
2014
7.0
The King(2017)
The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie
The King(2017)
2017
7.3
Bullies 3 (2019)
2019ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကျောင်းသားလူမိုက်ကားလေးက Action ကားကြိုက်တဲ့သူတွေအတွက် ကြည့်ပျော်မယ့်ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုပြောပြရရင် ငယ်ငယ်တုန်းကကျောင်းသားဘဝမှာ လူငယ်ယောကျာ်းလေးတော်တော်များက ရန်ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အဲ့လိုပဲ ဒီဇာတ်ကားလေးထဲမှာ ယောင်းအွန်းဆိုတဲ့ ကျောင်းသားဟာ ဆောင်းဆူဒုန်းအထက်ကျောင်းမှာတော့ ရန်ဖြစ်တဲ့နေရာမှာ အားလုံးကိုအနိုင်ယူထိုးကြိတ်နိုင်ခဲ့လို့ ဆရာလို့ပြောလို့ရပါတယ်။ သူဒီလို တိုက်တာခိုက်တာတော်လို့ မျက်စိကျသွားတဲ့ ကျောင်းသားလူမိုက်အဖွဲ့က ယောင်းအွန်းကို သူတို့အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ယောင်းအွန်းကဆိုးတယ် မိုက်တယ် ဒါပေမယ့် မယုတ်မာဖူး။ မညစ်ပတ်ဖူးဆိုတဲ့ကျောင်းသားမျိုးဖြစ်တာကြောင့် ဒီကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပါတယ်။ အဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာပဲ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါ။ ကျောင်းသား လူငယ် Action ကားလေးလဲဖြစ်လို့ အတိုက်အခိုက်လေးတွေနဲ့ ကြည့်လို့လည်း ကောင်းသလို လူငယ်သဘာဝကိုလည်းပြန်ခံစားနိုင်လို့ စိတ်ကျေနပ်မှုရမယ်လို့ထင်ပါတယ်။ File Size - 869.1 MB Quality - Web-Dl 1080P Runtime - 1h 20m Subtitle - Burmese (Hardsub) Translator - Moe Pwint Encoder - XCode
movie
Bullies 3 (2019)
2019
7.0
Gangsters (2019)
လောကကြီးကို ဂရုမစိုက်တတ်ဘဲ ငွေရဖို့အတွက်ဆိုရင် ဘယ်အလုပ်မဆိုလုပ်တတ်တဲ့ မူဆန်မြို့သား ယုံးဂယ်ဟာ သူ့လက်အောက်ငယ်သားနှစ်ယောက်နဲ့အတူ ဥက္ကဋ္ဌချွဲဆိုတဲ့သူ ခိုင်းသမျှ မကောင်းတဲ့အလုပ် အကုန်လုပ်ပါတယ် တစ်နေ့မှာ ဆိုးလ်ကနေ မူဆန်ကိုပြန်လာခဲ့တဲ့ ဘတ်ဆူယွန်းဆိုသူ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်သွားမိခဲ့တော့ ဘာကိုမှအရေးမစိုက်ဘဲ ထင်ရာစိုင်းတတ်တဲ့ ယုံးဂယ်တစ်ယောက် မကောင်းတာတွေလုပ်ရင်း ဆက်နေသွားမလား ဒါမှမဟုတ် လူရမ်းကားအဖြစ်နဲ့ပဲ ဆူယွန်းကို ကာကွယ်ပေးသွားနိုင်မလားဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါလိမ့်မယ် File Size - 656.9 MB Quality - Web-Dl 720P Runtime - 90 Mins Subtitle - Burmese (Hardsub) Translator - Phu Nge Nge Thein Encoder - XCode
movie
Gangsters (2019)
2019
7.3
Zombie Fighter (2020)
လွန်ခဲ့တဲ့ ၁၁နှစ်ခန့်က လူသားမျိုးနွယ်တွေကို ထိခိုက်စေခဲ့တဲ့ ဇွန်ဘီဗိုင်းရပ်စ်ကြောင့် မိသားစုတွေအားလုံး အပြိုပြိုအကွဲကွဲဖြစ်ခဲ့ရတယ် သိပ္ပံပညာရှင်များနဲ့ သုတေသနပညာရှင်တွေ ပူးပေါင်းပြီး ဆီရမ်တစ်ခုတီထွင်ကာ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားပြီးအောင်မြင်ခဲ့တယ် သို့ပေမယ့်လည်း လောဘလူသားတွေကြောင့် ဇွန်ဘီတွေဟာ အသုံးချခံဖြစ်လာခဲ့ပြီး ဖမ်းဆီးခံရကာ ဈေးကောင်းပေးဝယ်သူများလည်း များပြားလာခဲ့တယ် ဝယ်ယူသူတွေဟာ ဇွန်ဘီဖိုက်တာကလပ်ဆီလာရောက်ပြီး ဇွန်ဘီအချင်းချင်းတိုက်ခိုက်စေကာ စီးပွားရှာဖွေခဲ့ကြတယ် ဇွန်ဘီဖိုက်တာကလပ်ရဲ့ အတော်ဆုံးဇွန်ဘီဖြစ်သူ ဘိန်းရဲ့နောက်ကွယ်က အကြောင်းအရာတွေ ဇွန်ဘီအချင်းချင်း အနိုင်တိုက်ခိုက်နိုင်ရခြင်းရဲ့လျှို့ဝှက်ချက်တွေကို လောဘသားတွေ သိသွားတဲ့အခါ ဘယ်လိုဖြစ်တာမလဲ ဘိန်းလုံခြုံနိုင်ပါ့မလား ဘိန်းရဲ့မူလသရုပ်အမှန်ကရော ဘာလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်တွေ့နိုင်ပါလိမ့်မယ် File Size - 764.1 MB Quality - Web-Dl 1080P Runtime - 63 Mins Subtitle - Burmese (Hardsub) Translator - Phu Nge Nge Thein Encoder - XCode
movie
Zombie Fighter (2020)
2020
7.8
Dumbheaded Duo (2020)
တွေးခေါ်နိုင်မှုနည်းပါးတဲ့ ဟွီနဲ့ဂန်မင်ဂူဆိုတဲ့ သူငယ်ချင်းနှစ်ယောက် သေသေကြေကြေတိုက်ခိုက်နိုင်တာကတော့ သူတို့ရဲ့အားသာချက်ပါတဲ့ ဒီလိုသူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းသင်းနေရတဲ့ ဂျောင်မန်ဟာ သူတို့၃ယောက် စားဝတ်နေရေးအတွက် ပိုက်ဆံရှာနိုင်ဖို့ လူသားသဲအိတ်အဖြစ် ဟွီ မင်ဂူတို့နဲ့အတူ အချိန်ပိုင်းအလုပ်လုပ်ပြီး နေ့စဉ်နေထိုင်ကြတယ် ဒီလိုလူသား၃ယောက်ဆီကို ငယ်သူငယ်ချင်း အင်ယူယောင်းဆိုတဲ့မိန်းကလေးတစ်ယောက် ရောက်လာခဲ့ပြီး သူ့အကြံဉာဏ်တွေနဲ့အတူ ပိုက်ဆံအများကြီးပိုရှာနိုင်ခဲ့တယ် ဒါပေမဲ့ ဆန်းကြယ်မှုတွေနဲ့အတူရောက်လာခဲ့တဲ့ ယူယောင်းနဲ့ပတ်သတ်နေတဲ့ နောက်ကွယ်က လောင်းကစားခန်းမှာ ဘယ်လိုဒုစရိုက်တွေရှိနေမလဲ စတင်ပြီးရင် အဆုံးသတ်မရှိတဲ့နေရာမှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါလိမ့်မယ် File Size - 877.5 MB Quality - Web-Dl 1080P Runtime - 80 Mins Subtitle - Burmese (Hardsub) Translator - Phu Nge Nge Thein Encoder - XCode
movie
Dumbheaded Duo (2020)
2020
[18+] Body Weapon (1999)
ဒီကားလေးဟာ1999ခုနစ်ကထွက်ခဲ့တာဖြစ်လို့ ဟောင်းနေပြီဆိုပေမယ့်ဟွမ်ဖေးဟုန်လို့လူသိများတဲ့ မင်းသားကြီးVicent Zhao အဓိကပါဝင်သရုပ်ဆောင်ထားလို့ အကြိုက်တွေ့စေမှာပါ..Body weaponဆိုတဲ့ ခေါင်းစဉ်အတိုင်း ညစ်ညမ်းတဲ့အခန်းတွေပါလို့မိသားစုနဲ့ကြည့်လို့မသင့်တော်ပါဘူး..ဇာတ်လမ်းအကျဉ်းကတော့ ဟောင်ကောင်မြို့မှာ မျက်နှာဖုံးနဲ့လူဦးဆောင်တဲ့အဖွဲ့ဟာ အကြမ်းဖက်နှိပ်စက်ပြီးမိန်းကလေးကိုအဓမ္မကျင့်သတ်ဖြတ်မှုတွေကျူးလွန်နေပါတယ်...ဒီအမှုကိုစုံစမ်းနေတဲ့ ရဲမေတစ်ယောက်ဟာ သူမရဲ့မဂ်လာဦးညမှာ ဒီမျက်နှာဖုံးလူသတ်သမားနဲ့ဆုံတွေ့ရတဲ့အခါ...သူမရော ဒီလူရမ်းကားလက်ကလွတ်မလား...မျက်နှာဖုံးလူသတ်သမားခေါင်းဆောင်ကိုဘယ်သူတွေက ဘယ်လိုဖော်ထုတ်ကြမှာလဲ..စိတ်ဝင်စားစရာပါ။တိုက်ခိုက်ထိုးသတ်မှုတွေနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဟောင်ကောင် အက်ရှင်ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ File size…(1.6 GB) and (999 MB) Quality….WEBDL Rip 1080p and 720p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Phyo Zaw
movie
[18+] Body Weapon (1999)
5.7
My Hero (1990)
My Hero (1990)IMDB(5.7)ဂန်းစတားလောကမှာ ကျက်စားမယ့် စတီဖင်ချောင်ကိုမြင်ရမှာပါ။အခွီတွေချည်းမဟုတ်ဘဲ Action ရော Drama ရော ပေါင်းစပ်တင်ဆက်ထားပါတယ်။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ...
movie
My Hero (1990)
7.4
The Next Three Days(2010)
IMDb...7.4 ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ...ကျွန်တော်တို့ဟာ ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ပြောက်မြောက်တဲ့အမူအရာတွေကို ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်...လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့...သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ..ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး....ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ...ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ...ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်...ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ...
movie
The Next Three Days(2010)
2010
5.7
Tidal Wave(2009)
Tidal Wave(2009)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)တစ်ချို့သော သူတွေကြိုက်တဲ့ရုပ်ရှင်အမျိုးအစားဟာ အနည်းငယ်ထူးဆန်းတယ်လို့ပြောရမလားပဲ...ကမ္ဘာကြီးပျက်တာ...ကပ်ဆိုးတွေအမျိုးမျိုးနဲ့ဒုက္ခရောက်တဲ့ ရုပ်ရှင်တွေဆို အရမ်းသဘောကျစွာ တစ်ကူးတကကိုရှာဖွေကြည့်လေ့ရှိကြတယ်....ဒီကိုရီးယားရုပ်ရှင်ဟာလည်း ကပ်ဆိုးတစ်ခုအကြောင်းကို နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ဆောင်ရန်ရှောင်ရန်လေးတွေပညာပေးရင်း ဟာသလေးတွေနှောကာ မပျင်းမရိရအောင် ခပ်မိုက်မိုက်ရိုက်ကူးထားတာပါ....ဟယ်အွန်းဒယ်လို့ခေါ်တဲ့ ကမ်းခြေတစ်မြို့လေးတစ်ခုရှိတယ်... သိပ်လှတဲ့ အဲ့ဒီဟယ်အွန်းဒယ်ဆိုတဲ့မြို့လေးကို နှစ်စဥ်လူတစ်သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိပါတယ် .... ကမ်းခြေမှာနေထိုင်ကြတဲ့ လူတွေရဲ့ဘဝရှင်သန်ရေးပုံစမျိုးစုံနဲ့လှုပ်ရှားနေရင်း မြို့လေးဟာလေး ကပိုကယိုလှပနေလေရဲ့...ဒီမြို့မှာရှိတဲ့ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ဟာ ထူးဆန်းတဲ့ကပ်တစ်ခုကျရောက်နိုင်တာကို သွားတွေ့မိတယ်...အဲ့ဒါက ကိုရီးယားနိုင်ငံမှာ ပထမဆုံးဆူနာမီငလျင်လှုပ်ခတ်နိုင်တယ်ဆိုတာပါပဲ...ဒါပေမယ့် ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူ...း ပုံမှန်နေ့ရက်တွေလိုပဲ မြို့သူမြို့သားခရီးသွားတွေဟာ ပေါ့လျော့စွာ ဆက်လက်ကုန်ဆုံးခဲ့ကြပါတယ်...ပါမောက္ခဂင်ဟာ ငလျင်နဲ့ပက်သက်ပြီ အထက်ကအဖွဲ့အစည်းကိုနည်းမျိုးစုံတင်ပြခဲ့ပေမယ့်လည်းအားလုံးက လျစ်လျှူရှုခဲ့ကြတယ်....အဲ့ဒီလို လျစ်လျှူရှုခြင်းပြီးတဲ့နောက်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်လိုက်ပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....File Size :(2.1GB) (950MB) and (364 MB) Quality :Blu-Ray 1080p 5.1 CH, ...
movie
Tidal Wave(2009)
First
225
226
227
228
229
Last
Previous
Next