Channel Myanmar

Zhang Haocheng

Silent Island: Strange Beasts ( 2024 ) 5.6
Silent Island: Strange Beasts ( 2024 ) ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့အတွက် စိတ်ဝင်စားစရာ တရုတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်... လူတွေရဲ့ လောဘကြောင့် ဇီဝစမ်းသပ်ခန်းက ဆေးရည်ယိုစိမ့်မှုတွေကြောင့် မိစ္ဆာတွေပေါ်ထွက်လာခဲ့တယ်...ဒီမိစ္ဆာတွေက အမြင်အာရုံ အားနည်းသလောက်... အကြားအာရုံအစွမ်းက သူမတူအောင် ထက်လွန်းတာကြောင့်... အသက်ရှင်ကျန်ရစ်သူ လူနည်းစုက အသံမထွက်ဘဲ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ ကာလအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါ...သဘာဝအန္တရာယ်နဲ့ လူတွေဖန်တီးလို့ ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တို့ ကြုံချိန်မှာ... ဘယ်လိုတွေ အသက်လုပြေးပြီး ဘယ်လိုတွေကျော်လွှားသွားတယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာမို့... CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်... Filesize : 653 MB / 353 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller Runtime : 1h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by ...
movie

Silent Island: Strange Beasts ( 2024 )

The Monster Is Coming ( 2024 ) 5.7
The Monster Is Coming ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပင်လယ်နယ်နိမိတ်အတွင်းမှာ နိုင်ငံတကာက ပူးပေါင်းထူထောင်ထားတဲ့ ခါအော်စီးကျွန်းဟာ ပတ်ဝန်းကျင်လှပပြီး သဘာဝအရင်းအမြစ်ပြည့်ဝတဲ့ ရှားပါတောရိုင်းတိရစ္ဆာန်တွေ ရှင်သန်ရာ နယ်မြေလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ဟော်ကျုံနည်းပညာကုမ္ပဏီရဲ့ အပေးအယူတစ်ခုမှာ ဗီဇပြောင်းတိရစ္ဆာန်ကြီး ၂ ကောင်က လွတ်မြောက်သွားခဲ့ပြီး လူသားတွေကို အန္တရာယ်ပြုနေခဲ့ပါတယ်။ဇီဝဗေဒပညာရှင် စုန်နန်ဟာလည်း ဒီကိစ္စကို လိုက်လံစုံစမ်းချိန်မှာ သူ့သမီးလေးရှောင်ထင်ကို တိရစ္ဆာန်ကြီးက ဖမ်းခေါ်သွားခဲ့ပါတယ်။ စုန့်နန်အတွက် မထင်ထားရဆုံးအဖြစ်က ဒီတိရစ္ဆာန်ကြီး ၂ ကောင်ကို တီထွင်ဖန်တီးသူက သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ ကျိုးချန့်ပဲ ဖြစ်နေပါတယ်။ ရှာဖွေစုံစမ်းမှုတွေနဲ့ တိရစ္ဆာန်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့ ရှောင်ထင်ကို ကယ်တင်ဖို့ တာဝန်ကြီးက စတင်ရပါတော့တယ်။ဒီလို အန္တရာယ်တွေကို စုန့်နန်တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... သူ့ကို ဘယ်လို အန္တရာယ်အသစ်တွေကရော စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Adventure Runtime ...
movie

The Monster Is Coming ( 2024 )

The Tiger King Returns ( 2024 ) 5.8
The Tiger King Returns ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံရဲ့ စစ်ရေးရှုပ်ထွေးလှတဲ့ ခေတ်မှာ ဖြစ်ပါတယ်။ ကျားဖြူကို တောင်နတ်အဖြစ် ကိုးကွယ်တဲ့ ပိုင်ထိုရွာမှာ ကံကောင်းခြင်းချီးမြှင့်ဖို့ ဆုတောင်းတဲ့ပွဲမှာ ကျားဖြူတစ်ကောင် ရုတ်တရက်ရောက်လာပြီး ရွာသူရွာသားတွေကို တိုက်ခိုက်ပါတော့တယ်။အဲ့ဒါကြောင့် ရွာသူရွာသားတွေဟာ ပိုင်ထိုရွာက အတော်ဆုံး မုဆိုးဖြစ်သူ ချူကျန်းကို ကျားဖြူကို ဖမ်းဆီးသတ်ဖြတ်ဖို့ တောင်းဆိုကြပါတယ်။ ချူကျန်းတစ်ယောက် ကျားဖြူကို ဖမ်းဆီးနိုင်ပါ့မလား...... ကျားဖြူကြီးက ရွာသားတွေကို လိုက်လံသတ်ဖြတ်နေခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းရင်းမျိုးတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

The Tiger King Returns ( 2024 )

Detective Dee and Nine Dragon Coffin ( 2022 ) 6.9
Detective Dee and Nine Dragon Coffin ( 2022 ) Detective Dee ပရိသတ်တွေအတွက် နောက်တစ်ကားကို CM မှတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ၆၇၆ခုနှစ်ခန့်ကာလမှာ သင်္ချိုင်းသူခိုးတစ်သိုက်ဟာ လူသားစားတဲ့အခေါင်းတလားကိုတူးဖော်ခဲ့မိပါတယ်။ ရွှေနဂါးကြီးဟာအခေါင်းအတွင်းကနေပျံထွက်လာခဲ့ပြီး ပြုစားခံထားရတဲ့အလောင်းဟာ အခေါင်းထဲကထွက်လာပြီး ဘုရင်ကြီးနဲ့ဘုရင်မကြီးကိုလုပ်ကြံဖို့ကြိုးစားခဲ့ရာ ကိုယ်ရံတော်အရာရှိလီက တားမြစ်ကယ်တင်ခဲ့ပါတယ်။ထုံးစံအရ တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ အမှုကိုစစ်ဆေးတော့တာပေါ့။ လူသားစားပြီးဓားလှံတွေကိုမကြောက်တဲ့အလောင်းကောင်တွေဟာ လွန်ခဲ့တဲ့နှစ်၂၀တုန်းက နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မိဖုရားကြီးဝမ်ရဲ့မျိုးဆက်ရဲ့လုပ်ရပ်ပဲဆိုတာကိုသိလိုက်ရပါတယ်။ဒီလိုနဲ့ မီးပုံးပွဲညမှာ လူတွေစည်းကားနေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုလွေသံနဲ့အတူ အလောင်းကောင်တွေဟာ Chang An မြို့ထဲကိုဝင်လာပါတော့တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ အလောင်းကောင်တွေ လူတွေကိုကိုက်လိုက်တိုင်းတိုးလာတဲ့အလောင်းကောင်တွေကို ဆရာဒီးတို့နှိမ်နင်းနိုင်ပါ့မလား ဘယ်အချိန်အထိများတောင့်ခံနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ပြီးခံစားလိုက်ပါနော်. Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Detective Dee and Nine Dragon Coffin ( 2022 )