Channel Myanmar

Zidni Hakim

The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K 5.9
The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K  The Haunted Apartment “Miss K” (2025)IMDb Rating (5.9) နာမည်ကျော်အင်ဒိုနီးရှားဟော်ရာတွေဖြစ်ခဲ့တဲ့ The 3rd Eye 1-2, Sabrina, Sumala တို့ရဲ့ပဲ့ကိုင်ရှင် Hitmaker Studio ရဲ့နောက်ဆုံးထွက်လည်းဖြစ် The Haunted Hotel 2023 ရဲ့ Standalone sequel လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆူရာဘာယာမြို့မှာ ဆက်စ်မာယာ ဆိုတဲ့ အဆင့်မြင့်တိုက်ခန်းတွဲကြီးတစ်ခုရှိပြီး မကြာသေးခင်က အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတစ်ဦး သူ့ညီမအိမ်မှာ ခြေလက်တွေဖြတ်ပြီး ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုတစ်ခုဖြစ်ပွားခဲပါတယ်။အဲ့ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲအရာရှိရဲ့ချစ်သူဟာ သူ့ညီမနဲ့အတူ အဲ့ဒီတိုက်ခန်းတွဲကြီးကိုမန်နေဂျာအဖြစ်ပြောင်းလာခဲ့ပြီးနောက်မှာတော့ အဲ့ဒီတိုက်ခန်းတွဲကြီးရဲ့အသုံးမပြုပဲ အသေပိတ်ထားတဲ့ အထပ်တစ်ထပ်၊ အဲ့ဒီအထပ်မှာရှိနေတဲ့ ဝင်ရောက်သူတိုင်းလေးရက်အတွင်းသေဆုံးရမယ်လို့ ကျိန်စာတိုက်ပြီးလိုက်သတ်တတ်တဲ့ သရဲသားအမိကို ကိုယ်တွေ့ကြုံရာကနေ ကျိန်စာကလွတ်မြောက်ဖို့အတွက် အဲ့ဒီသရဲသားအမိအကြောင်းကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းရမှာတွေကိုရှုစားကြရမှာပါ။စတူဒီယိုကြီးက ထုတ်တဲ့ဇာတ်ကားပီပီ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာ၊ သရုပ်ဆောင်ချက်ကောင်းကောင်း၊အထူးပြုလုပ်ချက် လှည့်ကွက် visual အမိုက်စားတွေနဲ့အချိန်ပေးရကျိုးနပ်မယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File ...
movie

The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K

2025
Ratu Dansa (2022)
Ratu Dansa (2022) Ratu Dansa (2022)ငယ်ရွယ်နုပျိုတဲ့တက္ကသိုလ်ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဟန်နာနဲ့ အတိတ်ကနေ အနာဂတ်ကိုရောက်လာတဲ့ ဟန်နာရဲ့မေမေ ဟီရာတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား အချိန်ခရီးသွားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဟန်နာဟာ အနုပညာအလုပ်မှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေရှိထားသူဖြစ်ပြီး အဖေတစ်ယောက်တည်းရဲ့အုပ်ထိန်းမှုအောက်မှာ အလိုမကျမှုများစွာနဲ့ ကြီးပြင်းလာရသူဖြစ်ပါတယ်။ အတိတ်က ဟီရာကလည်း အဆင်မပြေတဲ့မိသားစုဘဝမှာ နေထိုင်ရတဲ့အတွက် သူ့ဘဝအပေါ် စိတ်မကျေနပ်ချက်များရှိနေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဟီရာဟာ သူ့အမေဖြစ်သူကို အဖေကရိုက်နှက်ခဲ့ပြီး အိမ်ကနေ ထွက်သွားလိုက်တဲ့အတွက် မိခင်နဲ့အတူကျန်နေခဲ့ရတဲ့ သူ့ရဲ့မိသားစုဘဝအခြေအနေကို စိတ်ကုန်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ဟီရာဟာ အနာဂတ်မှာ သူ့သမီးဖြစ်တဲ့ဟန်နာဆီကို ရောက်ရှိသွားပါတယ်။ အသက်အရွယ်တူညီကြတဲ့သူတို့နှစ်ယောက်ဟာ ခေတ်ကာလကွာခြားချက်အရ နားမလည်မှုတွေကို အချင်းချင်းလေ့လာကြရင်း သူတို့ရဲ့အနာဂတ်အတွက် အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်။ ဟီရာဟာ သူ့ကို မိခင်မှန်းသိနေတဲ့ ဟန်နာကို သူ့အပေါ် နားလည်အောင် ဟန်နာရဲ့ခံစားချက် အလိုမကျဖြစ်မှုတွေကို ဖြည့်ဆည်းနိုင်ပါ့မလား... မိခင်ရဲ့မေတ္တာကို ဟီရာကရော နားလည်ကာ သားအမိတွေ ပြေလည်သွားကြမလားဆိုတာ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… ...
movie

Ratu Dansa (2022)

Kapan Hamil? (2023)
Kapan Hamil? (2023) Kapan Hamil [2023]အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်... ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်... ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်... အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်... တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်... အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်... ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့... ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်... ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Kapan Hamil? (2023)

2023
Spirit Doll(2023) 5.7
Spirit Doll(2023) Spirit Doll (2023)CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ်ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် "မိခင်သောက" အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါအညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ...
movie

Spirit Doll(2023)

2023
Menunggu Bunda (2021) 8.1
Menunggu Bunda (2021) Menunggu Bunda (2021)ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို "မသွားပါနဲ့ဦး အမေ" လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Family, Drama Quality…. 1080p | ...
movie

Menunggu Bunda (2021)

2021
Gundala (2019) 7.2
Gundala (2019) ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie

Gundala (2019)

2019
Impetigore (2019) 7.3
Impetigore (2019) ဒီကားက​တော့ အင်ဒိုသရဲကားပါ ကျိန်စာ​တွေ, အောက်လမ်း​တွေ, ​မှော်​တွေ, ရုပ်​သေးပညာ​တွေနဲ့ ပတ်သတ်ပြီးစိတ်ဝင်စားတဲ့သူ​တွေဆိုရင် ဒီကားကလက်မလွတ်သင့်တဲ့ကားပါ မင်းသမီးနဲ့သူ့သူငယ်ချင်းတို့က အထည်​ရောင်းတဲ့စီးပွား​ရေးလုပ်ဖို့ အတွက်၂​ယောက်သား​ရှိသမျှ​ငွေအကုန်ရင်းလိုက်ကြတယ် ကံဆိုးစွာနဲ့ ဂျင်းမိပြီး သူတို့မှာထားတဲ့အထည်​တွေက Qualityအရမ်းညံ့​တော့ဘယ်သူမှမဝယ်ကြဘူး အဲ့မှာ၂​ယောက်လုံးမွဲပြာကျ​နေတဲ့အချိန် မင်းသမီးကသူ့မိဘ​တွေ​နေခဲ့တဲ့ရွာမှာအ​မွေပြန်သွား​တောင်းမယ်ဆိုပြီး သူငယ်ချင်း၂​ယောက်သားဆုံးဖြတ်လိုက်ကြတယ် ရွာကလည်း​တော်​တော်ကို​ဝေးပြီး လူ​တော်​တော်များများမသိတဲ့ရွာကြီးပါ သူတို့အဲ့ရွာလည်း​ရောက်​ရောရွာကြီးက​ခြောက်ကပ်​နေပြီ ကြက်သီးထစရာအပြည့်နဲ့သူတို့ကိုကြိုဆို​နေပါတယ် ​ အဲ့က​နေစပြီး မင်းသမီးသူအ​မွေရမယ့်ဟာကိုစုံစမ်းရင် းသူ့သူငယ်ချင်းနဲ့အတူ အဲ့ရွာက​နေလွတ်မှာလား မလွတ်ဘူးလားဆိုတာ ကြည့်ကြပါဦးလို့... File Size - 1.14 gb Quality - web-dl 1080p Subtitle -  burmese Translator - Dolly Encoder - Thit San Khant
movie

Impetigore (2019)

2019