Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhao Hai Yan
5.7
The Rising Waves 3 ( 2021 )
ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။ အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ မာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့ အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။ မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့ အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့ DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာ မာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့ မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ ကဲ...... ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Rising Waves 3 ( 2021 )
5.7
Yolo ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေး ပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာ အရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ် တုလော့ယင်တစ်ယောက်ဘာကိုမှ မလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူ တုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူ သုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့ သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး တနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း မထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာ ဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက် ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်က သူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာ ကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့် လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 2h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Yolo ( 2024 )