Channel Myanmar

Zé Carlos Machado

As Verdades (2022) 6.0
As Verdades (2022)  ဒီရုပ်ရှင်ဟာ ဂျပန်စာရေးဆရာ Ryūnosuke Akutagawa ရဲ့ ၀တ္ထုတိုတပုဒ်ဖြစ်တဲ့ In A Grove ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ပေါ်တူဂီရုပ်ရှင်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို ဘရာဇီးက မြို့လေးတမြို့မှာဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးဟာ ပင်လယ်ကမ်းစပ်နဲ့နီးတယ် သေးငယ်တယ် တိတ်ဆိတ်ငြိမ်သက်တယ်။ မြို့ခံမဟုတ်ဘဲ ခဏတဖြုတ်လာလည်တဲ့သူတွေကတော့ ဒီမြို့လေးကို ကောင်းကင်ဘုံလေးအဖြစ် တင်စားကြတယ်။ ဒါပေမဲ့ ဒီမြို့မှာမွေး ဒီမြို့မှာကြီးပြင်းခဲ့ကြတဲ့ မြို့ခံတွေအတွက်တော့ ဒီမြို့လေးဟာ ငရဲပြည်သာသာပါ။ဂျိုဆူအဲဟာ ၂နှစ်အကြာမှာ ရဲချုပ်အဖြစ်တာ၀န်ကျတဲ့ ဒီမြို့ငယ်လေးကိုပြန်ရောက်လာတယ်။ ဂျိုဆူအဲမှာ တချိန်ကချစ်ကြိုက်ခဲ့ဖူးတဲ့ ဖရန်စစ်စကာလို့အမည်ရတဲ့ မိန်းကလေးတဦးရှိခဲ့ဖူးတယ်။ ဖရန်စစ်စကာဟာ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မြင်သူတကာငေးရတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတဦးဖြစ်တယ်။ ဒါပေမဲ့ သူမဟာ အထီးကျန်ရတာကိုမုန်းတယ် ကြောက်တယ်။ဂျိုဆူအဲပြန်ရောက်လာတဲ့အချိန်မှာ မြို့ငယ်လေးဟာ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘဲ ဆက်လက်ငြိမ်သက်နေပေမဲ့ သူချစ်ခဲ့ဖူးတဲ့မိန်းကလေးဖြစ်တဲ့ ဖရန်စစ်စကာကတော့ မြို့တော်၀န်အဖြစ်‌၀င်ရောက်ရွေးချယ်ခံဖို့ရှိနေတဲ့ မြို့တော်၀န်လောင်း ဗယ်လ်မီနဲ့ လက်‌ထပ်တော့မှာပါ။တရက်မှာ ဂျိုဆူအဲရဲ့ရဲစခန်းဆီကို သတင်းတခုပို့လာပါတယ်။ ဒီသတင်းကတော့ မြို့တော်၀န်လောင်းဖြစ်တဲ့ဗယ်လ်မီတယောက် မြို့ပြင်က မြေရိုင်းမှာ ...
movie

As Verdades (2022)