Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhao Yi Xiao
5.9
Acupuncture Needle ( 2024 )
ဆေးပညာက လူကိုကုသပေးနိုင်သလို သေအောင်သတ်နိုင်တယ်တဲ့။ မှုခင်းရုပ်ရှင်ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Acupuncture Needle ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျန်းမြို့ မြို့ပြင်က လန်ထင်တည်းခိုခန်းမှာ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့တယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သွားရောက်စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့တွေက သေသူက မြို့နယ်ဆေးရုံက အလုပ်သင်ဆရာဝန် ထုံဟွဖြစ်ကြောင်း သိခဲ့ရပါတယ်။အလောင်းမှာ အပြင်ဒဏ်ရာတစ်စုံတစ်ရာ ရှာမတွေ့ဘဲ သေဆုံးသွားတာ ဖြစ်တဲ့အတွက် တရားခံကို ရှာမရ ဖြစ်နေပါတယ်။ ဒီအမှုကို လိုက်လံစစ်ဆေးချိန်မှာ မှုခင်းအဖွဲ့ အဖွဲ့ခေါင်းဆောင်ရွှီခိုင်ဟာ ရဲဖြစ်တဲ့လုထင်ရဲ့ မိဘကလည်း ဒီအမှုနဲ့ ပတ်သက်နေကြောင်း သိခဲ့ရပါတယ်။မှုခင်းရဲ့ နောက်ကွယ်က အတိတ်ကအကြောင်းအရာတွေ တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာချိန်မှာတော့...... တရားခံအစစ်က ဘယ်သူဖြစ်မလဲ...... အပြင်ရော အတွင်းရော ဒဏ်ရာမမြင်ရအောင် လူကို ဘယ်လိုနည်းနဲ့ သတ်ခဲ့သလဲ...... လူသတ်ရတဲ့ အကြောင်းရင်းကရော ဘာကြောင့်လဲ..... ဆိုတာကို ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးအဖြေရှာလိုက်ရအောင်နော်။ Filesize : 1.03 GB / 579 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie
Acupuncture Needle ( 2024 )
Novoland ( 2024 )
ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။ မဟုတ်မခံနဲ့ ဘာမဆိုဝင်ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ? တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie
Novoland ( 2024 )