Channel Myanmar

Zhang Lei

Tomb Guardians (2025) 5.6
Tomb Guardians (2025) ရှေးခေတ်တရုတ်တွေရဲ့ ရိုးရာအရ ဘုရင်ကြီး အမတ်ကြီးတွေ သေဆုံးတဲ့အခါမှာ သင်္ချိုင်းအကြီးကြီးဆောက်ကြပြီး ရတနာအများအပြားကိုလည်း ထည့်မြှုပ်ခဲ့တတ်ကြပါတယ်။ အဲဒီရတနာတွေကို ခိုးယူဖို့ သင်္ချိုင်းဖောက်သူတွေလည်းရှိပါတယ်။ အဲဒီသင်္ချိုင်းဖောက်သူတွေရန်က ကာကွယ်ဖို့အတွက် သင်္ချိုင်းတွေတိုင်းမှာ အကာအကွယ် အစီအရင်တွေ ထောင်ချောက်တွေ ချထားတတ်ပါတယ်။၁၉၈၀ ပတ်ဝန်းကျင်လောက်မှာ ဟူပါးရီး၊ ဝမ်ခိုင်ရွှမ်၊ ရွှယ်လီယန်တို့ရဲ့ သူငယ်ချင်းဖြစ်သူ တာ့ကျင်းယာဟာ ရုတ်တရက်အဆိပ်မိပြီး အသက်အန္တရာယ်ရှိနေခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အသက်ကို ကယ်ဖို့အတွက် သူတို့ ၃ ယောက်ဟာ စီချွမ်းက ဝူးရှာတောင်ကြား ချင်းရှီးရွာကို ဖြေဆေးရှာဖို့ ရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ မထင်ထားဘဲ နှစ်ပေါင်းများစွာ ကြံစည်ခဲ့တဲ့ ကလဲ့စားချေမှုတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရတဲ့အခါ...... ဟူပါးရီးတို့အဖွဲ့ ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ့ရမလဲ...... သူငယ်ချင်းကို ကယ်တင်ဖို့ ဖြေဆေးကိုရော ရှာတွေ့နိုင်ပါ့မလား...... ချင်းရှီးရွာမှာရော ဘယ်လို ရင်နင့်စရာ ဇာတ်လမ်းမျိုး ရှိနေမလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.35 GB / 753 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : ...
movie

Tomb Guardians (2025)

Dragon Seduction ( 2025 ) 5.5
Dragon Seduction ( 2025 ) တရုတ်နတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးကြည့်ရအောင် နဂါးမင်းသားကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လွန်ခဲ့တဲ့ နှစ်တစ်ထောင်က နဂါးမင်းကြီးဟာ နတ်ဆိုးဝင်သွားတဲ့ ညီလေးဖြစ်သူယဲ့ရင်းကို မိစ္ဆာနိုင်ဓားအကူအညီနဲ့ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး လောက ၃ ပါးငြိမ်းချမ်းစေခဲ့ပါတယ်။နှစ်တစ်ထောင်ကြာပြီးနောက် ဟောက်ရီးရဲ့ သားဖြစ်သူ ဖုရှီးက အရပ်ပြည်သူတွေ ဆင်းရဲနေတာကို ကြည့်ရက်လို့ ရွှေနဂါးအစွမ်းသုံးပြီး ရွှေမိုးငွေမိုး ရွာပေးခဲ့ပါတယ်။ အဲဒီရွှေနဂါးအစွမ်းရဲ့ သက်ရောက်မှုကြောင့် ယဲ့ရင်းကို ပိတ်လောင်ထားတဲ့ အကျဉ်းထောင်က လျော့ရဲသွားပြီး ယဲ့ရင်းတစ်ယောက် လွတ်မြောက်သွားပါတယ်။လွတ်မြောက်သွားတဲ့ ယဲ့ရင်းကို ပြန်ဖမ်းဖို့အတွက် ဖုရှီးတစ်ယောက် မိစ္ဆာနိုင်ဓားကို ရှာပုံတော်ထွက်ရပါတော့တယ်။ မိစ္ဆာမြို့မှာ ကမာမိစ္ဆာမလေး ပိုင်ယိရဲ့ အကူအညီတွေကို ရခဲ့ပြီး သူတို့နှစ်ယောက် အချိန်တိုအတွင်းမှာပဲ သံယောဇဉ်တွေ ညှိတွယ်သွားခဲ့ပါတယ်။ ဖုရှီးတစ်ယောက် မိစ္ဆာနိုင်ဓားကို ရှာတွေ့နိုင်မလား...... ဘယ်လို ဘေးအန္တရာယ်မျိုးတွေနဲ့ ကြုံတွေရမလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.48 GB / 798 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : ...
movie

Dragon Seduction ( 2025 )

Monkey King: Hero Is Back (2015) 6.7
Monkey King: Hero Is Back (2015) Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ "Fengshen Yanyi" (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့် ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် " Chinese Mythology Universe " (သို့) Nezha ရဲ့အောင်မြင်မှုကြောင့် "Nezha Universe" လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။ အရင်ကတည်းက ကျုံးကော်မြေက Donghua တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။ ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။ - Nezha (2019) - Jiang Ziya (2020) - Monkey ...
movie

Monkey King: Hero Is Back (2015)

4K HEVC
The Lion Roars ( 2002 ) 6
The Lion Roars ( 2002 ) Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Lion Roars ( 2002 )

The Blood Of The Bright Sword ( 2023 ) 5.9
The Blood Of The Bright Sword ( 2023 ) တရုတ်နိုင်ငံအတွင်း ဂျပန်တပ်တွေ အုပ်စိုးချယ်လှယ်စဥ်အချိန်ကာလ..., အဋ္ဌမလမ်းကြောင်း(ပါးလု)တပ်မတော်ရဲ့ အဖွဲ့ချုပ် ဖြစ်သူ လီယွင်လုံ နဲ့ ရှို့ချင်တို့ရဲ့ မင်္ဂလာပွဲညမှာ ဂျပန်အထူးတပ်ဖွဲ့ဟာ ဝင်ရောက် ထိုးစစ်ဆင်ပါတော့တယ် ။ အဲဒါအပြင် ကျောက်ကျားတောင်ကြားရွာက ရွာသူရွာသား အများအပြားဟာ ဂျပန်တွေလက်ထဲမှာ အပြစ်မဲ့စွာသေဆုံးသွားခဲ့ကြပြီး သတို့သမီးဖြစ်သူ ရှို့ချင်ကိုလဲ အရှင်လတ်လတ်ဖမ်းဆီးသွားခဲ့ပါတော့တယ် ။ဒီလုပ်ရပ်ကို မခံမရပ်ဖြစ်နေကြတဲ့ အဋ္ဌမလမ်းကြောင်း(ပါးလု) တပ်မတော် နဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေဟာ ဖက်စစ်ဂျပန်တွေကို တိုက်ခိုက်ဖို့အတွက် တစ်ဖန်ပြန်ကာ ထိုးစစ်ဆင်လာခဲ့ပါတယ် ။ ဒီတော့ -❏ သူတို့တွေရဲ့ တိုက်ပွဲ အောင်မြင်နိုင်ပါ့မလား ? ❏ အသက်နဲ့ရင်းကား ပေးဆပ်ခဲ့ကြတဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေအတွက် လက်စားချေပေးနိုင်ပါ့မလား ?❏ မဂ်လာဦးညမှာတင် ကွဲကွာသွားခဲ့တဲ့ လီယွင်လုံ နဲ့ ရှို့ချင်တို့ကတော့ ပြန်လည်တွေ့ဆုံ နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

The Blood Of The Bright Sword ( 2023 )

Hero Of The Bright Sword Tiger Gut (2022) 5.9
Hero Of The Bright Sword Tiger Gut (2022) CM ရဲ့ တရုတ်ကားဖန်လေးတို့အတွက် ရိုက်ကူးတင်ဆက်ထားတဲ့ တရုတ်တော်လှန်ရေးခေတ် အခြေခံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒါရိုက်တာ  Hou Jie / Li Xinbo တို့က ရိုက်ကူးတင်ဆက်ထားပြီး Wang Ting / Zhang Lei / Wang Ke တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် အညွန်းလေးကတော့တော်လှန်ရေးခေတ်မှာ ထုံးစံအတိုင်း ကိုလိုနီပြု ဖက်ဆစ်ဂျပန်ရယ် ဂျပန်နောက်လိုက်သစ္စာဖောက်တွေရယ် မြေပြန့် ပြည်သူ့တပ်သားတွေရယ်... ဒါတွေကတော့ ကြုံနေ မြင်နေကြမလို့ မထူးဆန်းတော့ပေမယ့်... ဒီဇာတ်ကားလေးကတော့ တမူတော့ထူးခြားနေပါတယ်လီယွန်လောင်နှင့် ဂျင်း-ဆွိုင်းတပ်မတော်၏ တပ်ရင်းမှူး ချူယူးဖီတို့က အီချီရို ဟီရာတာ၏ မွေးနေ့စားပွဲ၌ ကြီးမားသော အရှုပ်တခုကို ပြုလုပ်ခဲ့ပါတယ်..ဒါကြောင့်ပဲအခြေအနေတွေတင်းမာလာခဲ့ပြီး လှည့်ကွက်များစွာနဲ့အတူ မထင်ထားတဲ့ ဇာတ်ကွက်တွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၏ Quality : WEB-DL 1080p , 480p Format : mp4 Genres : War Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Hero Of The Bright Sword Tiger Gut (2022)

The Monkey King: Reborn (2021) 6.1
The Monkey King: Reborn (2021) ဒီရုပ်ရှင် အင်္ဂလိပ်စာတန်းထိုးက အတော်လွဲတာမို့ တရုတ်ဘာသာပြန်လေး ပြန်ပေးထားပါတယ်ဒီ Monkey King Reborn ဆိုတဲ့ ဇာတ်ကား‌လေးကို ကျွန်တော်တို့ငယ်ငယ်က အရမ်းသဘောကျခဲ့ရတဲ့ Journey to The Westဆိုတဲ့ ဝူခုန်းဇာတ်ကားလေးကိုကြည့်ဖူးရင် ရင်းနှီးကြမယ်လို့မျှော်လင့်ပါတယ်ဒီဇာတ်ကားမှာလည်း ခေါင်းစဉ်နာမည် monkey kingဆိုတဲ့အတိုင်း ဝူခုန်းတို့အဖွဲ့ မြတ်စွာဘုရားဟောခဲ့တဲ့ ကျမ်းစာတွေလိုက်စုဆောင်းမဲ့ ခရီးစဉ်ထဲက အပိုင်းလေးတစ်ပိုဒ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ဝူခုန်းတို့ ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်ဝူခုန်းတို့ ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖို့ကြံစည်ရာကနေဝူခုန်းတို့ရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖို့စီစဉ်နေချိန်မှာပဲ ဝူခုန်းတို့ ညီအကို ...
movie

The Monkey King: Reborn (2021)